|
Written by Administrator
|
|
Thursday, 07 February 2013 22:54 |
|
ကိုယ့်လယ်ကို ထွန်ယက် နေရပေမဲ့ မလုံခြုံတဲ့ လယ်သမား တစ်ယောက် သစ်ရိပ်ကို ခိုရင်း
argaiv1069
argaiv1261
|
|
Written by သူရဿဝါ
|
|
Thursday, 07 February 2013 22:34 |
|
အချစ်ဟာ လူငယ် ဘ၀ရဲ့ သူရဲကောင်း ၀ါဒ၊ မီးလျှံကြား ထဲက နီနီရဲရဲ နှင်းဆီ နတ်သမီး ထောင်ချောက်၊ ကျည်တောင့်တွေ စိုက်ဝင် နေတဲ့ ပစ္စုပ္ပန် ကျည်ကာ အင်္ကျီ၊
|
|
Last Updated on Friday, 08 February 2013 18:03 |
|
Written by Administrator
|
|
Tuesday, 15 January 2013 20:12 |
|
အလှမ်း မဝေးပါဘူး ဧရာဝတီ အရှေ့ ဘက်ကမ်း မြစ်ကြီး နားရဲ့ ဟိုဘက်ခြမ်း လှမ်းကြည့် ရင် အတိုင်းသား မြင်ရ ကမ်းဘေး မေးတင် ထားတဲ့ မြို့။
ရေဆန် အတက် ခရီး “ဂျင်မာ”စက်ငယ်သံပါ လီဗာကုန် မောင်းလာတဲ့ ရေကြောင်းသွား စက်လှေ တံငါလှေ သဲခူး လှေတွေက မြစ်ရေပြင်ကို အလှဆင် ထားလေရဲ့။
အစုန်အဆန် ခေါက်ပြန်ပြေး ဆွဲနေတဲ့ မြစ်ရိုးဖျံ စက်လှေနဲ့ ကူးမလား ရေနယား ဇက်နဲ့ ဖြတ်မလား ဂျာနယ် တစ်စောင် ဖတ်မပြီးခင် ဆိပ်ကမ်းကို ၀င်ကပ် လိမ့်မယ်။
ဝါရှောင် သွားမလား မန်ဒေါင် သွားမလား အင်ဂျန်းယန် သွားမလား ချီဖွေ သွားမလား ဆိုက်ကားလား မြင်းလှည်းလား ပစ္စည်း သယ်ပေး ရမလား စက်ဘီး ထမ်းပေး ရမလား ကူးတို့ဆိပ်မှာ မေးခွန်းမှို့ အိတ်ဖွင့် ကြလေရဲ့။
တောင်းထမ်း ခြင်းဆွဲ ပလိုင်းလွယ် အထုပ်ရွက် မြစ်ကြီးနား ဈေးပြန်တွေ စက်လှေ ခြေကန်ဆင်း ကုန်းပေါင်ကို နင်းသွား ကမ်းပါးယံ မော့တက်ကြ ကချင်မ လေးရဲ့ကျောပေါ်မှာ လီဆူးမ လေးရဲ့ ကျောပေါ်မှာ လောဝေါ်မ လေးရဲ့ ကျောပေါ်မှာ ရှမ်းမလေးရဲ့ ကျောပေါ်မှာ လွယ်ပလိုင်းတွေ ကိုယ်စီနဲ့ပေါ့။
ရေလမ်း ခရီး မသွားချင် ကုန်လမ်း ခရီးနှင် မော်တော်ကား စီးသွားပါ သုံးဘီး ဆိုင်ကယ် စီးသွားပါ ဆိုင်ကယ် ကယ်ရီ စီးသွားပါ ထော်လာဂျီ စီးသွားပါ စီတာပူနဲ့ မိုင်းနား ရွာကို ၀မ်းလျား ထိုးကျော ခင်းထားတဲ့ ဗလမင်းထင် တံတား ခမ်းနားထည် ၀ါစွာ ကမ်းနှစ်ဖက်ကို ဆက်သွယ် ပြည်နယ် ဂုဏ်ဆောင် တံတားကြီးပေါ့။
မိုင်းနားနဲ့ ၀ိုင်းမော်ကြား ကားလမ်းဘေး ၀ဲယာ အစပ်မှာ ဓာတ်ဆီ ဒီဇယ် အင်ဂျင်ဝိုင် တရုတ်ဆီ မြန်မာဆီ စက်သုံးဆီ အမျိုးမျိုး စံချိန် စံညွှန်း မှန်မှန်နဲ့ အပြည့် အလျှံ ၀ယ်လို့ရတယ် အိုပက် အဖွဲ့ဝင် တွေလား အောက်မေ့ ရရဲ့ အာရပ် စော်ဘွား နိုင်ငံများ ရောက်နေ သလား ထင်ရမယ်။
နမ့်မြင်း ခချောင်း နံဘေး စိုက်ခင်းလေး တွေက ဟင်းသီး ဟင်းရွက် ခြံထွက် ယာထွက် သီးနှံ ဒေသအတွက် ပိုလျှံပါတယ်။
အလို- တစ်မြို့လုံး ၀င်းလို့ ၀ါလို့ ထိန်လို့ လှည်းပေါ်မှာ လှေပေါ်မှာ ကားပေါ်မှာ ထော်လာဂျီ ပေါ်မှာ လမ်းဘေးမှာ အိမ်အောက်မှာ မန်ဒေါင်ရွာ ထွက်တွေနော် နာမည်ကျော် လိမ္မော်သီး ချိုချိုတွေ ၀ိုင်းမော် ပျိုဖြူချော တွေရဲ့ အပြုံးချိုချိုနဲ့ရောလို့ ထွေးလို့။ တံတိုင်း ခတ် ကာရံထားတဲ့ မြို့ ၀ိန်းမော်ကနေ ၀ိုင်းမော်ဖြစ် အခုခေတ် ရောက်တော့ တိုးလျှို ပေါက်ပါပဲ မိုးမောက် ဗန်းမော် ဆော့လော် ချီဖွေ ရွှေကူ ကသာ ပန်ဝါ လိုင်ဇာ အမြန်ယာဉ် အဝေး ပြေးကား မန္တလေး အထိ ခရီးပေါက် တောက်လျှောက် ဖြတ်သန်း နေလေရဲ့။
လန်န ရေတံခွန်စခန်း အပန်းဖြေ သွားမလား နယ်ချဲ့ကို ခုခံတော်လှန် သမိုင်းဝင် ဆဒုံး ခံတပ်ဆီ သွားမလား ၀ိုင်းမော် ဖြတ်သွား ရတာပါပဲ။
မြစ်ကြီးနား-၀ိုင်းမော် ဆဒုံး-ကန်ပိုက်တီး အာရှလမ်းမကြီး တရုတ်-မြန်မာ-အိနိ္ဒယအတွက် ဆက်သွယ်ရေး ကုန်စည်ပို့ဆောင်ရေး အရေးပါတဲ့ ကတ္တရာ လမ်းပြောင် ပြောင်က နဂါးနက်ကြီး တစ်ကောင် တောင်ပတ်ထား သလား ထင်ရရဲ့။
ကုမ္ပဏီ မျိုးစုံက ထုတ်လုပ်တဲ့ တရုတ် ဆိုင်ကယ် တရုတ် စက်ဘီးတွေ မြင်းနှစ်ကောင် ကတဲ့ ၀ါရှောင်ရွာ အသွားအပြန် ကားတာယာ ဘီးတပ် မြင်းလှည်းတွေ ခရီးတို ခရီးရှည် ချောင်ကြိုချောင်ကြား မကျန် သွားချည် ပြန်ချည်။
နမ့်မြင်းခချောင်း ကန့်လန့် ဖြတ်ပိတ်ဆို့ တားဆီး ၀ါရှောင် ဆည်ကြီး နှစ်ပေါင်း လေးဆယ့် ငါးကျော်ခဲ့ပြီ တူးမြောင်း အသွယ်သွယ်နဲ့ လယ်မြေတွေထဲ ရေသွင်း စိုက်ကွင်းတွေ စိမ်းလန်း အဆန်ပြည့်စပါးနှံဖုံးလွှမ်း ၀ိုင်းမော် ဒေသ ၀မ်းစာတွေ။
ရှမ်းပျိုမေ ဖြူဖြူဖွေးဖွေး ခတ်ချိုဆန် သွယ်သွယ် မွှေးမွှေး မြို့နယ်ရဲ့စပါးကျီ ပြည်မြန်မာပေါ်မှာ ၀ိုင်းမော်က တိုင်းကျော် တဲ့ဆန် ထမင်းဝိုင်းမှာ လူတိုင်းနှစ်သက် အသက်သခင် ကျေးဇူးရှင် လယ်သမား ခတ်ချိုရွာသား များပါပဲ။
ဝါရှောင် ကျေးရွာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သီတလရံ သီကျောင်းတိုက် ပြာသိုလပြည့် အမေနေ့ ကဗျာရွတ်ပွဲ ဂီတပွဲ ရိုးရာပဒေသာကပွဲ အမေ့စာ အမေ့ကဗျာ အမေ့ရုပ်ပုံလွှာ ဗုဒ္ဓစာပန်းချီပြပွဲ အမေ ချစ်သူတိုင်း ရဲ့ပွဲ။
လျှပ်စစ် ဓာတ်အား ဒဘတ်ချောင်း ရေအားစွမ်းအင် ကချင်တောင်တန်း အမှောင်ကိုခွင်း အလင်းဆောင် လိမ့်မယ်။
ဝိုင်းမော်လူငယ်ထု စုစည်း တည်ထောင် စာပျိုးခင်း သင့်ဘ၀ တိုးတက်ရေး စာဖတ်အသင်း အသိဉာဏ် အလင်း ရင်တွင်း ထိုးဖောက် ၀င်လိမ့်မယ်။
ဝိုင်းမော်နဲ့ မြစ်ကြီးနား ဧရာဝတီ စည်းခြား ပေမဲ့ တသီးတခြား မဟုတ်ပါ ခေတ်နောက် မကျပါ ဂန္ဓာလရာဇ် တိုင်းနဲ့နီး ၂၁ ရာစုခေတ်ကြီးထဲ ခေတ်ပြိုင် ရင်ခုန်သံ အမြင်သစ် တွေနဲ့ ရဲရဲတင်းတင်း ဖြတ်သန်း တိုးဝင် မောင်းနှင် နေဆဲပါ။ နောင်လာမည့် နှစ်ကာလများ ကုန်သွယ်ရေး ဇုန် စက်မှုဇုန်တွေ အနာဂတ်ရုပ်ပုံ မြင်ရဦးမယ်။
အခုတော့ ကချင် စစ်ပြေး စစ်ရှောင် ဒုက္ခသည် စခန်းများ လူသားချင်း ကူညီနေ ကြရတယ်။
ဒေါန တစ်ခိုင်နဲ့ တစ်ရွာလုံး မကြိုင်နိုင် ပေမဲ့ ငြိမ်းချမ်းရေး ပန်းခိုင်ရနံ့ တစ်နိုင်ငံလုံး ကြိုင်ပါစေ၊ လှိုင်ပါစေ။
တင်နွမ်းလွင် (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Written by သစ်ခက်အိမ်
|
|
Tuesday, 11 December 2012 22:10 |
|
ပါးကွက်ကြား မလေးကို ထားခဲ့လို့ မရတော့မှန်း ခင်ဗျား သိပါတယ်။
|
|
Last Updated on Thursday, 13 December 2012 17:33 |
|
Written by မောင်ကျူးရင့်
|
|
Tuesday, 11 December 2012 21:56 |
|
မိုးကုတ် စက်ဝိုင်းထိ ရာသီ ပေါ်တည်ပြီး အစိမ်းနုရောင် ရွှေဝါရောင် သန်းနေတဲ့
|
|
Last Updated on Thursday, 13 December 2012 17:36 |
|
|
Written by စောဝေ
|
|
Friday, 26 October 2012 00:52 |
|
၁။ ဟိုးတစ်ချိန် တုန်းကတော့ ငါတို့ကို တူအောင် တုမယ်ဆိုတဲ့မြို့ လေဆိပ်မှာ ကတည်းက စည်းကမ်းကျတဲ့ အလှကိုငေး၊ နေစရာတွေ ငေး၊ နားစရာတွေ ငေး။
|
|
Last Updated on Friday, 26 October 2012 19:49 |
|
Written by အိန်ဂျယ်လှိုင်
|
|
Monday, 22 October 2012 23:53 |
|
ဖြတ်ထိုးဉာဏ် ဆိုတာ ကျင်းထဲကျပ်ထဲ ရောက်နေချိန်မှ ပိုအသုံး ၀င်တယ် ဆိုတာတော့ ကျွန်မနဲ့ သူ ခံယူချက်တူခဲ့ကြတယ်။
|
|
Written by ဖြိုးထိန်
|
|
Tuesday, 04 September 2012 13:44 |
|
၁။ အို...ကမာအောင်ချောင်း ငါချစ်တာ သင့်ရေစီးကြောင်းမဟုတ် သင့်ရဲ့ နှိမ့်ချမှုသာဖြစ်တယ် သင်ဟာ နိမ့်ကျဆင်းရဲပေမဲ့ ရိုးတယ်၊ အတယ်၊ ဖြူစင်တယ်
|
|
Written by လူခါး
|
|
Monday, 03 September 2012 11:41 |
|
မိုးကို ဒူးနဲ့တိုက်မဲ့ ရည်ရွယ်ချက်နဲ့ အမေ့ရင်ခွင်ထဲက ပြေးထွက် ခုတော့ ကျွန်တော်က အိမ်ပြေးသက်သက်ပါ အမေ။
|
|
Written by ဥက္ကာကိုကို
|
|
Thursday, 16 August 2012 11:53 |
|
ကဗျာဆရာဟာ အလွန် စိတ်ချမ်းသာနေပါတယ်တဲ့ တကယ့်ကို အလွန်အမင်း စိတ်ချမ်းသာနေတဲ့ပုံနဲ့ တစ်လောကလုံးကို ကြေညာလိုက်တယ်
|
|
|
|
|
<< Start < Prev 1 2 3 Next > End >>
|
|
Page 1 of 3 |