နှစ်တိုင်းလွမ်းနေရတဲ့ ဖက်ရှင်နဲ့ ချစ်သူမရှိသေးတဲ့ ဖက်ရှင် PDF Print E-mail
Written by သင်းပပ   
Thursday, 07 February 2013 22:30
Share |

ဒီလ ဘာလလဲလို့ မေးရင် ပုံမှန် ကတော့ ဖေဖော်ဝါရီလ၊ နှစ်တစ်နှစ်ရဲ့ ဒုတိယလို့ ဖြေကြမှာ ပေါ့။

generic cialis no prescriptioncialis black viagra online cialis 20mg
argaiv1581

ဒါပေမဲ့ ဆယ်ကျော်သက်တွေ teen  ဖူးငုံတွေ ကတော့ ဒီထက်ပိုတဲ့ အဖြေ တွေကို ပေးကြ ပါလိမ့် မယ်။ လတိုင်း လတိုင်းမှာ အမှတ် တရ၊ အထင် ကရနေ့ တွေရှိပေမဲ့ ဖေဖော်ဝါရီလရဲ့ ရက်တစ်ရက် ကတော့ လူငယ်တွေ ကိုအထူး သဖြင့် ပို၍၊ ပို၍ ကိုယ်စား ပြုပါတယ် လို့ ဆိုရမှာပါ။ဖေဖော်ဝါရီ လ ၁၄ ရက်က လူငယ် ဆယ်ကျော်သက် များ အတွက်၊ ချစ်တတ်သူ များအတွက်၊ အချစ်ရှိတဲ့ သူတိုင်း အတွက် ကိုယ်စားပြု နေတဲ့နေ့ တစ်နေ့ လေ။ ဒီတော့ ဒီလ Cover ကိုလည်း ချစ်စရာ ကောင်းတဲ့ စုံတွဲလေးနဲ့ တင်ဆက်ပေး လိုက်တာ ပေါ့။ အလွမ်းသင့် ပန်းချီ တေးသီချင်းကို ပရိသတ် တွေသဘောကျ သီဆို နိုင်ခဲ့ကြတဲ့ ဂီတမောင်နှမ နှစ်ဦးကို teen ပရိသတ်တွေ သဘောကျ ကြမှာပါ နော်။ Rock သီချင်းတွေ ဆိုတဲ့ အောင်လက ကိုယ်ပိုင် ဖက်ရှင်ရယ်လို့ မဟုတ်ဘဲ Rock ဆန်တဲ့ ဖက် ရှင်တွေကိုပဲ အ၀တ် များလေ့ ရှိသူပါ။ အောင်လက teen Cover အတွက် သူနှစ်သက်တဲ့ ဖက်ရှင် တချို့ ဖန်တီး လာခဲ့ပါတယ်။“ဂျင်းဂျက်ကက်က မ၀တ် တာကြာပြီ။ ငယ်ငယ်တုန်း ကတော့ ၀တ်ဖြစ်တယ်။ ကြီးမှ သိပ်မ၀တ် ဖြစ်တာ။ အခုတော့ ပြန်ဝတ်ဖြစ် တာပေါ့”လို့ အောင်လက ဆိုပါတယ်။ ဂျင်းက ပေါ့ပေါ့ပါးပါး ၀တ်လို့ ရတဲ့ ဖက်ရှင် ဖြစ်တာကြောင့် သူ့အကြိုက် ဖက်ရှင်လည်း ဖြစ်ပါ သတဲ့။

နောက်ဝတ်စုံ ဖြစ်တဲ့ လည်သာ ဂျာကင်ကတော့ ဓာတ်ပုံ ရိုက်ကူးဖို့ အတွက် ၀တ်လာတာဖြစ် ပြီး ဒီနိုင်ငံ ရဲ့ရာသီဥတုနဲ့ အဆင် မပြေဘူးလို့ အောင်လက ဆိုပါတယ်။ ရှိုးပွဲ တွေမှာလည်း ၀တ်လေ့ ၀တ်ထမရှိဘဲ အလှ ဓာတ်ပုံရိုက်မှ ၀တ်တဲ့ ဖက်ရှင် တစ်ခုလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ချစ်သူကိုဘာ လက်ဆောင် တွေပေးမလဲ။ လှုပ်ရှား ရင်ခုန်ဖွယ် ဘာအစီ အစဉ် တွေရှိလဲလို့ ဆိုတော့ အောင်လက “သူက အခု ဘေးမှာ ပါနေတော့ မပြော တော့ဘူး။ Surprise ပေါ့။ ဒါပေမဲ့ သူက ဒီနှစ် ဖေဖော်ဝါရီ ၁၄ မှာ ကျွန်တော်နဲ့ အတူ မရှိဘူး။ ပြန်မှာ”လို့ဆိုတယ်။ “နှစ်တိုင်း လွမ်းနေ ရတာပါ” လို့ဆိုတဲ့ အောင်လရဲ့ အလွမ်းသင့် ဖက်ရှင်ကို ခံစားကြည့် ပါဦး။
ရတနာမိုင် ကတော့ အခု လက်ရှိမှာ Emo ဒီဇိုင်းကို ပိုကြိုက်နှစ်သက်ပေမဲ့ မန္တလေး ခရီးစဉ်က ပြန်လာလာချင်း ရိုက်ကူးပေး ရတဲ့အတွက် အဆင်ပြေ  လှပမဲ့ ဖက်ရှင် တွေနဲ့ပဲ ရိုက်ကူး ပေးခဲ့ ရပါတယ်။ နှစ်ယောက် စလုံး ကလည်းရှိုး ပွဲ အစီအစဉ် တွေနဲ့ ရှုပ်နေတာကြောင့် မညှိနိုင် တော့ဘဲ ကိုယ် နှစ်သက်ရာဖက် ရှင်တွေ နဲ့ပဲ ပုံဖော်ခဲ့ ကြရပေမဲ့ လူငယ် ပီသစွာ လှနေခဲ့ ကြပါတယ်။ ဂျင်းဘောင်းဘီနဲ့ ဖက်ရှင် ၀တ်စုံက တော့ရှိုးပွဲ တွေမှာ ၀တ်လေ့ရှိပြီး ရတနာမိုင် နှစ်သက်တဲ့ ၀တ်စုံလည်း ဖြစ်ပါတယ်။ Free Style နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေမဲ့၊ လှပနေ စေမဲ့၊ လွတ်လပ် ပေါ့ပါး နေစေမဲ့ဝတ် စုံကို သဘောကျတဲ့ ရတနာမိုင်က သူနှစ်သက်တဲ့ ဂါဝန်ကို လည်း ၀တ်ဆင်ခဲ့ ပါသေးတယ်။ ချစ်သူ မရှိသေးတဲ့ အတွက် ဓာတ်ပုံ ရိုက်ကူးမှု တွေနဲ့ပဲ ဖေဖော်ဝါရီလ ၁၄ ရက်ကို ဖြတ်ကျော် ခဲ့ရတဲ့ ရတနာမိုင်က ချောကလက် ပေးခြင်းနဲ့ ပန်းစည်းလှလှ လက်ဆောင်ရတဲ့ ပုံစံ နဲ့ ရိုက်ကူးမှုကို သဘောကျတယ် လို့ဆိုပါတယ်။ ရတနာမိုင်ရဲ့ တကယ့် ဖေဖော်ဝါရီ ၁၄ ရက် ဖြတ်သန်းမှုကို ဘယ်တော့ မြင်တွေ့ ရမလဲလို့ ဆိုတော့ “ရတနာ မိုင်ရဲ့ချစ်သူ ဘယ်သူလဲ ဆိုတာကို အချိန်တန် ရင်တော့ သိရမှာပါ။ အခုလော လောဆယ်တော့ မရှိသေး ပါဘူးနော်”လို့ ဆိုပါတယ်။

 

 


သင်းပပ
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)