|
Written by Administrator
|
|
Thursday, 07 February 2013 22:07 |
ဤသည်ကို သတ်၍ ပင်လယ်ထဲ မျှောပေးကြပါ ၁။ ကယ်ပါ ကျွန်တော် တို့ကို ကယ်ကြပါ စိုးရိမ် ပူပန်မှုက အဆိပ်ဆိုရင် အိပ်မရအောင် ဖြစ်နေတဲ့ ကျွန်တော်တို့ ဒီရိုးမ ထက်မှာပဲ မနိုးတမ်း အိပ်စက် ရတော့မယ် တစ်ဖက်က ပင်လယ်လို တစ်ဖက်က ဓားသွားလို ကိုင်ရ တွယ်ရ ကျပ်နေတဲ့ မိုးစက်တွေကြား အားကိုးစရာ ဆိုလို့ ဘာဆို ဘာမှမရှိ ဘုရားမရှိ တရားမရှိ ဘာအသိ တရားမှ မရှိ ပကတိ အရိုင်းပွင့် လေးတွေရဲ့ တလက်လက် အရောင်ဟပ် ခံနေရတဲ့ လူသားဖြစ်မှု တစ်ခုခုတော့ လွဲနေပြီ။
၂။ ကျွန်တော်တို့ဟာ ဘယ်တော့မှ ဂျူးအဖြစ်ကို အားမကျဘူး ဘယ်တော့မှ မခံရ ချင်သလို ဘယ်တော့မှ မညှဉ်းဆဲဘူး ရိုးရိုးကျင့် ရိုးရိုးကြံ ရိုးရိုးပဲ ပြန်ချင်တဲ့ သာမန်လူသား ကျွန်တော်တို့မှာ အရှက်တရား ရှိတယ် ကျွန်တော်တို့မှာ အကြောက်တရား ရှိတယ်။ ၃။ ကယ်ပါ ကျွန်တော် တို့ကို ကယ်ကြပါ နေ့နေ့ညည ကျွန်တော်တို့ အရမ်းကြောက် နေတယ်ဆိုတာ ဘယ်လို သက်သေပြ ရဦးမလဲ ကိုယ့်ကိုယ်ကို ဓာတ်ဆီ လောင်းပြီး သဘာဝ ဓာတ်ငွေ့ဖျန်းပြီး မီးရှို့ သတ်သေ ပြရဦး မလား မပြောကောင်း ပြောကောင်း စစ်မြေပြင်ကြား အပြစ်မဲ့ အရပ်သား ဆိုတာကမှ တည့်တည့်ပစ်မဲ့ ရန်သူ မရှိနိုင် ကောင်းရဲ့ အခု ကျွန်တော် တို့မှာက ဘေး ဘယ်ညာ ပတ်လည် အစုံ ဘာကိုမှ မယုံရ ရန်သူတွေ အပုံဗျ ဆိုသလို“ အိမ်မှာ လည်းတွေ့ ကျောင်းမှာ လည်းတွေ့ ရွာမှာ လည်းတွေ့ မြို့မှာလ ည်းတွေ့ လမ်းမှာ လည်းတွေ့ ဈေးမှာ လည်းတွေ့ ဘယ်နေ့ တွေ့ကြမလဲ တထိတ်ထိတ်နဲ့။ ၄။ ကယ်ပါ ကျွန်တော် တို့ကို ကယ်ကြပါဗျာ စည်းမရှိ ကမ်းမရှိ သတင်း ကလိနေတဲ့ အင်တာနက်ကို သတ်ပေးပါ လောကကို ကောင်းကျိုး မပေးတတ်တဲ့ ကောလာ ဟလကို သတ်ပေးပါ တစ်ဆက်တည်း ဘက် မမျှတဲ့ အတ္တ ဆိုတာကိုပါ သတ်သတ်ပြီး နီးစပ်ရာ ပင်လယ်ထဲ မျှောပေးကြပါ။ ။ သုစံ၊ရွှေလှော်သား၊
အမုန်းမိုး အရိပ်အယောင် မပြ ထစ်ချုန်းမိုးတွေ ရွာချ ကြည်လင်ခြင်း တွေရဲ့ နောက်ကွယ်က ပုန်းလျှိုးကွယ် နေတဲ့ အမုန်းမိုးတွေ ရွာချ လိုက်စမ်းပါ ရင်ဘတ်ထဲ လှိုင်းကြီး ပါစေ နှလုံးသား တစ်ခုလုံး နစ်မွန်း ပါစေ တမ်းတမ်း တတနဲ့ အသက်ရှင် ရတာ ထက်စာရင် မင်းအမုန်းမိုး တွေကြား ရေမွန်းခံ စတေး လိုက်မယ် အလိုရှိတိုင်း ရွာသွန်းစေ။ အစွန့်ပစ်ခံ ဒီနှလုံးသား လေသင့်ရာမှာ မလွင့် သော်လည်း မစဲလေတဲ့ အမုန်းများ အောက် တစ်စစီ ကြေမွ ပျက်စီးလို့ လမ်းဘေးက အမှိုက် တစ်စလို မီးရှို့ခံဖို့တောင် တန်ဖိုး ရှိသေးရဲ့လား။ အနင်းခံ ရမဲ့ အတူတူ တက်နင်းဖို့ မကြိုးစား ပါနဲ့တော့ နှလုံးသား တစ်ခုလုံး မင်း ခြေဖ၀ါးအောက် ပြားပြား ၀ပ်ပေးမယ် သွေးမြေ ကျရင်တောင် ငါ့သွေးတွေနဲ့ မင်း ခြေဖ၀ါးကို အလှ ဆင်မယ် ငါ့သွေးတွေနဲ့ မင်းလက်ဖ၀ါးလေး နူးညံ့စေမယ် မကိုင်ပါနဲ့ တန်ဖိုး မဲ့တဲ့ နှလုံးသွေး တွေနဲ့ မင်းလက်ဖ၀ါးလေး ညစ်ပေ သွားမယ် စိတ်ကျေနပ်ရင် ငါ့ကို တစ်သက်တာ နားခွင့်ပေးပါ နှလုံး သားလေး နာကျင် နေပြီ ချစ်သူ...။
ဂျွန်မိုး
ကြယ်စင်တစ်ခြမ်းပဲ့တဲ့နေ့ 12:0-ငေးမောမှု နှုတ်ခမ်းပါးလေး ငိုရှိုက်တဲ့ အခါ တည်ကြည်မှု အပြုံးလေး လျှို့ဝှက်တဲ့ အခါ ချစ်တတ်မှုမျက်လုံးလေး ရှောင်ဖယ်တဲ့ အခါ ကိုယ့်ရဲ့လိပ်ပြာလေး အားငယ်ခဲ့ ရပါတယ်။ 12:1-အေးစက်တဲ့ လက်ချောင်းပေါ် ဖြူစင်တဲ့ မျက်ဝန်းနဲ့ ကိုယ်ငေးမော ဖူးတယ်၊ အကြည့် တစ်ချက်မှာ အလင်္ကာ မြောက်တဲ့ ကျေနပ်ဖွယ် စကားတွေ ရှိလိမ့်မယ်၊ ရင်ထဲက စိမ့်ထွက် လာတဲ့ အသံနဲ့ ဖြတ်လျှောက်မဲ့ ခြေလှမ်းတွေ တုန်ယင် နေခဲ့၊ ဒါနဲ့ပဲ ကွယ်ရာ တစ်ခုမှာ ခေါင်းငုံ့ရပ် နေမိတယ်။ 12:2-နွေရာသီရဲ့ ခြေသံ ကြားတိုင်း လှုပ်ထွက် သွားတဲ့ ပန်းပွင့်တွေ၊ ခက်ခဲ နစ်မွန်းတဲ့ ကြားက အဲဒီအပြုံးမျိုးနဲ့ မကြည့်ကြေး၊ လာမဲ့ ဆုံတွေ့ခြင်းမှာ မင်းမျက် ၀န်းကြောင့် ကိုယ် ပျော်ချင် သေးတယ်။ 12:3-မျက်ရည်ကြားက မင်းပြုံး လိုက်တိုင်း ကိုယ်တိုင် ပန်းတစ်ပွင့် ပွင့်မိသွား၊ သတိရခြင်း ခြေရာက တရံမလပ် စိုးမိုးနေခဲ့၊ ကြယ်စင် တစ်ပွင့်ခူးပြီး ညဥ့်ဦးယံထဲ ပစ်ချလိုက်မိ၊ သံယောဇဉ် မီးပုံထဲကို ခခယယ ရောက်ရှိသွားခဲ့။ 12:4-ပြန်ဆုံတွေ့ တဲ့အခါ ကိုယ့်ရဲ့ ချစ်မြတ်နိုးမှု တွေကို သိုသိပ်ဖုံးကာ ခြေအစုံကို ကွယ်ဝှက် လိုက်တာနဲ့ မင်းရဲ့ မချိပြုံးပုံက ကမ္ဘာကြီး ထက်ခြမ်းကွဲ၊ 12:5-ကိုယ့်အထင်တော့ အဲဒီနေ့က မိုး...ရွာနေ သလားပဲ။ ။
argaiv1724
ဂီတယွန်းအိမ် (Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
Administrator |
| About the author: |
| | |