|
ပညာရေး၊ သဘာဝပတ်ဝန်းကျင်ရေးများအတွက် VIP |
|
|
|
|
Written by ခင်ဆုမြတ်ထွန်း
|
|
Thursday, 07 February 2013 22:01 |
ဖေဖော်ဝါရီလ အုတ်တစ်ချပ် သဲတစ်ပွင့်ကဏ္ဍအတွက် VIP (Voluntary Internship Program) အဖွဲ့ကို ရွေးချယ် ထားပါတယ်။
argaiv1860
နိုင်ငံတစ်ခုကို ပြောင်းလဲမယ်ဆိုရင် ပညာရေးကဏ္ဍဟာ မရှိမဖြစ် အရေးပါတယ်လို့ ယူဆတဲ့အတွက် VIP အဖွဲ့ဟာဆိုရင် Informal Education (ကျောင်းပြင်ပ ပညာရေး) တစ်နည်းအားဖြင့် ကျောင်းတွင်းမှာ မရနိုင်တဲ့ ဘာသာရပ်တွေကို သင်ယူနိုင်အောင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ VIP ဟာ လူငယ်တွေမှာ ရှိပြီးသား စွမ်းအင်တွေကို ပိုပြီးတိုးတက်လာစေအောင်၊ နိုင်ငံသားကောင်း ပီသလာစေအောင်၊ နေရာတစ်ခု ဖန်တီးပေးထားပြီး၊ အဲဒီနေရာလေးကနေတစ်ဆင့် တက်လှမ်းသွားနိုင်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ Volunteer အလုပ်၊ စေတနာ့ဝန်ထမ်း အလုပ်ဆိုရင်လူအများက ကိုယ်ကချည်းပဲ ပေးဆပ်ပြီး လုပ်ဆောင်ရတယ်လို့ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ VIP အဖွဲ့ကတော့ အဖွဲ့ဝင်တွေနဲ့ စေတနာ့ ၀န်ထမ်းအဖြစ် ကူညီလုပ်ဆောင်ပေးကြတဲ့ သူတွေကို အဖွဲ့ကနေလည်းအချင်းချင်း အသိပညာတွေ၊ ပညာရပ် တွေကို ဝေမျှရုံသာမက လုပ်ငန်းအတွေ့အကြုံတွေကိုလည်း ရရှိသွား စေအောင် ဆောင်ရွက်ပေးပါတယ်။
VIP အဖွဲ့ကို အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ရှင်းသန့်၊ ကိုဥက္ကာဖြိုးနဲ့ ကိုတင်မောင် ထွေးတို့က စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။ အဖွဲ့ရဲ့သက်တမ်းဟာ ၃နှစ် ကျော်လာတာနဲ့အမျှ အဖွဲ့ကို လက်ဆင့်ကမ်းလာကြတာ အခုဆိုရင် VIP ဟာ မျိုးဆက် ၃ ဆက်မြောက်ရဲ့ လက်ထဲမှာ ဆက်လက်ရှင်သန်နေတာ ဖြစ်ပါတယ်။ VIP အဖွဲ့မှာ Education Team, Environmental Project, Fund Raising Team, Finance,Admin,Information ဆိုပြီးအဖွဲ့ ၆ ခုခွဲထားပါတယ်။ အဲဒီအဖွဲ့ ၆ ခုရဲ့ ခေါင်းဆောင်တွေကို ၆ လ တစ်ကြိမ် ပြန်လည်ရွေးချယ် လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီလို ဦးဆောင်သူ ၆ ယောက် ရွေးချယ်ထားတာဟာ အဖွဲ့တစ်ခုလုံးကို ဦးဆောင်သူတစ်ဦးတည်း ဖြစ်မနေစေလိုတာကြောင့် ဖြစ်ပါတယ်။
အဖွဲ့ဝင်တွေရဲ့ အစည်းအဝေးကိုလည်း တစ်ပတ်တစ်ကြိမ် ကျင်းပလေ့ ရှိပြီး အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အကြံဉာဏ်တွေကိုလည်း ၀ိုင်းဝန်းစဉ်းစား အကောင်အထည် ဖော်ပေးကြတယ်လို့ ဆိုပါတယ်။ အဲဒီလို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပလေ့ရှိတဲ့ အဖွဲ့ဝင်များ အစည်းအဝေးမှာ တစ်ယောက် ကို ၂၀၀ကျပ် စုကြပြီး၊ အဖွဲ့ဝင်တွေဟာ လစဉ် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ် အထိနဲ့ လှုပ်ရှားမှု အစီအစဉ်တွေအပေါ် မူတည်ပြီးလည်း ရန်ပုံငွေများထည့် ၀င်ကြပါတယ်။ အဖွဲ့ကို မည်သည့်အဖွဲ့အစည်းရဲ့ အကူအညီ၊ ထောက်ပံ့မှု ကိုမှ မယူဘဲရပ်တည်နေတာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ရန်ပုံငွေအတွက် Fund Raising Team က ဆောင်ရွက်ပေး ပါတယ်။
VIP က ပေးတဲ့ ကျောင်းပြင်ပသင်ကြားရေး အစီအစဉ်တွေမှာ အင်္ဂလိပ်စာ၊ Civic Education, Environmental Awareness နဲ့ တစ်ကိုယ်ရေသန်ရှင်း ရေးတို့ ပါဝင်ပါတယ်။ အဖွဲ့စတင်ချိန်က စပြီး အခုချိန်အထိ ရန်ကင်းမြို့နယ် မှာရှိတဲ့ စတုဘုမ္မိက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ တစ်နှစ်ပတ်လုံး သင်ကြားရေး အစီအစဉ်ကို လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဓစတုဘုမ္မိက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ တိုင်း အင်္ဂလိပ်စာနဲ့ Civic Education ကို သင်ပေးတယ်။ အဲဒီမှာက သူငယ်တန်းကနေ အဋ္ဌမတန်းအထိ ရှိပါတယ်။ သူတို့မလိုက်နိုင်တဲ့ ဘာသာတွေကို လည်း သင်ပေးပါတယ်။ သင်ပေးဖြစ်တာကတော့ တစ်နှစ်ပတ်လုံးပဲ ဧပြီလ တစ်လပဲ ပိတ်တယ်”လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များကိုအဓိက တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ ကိုတင့်ဇော်ဟိန်းက ဆိုပါတယ်။ ဒါ့အပြင် Phoenix အဖွဲ့အစည်းမှာလည်း နွေရာသီကျောင်း ၃ လ ပိတ်တိုင်းသင်တန်း များပြုလုပ်ပေးပြီး၊ AFP (Action for Public) အဖွဲ့မှာလည်း AFP ရဲ့ အစီအစဉ် များအရ တစ်နှစ်ကိုတစ်ကြိမ် သင်ကြားပေးတယ်လို့ သိရပါတယ်။
နောက်ထပ် ပုံမှန်သင်တန်းပေးဖြစ်တာကတော့ လှိုင်သာယာမြို့နယ်မှာရှိ တဲ့ အလုပ်သမား ပေါင်းစုံ အယောက် ၁၀၀ ခန့်ကိုလည်း အင်္ဂလိပ်စာနဲ့ လူ့ အခွင့်အရေးဆိုင်ရာ ဗဟုသုတများ (Human Rights) တို့ကို စနေနေ့ညနေတိုင်း သင်ကြားပေးတာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို ဆောင်ရွက်ခဲ့တာကတော့ ၁ လခန့်ရှိနေပြီ ဖြစ်ပါတယ်။ သင်တန်းကိုတော့ UFL က ဆရာနှစ်ယောက် က သင်ကြားမဲ့ဘာသာရပ်တွေကို ကိုယ်တိုင်ရွေးချယ်၊ ရေးဆွဲပြီး သင်ကြား ပေးတယ်လို့ ဆိုပါတယ်။ ပုံမှန်သင်တန်းများနဲ့ သင်ကြားရေး ကိစ္စတွေကိုတော့ ကိုအောင်ကျော်ဖြိုးက ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် သင်တန်းသားများနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလမှာ စာပေဟောပြောပွဲ တစ်ခုကျင်းပဖို့ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ သာကေတ မြို့နယ် မှာရှိတဲ့ နတ်မောက် ဘုန်းတော်ကြီး သင် ပညာရေး ကျောင်းနဲ့ မေရီချက်မန်း သင်တန်း ကျောင်းတွေ မှာလည်း သင်ကြားရေး အစီအစဉ်များ လုပ်ဆောင် ပေးခဲ့ ဖူးပါတယ်။ နတ်မောက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှာတော့ ဆရာ အင်အား မလောက် တာကြောင့် ဆက်လက်ပြီး မလုပ်ဆောင် နိုင်တော့တာ ဖြစ်ပြီး၊ မေရီ ချက်မန်း သင်တန်း ကျောင်းမှာတော့ Sign Language နဲ့ သင်ကြား ပေးနိုင်တဲ့ Trainer တွေက နိုင်ငံခြားကို ရောက်သွားတဲ့ အတွက် ဆက်မလုပ် ဖြစ်တော့တာ ဖြစ်ပါတယ်။ အခု လက်ရှိ လုပ်ဆောင် ဖြစ်နေတဲ့ လှုပ်ရှားမှု တစ်ခု ကတော့ Mobile Library အစီ အစဉ်ဖြစ်ပါတယ်။ Mobile Library ဆိုတာ ကတော့ စာအုပ်ဖတ် ချင်သူတွေကို စာအုပ်လက် ဆင့်ကမ်း ငှားပေးတာ ဖြစ်ပါတယ်။ သိပ်ကျယ် ကျယ်ပြန့်ပြန့် မလုပ်နိုင် သေးပေမဲ့ အစီအစဉ်ကို စတင်ခဲ့တာ ၅လ၊ ၆လ ခန့်ရှိပြီလို့ဆိုပါတယ်။
VIP ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အစီအစဉ် တွေနဲ့ ပတ်သက်ပြီး ကိုတင့်ဇော် ဟိန်းက “Environmental Project မှာ Activity တွေ ခွဲထားတယ်။ Trip ထွက်တဲ့ အခါမှာလည်း သူ့အပိုင်းနဲ့သူပေါ့။ Environmental Awareness အသိပညာ ပေးတဲ့ အပိုင်းနဲ့ သစ်ပင် စိုက်တာ၊ အမှိုက်ကောက် တာတွေ လုပ်တဲ့ အပိုင်း တွေကိုသတ် သတ်စီ တာဝန်ခွဲပြီး ယူကြတယ်။ အင်းလေးနဲ့ ရှမ်းပြည်နယ် ဆီဆိုင်မြို့တွေမှာ သွားပေး ဖြစ်တယ်။ အဖွဲ့တွေ အချင်းချင်း ချိတ်ဆက်ပြီး လုပ်ဖြစ်တယ်။ သစ်ပင်စိုက် တာက အပင်လှူ တဲ့သူ တွေလည်း ရှိတယ်။ ဂေဟ ဟိတဆိုတဲ့ ကွန်ရက် ကနေလည်း အကူ အညီတွေ ယူတယ်။ Environmental Awareness ပေးတဲ့ အခါ ကိုးကားတဲ့ စာအုပ် တွေရှိတယ်။ အဲဒါ တွေက တချို့ ပေါင်းကူး အဖွဲ့အစည်းက ဆရာ ကျော်သူ၊ နောက် ဆရာ မြင့်မောင်ကျော်နဲ့ ဦးသန်းလွင်တို့ ရေးတဲ့ စာအုပ် တွေကို ကိုးကား ပါတယ်”လို့ ဆိုပါတယ်။
VIP အဖွဲ့ဟာ တခြား လူငယ် ပရဟိတ အဖွဲ့ တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ပါတယ်။ VIP အဖွဲ့ဟာ ပရဟိတ လူငယ် အဖွဲ့တွေ ဖြစ်တဲ့ Good Boys, Bad Boys, Myanmar Story Telle အပါ အ၀င် တခြား လူငယ် အဖွဲ့တွေ နဲ့အတူ ပခုက္ကူရေ ဘေးအတွက်လည်း တစ်တပ်တစ်အား ပါဝင် ဆောင်ရွက် ခဲ့ပါ သေးတယ်။ ချောက်မြို့နဲ့ ဆိပ်ဖြူ ရွာ အပါအ၀င် ရွာ ၃ရွာတို့မှာ ဆန်၊ ဆီ၊ ဆားနဲ့ အ၀တ်အထည် တွေကို လှူဒါန်း ခဲ့ပါ တယ်။နောက် ပိုင်းမှာလည်း ကချင် ပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့အတွက် ပရဟိတ လူငယ် အဖွဲ့ပေါင်း ၁၆ ဖွဲ့ခန့် ပူးပေါင်း စီစဉ်ခဲ့တဲ့ တော်ဝင် စင်တာက ရန်ပုံငွေ ပွဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ အဲဒီပွဲကရလာ တဲ့ ရန်ပုံငွေ တွေကိုတော့ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ချင်းစီရဲ့ ဦးဆောင်သူ တွေက ကချင် ပြည်နယ်က အဖွဲ့ တွေဆီ ကိုယ်တိုင် လွှဲပြောင်း ပေးခဲ့တာ ဖြစ်ပါတယ်။ VIP အဖွဲ့ဟာ ငြိမ်းချမ်းရေး အတွက် Peace Network နဲ့ Youth Forum တွေမှာလည်း ပါဝင် လှုပ်ရှား ပါတယ်။

VIP အဖွဲ့က အဖွဲ့ဝင် တွေဟာလည်း ကိုယ့် အစီအစဉ်နဲ့ ကိုယ် နိုင်ငံ တကာက လူငယ်များ အတွက် အစီအစဉ် တွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်များ အနေနဲ့ ပါဝင် ဆောင်ရွက် ကြပါတယ်။ အဲဒီလို နိုင်ငံ တကာ အတွေ့ အကြုံ ရှိတဲ့ လူငယ် တွေက တစ်ဆင့် အချင်းချင်း ပြန်လည် မျှဝေခြင်းနဲ့ TOT(Training of Trainers) ပေးခြင်း တွေကို လည်း ဆောင်ရွက် ပါတယ်။ တခြား အဖွဲ့တွေက ကမ်းလှမ်းတဲ့ အခါမှာလည်း အကူအညီ ပေးပါ တယ်။ အဖွဲ့ကနေ နောက်ထပ် ရရှိသွား စေတာ တစ်ခု ကတော့ အဖွဲ့ဝင်တွေ၊ စေတနာ့ ၀န်ထမ်း တွေက တစ်ဆင့် ကိုယ့်နယ်ပယ် မှာပြန်ပြီး ပရဟိတ လူငယ် အဖွဲ့လေးတွေ ထပ်ပြီး ဖွဲ့စည်း ဖြစ်စေတဲ့ အကျိုး ရလဒ် တစ်ခုပါပဲ။ VIP အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ၃ နှစ်ပြည့် အနေနဲ့ စတု ဘုမ္မိက ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းက ကိုရင် အပါး ၂၀၀ ကျော် ကို ပြင်ပ ဗဟုသုတ ရရှိ စေဖို့ ရည်ရွယ်ပြီး ရွှေတိဂုံ ဘုရားနဲ့ တိရိစ္ဆာန် ဥယျာဉ် တို့ကို ပို့ဆောင် ပေးခဲ့ ပါတယ်။
အဖွဲ့မှာ အဖွဲ့ဝင်များ အတွက် စည်းကမ်း သတ်မှတ် ထားတာ တွေလည်း ရှိပါတယ်။ VIP အဖွဲ့ဝင် အဖြစ် ပါဝင်လှုပ်ရှား လိုသူတွေဟာ အရင် ဆုံး စေတနာ့ ၀န်ထမ်း အဖြစ် ၃လ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် မှာ VIP အဖွဲ့ကို အမှန်တကယ် စိတ်ဝင်စားပြီး အဖွဲ့ဝင် အဖြစ် ဆောင်ရွက် လိုတယ်ဆိုရင် တော့ အဖွဲ့ဝင် ၂ ဦးရဲ့ ထောက်ခံချက်နဲ့ အတူ အဖွဲ့ဝင် လျှောက်လွှာ လျှောက် ထားနိုင်ပါတယ်။
ပရဟိတ ဆောင်ရွက် နေတဲ့ လူငယ် တော်တော်များများ ကြုံရတတ်တဲ့ မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင် ကြုံရ တတ်တဲ့ ပြဿနာ လေးတွေလည်း ရှိပါ တယ်။ အဲဒီလို ပြဿနာ တွေနဲ့ ကြုံရတဲ့အခါ မိသားစုကို နားလည် အောင်ပြော ပြဖို့နဲ့ကိုယ့်ကိုလည်း အဘက်ဘက် ကနေ ၀ိုင်းဝန်း ပံ့ပိုး ပေးဖို့ လိုအပ်တယ် လို့ကို တင့်ဇော်ဟိန်းက ဆိုပါတယ်။ “လူမှုရေး တွေလုပ်ရင်းနဲ့ တခြားအရာ တွေပါ ဆုံးရှုံးရတတ် တယ်လို့ တချို့က ဆိုကြတယ်။ ပေးသောလက်နဲ့ ယူသောလက် အကြောင်းကို ဆရာ ချစ်ဦးညိုက ပြောဖူးတယ်။ အယူချည်း ပဲရှိတဲ့ သူက ယူပါ များတော့ လေးပြီး အောက်ကို ပြုတ်ကျ တတ်တယ်။ ပေးတဲ့သူ ကတော့ ကိုယ် ကချည်းပေး နေတာမို့ ကိုယ့်မှာ တဖြည်းဖြည်း ပေါ့သွားပြီး အထက်ကိုတက် နိုင်တယ်။ ကျွန်တော် ကတော့ ကိုယ့်ခံယူ ချက်နဲ့ ကိုယ်ပေးနိုင် သလောက် ပေးသွား မှာပါ။ ကိုယ် အများကြီး လုပ်နိုင်တယ်လို့မပြောချင် ပေမဲ့ ကိုယ့် အတိုင်း အတာနဲ့ ကိုယ် တော့ ကျေနပ် ပါတယ်။ နောက်ဆုံး ပြောချင်တာက လူငယ်တွေကို နေရာ ပေးလိုက်ပါ။ လူငယ်တွေ လုပ်နိုင်ပါ တယ်”လို့ ကိုတင့် ဇော်ဟိန်းက ဖြည့်စွက် ပြောကြား ခဲ့ပါတယ်။
VIP အဖွဲ့နဲ့ ပတ်သက်ပြီး အခုထက် ပြည့်ပြည့် စုံစုံ ပိုသိချင် တယ်ဆိုရင် Facebook မှာ Voluntary Internship Program ဆိုပြီး အလွယ်တကူ ရှာဖွေ နိုင် ပါတယ်။ ဒါ့အပြင် ကိုတင့်ဇော်ဟိန်း၊ ဖုန်း-၀၉ ၄၀၁၅၁၂၅၀၆ ကိုလည်း ဆက်သွယ် နိုင်ပါတယ်။ VIP အဖွဲ့လိုပဲ လူငယ်တွေရဲ့ လုပ်နိုင် စွမ်းကိုသိပြီး လုပ်လည်း လုပ်နိုင်တဲ့၊ နိုင်ငံအတွက်၊ ပြောင်းလဲမှုတွေ အတွက် စိတ်ဝင် တစား ရှိကြတဲ့ လူငယ်တွေ အများကြီး ပေါ်ပေါက် လာဖို့ မျှော်လင့် ပါတယ်။

ခင်ဆုမြတ်ထွန်း (Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
ခင်ဆုမြတ်ထွန်း |
| About the author: |
| | |