|
Written by ခင်လေးမြင့်
|
|
Thursday, 07 February 2013 21:57 |
ဖူးငုံတို့ အတွက် ဒီတစ်လရဲ့ အလှအပ ကဏ္ဍလေး မှာတော့ ၂၀၁၁ ခုနှစ်ရဲ့ အကယ်ဒမီ ဗန်းကိုင်များ ထဲက
argaiv1460
တစ်ယောက် ဖြစ်တဲ့ သွန်းဆက်ရဲ့ အလှအပ အပေါ် ခံစားမှုနဲ့ ဘယ်လိုပြင်ဆင် ထိန်းသိမ်းလဲ ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။ မိတ်ကပ် လိမ်းခြယ်တာနဲ့ ပတ်သက်ပြီး သွန်းဆက်က မိတ်ကပ် ပါးပါးလေးနဲ့ နှုတ်ခမ်းနီ အသားရောင် Block လေး တင်လိုက် ရုံနဲ့တင် အဆင်ပြေပြီး ကြိုက်နှစ်သက် ပါတယ်လို့ ပြောပြပါ တယ်။ ဆိုင်မှာ ပေါင်းတင်ခြင်းကို တစ်ခါ တစ်ရံ လုပ်ဖြစ်ပေမဲ့ ညနေဘက် ရှုတင်က ပြန်လာတဲ့ အချိန်မျိုးမှာ သခွားသီး၊ ခရမ်းချဉ်သီး တွေကို ပါးပါး လှီးပြီး မျက်နှာကို ကပ်တာနဲ့ ခန္ဓာကိုယ် အသားအရေ အတွက် Lotion လိမ်းတာကို ပိုပြီး လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
အလှအပနဲ့ ပတ်သက်ပြီး သွန်းဆက်က“အလှအပ ဆိုတာ လူတိုင်းအတွက် လိုအပ် ပါတယ်။ အသားအရည်ကို ထိန်းသိမ်း တာနဲ့ ကျန်းမာရေးကို ဂရုစိုက် တာက လုပ်သင့်ပါတယ်။ စိတ်ချမ်းသာပြီး ကိုယ် ကျန်းမာရင် သူ့နဂို အတိုင်း လှပမှုက ပေါ်လွင် မှာပါ။ ကျန်းမာ မှလည်း လှပ နိုင်တာ ဆိုတော့ ရာသီနဲ့ လိုက်အောင် အနေအထိုင် ဆင်ခြင်မယ်။ အစား အသောက်ကို ဂရုစိုက် မယ်ဆိုရင် အဆင်ပြေ နိုင်မှာပါ။ အင်္ကျီ ဖက်ရှင် ဆိုရင် လည်း ခေတ်စားလို့ ၀တ်တာထက် ကိုယ်နဲ့ လိုက်ဖက်မဲ့ ပေါ့ပေါ့ပါးပါး ဖြစ်မဲ့ အင်္ကျီလေးတွေ ၀တ်တာ ကလည်း ဖက်ရှင် ကျပြီး လိုက်ဖက်တယ် လို့မြင်ပါတယ်။
ဒီခေတ် မှာတော့ ယောက်ျားလေး၊ မိန်းကလေး အကုန်လုံးက အနု ပညာရှင် တွေထက်တောင် တစ်ခါတလေ အပြင်က လူတွေက ပိုပြီးတော့ လှပအောင် ၀တ်တတ် ကြပါတယ်။ ကိုရီးယားကား တွေလည်း ခေတ်စား လာပြီး သူတို့ရဲ့ ၀တ်စားပုံ ကလည်း အရမ်းကြီး ဟော့ မဖြစ်ဘဲ လုံတော့ ကြည့်ကောင်း တယ်လေ။ ညီမလည်း သဘောကျ ပါတယ်”လို့ ပြောပြပါတယ်။ သွန်းဆက်က ရှမ်းကပြား တစ်ယောက် ဖြစ်တာကြောင့် မျက်လုံး နည်းနည်း မှေးတဲ့ အတွက် မျက်လုံးကို ပြင်ရတာကို ပိုကြိုက်တယ်။
ပြင်တဲ့ နေရာမှာလည်း အနက်ရောင် တောက်တောက်လေး ထည့်ပြီး ရှဲဒိုးတွေ သေချာ ထည့်ပြီး ခြယ်ထား တဲ့ပုံစံလေးကို ပိုနှစ်သက်တယ် လို့ဆိုပါတယ်။ ဆံပင် စတိုင်ကတော့ အလိမ်လေးတွေ ကောက်ထားတဲ့ ဆံပင် စတိုင်ကို လတ်တလော ထားဖြစ်ပြီး အ၀တ်အစား ဒီဇိုင်း အနေနဲ့ ကတော့ Cute ဖြစ်တဲ့ ပုံလေးတွေ ကြိုက် တယ်လို့ ဆိုပါတယ်။ သွန်းဆက်က အနုပညာ လောက ထဲကို ၀င်ရောက် လာတာ သက်တမ်း ၁ နှစ်ကျော် ရှိပြီ ဖြစ်ပြီး လတ်တလော ပြက္ခဒိန်၊ ပိုစတာ၊ ကြေငြာများ ရိုက်ကူး နေပြီး ရှိုးပွဲများလည်း လျှောက်နေကြောင်း၊ နမ်းသူ့ သမိုင်း ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်၊ သင်ဇာဝင့်ကျော် တို့နဲ့ ရိုက်ကူး နေပြီး ကမ်းလှမ်း ထားသည့် ကြော်ငြာ၊ ဇာတ်ကား များကိုလည်း ဆက်လက် ရိုက်ကူး သွားမည် ဖြစ်ကြောင်း ပြောပြ ခဲ့ပါတယ်။

မေစုလှိုင် (Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
ခင်လေးမြင့် |
| About the author: |
| | |