|
Written by ဟန်ဇော်
|
|
Thursday, 07 February 2013 21:37 |
DPP ပညာသင်ဆု Executive Master in Development Policies and Practices (DPP), 2013/2014 အတွက် ပညာ သင်ဆုကို စတင် လျှောက်ထား နိုင်ကြောင်း သိရသည်။
argaiv1109
အဆိုပါ ပညာသင် ဆုကို မဲခေါင် ဒေသ နိုင်ငံများ (ဗီယက် နမ်၊ ကမ္ဘော ဒီးယား၊ လာအိုနှင့် မြန်မာ)၊ ဆွစ်ဇာလန် နိုင်ငံသားနှင့် ယင်းတွင် နေထိုင်သူများ လျှောက်ထားနိုင် ကြောင်းသိရသည်။ လျှောက်ထား သူသည် အစိုးရ ရုံးဌာနများ၊ စီးပွားရေး အရ အကျိုးအမြတ် မဟုတ်သော နိုင်ငံတကာ နှင့် ပြည်တွင်း အဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင် နေသော အဖွဲ့အစည်း များမှ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆုကို လက်ခံရရှိ သူသည် ဗီယက်နမ် နိုင်ငံရှိ ဟနွိုင်း မြို့၊ မိမိနေထိုင်ရာ နိုင်ငံနှင့် ဆွစ်ဇာလန် နိုင်ငံရှိ ဂျီနီဗာမြို့ တို့တွင် ပညာသင် အစီအစဉ် ၏ သင်ကြားမှု များကို သင်ယူရ မည်ဖြစ်ကြောင်း သိရသည်။ ပညာသင် ဆုရရှိ သူသည် ယင်းဆုကို အပြည့်အ၀ ကိုသော်လည်းကောင်း၊ တစ်စိတ် တစ်ပိုင်းကို သော်လည်းကောင်း ရရှိနိုင် မည်ဖြစ်ကြောင်း၊ ကျူရှင် စရိတ်၊ ခရီးသွား ကုန်ကျ စရိတ်၊ ဟနွိုင်းနှင့် ဂျီနီဗာ တို့တွင် နေထိုင် စားသောက် စရိတ်များကို အပြည့်အ၀ ထောက်ပံ့ပေး နိုင်ကြောင်းနှင့် ယင်း အခြေအနေ တို့ကို ရရှိနိုင်ရန် အရည် အသွေးနှင့် အရည်အချင်း ပေါ်တွင် မူတည်ကြောင်း သိရသည်။ ထို့အပြင် လျှောက်ထား သူသည် ပညာသင်ဆုနှင့် သက်ဆိုင်သည့် ဘွဲ့ရရှိ ထားရမည် ဖြစ်ပြီး ဘွဲ့မရ ရှိခဲ့ပါက ပညာသင်ဆုနှင့် သက်ဆိုင်သည့် လုပ်ငန်း အတွေ့ အကြုံများ ရှိထားရ မည်ဟု သိရသည်။ စိတ်ဝင်စားသူ များ အနေဖြင့် လျှောက်လွှာများကို ၂၀၁၃ ခုနှစ်၊ မတ် ၁ ရက် နောက်ဆုံး ထား၍ ပေးပို့ လျှောက်ထား ရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို http://scholarship-positions. com/scholarship-program-for-executive-master-in-development-policies-and-practices-dpp-201314/2012/12/28/ အင်တာနက် စာမျက်နှာတွင် ၀င်ရောက် ကြည့်ရှု၍ ရယူနိုင် ကြောင်းသိ ရသည်။
Dr. Goh Keng Swee ပညာသင်ဆု Dr. Goh Keng Swee ပညာ သင်ဆုကို ၂၀၁၃ ခုနှစ် အတွက် လျှောက်ထား နိုင်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို Association of Banks in Singapore(ABS) က ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ အာရှ ပစိဖိတ် ဒေသ အတွင်းရှိ နိုင်ငံ ၁၅ ခုမှ ကျောင်းသားများ အတွက် ပေးအပ် ထားသော ပညာသင်ဆု ဖြစ်သည် ဟုလည်း သိရသည်။ အဆိုပါ ၁၅ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ လည်း ပါဝင်သည်။ ပညာသင်ဆု လျှောက်ထား သူသည် စင်ကာပူနိုင်ငံရှိ NUS, NTU, SMU, SUTD တို့တွင် ကျောင်းတက် ရောက်ခွင့် ရရှိရန် လျှောက်ထား နိုင်သည်။ ပညာသင်ဆု လျှောက်ထားသူ သည် အသက် ၂၅ နှစ်အောက် ဖြစ်ရမည် ဖြစ် သည်။ ပညာသင်ဆု လျှောက်ထား မှုများကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထား၍ လျှောက်ထား ရမည်ဟု သိရ သည်။ အသေးစိတ် သိရှိ လိုပါက http://www.governmentexamsindia.com/2012/12/dr-goh-keng-swee-scholarships-2013-for.html တွင် ၀င်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။
NUS Graduate ပညာသင်ဆု NUS Graduate Scholarships for ASEAN Nationals (NUS GSA) ကို လျှောက်ထား နိုင် ကြောင်း National University of Singapore ၏ ၀က်ဘ်ဆိုက် ဖြစ်သော www.nus.edu.sg တွင် ဖော်ပြထားသည်။ အဆိုပါ ပညာသင် ဆုကို အချိန် ပြည့်ပညာ သင်ယူနိုင် သူများကိုသာ ပေးအပ်မည် ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံ ဆယ်နိုင်ငံ ဖြစ်သော ဘရူးနိုင်း၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက် နမ်နှင့် မြန်မာနိုင်ငံ တို့မှ ကျောင်းသားများ လျှောက် ထားနိုင် ကြောင်းသိရသည်။ အသေးစိတ် သိရှိလို သည်များနှင့် ပညာသင်ဆု လျှောက်ထား ခြင်းများ ကို http://www.nus.edu.sg/registrar/edu/gd-fees.html တွင် ၀င်ရောက် ဆောင်ရွက် နိုင်ကြောင်း သိရသည်။
ဟန်ဇော် (Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|