|
Written by ရီတာအောင်
|
|
Saturday, 02 February 2013 18:12 |
ရုပ်ရှင် မင်းသမီး Amanda Seyfriend တစ်ယောက် နယူးရော့ခ်မြို့မန်ဟတ်တန် က သူမရဲ့ နေအိမ် မီးဖိုချောင် ထဲမှာ အလုပ်များ နေပါတယ်။
argaiv1469
ခွေးကလေးတွေ အတွက် သီးသန့် ထုတ်လုပ် ထားတဲ့ ခွေးစာအိတ်ထဲ ကနေ ခွေးဘီစကစ် အတုံး သေးသေးလေး တွေ၊ ခွက်တွေထဲ မှောက်သွန် ထည့်ရင်း In Style မဂ္ဂဇင်းရဲ့ အင်တာဗျူး ဆရာမ Candice Rainey ကို လှမ်းစကား ပြောနေ ပါတယ်။ ခွေးစာခွက် ထဲက အမဲရိုး ပုံစံ ဘီစကစ်လေး တွေကို ကောက်ကိုင်ကြည့်ရင်း လက်တစ်ဖက်က ၀ိုင်အနီရောင် ထည့်ထားတဲ့ ဖန်ခွက် ကို ဆွဲယူမော့ သောက်လိုက် ပါတယ်။ “ဒါလေးတွေ ကျွန်မတို့ စားလို့မရတာ အတော်ဆိုး တာပဲနော်”တဲ့။ အမန်းဒါ မွေးထားတဲ့ ခွေးကလေး Finn က Australian Shepherd အမျိုးအစား ဖြစ်ပြီး ဒီကနေ့ တွေ့ဆုံမဲ့ အင်တာဗျူး အစီ အစဉ်သို့ ခွေးဧည့်သည် Stevie ကိုပါ လက်ခံ ဖိတ်ကြား ခဲ့တာပါ။ အနက်ရောင် Vigoss ဂျင်းဘောင်းဘီ အကျပ်ကို တီရှပ်နှင့် တွဲဖက် ၀တ်စားထားကာ သူမ နဖူးအထက် ရွှေညိုရောင် ဆံပင်တွေ အကြား ရေဘင် မျက်မှန်ကို ဖြစ်သလို ထိုးထည့် ထားပါတယ်။
အမန်းဒါက သူပြော နေတဲ့ စကားတွေ နားထောင်လို့ ကောင်း၊ မကောင်း စိတ်မပူပင် တတ်ပါ။ သူမ အကြောင်းကို အေးဆေး သက်သာစွာပဲ ခပ်ဖြည်းဖြည်း ပြောပြပါတယ်။ “ညကတောင် ကျွန်မ Apple Pie မုန့်ဖုတ်စား ဖြစ်သေး တယ်။ ဒါပေမဲ့ အစာသွတ် ရတဲ့ အပြင်ခွံက အဆင်သင့် လုပ်ထားတဲ့ ဥစ္စာ ၀ယ်လုပ်တာပါ။ အစအဆုံး ကတော့ သိတဲ့ အတိုင်း အချိန်ပေး ရမှာကိုး” မကြာခင် ရုံတင်တော့မဲ့ Les Miserables ဂီတသံစုံ ရုပ်ရှင်မှာ သူမက Cosette အဖြစ် ပါဝင် သရုပ်ဆောင်ထား ပါတယ်။ ရုံမတင်ခင်မှာ နေရာ အနှံ့ အပြားသို့ သွားရောက်၍ ပရိုမိုးရှင်း အစီအစဉ် အတွက် လှုပ်ရှား ရပါဦးမယ်။
၎င်းဇာတ်ကားမှာ မင်းသားHugh Jackman, Russell Crowe, မင်းသမီး Anne Hathaway တို့ ပါဝင်ပြီး ဒါရိုက်တာ Tom Hooper က ရိုက်ကူး ပေးခဲ့တယ်။ ၂၀၀၂ ခုနှစ်တုန်းက ကွယ်လွန် သွားပြီ ဖြစ်တဲ့ (အပြာရုပ်ရှင် များသာ သီးသန့် ရိုက်ကူး ပေးခဲ့တဲ့) မင်းသမီး Linda Lovelace အကြောင်း ရိုက်ကူး တင်ပြမည့် Lovelace ဆိုတဲ့ ရုပ်ရှင် မှာလည်း အမန်းဒါက သရုပ်ဆောင် ဦးမှာပါ။ ၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ ရုံတင် အမီ အလုပ်တွေ ပြီးအောင် သူ ကြိုးစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဟောလိဝုဒ်က တကယ့် အကျော်အမော် များဖြစ်ကြတဲ့ မင်းသား ကြီး Robert De Niro, Robin Williams, မင်းသမီးကြီး Diane Keaton, Susan Sarandon, Katherine Heigl တို့နဲ့အပြိုင် အမန်းဒါ ရိုက်ကူး ထားတဲ့ The Big Wedding ရုပ်ရှင် ကလည်း ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက် ရုံတင်ဖို့ တန်းစီ နေပါပြီ။ ကာတွန်း ရုပ်ရှင် Epic နှင့် Pete and Goat ရုပ်ရှင်တွေ ကိုလည်း ဒီနှစ်အတွင်း အပြီးသတ် ရိုက်ပေးဖို့ ရှိနေပါ သေးတယ်။
အင်တာဗျူး အတွက် ချိန်းထားတဲ့ ဒီနေ့မှာတော့ ဘယ်ရုပ်ရှင် ရိုက်ကွင်းမှ သွားစရာ မလိုတာမို့ အမန်းဒါ မျက်နှာ မှာ မိတ်ကပ် လိမ်းမထားပါ။ သူမက “ကျွန်မ နေ့လယ် ခင်းကြီး ၀ိုင်သောက် နေမိတယ်။ တစ်ခုခုတော့ မှားနေပြီ”လို့ ပြောရင်း ဧည့်ခန်းက ဆိုဖာ ခုံရှည်ပေါ် ထိုင်ချ လိုက်တယ်။ လက်ထဲမှာ သောက် လက်စ ၀ိုင်ခွက်နဲ့ မေးခွန်း တွေဖြေဖို့ အသင့် အနေ အထားမှာ ရှိနေပါပြီ။ အမန်း ဒါရဲ့ ခွေးကလေး Finn နဲ့ ဧည့်သည်ခွေး စတီဗီတို့ ကတော့ ထည့်ကျွေး ထားတဲ့ ခွေးဘီစကစ်တွေ အားပါးတရ အတူတူ ကိုက်ဝါး စားသောက် နေကြလေရဲ့။
ဒါရိုက်တာ Tom Hooper က ဂီတ သံစုံ ရုပ်ရှင် Les Meserables ရိုက် ဖို့ သရုပ်ဆောင် တွေအားလုံးကို အသံ စမ်းသပ် ခိုင်းခဲ့တယ်။ မင်းကို အသံစမ်း တုန်းကရော ဘယ့်နှယ်နေလဲ။ ဘယ်တစ်ခုကို မေးတာလဲ။ ကျွန်မက တိပ်ခွေနဲ့ သုံးကြိမ်၊ လူတွေ့ သုံးကြိမ်တောင် စမ်းခံ ခဲ့ရတာ။ ကျွန်မ အသံက တကယ်တော့ သူတို့ ရှာနေတဲ့ အမျိုးအစား မဟုတ်ဘူးလို့ ပြောကြ တယ်။ သူတို့ ဆိုလိုတာကို ကျွန်မ နား လည်ပါတယ်။ ကျွန်မက အဆိုတော် စစ်စစ်ကြီး တစ်ယောက်မှ မဟုတ်တာဘဲ ကိုး။ အဆိုတော် တစ်ယောက်ရဲ့ ဘ၀ စတိုင်လ်မျိုး ကျွန်မ ဘယ်လို နည်းနဲ့မှ မနေနိုင်ပါဘူး။ နို့နဲ့ နို့ထွက် ပစ္စည်းတွေ စိတ်တိုင်းကျ အများကြီး စားလို့ မရဘူး။ အရက်တွေ ဘာတွေလည်း သောက်ချင် သလို သောက်လို့ မရဘူး။ ကျွန်မအသံ ကို လေ့ကျင့် ပေးတဲ့သူက “မင်း မဖြစ် မနေ သောက်ကို သောက်မှ ဖြစ်တော့ မယ်ဆိုရင် Vodka သာ သောက်”လို့ ပြောတယ်။
မင်းကိုယ်မင်း သိပ်ကောင်းတဲ့ အဆိုတော် တစ်ယောက် မဟုတ်ဘူးလို့ ဘယ်လိုများ ပြောနိုင် တာလဲ။ မင်း အသက် ၁၅ နှစ်လောက် တုန်းက Classical Vocalist တစ်ယောက် အဖြစ် ၂ နှစ်လောက် လေ့ကျင့် ခဲ့ဖူး တယ်ဆို။ ပြီးတော့ Mamma Mia’ ရုပ်ရှင်မှာ လည်း သီချင်း တွေဆို သရုပ်ဆောင်ခဲ့ သေးတယ်လေ။ ကျွန်မ အသံမှာ အင်အား လုံးဝမရှိ ပါဘူး။ ဒါပေမဲ့ ဒါရိုက်တာ တွမ်ဟူးပါ နဲ့ အသံ၊ အမူအရာ အစစ်ဆေး ခံတော့ အားလုံးက ပြောင်းလဲ သွားရော။ သူက ပိုက်စိပ်တိုက် အပြစ်ရှာတာ။ သူ့အဖို့မှာ အရေး အကြီးဆုံးက သရုပ်ဆောင်တစ် ယောက်က ဒါရိုက်တာ စိတ်ကြိုက်ဖြစ် ဖို့ရယ်၊ လိုအပ်လို့ ရှိရင် သီချင်းထဲမှာ နစ်မျောစီး ၀င်သွား နိုင်တယ်ဆိုတဲ့ အနေ အထား မျိုးရှိရမယ်။
မင်းက ရုပ်ရှင် ရိုက်ကွင်း သွားစရာ မရှိတဲ့ အချိန်ဆို (DIY Projects-Do It Yourself) တွေကို အရမ်း တမက်တမော လုပ်နေတတ် တယ်နော်။ အထူးသ ဖြင့် သိုးမွှေး ထိုးနေ တတ်တယ်။ စိတ်တည်ငြိမ်အောင် လုပ်တာလား။ တစ်ချိန်တည်းမှာ ကျွန်မ အလုပ် တွေအများကြီး လုပ်ရတယ်။ စိတ်ဝင်စား ဖို့ကောင်းပြီး တသသ စွဲလမ်းစရာ အလုပ် တွေပေါ့။ ဒီတော့ ပုံမှန်အလုပ် တွေလည်း လုပ်နေရင်း နောက်ထပ်လုပ် လို့ရတဲ့ အလုပ် မျိုးဆိုတော့ သိုးမွှေးထိုး တာ၊ Sudoku ဆော့တာ၊ တစ်ခုခုကို နား ထောင်နေတာ မျိုးတွေ လုပ်ရတာပေါ့။
နေ့စဉ် ပုံမှန် အလုပ်တွေ လုပ်နေချိန် သိုးမွှေးထိုး တဲ့အခါ ဘာများ ထိုးလေ့ရှိ သလဲ။ လွယ်ကူတဲ့ ဦးထုပ် ဒါမှမဟုတ် ရှောစောင်လေး ပဲပေါ့။ ဒါတွေကို တစ်စုံ တစ်ယောက် အတွက် ရည်ရွယ် ပြီး လုပ် နေတာတော့ မဟုတ်ပါဘူး။ အဲသလိုမျိုး လုပ်ပေးချင်တဲ့ တစ်စုံ တစ်ယောက်လည်း ကျွန်မမှာ မရှိသေး ပါဘူး။
ဒါပေမဲ့ အင်္ဂလန်က Daily Mail နေ့စဉ်ထုတ် သတင်းစာမှာ လူတစ် ယောက်နဲ့ တွဲလျက် ဓာတ်ပုံ တစ်ပုံ ပါ လာတယ်လေ။ အဲဒါ ကျွန်မ အခင်ဆုံး သူငယ်ချင်း တစ်ယောက်ပါ။ သူ့နာမည်က Alex တဲ့။ ပြီးတော့ Gay တစ်ယောက် ပါ။ သူက ကျွန်မနဲ့ အခန်း တစ်ခန်း အတူတူ ငှားနေခဲ့ ကြတာပေါ့။ ကျွန်မက ကျွန်မ ယောက်ျားလို့ ပြောလေ့ရှိ တယ်။ Dear John ရုပ်ရှင်ရိုက်ဖို့ လေ့ကျင့် နေတုန်း ကျွန်မတို့ LA မြို့မှာ ဆုံခဲ့ ကြတာပါ။ အခင်ဆုံး သူငယ်ချင်း တွေအဖြစ် နေပြီး နယူးယောက်ကို အတူ ပြောင်းခဲ့ကြ တယ်။ ကျွန်မတို့ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် တစ်ဆိုင် ဖွင့်ဖို့တောင် စီစဉ် ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အနုပညာ လမ်းကြောင်း အပြောင်း အလဲဖြစ်သွား မှာ စိုးရိမ်လို့ မလုပ်ခဲ့ တော့တာ။
ဒါပေမဲ့ မင်း ပါဝင် သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်တွေ တပုံ တပင်ကြီး ရုံ တင်လာ တော့မှာလေ။ အလုပ်အကိုင် ရဖို့ ဆိုတာ ပါရမီပေါ် မှာလည်း အခြေခံ မကျဘူး။ အလုပ်ကြိုး စားမှု အပေါ်မှာလည်း အမြဲတစေ မူ တည်ခြင်း မရှိဘူး။ အခြေအနေ အပေါ် မှာသာ တည်တာပါ။ အချို့ ကိစ္စတွေက အရမ်း ပေါ့ပေါ့ တန်တန် ဖြစ်လွန်းပါ တယ်။ အရေးပေါ် အစီအစဉ်၊ အရန်ထား တာမျိုးကို ဖြစ်စေ ချင်တယ်။
ဒါနဲ့ မင်းက တိရစ္ဆာန် အသေ ကောင်တွေကို အရေ ခွံခွာ၊ ရုပ်လုံးပြန် သွင်းအလှဆင် ထားတာ တွေကို အတော် စိတ်အား ထက်ထက် သန်သန်နဲ့ စုဆောင်း သူပဲနော်။ ဘယ်တုန်းက စခဲ့ တာလဲ။ နှစ်အတော် လေး ကြာခဲ့ပါပြီ။ ပဲရစ် မြို့က Deyrolle ဆိုတဲ့ ဆိုင်ကို ရောက်ပြီး ကတည်း ကပေါ့။ အဲဒီဆိုင်က ကမ္ဘာပေါ် မှာ အဲသလို ရုပ်လုံး သွင်းတွေ ရောင်းတဲ့ အကြီးဆုံး ဆိုင်ကြီးပေါ့။ ပြီးခဲ့တဲ့ အပတ် ကတောင် ရောက်ခဲ့ သေးတယ်။ ကျွန်မ က တိရစ္ဆာန် တွေကို ချစ်တယ်။ ပေ ၂၀ လောက် အကွာအဝေး ကဆို အဲဒီ အရုပ်တွေက တကယ့် အစစ်တွေ အတိုင်း ခံစားရတယ်။
ကြက်သီး ဖြန်းဖြန်းထ ကျောချမ်း စရာလို့ မထင်မိ ဘူးလား။ (သူမက တဟားဟား အော်ရယ် ကာ) မထင်ရ ပါဘူး။ အင်းလေ၊ တချို့ အကောင် တွေရဲ့မျက်နှာ ကတော့ ကြောက်စရာ ကောင်းပါတယ်။ ကိုယ် နှစ်သက် သဘောကျ တာလေးတွေ ရွေးဝယ်လို့ရ တာပဲ။ ကျွန်မမှာ Antoine လို့နာမည် မှည့်ထားတဲ့ မြင်းပေါက်စ အရုပ်လေး ရှိတယ်။ အဲဒါဝယ်ဖို့ သွားတော့ ကျွန်မ သူငယ်ချင်း အန်ထော်နီ ပါလို့ အဲဒီနာ မည်မှည့် ထားတာ။ ဆိတ်ကလေးကို Sparkle, မြေခွေးလေးကို Kevin, သမင် ပေါက်ကလေးကို Sha လို့ခေါ်တယ်။ သမင်လေးက ဈေးအကြီးဆုံး ပေးခဲ့ရ တာ။ LA မြို့ ပြင်သစ် အနုပညာရှင် တစ်ယောက်ဆီက ၀ယ်ခဲ့တာပေါ့။ Linda လို့ခေါ်တဲ့ ကြက်ပေါက်လေး တစ်ကောင် နဲ့ Beatrix လို့ခေါ်တဲ့ ဇီးကွက်တစ် ကောင်လည်း ရှိတယ်။ ကျွန်မ မြင်း ကျား တစ်ကောင် လိုချင် သေးတယ်။
ဖက်ရှင်ပိုင်း ကျတော့ မင်းက ရိုးတာလေးကို ကြိုက်ပုံပဲနော်။ မင်း အကြိုက်ဆုံး ဒီဇိုင်နာ တွေက ဘယ်သူ တွေလဲ။ Alexander Wang ရဲ့ကက်ရှ်မီယာ ဘောင်းဘီတွေကို အရမ်း ကြိုက်တယ်။ Isbel Marant, J Brand နဲ့ Topshop တို့ ကိုကြိုက်တယ်။ ပြီးတော့ Kooples ရောပေါ့။ သူက ပြင်သစ်လေ။
Miu Miu ၂၀၁၃ ဖက်ရှင်ရှိုး ပဲရစ် မှာ လုပ်တာ မင်း ရှေ့ဆုံးက သွားကြည့်တာ တွေ့ရတယ်။ အိပ်မက်လို ဖြစ်နေမှာ ပဲနော်။ အတွေ့အကြုံ တစ်ခုလုံးက တကယ့်ကို ပျော်ဖို့ ကောင်းတယ်။ ကျွန်မ Alex နဲ့ သွားခဲ့ တာပေါ့။ သူက ဂေးဆိုတော့ ကျွန်မနဲ့ အိပ်ရာ တစ်ခုတည်း အိပ်လည်း ပြဿနာ မရှိဘူး။ သူ့ရှေ့မှာ ကျွန်မ ကိုယ်လုံး တီးနေတာ တောင် သူ က ဘယ်လိုမှ မနေဘူး။ အဲလောက်ပဲ။
မင်းကိုကြည့်ရတာ ယောက်ျားစစ် စစ်တွေကို သဘော သိပ်မတွေ့ သလိုဘဲ နော်။ မျက်စိ ဒေါက်ထောက် စောင့်ကြည့် နေတဲ့ ဓာတ်ပုံ သတင်းထောက် တွေရှိနေ တော့ ကျွန်မ ဘယ်သူနဲ့မှ အပီအပြင် Date ထွက်လို့ မရဘူး ဖြစ်နေတယ်။ မင်း သား Josh Hartnett နဲ့ ကျွန်မဆို မိတ်ဆွေ တွေ။ ကျွန်မတို့ အတူတွေ့ကြ၊ လျှောက် လည်ကြ။ ဒါပေမဲ့ ဒီထက် ပိုလို့ မရဘူး။ သူမှ မဟုတ်ဘူး။ ဘယ်ယောက်ျားနဲ့ မဆိုဘဲ။
တခြားလူ တွေက အဲလိုထင်ကြ လိမ့်မယ်လို့ မင်း ယုံကြည် သလား။ ဟုတ်ပါ့နော်။ အဲဒါ အရမ်း ဆိုးဝါး မိုက်မဲတာပဲ။
မင်းသား အတော် များများနဲ့ မင်း Date ထွက်ခဲ့ဖူး ပါတယ်။ မင်းနဲ့ အံဝင် ခွင်ကျ ဖြစ်တယ်လို့ မြင်ပါသလား။ ဟင့်အင်း။ ကျွန်မက သူတို့ရဲ့ အနုပညာ ရှင်ဖြစ်ချင် စိတ်ကို ကြိုက်နှစ်သက် တာ။ အမျိုးသား တစ်ယောက်မှာ သူ့ စိတ်ခံစားချက် အတိုင်း နေနိုင်ခွင့် ရှိရင် ဆွဲဆောင်မှု ရှိတာပေါ့။ ဒါမှမဟုတ် ကျွန်မနဲ့ သိတဲ့ မင်းသား တွေက စင်းလုံး ချောတွေ မဟုတ်လို့ များလား။ တစ်စုံ တစ်ယောက်နဲ့ အခြေတကျ ဖြစ်ဖို့ အဆင် သင့်မဖြစ် သေးတာလား ဖြစ်နိုင် ပါတယ်။
မာမာမီယာ ရုပ်ရှင် တွဲရိုက်ပြီး နောက် မင်းသား Dominic Cooper နဲ့ အကြာကြီး တွဲခဲ့ သေးတာပဲ။ မင်းတို့ အခုရော ရင်းနှီး ကြသေးလား။ ကျွန်မတို့ မတွေ့ ကြတော့ဘူး။ စကားတော့ ပြော ဖြစ်ပါတယ်။ လူတစ် ယောက်နဲ့ သုံးနှစ်လောက် ပတ်သက်ခဲ့ပြီး စကားမပြော ကြတော့ ဘူးဆို ဆိုးဆိုး ရွားရွား လမ်းခွဲခဲ့ ကြလို့ ဖြစ်မှာပါ။ ကျွန်မ ဘ၀ထဲ ကနေ သူ့ကို ဒီလိုမျိုး ကန်ထုတ် ပစ်လို့ ဘယ်ရ ပါ့မလဲ။ သူနဲ့ ဒီထက် သဟဇာတ ဖြစ်ခွင့်ရ ချင်ပါတယ်။ သူ ဟာ ခင်ပွန်းကောင်း ဖခင်ကောင်းတစ် ယောက် ဖြစ်နိုင်တဲ့ လူမျိုးပါ။
၂၀၁၀ ခုနှစ် မင်း In Time ရုပ် ရှင်ရိုက်တုန်းက မင်းရဲ့ ဆံပင်တု အနီ ရောင်ကို အရမ်း ကြိုက်တယ်လို့ ပြောခဲ့ တယ်။ ဒါပေမဲ့ မင်း ကျော်ကြား တာက မင်းရဲ့ ရွှေရောင် ဆံပင်တွေ ကြောင့်နော်။ ဆေးဆိုးပစ်ဖို့ စဉ်းစားမိ သလား။ စဉ်းစားမိ တာပေါ့။ လုပ်သင့် တယ်။
မင်းနဲ့အတူ မင်းသားချော Gael Garcia Bernal, Channing Tatum, Justin Timberlake တို့နဲ့ တွဲ သရုပ်ဆောင် ခဲ့ဖူးတယ်။ မင်းရဲ့သူ ငယ်ချင်းတွေကို မင်း ရုပ်ရှင် ရိုက်တဲ့ဆီ လာကြည့်ခွင့် ပြုခဲ့ဖူးလား။ လာခဲ့ကြ သလား။ ဟင့်အင်း၊ ဒါပေမဲ့ Channing က တကယ့် အံ့သြ စရာပါ။ သူက စူပါ စတား တစ်ယောက်။ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည် နေတဲ့သူ။ ဒါပေမဲ့ သူ့ရင် ထဲမှာရှိတာ သူ့ဇနီး Jenna ပဲ။ တကယ် သစ္စာရှိတဲ့ ခင်ပွန်းသည် တစ်ယောက် ဖြစ်ပါတယ်။
မင်းက အိမ်မှာ ပျော်တဲ့ သူလို့ ၀န် ခံခဲ့ ဖူးတယ်။ မင်း အသက်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်မှာ ၂၇ နှစ်ပြည့်ခဲ့ပြီ။ လွတ်လွတ် လပ်လပ်နေပြီး ဟောလိဝုဒ် က တချို့သော လူတွေလို မိုးအလင်း အရက်တွေ သောက်၊ မူးရူး နေတာမျိုး လုပ်ချင် သလား။ အင်း၊ တစ်ခါတလေ တော့ လုပ် ချင်တယ်။ ဒါပေမဲ့ ကျွန်မ လုပ်လို့ မဖြစ် ဘူးရှင့်။ ကျွန်မ မိုက်မိုက် မဲမဲ ဘယ်အရာ ကိုမှ မလုပ်မိ ချင်ဘူး။ ကျွန်မက အရာရာ တိုင်းမှာ ထိန်းထိန်း သိမ်းသိမ်း နေတတ် တယ်။ ဒါကြောင့် ကျွန်မ Lexapro ဆေးသောက် နေရ တာပေါ့။
အဲဒီဆေးက မင်းကို ကူညီရာ ရောက်ရဲ့လား။ ဟုတ်ကဲ့။ ဆေးသောက် နေရလို့ ပြဿနာ မရှိပါဘူး။ ကျွန်မက အကာ အကွယ် ပေးနေ တယ်လို့ ထင်ပါ တယ်။ ကျွန်မ အလုပ်အကိုင် အပိုင်းမှာလည်း ကောင်းတဲ့ ဘက်က ကူညီရာ ရောက်ပါ တယ်။ တံတား တွေပေါ်က ဖြတ်ပြီး ကားမောင်း ရတာ၊ မြေအောက်လိုဏ် ခေါင်းထဲက ကားမောင်း ရတာကိုတော့ ကြောက်တုန်း ပဲ။ မကြောက်အောင် ဖျောက်လို့ မရ သေးဘူး။
အပြာ ရုပ်ရှင်တွေ ချည်းရိုက်တဲ့ Porn Star မင်းသမီး Linda Lovelace အဖြစ် မင်းက သရုပ်ဆောင် ထားသေး တယ်။ မင်းမိဘ တွေက ဘာပြောသေး လဲ။ အိုး...ကျွန်မ အမေက ကြိုက် တယ်။ ကျွန်မဆီ လာတဲ့ ရုပ်ရှင်ဇာတ် ညွှန်းတွေ အမေက အကုန် ဖတ်တာ။ အဖေကလည်း သဘောကျ ပါတယ်။ လင်ဒါနဲ့ ပတ်သက်သမျှ စာအုပ်စာ တမ်းတွေ သူပါ ၀င်ဖတ်ပြီး ကျွန်မကို “လင်ဒါ ဘယ်လို လူစား ဖြစ်ခဲ့တယ်ဆို တာ ငါ့သမီးက ကြိုးစား သက်သေပြ ပါ။ သူ့ဘ၀မှာ ပြောစရာ တွေအများ ကြီး ရှိခဲ့တယ်။ အဲဒါ့ ငါ့သမီး တာဝန်။ မင်း တာဝန် ကျေအောင် လုပ်ပြပါ”လို့ မျက် ရည်တောင် ကျပြီး ပြောခဲ့တယ်။
တချို့ဝတ်လစ် စားလစ် အခန်း တွေက အဆင်ပြေ စေမဲ့ တချို့က မပြေ ဘူး။ ဘာဖြစ် လို့လဲ။ ပြချင်တာ ကျွန်မရဲ့ ကိုယ်ခန္ဓာ မ ဟုတ်ဘူး။ ရုပ်ရှင် ကလည်း ကျွန်မ အကြောင်း မဟုတ်ဘူး။ ကျွန်မက တစ် စုံ တစ်ယောက်ရဲ့ဘ၀ ဇာတ်လမ်းကို ၀င် သရုပ်ဆောင် ခဲ့တာပါ။ ချစ်ခန်း၊ ကြိုက် ခန်းတွေမှာ အ၀တ်အစား အပြည့်အစုံ ၀တ်ထားလို့ မဖြစ် သလို မကောင်းတဲ့ မိန်းမ တစ်ယောက်က တစ်ချိန်လုံး အတွင်းခံ အ၀တ် ကလေး နဲ့ မလုံတလုံနေ ပြလို့လည်း မရသေး ဘူးလေ။ တစ်ချိန် တည်းမှာပဲ ကိုယ့် အရေပြားကို ကြည့်မြင် နေရတဲ့ ပရိသတ် ရှေ့မှာ ကိုယ့်ကိုယ် ကိုလည်း စိတ်သက်သောင့် သက်သာ ဖြစ်အောင် နေရ သေးတယ်။ ကျွန်မအဖို့ တော့ အဆင်ပြေ ခဲ့ပါတယ်။ ကျွန်မခန္ဓာ ကိုယ်မှာ ကျွန်မ မနှစ်သက်တဲ့ အစိတ် အပိုင်းတွေ ရှိနေပါတယ်။ ဘီကီနီဝတ် ရင် မြင်တွေ့ နေရတယ်။
ကိုယ့်အကြောင်း ကိုယ်သိပြီး ရှိုး တိုးရှန့်တန့် ဖြစ်နေ မှာပေါ့။ ဟုတ်တာပေါ့။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး။ ကျွန်မက အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်က မဖော်ပြ သင်တဲ့ အရာကို ဖော်ပြမဲ့သူ မဟုတ် ပါဘူး။ လုံ လုံခြုံခြုံ ကာကွယ် ထားပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်မ အဖေနဲ့ အဘွား ကြောင့်ပါ။ သူတို့ကြောင့် ကျွန်မရဲ့ အနာဂတ်မှာ မွေးဖွား လာမဲ့ ရင်သွေးတွေ အတွက်။ ပြီးတော့ ကျွန်မရဲ့ခွေး Finn အတွက်။ ကျွန်မ ပေါ်တင်ကြီး လုပ်ပြရင် သူလည်း စိတ်အနှောင့် အယှက် ဖြစ်မှာပဲ လေ။ (အမန်းဒါက သူမရဲ့လက်ဖ၀ါး နှစ်ဖက် မျက်လုံး ရှေ့ကာရင်း)သူ အဲလို လုပ်နေ ရမှာလို့။ (တဟားဟား ရယ်ရင်း ပြောလိုက် ပါတယ်။)


ရီတာအောင်၊NY၊ (ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|