|
Written by သွင်ဆန်းမောင်
|
|
Saturday, 02 February 2013 17:48 |
သုံးလနီးပါး တဆစ်ဆစ် ကိုက်ခဲ ဒုက္ခ ပေးနေတဲ့ သွားတစ်ချောင်းကို လွတ်လွတ် ကျွတ်ကျွတ်ကြီး
argaiv1560
နုတ်ပစ် လိုက်သလို ကျွန်တော့် စိတ်ရောကိုယ်ပါ ထူးထူးကဲကဲ လန်းဆန်း တက်ကြွလို့ မြူးထူး ပေါ့ပါး နေပါတယ်။ ခြေဖျားနဲ့ မြေကြီး မနီးစပ်။ ဘ၀င် လေဟပ် တယ်ဆိုတာ ဒါမျိုး ထင်ရဲ့။
ကျွန်တော့် စိတ်ရော ကိုယ်ပါ နှစ်ပြီး ရေးချွတ် နေတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ဒီနေ့မနက် နေမထွက်ခင် မှာဘဲ အောင်အောင် မြင်မြင် ဇာတ်သိမ်း နိုင်ခဲ့ပြီ။ တစ်ညလုံး အိပ်ရေး ပျက်ခဲ့လို့ ကြုံတွေ့ နေခဲ့ ရတဲ့ ကာယီယ ဒုက္ခ၊ စေတသိက ဒုက္ခတွေ ဆုတ်စ မြုပ်စ ပျောက်ကရော။ ဒါမျိုးက ကြုံဖူးမှ ယုံစဖွယ်ပါ။ အနုပညာ မှော်အစွမ်းဖြင့် ကျွန်တော့် လက်ထဲမှာ တလူးလူး လွင့်လွင့် တဖျပ်ဖျပ် ခုန်နေတဲ့ ဒီစာမူကြီးကို အရှင်လတ်လတ် ဇာတ်ကောင် ကြီးဖြစ်တဲ့ အမေမြ လက်ထဲသို့ ၀ကွက်အပ်ပြီး ပေးဖတ်ချင်တဲ့ စိတ်တွေ ကျွန်တော့် ရင်ထဲ ထိုးထိုး ထောင်ထောင် ပေါ်ထွက် နေပါတယ်။ စောစောကပဲ အမေမြ ဘုရားရှိခိုးသံ ကြားလိုက် သလားလို့။ ပြီးလောက်ပြီ။
ဒါဆို အမေမြ လက်သုံးတော် တောင်ဝှေးလေး အားကိုးနဲ့ ရွာရိုးကိုးပေါက် တစ်အိမ်တက်ဆင်း ရောက်တတ် ရာရာ ထွေရာ လေးပါး အရည်မရ အဖတ်မရ စကားတွေ လျှောက်ပြော ဖို့ရန် ထွက်တော် မူနန်းက ခွာတော့မယ်။
အုပ်မိဖို့ လိုတယ်။ အမေမြနဲ့ ကျွန်တော်တို့ အိမ်က နှစ်အိမ်ပဲ ခြားတယ်။ လွှားခနဲဆို ရောက်တာပေါ့။ “အမေမြ၊ အမေမြ၊ အို အမေမြ” “အမေမြ၊ အ...မေ... မြ...” “အမလေးတော် စော စောစီးစီး ဘယ်သူတုံး၊ ခုနစ်သံ ချီဟစ်နေတာ အသက် လေး ဘာလေးလည်း ရှူပါဦး ဟ” ကျွန်တော် ထင်ထားသ လို အမေမြ အိမ်ရှေ့တွင် ရှိ မနေ။ အိမ်နောက်ဖေး ခြံ ထောင့်မှာ အပေါ့သွား နေပါတယ်။ အထိုင်အထ ခက်တာ ကို အကြောင်းပြုပြီး မတ် တတ်ရပ်ကြီး ဖြေရှင်း နေပါ တယ်။ ယိုသူမရှက် မြင်သူ ဟိုဘက် လှည့်စေသား။
“ကျွန်တော်ပါ အမေမြ၊ ကျွန်တော် အောင်ကိုပါ။ တောက်မဲ့ မီးခဲ စာရေး ဆရာ လက်သစ်လေး အောင်ကိုပါ” အမေမြ အသက်ကြီး တယ်ဆိုတာ အရှက်သိက္ခာ တွေကို တစ်ဖက် လှည့်နဲ့ ဆွဲ ယူပြီး သက္ကရာဇ် တွေအဖြစ် ပြောင်းလဲ ကြီးထွား လာတာ ထင်ရဲ့။ အမေမြမှာ အရှက် တရားတွေ သိပ်မရှိတော့။ သူ့ကိစ္စ ပြီးလို့ တောင်ဝှေးလေး ရမ်းတန်း ရမ်းတန်းနဲ့ အိမ်ရှေ့ ဘက်သို့ ထွက်လာ ပါတယ်။ အလို သနပ်ခါး အဖွေးသား နဲ့ပါလား။ မဟုတ်မှ လွဲရော တူမလုပ်သူ ဒေါ်အေးရီရဲ့ အဆူအပူ တွေနဲ့ စိတ်မပါ တပါ လိမ်းခြယ် ထားတာပဲ ဖြစ်ရ မယ်။ သနပ်ခါးနံ့ မွှေးမွှေးက လူအိုနံပုပ် အက်အက်ကို ခြေ အသာနံ့ မကစား နိုင်ရှာ။ ကျွတ် ကျွတ်။
“ဟဲ့ ကောင်လေး စော စောစီးစီး ဘာကိစ္စတုံး။ ပိုက်ဆံချေးဖို့ ဆိုရင်တော့ တော်ရာက လှည့်ပြန်တော့။ ငါ့မှာတောင် ဗီဒီယိုဖိုး မရှိ ဘူးဟေ့၊ ငါ့ကို အထင်မကြီး နဲ့” ကျွန်တော့်အနား မရောက် တရောက်မှာ အမေမြ သူ့ဝသီ အတိုင်း ဟောဟော ဒိုင်းဒိုင်း ပြောလာပါတယ်။ မျက်နှာက မပြုံး၊ မချို၊ မမုန်း၊ မငို။ သူမပြုံး ကိုယ်ပြုံးပေါ့။ အရှုံး မရှိပါဘူး။ “ဘယ်ကလာ ပိုက်ဆံ ချေးရမှာလဲ။ ဟဲ ဟဲ အမေ မြအကြောင်း ရေးထားတဲ့ ၀တ္ထု တစ်ပုဒ် အမေမြကို လာ ပေးဖတ် တာပါ” ကျွန်တော့် စကားက ရှောက်သီး အရသာလို ချဉ် သွား သလားပဲ။ အမေမြ မျက်နှာ မဲ့ရှုံ့ သွားလေရဲ့။ ခြေ လှမ်းတွေက ရှေ့မတိုး နောက် မဆုတ်။
“အား အား ယား ယား ဟယ် ငါ့အကြောင်းက ဘာ ရေးစရာ ရှိလို့လဲ၊ အရူးမဟုတ် အပေါမဟုတ် စိတ်ညစ် စရာပဲ အောင်ကိုရယ်” သူ့အကြောင်းကို ကျွန်တော်က ဟုတ်တိုင်းမှန် စွာ မကွယ်မ၀ှက် ရေးသားရ မယ်များ ထင်နေ သလား မသိ။ မျက်စိရှေ့က အမေမြ ကို ပုံတူ ကူးချလို့ ကတော့ ကုန်သုံး ကုန်ပဲ ဖြစ်တော့မ ပေါ့။ စာရွက်ကုန်၊ ဘောလ် ပင်ကုန်၊ အချိန်ကုန်။
“ဖတ်လည်း ဖတ် ကြည့်ပါဦး၊ ဖတ်ပြီးမှ ကြိုက် သလိုပြော၊ ကြိုက်သလိုဆဲ၊ နာခံဖို့ အဆင်သင့် ပါခင်ဗျာ” “ရှုပ်လိုက် တာဟယ်၊ အရှည်ကြီး ဖတ်ရမှာလား” တောင်ဝှေးလေး ချိုင်း ကြားထဲ ဖမ်းညှပ်ပြီး ကျွန် တော့် လက်ထဲက စာအုပ်လေး ကို လှမ်းယူလိုက် ပါတယ်။ လက်ကလေး တွေက တုန် တုန်ယင်ယင်၊ အေးစက်စက်၊ ကိုယ်လေးတောင် တစ်ချက် ယိုင်သွား လိုက်သေး။
အမေမြ အသက်က ခုနစ်ဆယ်ကျော် ပေမဲ့ ရှေး ဆုတောင်း ကောင်းပုံရတယ်။ နား၊ မျက်စိတွေက အကူကိ ရိယာတွေ မလို။ “အ”သုံးလုံး မရှိတော့တဲ့ ဒီဘက်ခေတ် တွေမှာ မြန်မာ စာတန်းထိုးတဲ့ ကိုရီးယား ကားတွေ ရှိနေသေး တော့ ဘယ်စာ လာလာ ခြောင်းခြောင်း ပြေးဖတ် နိုင်ပါ သေးတယ်။
“ဟား...ဟား... ဟား ...” အမေမြ ရယ်သံတွေက စက်သေနတ်သံ ကြားလိုက် ရသလို ကျွန်တော် အလန့် တကြား ဖြစ်သွား ပါတော့ တယ်။ မမျှော်လင့် ထားဘူး လေ။ ကျွန်တော် အပီအပြင် ဈာန်သွင်း ပေးထား တာက အပြင်းစား ဘ၀ သရုပ်ဖော်ကြီးကို အဆုံးသတ်မှာ တရား ဓမ္မနဲ့ အဘိဓမ္မာ ချထားတာ လေ။ ရယ်စရာ မပါပါဘူး။ ပေးဖတ် ချင်ဦးလေ။
“အမေမြ ကလည်း ကျွန်တော့်စာ ထဲမှာ ရယ်စရာ ပါလို့လား၊ ဒုက္ခပါပဲ။ ပေး ဖတ်မိတာ မှားပြီ” ကျွန်တော့် အမေး မကျေ နပ်ချက်ကို အမေမြ ချက်ချင်း ပြန်မဖြေပါ။ ပါးစပ်လေး လှုပ်ပွ လှုပ်ပွနဲ့ စာကို ဆက်ပြီး ဖတ်နေပါတယ်။ ဒီလောက် ဆို အခြေအနေက လှနေသေး တယ်။ ခဏကြာမှ- “ရယ်ရမှာ ပေါ့ဟဲ့၊ နင် က ငါ့ကို ဒေါင်ဒေါင်မြည် တရားသမား ကြီးလို့ ရေး ထားတာကို မတန် မရာပါ ဟယ်။ တရားထိုင်ဖို့ နေနေ သာသာ ပုတီးတောင် တစ် ပတ်ပြည့်အောင် မစိပ်ဖူးပါ ဘူး၊ တကယ်ပါပဲ”
“ဘယ်ဟုတ် ပါ့မလဲ၊ သံ ဝေဂရ ဖို့ဆိုတာ အမေမြလို ဘ၀စုံ၊ အကွေ့အကောက်၊ အတက်အကျ များတဲ့ လူမှ ဇာတ်က နာ၊ လူ့လောကကို စိတ်ကုန်၊ တရား အားထုတ် တရားရ၊ ဒါမှ လှမှာပေါ့” ကျွန်တော့် စကားကို အမေမြ ကြားဟန် မတူ။ စော စောက ပြုံးပြုံး ရွှင်ရွှင် အနေ အထား ကနေ အသက် ရှူသံတွေ ပြင်းလာတယ်။ မှုန်သီ ညို့မှိုင်းနေတဲ့ မျက်ဝန်းအိမ် မှိန်မှိန်လေးမှာ မျက်ရည်လို့ ထင်စရာ ရှိတဲ့ ငွေ့ရည်လေး တွေ စိုစွတ်လာ သလိုလို။ အဲ ဒါ ငါကွလို့ လက်မထောင်မိ တယ်။
အမေမြရဲ့ အနိမ့် အမြင့်၊ အချိုးအကွေ့များ လှတဲ့ အ၀ါ ရောင် သက္ကရာဇ် အဟောင်းတွေ ထဲမှာ ယူတတ် မယ်ဆိုရင် တရားရ ချင်စရာတွေ တစ်ပုံ တစ်ပင်၊ ဒုနဲ့ဒေး။ အပျိုဘ၀က အမေမြ ကျွန်တော်တို့ ရွာမှာ ထိပ်တန်း စာရင်းဝင် ကွမ်းတောင်ကိုင် တစ်ဦး ဖြစ်ခဲ့ ဖူးတယ်။ တစ် ဆင့်ကြားနဲ့ မယုံလိုက်နဲ့။ အခေါင်းထဲ ရောက်ရင်တောင် ပျောက်ပျက် သွားမှာ မဟုတ် တဲ့ မျက်နှာ အကျ အပြု၊ မျက် လုံး မျက်ဖန် နှာတံနဲ့ ပါးစပ်၊ မြန်မာ အမျိုးသမီး တွေမှာ တွေ့ ရခဲတဲ့ အရပ်အမောင်းနဲ့ မဖြူ မညို အသား အရေကို လာ ကြည့်လှည့်ပါ။ ကျွန်တော် ပြောတာ မှားရင် ခရီး စရိတ် ပြန်လျော်မယ်။
ဒါပေမဲ့ ကြည့်တဲ့ နေရာ မှာ လျော့ရဲရဲ အသားအရေ၊ ဖွေးဖွေးလှုပ် ကြာဆံဆံပင်၊ လစ်လပ်နေတဲ့ သွားမဲ့ ပါးစပ် နဲ့ ပြည့်ဖောင်းတင်းကား နေတဲ့ အတ္တ ဘောကြီးကို ဆန့်ကျင် ဘက်ပုံပန်း သဏ္ဌာန်တွေ ပြောင်း လဲဖြည့်စွက် ပြီး ကြည့်ပေးဖို့ မမေ့နဲ့ဦး။
အဲဒီတုန်းက အမေမြမှာ အလှဓာတ်တွေ ရှိတန်သ လောက် ရှိပေမယ်။ ဥစ္စာဓန အင်အား ကတော့ အလယ်အ လတ်တန်းစား မရှိ တရှိ။ လယ်တစ်ပွဲ၊ နွားတစ်ရှဉ်း၊ ခွေးတစ်ကောင်၊ ပျဉ်ထောင် အိမ်တစ်လုံး။ ဒါ အမေမြတို့ မိသားစု ချမ်းသာသမျှ က ကြီးကနေ အ အဆုံး။ အမေမြ က အငယ်၊ သူ့အထက်မှာ အစ်ကို တစ်ယောက် ရှိတယ်။ ပညာ အရည် အချင်းက ကြွား ၀ါသလို မဖြစ်အောင် စိစိစစ် စစ် ပြောရရင် ဘ-က ပရိတ် ကြီး မေဂျာနဲ့ ရွာကျောင်းမှာ တင် ကျောင်းပြီး ပါတယ်။
အသက် နှစ်ဆယ်မှာ အိမ်ထောင် ကျတယ်။ ဖြစ်ရိုး ဖြစ်စဉ်နဲ့ နည်းနည်းတော့ ဆန်းတယ်။ အမေမြနဲ့ ချစ် ရည်တူ မျှနေတာက လူရိုး လူအ ကိုကျော်ညွန့်။ လက် မရွံ့ လူမိုက်ကြီး မဲလုံးကသာ အတင်းအဓမ္မ ဆွဲယူ မပေါင်း သင်းဘူး ဆိုရင် ကျွန်တော်တို့ ရွာမှာ အလှပဆုံး ကဗျာတစ် ပုဒ်ပေါ့။ ခုတော့ ကြားလို့မှ မတော် လူမိုက်ကြီး ကတော် တဲ့။ ဘာပဲဖြစ်ဖြစ် အမေမြ ကို ကြင်နာတဲ့ နေရာမှာ ကိုမဲ လုံးက မနာလို စရာကောင်း ဆိုပဲ။ ဒီတော့ အမေမြ က နှုတ်ခမ်းထော်၊ မျက်ထောင့် နီကြီးနဲ့ သူမနဲ့ မသင့်မတင့် သူတွေကို ထွီထွမ် ဆိုပြီး ရန်ထောင်ပါ တော့တယ်။ လူမိုက် ထက်မိုက်လို့ လူမိုက် ကတော် လုပ်နေတာ ဟေ့ဆိုတဲ့ အပေါက် မျိုး။ အပြစ်တော့ မဆိုသာ။ သူလည်း လေ လောကီသား ပေမို့ အာဏာ အပေါ် သာယာ ပေမပေါ့။ သူမ ဘယ်လိုမှ မလှန်နိုင်တဲ့ အကြောင်း တရားကို မေ့နေတယ်။
အဲဒီ လူမိုက်ကြီး ကိုမဲလုံး နဲ့ အိမ်ထောင်သက် တစ်နှစ် အကြာမှာ လူမိုက်တို့ရဲ့ သွား ရာလမ်း အတိုင်း လင်တော် မောင် အသေစော ပြန်တော့ မုဆိုးမ ရာထူးကို လျှောကျပြန် တယ်။ မယူမနေ ရစနစ်တဲ့။ တယ်လည်း အနိုင်ကျင့်တဲ့ လောကဓံ တရားပါလား။
အရွယ်တော် တစ်ဆိတ် မဟိုင်းခင် ကြမ္မာရိုင်းလို့ မုဆိုး မလေး ဖြစ်ရတာ မဟုတ်လား။ ပြစ်မျိုးမှဲ့ မထင် အမှတ်နဲ့ နား ကို ကောင်းကောင်း အသုံးမချ ဘဲ မျက်လုံးနဲ့ ရွေးချယ် ပိုးပန်း သူတွေက အပျိုတုန်း ကထက် တောင် များသေး ဆိုပဲ။ မယုံ နိုင်စရာလို့ မထင်နဲ့နော်။ တချို့ တချို့တွေက အတည်မကြံ ဘဲ။ ကလီကမာဉဏ်နဲ့ ယာ ယီသဘော ဆန်ဆန် တွေက ပါ ဦးမှာကိုး။ လူတော်တော် များများ ထင်ကြေး ပေးနေတာက အမေ မြနဲ့ ပွတ်ကာ သီကာလေး လွဲ ခဲ့ရတဲ့ အသည်းကွဲ အရက်စွဲ ကိုကျော်ညွန့်နဲ့ ဒီတစ်ခါတော့ ဖူးစာ ဆုံပြီပေါ့။ လွဲကောင်းနေ တုန်း။ အပျို ကတည်းက ငွေ ပြပြီး လူကို အရချိုင် ချင်နေတဲ့ ကိုသိန်းအောင်နဲ့ ဒုတိယအိမ် ထောင်ကျ ပါတယ်။ နေ့ချင်း ညချင်း ဆိုသလို ငွေပုံပေါ် ခွ ထိုင်ခွင့် ရသွားတော့ ခင်သူ တွေနဲ့ မုန်း၊ ဆွေမျိုးတွေက မခေါ်ချင်၊ မပြော ချင်ဖြစ်။ မဖြစ်ဘဲ နေပါ့ မလား။ ပိုက် ဆံနဲ့ ပတ်သက်လာရင် ဘယ် သူနဲ့မှ ဆွေမျိုး မတော်ဘူးလို့ ကြွေးကြော် လိုက်တာကိုး။ အဲဒီလို ဆီးသီးသည် မဗျိုင်း ဇာတ်ကို မိုးမမြင် လေမမြင်က နေတုန်း ဗြုန်းဆို ဇာတ်စင် ကျိုးကျတာ မဟုတ်ဘူး၊ ကို သိန်းအောင် ပိုးထိလို့ သေတာ။
နှစ်ထပ်ကွမ်း မုဆိုးမ လေး မြရီ အလှဒီဂရီ မကျ သေးဘူး။ ဒါပေမဲ့ ကိုကိုကာ လသားတွေ အမေမြကို မတို့ မထိရဲ ကြတော့။ သေချင်ရင် စိန်မစားနဲ့၊ မြရီကို ယူထား လိုက် ဖြစ်နေ တာကိုး။ ဒီအချိန် မှာ အသည်းက နည်းနည်း ကွဲပြီး အရက်ကျွမ်း နေတဲ့ ကို ကျော်ညွန့် သေမဲ့ အရက်တွေ သောက်ပြီး သေမလို ဖြစ်ပါ တော့တယ်။ ငယ်သံယောဇဉ် အမျှင်လေးက ရှိနေ သေးတော့ အမေမြ မကြည့်ရက်ဘူး။ အသေ ဖြောင့်အောင် ဆေးကု ပေးပါ တယ်။ မြှောက်ထိုးပင့် ကော် အလွန်လုပ်တဲ့ ကံဇာတ် ဆရာက ဟေ့ကောင် ကျော် ညွန့်၊ မင်း မသေနဲ့ဦး၊ မြရီနဲ့ တစ်အိုး တစ်အိမ်ထောင် ထူ ထောင်လိုက်ဦးကွ လို့ အမိန့် ချပါတယ်။ အရက်ရဲ့ကောင်း ကျိုးလို့ ဆိုချင်လည်း ဆိုကြ ပေါ့လေ။
အမှန်က ခွေးမြီး ကောက်ကို ကျည်တောက် စွပ်ရမှာ မဟုတ်ဘူး။ ဓားနဲ့ နုပ်နုပ် စဉ်းပစ်ရမှာ။ ကို ကျော်ညွန့် ထူထူ ထောင်ထောင် ပြန်ဖြစ် လာတော့ ပထမအိမ် ထောင်ဖြစ်တဲ့ ထွေးညိုနဲ့ တိတ်တိတ်ပုန်း ပြန်ဆက်သွယ် လာတယ်။ အချိန်ကြာလာ တော့ အဲဒီ ထွေးညို ပုလင်းကို ရင်ဝယ်ပိုက်လို့ လမ်းပေါ်မှာ ငိုက် စိုက်ငိုက်စိုက်၊ ကြောင် ရိုက်မနာကြီး ဖြစ်လာပြန် တယ်။ သိတယ် မဟုတ်လား၊ အဘက်ဘက်က တိုးတက် လာတဲ့ အရက်တွေ ဆိုတော့ ဒီ တစ်ကြိမ် အိပ်ရာထဲ လဲသွား လိုက်တာ ပြန်ကို ထမလာ တော့ဘူး။ ဒီတစ်ခါတော့ တကယ်သေတယ်။ ကိုကျော်ညွန့်နဲ့ ယူလို့ အမေမြ အမြတ် ထွက်လိုက် တာက အဖေတူသားတစ် ယောက် ထွန်းပေါက်ခဲ့ တယ်။ ဘယ်လောက် အထိ တူသလဲ ဆိုရင် ငယ်ငယ် ရွယ်ရွယ်နဲ့ အရက်သမား ဖြစ်တာလည်း တူတယ်။ အိုချိန် မတန်ခင် သေသွား တာလည်း တူပြန် တယ်။ လင်နဲ့သား နှိပ်စက် သွားလိုက်ကြတာ ပထမလင် တွေဆီက ရထားတဲ့ စည်းစိမ် တွေ တက်တက်ကို ပြောင် ရော။ အခုတောင် တူမလုပ် သူက ကျွေးမွေး ထားလို့ တောက် တက် တောက်တက်နဲ့ သွားနေ နိုင်တာ။ မနှစ်က လေနည်းနည်း ဖြန်းသွားတာက လွဲရင် ကျန်းမာရေးကောင်းပါ တယ်။ စဉ်းစား ကြည့်ပါဦး၊ ဒီလောက် ဘ၀ကြမ်းတဲ့ အမေမြ တရားရသင့်၊ မရ သင့်။
“အမေမြ ငိုနေတာလား၊ မငိုပါနဲ့ အမေမြရယ်၊ တကယ် မှ မဟုတ်တာ၊ ၀တ္ထုထဲမှာ သေတာပဲ” ကျွန်တော့် ၀တ္ထု အဆုံး မှာ အမေမြက တရားဓမ္မနဲ့ ယှဉ်ပြီး ဉဏ်တွင်တွင်သုံး ကာ ဝေဒနာနဲ့ ငါ မရောစေ ဘဲ ပြုံးသေ သေခဲ့တာပါ။ “ဟဲ့ တိရစ္ဆာန် ငါက ဘာဖြစ်လို့ ငိုရမှာလဲ။ ဒီဝတ္ထု ကို ရေးပြီး နင်က ဘာလုပ် မှာလဲ” အမေမြ စိတ်ဝင်စား လာပြီ။ ကျွန်တော် စိတ်ကူး ထားတာက ဒီဝတ္ထုကို ရုပ် ပြဇာတ်လမ်း အဖြစ်နဲ့ အသိ တစ်ယောက်ကို ပြကြည့် မလို့ ပါ။ “အင်း ဗီဒီယိုဇာတ်လမ်း အဖြစ် ရောင်းစား ရမှာပေါ့။ ကံကောင်းရင် ကားကြီး တောင် ဖြစ်နိုင်တယ်။ ရုပ် ရှင်ရုပ်ရှင်” ကားကြီး ဆိုတာ ဘာလဲ လို့ မမေးခင် ကြိုဖြေ ထားရ သေးတယ်။
“ကဲ ရောင်းပါပြီတဲ့၊ ပိုက်ဆံက ဘယ်လောက် ရမှာ လဲ” ကျွန်တော့်ဟာ ကျွန် တော် အရမ်း ကာရော အထင် ကြီးနေတာ။ ဒီဇာတ်လမ်းကို ၀ယ်ပြီး ဗီဒီယို ရိုက်ရဲလောက် အောင် ရေလျှံတဲ့လူ ရှိပါ့ မလား။ “အနည်းဆုံး တော့ တစ် သိန်း ရကိုရတယ်။ လျှော့ မတွက်နဲ့ဗျ” “ဟယ် ရလှချည်လား၊ သူတို့က ဒါမျိုး မရေးတတ် ကြဘူးလား။ ငါတောင် ရေး တတ်သေးတယ်” “ဟား...ဟား... ဟား...” ကျွန်တော်လည်း အမေ မြလို စာစရေး ခါစက ဒီလိုပဲ အထင်ရောက် ခဲ့ဖူးတယ်။ ဒီ ၀တ္ထု တွေလောက် တော့ ငါ ဘာဖြစ်လို့ မရေးနိုင် ရမှာလဲ ပေါ့။ ခုဆို စာရေးနေတာ ဆယ်နှစ် ပြည့်ပြီ။ ပို့လိုက်သမျှ အပယ်ခံခဲ့ ရတဲ့ အဆင့်ကနေ ကြိုးကြား ကြိုးကြားပါတဲ့ အဆင့်ကို မနည်း ကုတ်ကတ် ပြီးတက် နေရတယ်။ ဟူး မောလိုက်တာ။ “ဘာရယ်တာလဲ၊ မယုံ လို့လား၊ လက်တွေ့တောင် ပြလိုက် ချင်သေး” လက်ထဲက တောင်ဝှေး လေးနဲ့ လှမ်းရိုက် မလို့ ရွယ် သေးတယ်။ ကိုယ် ၀ါသနာ ပါတဲ့ ဘာသာရပ်ကို ပြောနေ ရလို့ ကျွန်တော် ဘေးဘီကို တောင် လှည့်မကြည့် ဖြစ်ဘူး။ ပဲပြုတ်သည်တောင် လာနေ ပြီ။ ဗိုက်ဆာ လိုက်တာ။
“ယုံပါတယ်၊ ယုံပါ တယ်၊ အမေ့ကို မေးရဦး မယ်” စကားကို ဆုံးအောင် မပြောသေးဘဲ အမေမြကို အကဲခတ် လိုက်မိတယ်။ မေး ရမဲ့စကားက ကလေးက လားဆန် နေသလားလို့ ထူးပါ ဘူး။ မေးပါများ စကားရ။ “အဟဲ၊ အမေမြ ယူခဲ့တဲ့ ယောက်ျား သုံးယောက် ထဲမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ” ကျွန်တော့် အမေးစကား ကြောင့် အမေမြ ရင်ထဲမှာ ခံစားမှု လှိုင်းဂရပ်တွေ ဖြစ် ပေါ်။ ဒီတစ်ခါတော့ အမေမြ မျက်နှာပျက် ရပြီပေါ့။ အထင် နဲ့အမြင် လွဲပါတယ်။ အမေမြ စာကို ဣနြေ္ဒ ရရ ဆက်ဖတ်နေ ပါတယ်။ မတုန်မလှုပ်။
“အောင်ကို နင် ဒီစာထဲ မှာ ပါသလို အိန္ဒိယ ဘက်က မိန်းမတွေက သူတို့လင်သေ တာနဲ့ သူတို့လည်း အဲဒီမီးပုံ ထဲ ခုန်ချပြီး အတူ လိုက်သေ ရတယ်ဆိုတာ တကယ်လား” အမေမြ သူမ ရင်ဘတ် လျော့ရိ လျော့ရဲလေးကို လက်နဲ့ ဖိပြီး မေးလာပါ တယ်။ သွားမဲ့ ပါးစပ်လေးက ဟောင်းလောင်းလေး ပွင့်လို့။ “ဟုတ်တယ်၊ ဟုတ် တယ်။ အခုတော့ မရှိတော့ပါ ဘူး။ ခေတ်ဟောင်းက အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်တွေ ပါ။ ဟုတ်တယ်နော်၊ ကျွန်တော်တို့ နိုင်ငံမှာ ဒါမျိုး လုပ်ကြရင် အမေမြနဲ့ ကျွန် တော် ခုလို စကားပြောခွင့် ဘယ်ရ တော့မလဲ ဟား... ဟား...”
ခုနက ကျွန်တော် မေး လိုက်တဲ့ မေးခွန်းကို အမေမြ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြေလာ ပါတယ်။ မဖြေတော့ဘူး ထင်နေတာ။ “ဟဲ့ အကောင် နင်က စာရေး ဆရာ လုပ်မဲ့သူ ဆို တော့ မသိသေး ရင် မှတ် ထားဟဲ့။ လူဆိုတာ ကိုယ့် ကိုယ်ကို အချစ်ဆုံး၊ ကိုယ့် အသက်လောက် တော့ ဘယ် သူ့ကိုမှ ပိုမချစ်ဘူး။ ဘုရား ကလည်း ဒီလိုပဲ ဟောတယ်”
ဘုရားဟောတွေ ပါ လာလို့ အံ့အား သင့်မိတယ်။ အရင်က အမေမြ နှုတ်ထွက် စကားတွေက ဗီဒီယိုကား တွေထဲက မထွက်ဘူး။ “ဘယ်သူလဲဟေ့၊ မိုး မလင်းသေးဘူး အော်ကျယ် အော်ကျယ် လာလုပ်နေတာ” အမေမြ တူမ ဒေါ်အေးရီ အိမ်နောက်ဖေး ကနေ လှမ်း အော်လိုက် တာပါ။ အခုမှ အိပ်ရာထ ဟန်တူတယ်။ ကျွန်တော့်ရင်တွေ တုန်ယင် မောဟိုက်လို့ ခေါင်းက ပုတ် လောက်ကြီး ဖြစ်လာပါတယ်။ သိပ်မကြာ လူကိုယ်တိုင် ကြွ ရောက်လာပါတယ်။ ပြုံး လည်းမလှ၊ မဲ့လည်း မလှတဲ့ မျက်နှာကြီး။
“ကျွန်တော်ပါ ဒေါ် ဒေါ်၊ နေကောင်းတယ်နော် ဟဲဟဲ” ဒေါ်အေးရီ မျက်နှာပေါ် က ရာသီဥတုက အညိုရောင် အဆင့်။ မျက်နှာချို သွေးထား တာ မမှားဘူး။ ပြောတောင် မပြောရ သေးဘူး ခါးကြီးကို ထောက်နေပြီ။ ကျွန်တော့် အပြုံးတွေ ခြေတစ်ပေါင်ကျိုး ဖြစ်ကုန်ရော။
“အပိုတွေ မပြောနဲ့၊ ဘာကိစ္စနဲ့ လာတာလဲ” “ဟို ဟို အမေမြ အကြောင်း ၀တ္ထုရေးထား တာ လာပေး ဖတ်တာပါ” “ဘာ” အမေမြကို အားကိုးလို့ ရလို့ရငြား လှမ်းကြည့်လိုက် တဲ့အခါ သူမ လက်ထဲက စာ အုပ်လေးကို ကျွန်တော့်လက် ထဲ အတင်းထိုး ပေးပါတယ်။ ပါးစပ်ကနေ နင့်ထိုက် နဲ့နင့်ကံ လို့ မပြောရုံ တစ်မည်။
“ဟို ဟို” “ပေးစမ်း၊ တဟိုဟိုနဲ့ ဘာမှန်းကို မသိဘူး” လက်ထဲက စာအုပ် လေး ဂီရိ မုန်တိုင်းနောက် ပါသွား သလို တဖျပ်ဖျပ် ခါနေတယ်။ ပြဲကုန်တော့မှာ ပဲ။ ပြန်ပြီးလည်း မလုရဲ။ ခက်ပြီ။
“ဒေါ်လေးအကြောင်း ရေးထားတာ မဆိုးဘူးတော့” “ဟုတ် ဟုတ်” မုန်တိုင်းတွေ ဘယ် ရောက်ကုန် ပါလိမ့်။ အနု ပညာစွမ်း ပကားကြောင့် လှိုင်း ကြက်ခွပ် လေးတွေ နဲ့ပင်လယ် နေထွက်ခါစ အလှ တရား ပေါ့။ ဒေါ်အေးရီ ခေါင်းလေး တညိတ်ညိတ်၊ ပါးစပ်က နားကို တက်ချိတ် တော့မယ့် အတိုင်း။ “အေး ကောင်းတယ်၊ ကောင်းတယ်။ ဒေါ်လေးကို လည်း တရား စခန်း မဖြစ်မ နေ ၀င်ခိုင်း ရမယ်။ ငါ ဘာ ဖြစ်လို့ ဒီ အတွေးမျိုး မတွေးမိ ရပါလိမ့်၊ ဒေါ်လေး... ဒေါ် လေး...” ကျွန်တော့် အခက်ကို အချက်လုပ်ပြီး လစ်ပြေးမလို့ လုပ်နေတဲ့ အမေမြကို အိမ် အပေါက်ဝမှာတင် အမိခံ လိုက်ရတယ်။ ကိုယ်လေး ဆတ်ခနဲ တုန်သွားတယ်။
“ဘာလဲ၊ ဟဲ့ အေးရီရဲ့” “ဒေါ်လေး တစ်နေ့တစ် နေ့ အားအား ယားယား အိမ် လည်လိုက်၊ ဗီဒီယိုကြည့် လိုက် လုပ်နေတာ အကျိုးမရှိ ဘူး။ ရိပ်သာသွားပြီး တရား ထိုင်ရမယ်။ ဒါမှ ဒေါ်လေး လည်းအကျိုးရှိ ကျွန်မလည်း အကျိုးရှိမှာ” ဒေါ်အေးရီ တောင့် တောင့်ကြီး ရပ်ပြီး စိန်းစိန်း ကြီး စိုက်ကြည့် နေပါတယ်။ စောစောကလောက် မတင်း မာတော့။ အကျင့်ပါ နေလို့ သာ။ အမေမြ သက်ပြင်းတွေ လှိုင်လှိုင်ချလို့ ငိုင်ကျသွား တယ်။ စိတ်ထဲ မကောင်းလှ။
“သိပ်ဟုတ်တာပေါ့၊ ဒေါ်ဒေါ်ပြောတာ ကျွန်တော် လည်း သဘော တူတယ်။ အမေမြ အဖော် ရအောင် အမေ နဲ့ ကြီးကြီး ကိုလည်း ရိပ်သာ ၀င်ခိုင်းရမယ်” “လာမရှုပ်နဲ့ ဒါလူကြီး တွေ ကိစ္စ နင်နဲ့ မဆိုင်ဘူး။ ငါ လုပ်လိုက် ရလို့” ဒီတစ်ခါ တော့ အမေမြ က ကျွန်တော့်ကို တကယ် ရိုက်တော့ မယ်ပုံ။ ဒီလောက် တောင်ပဲ စိတ်ဆိုးရ သလား။ တရားဓမ္မ အထိန်း အကွပ်နဲ့ ဇရာ၊ မရဏကို ခုခံသင့်ပြီ၊ တယ်ခက်တဲ့ လူကြီးတွေပဲ။ “မဖြစ်ပါဘူး အေးရီ ရယ်၊ မထိုင် ပါရစေနဲ့၊ ငါ့စိတ် ကို နင် မသိဘူးနော်။ အရမ်း ထိန်းရ ခက်တာ၊ ဟိုရောက်ဒီ ရောက် ငါရိပ်သာ မသွားချင် ဘူး”
“ဒေါ်လေး ကလည်း စိတ်ပါဆို ဟိုရောက် ဒီရောက် ပေါ့၊ ကျွန်မတောင် မအားလို့ အားရင် လိုက်တယ်။ ကောင်း တဲ့အလုပ်လုပ် တာပဲ။ ဒေါ် လေး မ၀င်လို့ မရဘူးနော်။ တစ်နှစ် တစ်ကြိမ်တော့ ၀င် ဖြစ်အောင် ၀င်ရမယ်။ ငရဲပြည် ပို့တာကျ နေတာပဲ။ မျက်နှာ ကြီးက ဖြစ်သွား လိုက်တာ” ကျွန်တော့်ခြေလှမ်း တွေ အလာတုန်း ကလောက် မသွက်တာ အမှန်။ အမေမြ မျက်နှာလေးကို မျက်စိထဲ က မထွက်။ အမေနဲ့ ကြီးကြီးကို ရိပ်သာလိုက် ဖြစ်အောင် စည်း ရုံးပေး နိုင်ရင် အမေမြ စိတ်ပါ လာမှာပါ။
ရွာမလို မရွာမလို လုပ် နေတဲ့ မိုးဖြူကြီးက နေမင်း ကြီးကို မကောင်း တတ်လို့ ခေါင်းပြူခွင့် ပေးလိုက်ပါ တယ်။ ဒီအတိုင်းဆို နေလှန်း ထားတဲ့ စပါးတွေ ရုပ်စရာ မလိုသေး။ မေ့တော့ မနေနဲ့။ “အမေမြ ရိပ်သာ သွား တာ ပြန်လာပြီလား”
အမေမြ ရိပ်သာသွားပြီး တရားထိုင် တယ်ဆိုလို့ ၀မ်း သာနေတာ၊ လေးရက်ပဲ ခံ တယ်။ အသွားတုန်းက သုံး ယောက် ပြန်လာတော့ တစ် ယောက်တည်း။ ခရီးဆောင် အိတ်ကြီးကို ဘေးချပြီး အမောဖြေ နေပါတယ်။
“အေး ဟေ့ ငါက တရားအရ စောတော့ စော စောပဲ ပြန်လာ ခဲ့တယ်။ နင်တို့ အမေတို့ ကတော့ ပြန်မလာ ကြသေးဘူး။ ဉဏ်အတော် ထိုင်းတဲ့ဟာတွေ”
သုံးလေး ရက်လောက် တရားနာ၊ တရားထိုင်ပြီး တရားရ လာတယ် ဆိုလို့ အံ့သြ မိတယ်။ “ဒါဆိုလည်း အမေမြ ရလာတဲ့ တရားလေးတွေ တစ်ဆင့် ပြန်ဟော ခဲ့ပါဦး”
အမေမြက တည်တည် တံ့တံ့ ပြောနေတာ ဆိုတော့ ယုံရခက်ခက်၊ မယုံရခက် ခက်။ ကျွန်တော် လုပ်ရမဲ့ အလုပ် တွေတောင် မေ့လို့။ “လွယ်လွယ်တော့ မဟောနိုင်ဘူး။ ငါ့ အထုပ် ကြီး ကူသယ်ပေးမှ ဟောနိုင် မယ်” အဲဒါ ပြောတာပေါ့။ ရွာ ဓလေ့၊ ရပ်ဓလေ့အရ ဒါမျိုး က သိသိ၊ မသိသိ ကူသယ် ပေးနေကျ။ ကျွန်တော် မေ့ နေတာပါ။
“ကျွန်တော်ကလည်း ကူသယ်ပေး မလို့ပါ ပေး ပေး” အားပါး၊ လေးလိုက်တဲ့ အထုပ်ကြီး၊ တရားတွေ ဗိုက် ထဲမှာ မဆံ့လို့ ဒီအိတ် ကြီးထဲ ခွဲပြီး ထည့်ခဲ့သလား မဆို နိုင်။ “သာဓုကွယ်၊ သာဓု သာဓု၊ တရား ရဖို့က ဒီ လောက်လည်း မခက်ပါဘူး။ ရိပ်သာ ဆရာတော်က ဟော တယ်လေ။ တစ်နေ့ တစ်နေ့ အလှူရှင်တွေ လှူတဲ့ဆွမ်း၊ ဆွမ်းဟင်း၊ အချိုပွဲတွေကိုစား ပြီး ပေါ့ပေါ့ဆဆ နေလို့ မရ ဘူး။ တရားကို အစဉ်နှလုံး သွင်းရတယ်။ သီလကို လည်း မြဲနိုင် သမျှ မြဲအောင် ထိန်းရတယ်။ ဒီလိုမှ မဟုတ် ရင် အခုလို စားတယ်၊ သောက်တယ် ဆိုတာ သံပူသံ ခဲတွေကို မျိုရ သလိုပဲ သိပ် ကို အန္တရာယ်များတာ”
အမေမြဆီက ဆက် လက်ပြီး ထွက်ကျ လာမဲ့ တရား အဆီအနှစ် တွေကို ကျွန်တော် မျှော်လင့်တကြီး အာရုံစိုက် နားထောင် နေမိ တယ်။ အိမ်ကိုသာ ရောက် ရော အမေမြဆီက ဘာစကား မှ ထွက်မလာတော့။
“အမေမြ တရားက ပြီး သွားပြီလား။ ဆက်ဟောဦး လေ၊ တရားက နာလို့ကောင်း တယ်နော်” “နင် တော်တော် အတာ ပဲ။ ငါက ပေါင်ကိုက်လို့ ပြန် လာတာ။ တရား မထိုင်နိုင်ဘဲ နဲ့ ဒီသံပူ သံခဲတွေ စားနေလို့ ဘာအကျိုး ရှိမှာလဲ ပြန်လာရ မှာပေါ့” ဒေါသကြီးတဲ့ တရား သမားပဲ။ ကျွန်တော့်လက်ထဲ က အိတ်ကြီးကို အတင်း ဆောင့်ဆွဲ လိုက်ပါတယ်။
“ဟား ဟား ဟား ကျွန်တော်က အမေမြကို တကယ်တရား ရခဲ့တယ် ထင် နေတာ၊ တော်တော်နောက် တာပဲ ဟား ဟား” “အောင်မာ နင်တို့ အဲဒီ အခြေခံ တရားလေး လောက်မှ မသိကြလို့၊ မရှိကြလို့ အောက်ကျ နောက်ကျ ဖြစ်နေတာ လေ။ ယောဂီ ဆိုတာ ယောဂီ အသိ၊ ယောဂီတာဝန်၊ ယော ဂီအလုပ် ကျေပွန်မှ ပေါ့ဟဲ့။ တာဝန် မကျေရင် ယောဂီ အလိမ်အညာ ပဲဖြစ်တော့မှာ ပေါ့။ အေး လူဆိုတာလည်း ကိုယ့်တာဝန် ကိုယ်ကျေရ တယ်။ တာဝန် မကျေရင် ရှေ့ ကဖယ်” ရှေ့ကဖယ် ဆိုလို့ ကျွန် တော် သူ့လမ်း ကိုလည်း ပိတ် မထားမိပါဘူး။ လူဆိုတာ ကိုယ့်တာဝန် ကိုယ်ကျေ ဆိုပါ လား။ ကျွန်တော် နောက်ပြန် တွေးလိုက် မိတယ်။ အနောက် တောင်မှာ မိုးတွေ ညို့လာ ပြီ။ ဒုက္ခပါပဲ။ နေလှန်းထား တဲ့ စပါးတွေ ရုပ်သိမ်းရဦး မယ်။ အဖေက လက်သံ ပြောင် ပါဘိသနဲ့။
ပြီးတော့ ကျွန်တော် စပါးလှန်း ထားတာက လမ်း မကြီး ပေါ်မှာပါ။
သွင်ဆန်းမောင် (ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|