(၂၀၁၂)ရွှေအမြုတေ ပရိသတ်အကြိုက် ရွှေအသစ်နှင့် ရွှေနှလုံးသား PDF Print E-mail
Written by ၀င်းငြိမ်း   
Friday, 01 February 2013 18:10
Share |

နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလ ထုတ်မှ နောက်တစ်နှစ် နိုဝင်ဘာလ ထုတ် အထိ ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့  ရွှေနှလုံးသား ၀တ္ထုတိုများ၊

argaiv1436

ရွှေအသစ် ၀တ္ထုတို များထဲက စာဖတ် ပရိသတ် အကြိုက် ရွေးချယ်ပေးပါ လို့ ဖိတ်ခေါ် ခဲ့ပါတယ်။ ကျွန်တော်က စာဖတ် ပရိသတ် အပေါ် အလေးထားပြီး သူတို့ အကြိုက်ကို ရွေးချယ် ခိုင်းတာ ဖြစ်ပေမဲ့ ဒီနှစ်မှာလည်း လက်ရေး တစ်မျိုးတည်း နာမည် မျိုးစုံနဲ့ တစ်မြို့ တစ်ရွာတည်း ကနေ ပေးပို့ လာတဲ့ ဆန္ဒမဲက အများစု ဖြစ်နေ ပါတယ်။ တိုက်ဆိုင် စစ်ဆေး ကြည့်တဲ့ အခါမှာ လူနာမည်သာ ပြောင်းပြီး လက်ရေး တွေက တူနေတဲ့ အပြင် တစ်မြို့တည်းက ပို့တဲ့ စာတွေက များနေ ပါတယ်။ အမှန်အတိုင်း ပြောရရင် ဒီကဏ္ဍရဲ့ အဖြေကို ကြေညာ ပေးဖို့ ၀န်လေးခဲ့ တာကြောင့် ပြီးခဲ့တဲ့ လက ကြေညာ ရမှာကို မကြေညာ နိုင်ခဲ့ တာပါ။

ခုတော့ ဆုံးဖြတ်ချက် တစ်ခုနဲ့ အတူ ကျွန်တော် ကြေညာ ပေးလိုက် ပါပြီ။ ရွှေနှလုံးသား ၀တ္ထုတို များ ထဲက အကြိုက်ဆုံး ရွှေနှလုံးသား ၀တ္ထုတို ကတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ထုတ်မှာ ဖော်ပြ ခဲ့တဲ့ ဆရာ ညီငယ်လေး ရဲ့ သံလိုက်သူ ဖြစ်ပြီး အကြိုက်ဆုံး ရွှေအသစ် ၀တ္ထုတို ကတော့ ၂၀၁၂ ခုနှစ် ဧပြီလ ထုတ်မှာ ဖော်ပြ ခဲ့တဲ့ ဆရာ ရင်ခွင်ဦး(ဟံဇား) ရဲ့ ခရေတန်းက တစ္ဆေအနမ်း ၀တ္ထုတို ဖြစ်ပါတယ်။ ဆုရသူ များကို ၂၀၁၃ ခုနှစ် မေ ၂၈ ရက်နေ့မှာ ကျင်းပမဲ့ ရွှေအမြုတေ စာပေ ဆုပေးပွဲမှာ ဆုများ ချီးမြှင့်ပေးမှာ ဖြစ်ကြောင်း ကြေညာ အပ်ပါတယ်။



ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


ဝင်းငြိမ်း
About the author:
Last Updated on Saturday, 02 February 2013 17:32