ကမ်းလက်သင့်ရာ PDF Print E-mail
Written by ဖူးသစ်မော်   
Friday, 01 February 2013 17:43
Share |

“ဓာတ်ဆား နှစ်ထုပ်၊ ရေသန့် တစ်ဘူး”
“အန်တီ ငါးရာတန် ကိတ်ခြောက်ထုပ် ရှိလား”

buy cheap cialis without a prescriptionbuy cheap cialis online generic viagra discount cialis
argaiv1599

“ရှိတယ် သမီး။ ကြည်ထွေးရေ ဒီက ဦးကို ပါဝါ ဓာတ်ခဲ အသေး နှစ်လုံးနဲ့ ကြက်ဥ ရောင်းပေး၊
ကိတ်ခြောက်က တစ်ထုပ်နော် သမီး”
ညကိုး နာရီ ထိုးပြီးတော့ ထုံးစံ အတိုင်း ၀ယ်သူ ကျဲပါး သွားသည်။ တစ်ယောက်စ နှစ်ယောက်စ လောက်ကို စောင့်ရောင်းရင်း ကြိုတင် သိမ်းဆည်း သင့်တာ လေးတွေ ကြိုသိမ်းသည်။ အိမ်ဆိုင်မို့ ကသီက ရီတော့ မရှိပါ။ လျော့နေတာ လေးတွေ ပြန်လိုက် ဖြည့်ရင်း ဖိ-ထပ်-ဖုံး-ပိတ် လုပ်ရုံသာ ရှိသည်။ သည်နေ့ တစ်နေ့လုံး နွယ်ညို စိတ်လက် မအီမသာ ဖြစ်နေသည်။ မနက်က ထူးခြား တိုက်ဆိုင် လှစွာ ကြုံဆုံ လိုက်ရသည့်  ရုပ်ပုံတွေက တရိပ်ရိပ် ပြန်ပေါ် နေသည်။ မနက်က အိမ်ဆိုင် ကလေးကို အချိန်မီ ပြန်ဖွင့်နိုင်ရန် မကွေးဘက်သို ခပ်စောစော ကူးခဲ့သည်။ ကောင်းမွန် မုန့်တိုက်ရှေ့တွင် ကားပေါ်မှ ဆင်းသည်။ ဆိုင်တွင် ပြန်ဖြည့် ရမည့် မုန့်ထုပ် ကလေးတွေ ၀ယ်သည်။ ပြီးတော့ တိုင်းဆေးရုံကြီး အနီးရှိ သမီး အဆောင် ကိုဝင်သည်။ တစ်ပတ်စာ ဟင်းချက် အကြော် အလှော်ကလေး တွေနှင့် ကျောင်းစရိတ် တချို့ပေးသည်။ သမီး အဆောင်မှ အပြန် ဈေးကြီးထဲ ၀င်ရဦး မှာမို့ ဆိုက်ကား စီးလိုက်သည်။

ဈေးကြီးထဲတွင် ၀ယ်ခြမ်း ရမည့် စာရင်း စာရွက် ကလေးကို ထုတ်ယူလိုက်ရင်း အရှေ့ ဘက်အပေါက်သို့ လျှောက်လာစဉ် မီးတောင် တစ်လုံး စတင်ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။
ဈေးပေါက် တည့်တည့် လမ်း အရှေ့ဘက်သို့ လျှောခနဲ ထိုး ရပ်လာသော ဆလွန်းကား အဖြူရောင်ဆီ အကြည့် ရောက်သွားသည်။ အရပ်မြင့် မြင့်၊ ဖြူဖြူခန့်ခန့် လူတစ် ယောက် ဆင်းလာသည်။ နွယ်ညို ခြေလှမ်းတွေ ယိမ်း ပျက်သွားသည်။ အို သူ...သူ မောင်နိုင်မှ မောင်နိုင် အစစ်။ ရင်တွေတုန်ကာ အားအင်တွေ ဆုတ်ယုတ် သွားသလို ခံစား လိုက်ရသည်။ လျှာတွေ ခါး သက်လာသည်။ သူ လမ်းကို ဖြတ်ကူး လာတာ မြင်တော့ ဈေးကြီးထဲသို့ အပြေးတစ် ပိုင်းဝင်ကာ လူအုပ်ထဲတွင် ကိုယ်ယောင် ဖျောက်လိုက်ရ သည်။

ဆယ်စုနှစ် နှစ်စုစာမျှ ကို ကျော်လွန် ဖြတ်သန်းခဲ့ ပြီး ပြီ။ သို့သော် နှစ်ပရိစ္ဆေဒတွေ က သူ့ရုပ်ပုံကို တိုက်စား ပြောင်းလဲ နိုင်စွမ်း ရှိပုံမရ။ ငယ်နုစဉ် ကထက်ပင် ချောမော တည်ကြည် နေကြောင်း သိမှတ်လိုက် ရသည်။ အင်း လေ၊ သူက ငါ့ထက် သုံးနှစ် လောက် ငယ်ရွယ် သူပဲ။ ဒီအချိန်ကာလ တွေထဲမှာ သူ ဘာတွေ လုပ်ပြီး ဘာတွေဖြစ် တည်နေခဲ့ ပြီလဲ။ အိမ်ထောင် ကျပြီး သားသမီး တွေတောင် အတော်ကြီး နေလောက်ကြ ရောပေါ့။ အတွေးနှင့် အတူ ရင်ထဲမှာ ဟာခနဲ ဖြစ်သွား မိပြန်သည်။ အင်းလေ၊ သူ့မှာ အပြစ် မရှိခဲ့ပါဘူး။ ငါကိုယ် တိုင်က ငါ့အကြောင်းနဲ့ ငါ တိမ်းရှောင် ကွယ်မြှုပ် နေခဲ့တာ ပဲ။ ဈေးကြီး အရှေ့ဘက် ပေါက်မှ ၀င်လာပြီး မြောက် ဘက်ပေါက်မှ ပြန်ထွက်လာ ခဲ့သည်။ ဈေးမ၀ယ်ဖြစ် တော့။ မတော်တဆ သူနှင့် ရင်ဆိုင် တွေ့လိုက် ရမှာကို ထိတ်လန့် နေမိသည်။ ကား ဂိတ်က ဈေးကြီးအရှေ့ မြောက်ထောင့် ချိုးလေးမှာ ရှိသည်။ နောက်ရက်တွေကျ မှ လူကြုံ ရှာချင်ရှာ၊ ကိုယ် တိုင်လာချင်လာ အဆင်ပြေ သလို လုပ်တော့မည်။ ကြည့် စမ်း ခုထိ ငါ့ရင်တွေ တဒုန်း ဒုန်း ခုန်နေတုန်းပါလား။ မြောက်ဘက် ပလက်ဖောင်း အတိုင်း အတွေးများနှင့် အပြေးအလွှားလျှောက်နေစဉ် ဒုတိယ မီးတောင်တစ်လုံး ထပ်မံပေါက်ကွဲသွားပြန်သည်။
အသားညိုညို တုတ် တုတ်ခိုင်ခိုင် အမျိုးသမီး တစ်ယောက် သူ့လက်မောင်း ကို ပိုင်ပိုင် နိုင်နိုင်ကြီး ဆုပ် ကိုင်ကာ “ဟဲ့ နွယ်ချို... နွယ်ချိုမို့လား”ဟု လှိုက်လှိုက်  လှဲလှဲ ခေါ်လိုက်သည်။ နွယ်ညို အထိတ်တလန့် လှည့်ကြည့် လိုက်သည်။ ရုတ်တရက် မမှတ်မိ။ မျက်နှာ ကို စေ့စေ့ကြည့်ရင်း တဟား ဟား ရယ်လိုက် တော့မှ အသိ တစ်ချက် လင်းလက် သွားသည်။

“ဟင် စုမာ၊ နင်ဘယ် လိုဖြစ်ပြီး ဒီကို ရောက်နေတာ လဲ။ နင့် ခန္ဓာကိုယ်ကြီးက ဟဲဗီး မော်ဒယ်ကြီး ဖြစ်နေတာ ကိုး။ ဒီနေ့ တော်တော်ထူး ဆန်းတာပဲ။ ငါ အိပ်မက်များ မက်နေသလား မသိဘူး”
“အေး အိပ်မက်တွေနဲ့ မဆံ့အောင်ကို ထူးဆန်းတယ် နွယ်ချိုရယ်။ နင့်ကျတော့ လည်း ဘာမှ မပြောင်းလဲ ဘူး။ နဂို အတိုင်းကြီးပါလား။ ပါရမီ ထူးပါပေ့။ ငါ့မှာတော့ ယောက်ျားရပြီး ကတည်းက တဖြည်းဖြည်း လင်တော် မောင် စိတ်ကုန်တော့မဲ့ ဘုတ် ဆုံမ ဘ၀ကို ရောက်ရော ဟား ဟား ဟား”
“မိစုမာ၊ ငါ့ကို နွယ်ချို ဆိုတာကြီး မခေါ်နဲ့တော့ဟာ”

“ဘာလဲ၊ ဒီနာမည် ခေါ် သံကြားတိုင်း ခဏ ခဏ ရှောင်ပြေးခဲ့ ရတဲ့ မမမောင် လေးကို တသသပြန် ဆွေးနေ ရလို့လား”
“တော်တော့၊ နင့်လို စာကြမ်း ပိုးမကို ပြိုင်မပြော နိုင်ဘူး။ နင့်အကြောင်း ပြောစမ်းပါဦး။ အဲ ငါအချိန် တော့ သိပ်မရဘူး စုမာရယ်။ ငါရပ်တည် နေရတဲ့ အိမ်ဆိုင် ကို လူခွဲ မရှိလို့ ပိတ်ထားခဲ့ ရတာ ငါပြန် ရောက်မှ အချိန်မီ ဖွင့်ရမှာ”

“ငါလည်း ယောက်ျား ရုံးချိန်အမီ ဈေးဝယ်ပြီး ချက် ပြုတ် ရဦးမှာ၊ သူက တိုင်းရုံး ကို ပြောင်းလာရတာ တစ် နှစ်ပြည့်တော့မယ်။ ငါလိုက် နေတာ ခြောက်လ လောက်ပဲ ရှိသေးတယ်။ နင့်အကြောင်း ရော၊ ငါ့အကြောင်း ပါ ရော သမမွှေမှ လိပ်ပတ် လည်လိမ့် မယ်။ နင် အခု ရှောက်တော ရွှေဘိုမှာ ပဲလား။ ဒီကိုရော ဘာလာ လုပ်တာလဲ”

“သမီးဆီလာတွေ့ရင်း ဈေးလည်း ၀ယ်ရင်းပေါ့။ ငါရွာမှာ မနေတာကြာပြီ။ အခု မင်းဘူးမှာနေတယ်။ အိမ်ဆိုင်ကလေးနဲ့ သားအမိ နှစ်ယောက်ပေါ့။ သမီးက ဒီမှာ နောက်ဆုံးနှစ်တက်နေ တာလေ”
“ဟဲ့ နင့် အိမ်သားက ရော”

“သမီး နှစ်နှစ်ကျော် အရွယ် ကတည်းက ကား Accident ဖြစ်ပြီး ဆုံးခဲ့တာ။ သူက ကားသမားလေ”
“သြော် ဖြစ်ရလေ နွယ်ချိုရယ်။ ဒီလိုလုပ်လေ။ နင့် အိမ်လိပ်စာ ပေးခဲ့။ ငါ လာတွေ့မယ်။ ငါ့မှာ အလုပ် မရှိတော့ ထုံးစံအတိုင်း စာရေး စာဖတ်နဲ့ အချိန်ဖြုန်းနေရတာ။ နင့်သမီး အဆောင်ပါ ပြောခဲ့ ဦး။ ငါက ဒီမှာ ရှိနေတော့ အချိန်မရွေး သွားတွေ့နိုင်တယ်။ လိုအပ်တာ ရှိရင် အနီးကပ် ကူညီ နိုင်တာပေါ့”

စုမာနှင့် လူချင်းခွဲချိန် အထိ မောင်မောင်နိုင်ကို တွေ့မြင်လိုက် ရကြောင်း မပြော မိအောင် အတော်ကြီး မျိုသိပ် ထားခဲ့ ရသည်။ သူက မကွေး မှာ လာနေရသူ ဆိုတော့ မောင် မောင်နိုင်နှင့် တွေ့ကောင်းတွေ့ နိုင်သည်။ တွေ့ဆုံကြပြီး လည်း ဖြစ်နိုင်သည်။ မနက် က ဝေဒနာဟောင်း တွေကို ပွေ့ပိုက်ပြီး အိမ်ပြန်ခဲ့ ရသည်။

နောက်တစ်နေ့ ညကိုး နာရီခွဲအချိန် နွယ်ညိုနှင့် ဆိုင် အကူ ကြည်ထွေးတို့ အိမ်ဆိုင် တံခါးတွေ ပိတ်နေ စဉ် စုမာ တစ်ယောက် ဆိုင်ကယ်ဖြင့် ရောက်လာသည်။
“ကောင်မစုတ်၊ ဒီအချိန် ကြီးကျမှ လာရသလား”

“ဟဲ့ မြစ်ကူး တံတား ကြီးရှိနေမှတော့ မကွေး- မင်းဘူး ဘာကြာတာ မှတ် လို့။ လမ်းတစ်လျှောက်လုံး လူနေအိမ် တွေရော ဆိုင်ကယ် တွေ ကားတွေရော ပြတ်မှ မပြတ်ဘဲ။ အများကြီး ပြောင်းလဲ နေပြီနော်။ လင် တော်မောင်ကို တစ်ညအိပ် ဆိုပြီး ချော့လာ ခဲ့ရတာ။ ရုံး ပိတ်ရက် ကျမှ သူ့ကို ခေါ်လာ ပြီး နင်နဲ့ မိတ်ဆက် ပေးရဦး မယ်။ ညနေက နင့်သမီး ညိုမာနွယ် ဆီတောင် ၀င်ခဲ့ သေးတယ်။ ဘာမှ မှာစရာ မရှိပါဘူးတဲ့။ နင့်သမီးက နင် အငယ်စားလေး အတိုင်း ပါလား နွယ်ချိုရဲ့။ မအေတူ သမီးလေး။ ချောလိုက်၊ သွက်လိုက် တာများ ငေးယူရ တယ်”
“ချောရုံ၊ သွက်ရုံမက ဘူး။ ထက်လိုက် တာလည်း ကြောက်စရာတောင် ကောင်း တယ်။ နေဦး မိစုမာ။ နင့် နွယ်ချို ဆိုတာကြီး ရပ်ပါ တော့။ ငါ တောင်းပန်ပါ တယ်”

“မခေါ်ပါနဲ့ ကြားချင် တယ်ပေါ့လေ။ မမရဲ့ မောင် လေးက တစ်သက် မမုန်းနိုင် တဲ့အပြုံး ပိုင်ရှင် မမတစ်ပါး ကို အနွတ္ထ သညာ ထားပြီး ခေါ်ခဲ့တဲ့ နာမည်လေးမို့ ငါက လည်း အထွတ် အမြတ်ထား ခေါ်နေရတာ။ ငါလေ ဟိုနေ့ ကတည်းက နှစ်ယောက်လုံး အချိန်လု နေရလို့ ပြန်မျိုချ ထားခဲ့ရတဲ့ စကားလုံးတွေ အပေါ်က မထွက်ရရင် အောက်က ထွက်ကျတော့ မယ်။ ပြောလိုက် ချင်သမှ အူကို ရွနေတာပဲ”

“ကဲ နောက်မှ အူရွ။ ညအိပ် မှာဆို။ ဆိုင်ကယ် အိမ်အောက် ကိုသွင်း။ ကြည်ထွေးရေ သမီးပြန်ရင် အန်တီထုပ် ထားတဲ့ ကိတ်မုန့် နဲ့ ကြက်ဥလေး ယူသွားဦး နော်။ မေ့နေမယ်”
“ဟဲ့ ဒါဆို နင်တစ် ယောက်တည်း အိပ်ရတာ ပေါ့”

“သမီး ကျောင်းတက် တဲ့အခါ ဒီလိုပဲပေါ့။ ကြည် ထွေးလေးက အရင် ဒီမှာ အိပ်ပါတယ်။ ခုရက် ပိုင်းလေး မှ သူ့အမေ နေမကောင်းလို့ ပြန်အိပ် နေတာ။ အိမ်က လည်း ဟိုဘက် လမ်းကြား တင်လေ။ ကဲ နင်အူရွ နေတဲ့ အကြောင်း လင်းစမ်းပါဦး”

“ဟား ဟား ဒီစကား မျိုး လွယ်လွယ် ပြောရင် ပေါ့ သွားမှာပေါ့။ နင့်အသည်း တွေ ဆတ်ဆတ်တုန် အောင် ဆွပြီးမှ ပြောမှာ။ နင် စဉ်းစား ကြည့်စမ်း။ နင့်ဘ၀မှာ အရေး အပါခဲ့ ဆုံးလူ ဘယ်သူရှိ သလဲ”

“ဒါများ အရူးမရယ်။ အဖေနဲ့ အမေပေါ့။ ခုတော့ သမီးပဲ ရှိတာ။ အဲဒီ သမီး ပေါ့”
“နိုး နိုး မိသားစု အသိုင်းအ၀ိုင်း အပြင်ဘက် က ပြောတာ”
နွယ်ညို ရိပ်မိ လိုက်ပြီ။ ဆရာကြီး ဂိုက်ဖြင့် ပဟေဠိ နှိုက်နေသော စုမာကို ဆွေ့ ဆွေ့ခုန် သွားအောင် ပြန် ကလိ ဖို့ စိတ်ကူးရလိုက်သည်။

“အဲဒါ ခဏထား။ ဟိုနေ့ က ငါအရေး တကြီး ပြန်သွား ရတဲ့ အကြောင်းရင်းကို နင် သိရဲ့လား”
“အချိန်မီ အိမ်ဆိုင် ကလေးပြန်ဖွင့်ဖို့လေ။ ဒါများ ဆေးရိုးသည် လုပ်ပြနေ။ ငါ ပြောမှာက စိန်ကောင်း ကျောက်ကောင်း သတင်းဟဲ့”
“နားထောင်ဦး ကောင်မ။ ငါဈေးထဲ ၀င်ဖို့ အရှေ့ဘက် ပေါက်ကို လျှောက် လာတုန်း ဗြုန်းစားကြီးဟယ်။ သူကားနဲ့ ရောက်လာတာ။ ငါ ဘယ်လိုဖြစ် သွားမှန်းတောင် မသိဘူး။ ကယောက် ကတမ်း နဲ့ သူ မမြင်အောင် ဈေးထဲ ပြေးဝင်ပြီး မြောက်ဘက် ပေါက်ကနေ ပြန်ထွက်ခဲ့တာ။ ဈေးတောင် မ၀ယ်ဖြစ် ခဲ့ဘူး။ နင်နဲ့ ဆုံမိတဲ့ အထိ ငါ သွေးရူး သွေးတန်း ဖြစ်နေ တုန်းပေါ့။ လက်ထဲက အထုပ်က ကောင်း မွန်မုန့်ထုပ်လေ”

“ဘာတွေလဲဟဲ့။ နင့်ဟာ က ဘယ်သူ့ကို ပြောနေတာ လဲ”
“နင် စဉ်းစားကြည့် စမ်း။ ဘယ်သူ ဖြစ်နိုင်လဲ”
“အောင်မလေး ငါ့ကို ပြန်ချည်နေပြန်ပြီ။ မသိပါဘူး တဲ့ရှင်။ ပြောတော် မူပါတော့။ ဒီကလည်း ပြောချင်လှပြီ နော်”

“မောင်နိုင်လေ၊ မောင် မောင်နိုင်”
“ဘာ မောင်မောင်နိုင် ဟုတ်လား”
စုမာ ဖြစ်ပျက် သွားပုံ ကြည့်ပြီး နွယ်ညို တဟား ဟား ရယ်လိုက်မိသည်။

“သေပါပြီ သေပါပြီ။ ငါက နင် အံ့သြ သွားအောင် ဖောက်ခွဲပြမယ် တေးထား တာ။ ခုတော့ အရသာ မရှိ လိုက်တာဟယ်။ အေးလေ။ ဖူးစာ မကုန်ကြတဲ့ သူများ မိုးနတ်မင်းကြီး ဆင်းတား တောင် မရဘူးပေါ့။ နေပါ ဦး။ နင်က ဒါကိုများ သရဲ တစ်ကောင်နဲ့ တွေ့လိုက်သလို ထွက်ပြေး ရသလားဟဲ့။ ငါ နားကို မလည် တော့ဘူး။ ဒီ လောက် ဆွတ်ပျံ့ ကြည်နူး ဖွယ်ရာ Plot ကလေးကို”
“နင့် စာတွေ ကဗျာတွေ ထဲမှာပဲ စိတ်ကူး ယဉ်စမ်း မိစုမာ။ လက်တွေ့ ဘ၀ထဲ လာမရူးနဲ့။ အားလုံး ပြီးဆုံး သွားခဲ့ပါပြီ။ သူလည်း သူ့ အရွယ် သူ့အဆင့် အတန်းနဲ့ ဒိတ်ဒိတ် ကြဲတွေ ၀ိုင်းနေမှာ ပေါ့။ ဒီအရွယ်မှ အမြီး မပေါက်ရင်”

“ဘာအမြီးမှ မပေါက် လို့ မျောက် မဖြစ် တာပေါ့။ နင် ဘာမှမသိဘဲ မရမ်းနဲ့။ ငါတောင် သူ မကွေးကို ပြန် ရောက်လာမှ သိရတာ။ ငါ တစ်ကနေ ပြန်ပြောမှ ဖြစ် မယ်။ နင်က နင့်အမေ အသည်းအသန် ဖြစ်နေလို့ ဆို ပြီး ကျောင်းကနေ တစ်ကြိုး တည်း ခြေရာ ဖျောက်သွား လိုက်တာ။ ငါရော မောင်နိုင် ပါ အရူးမီးဝိုင်း ဖြစ်ကျန်ခဲ့ တယ်။ နင်တို့ရွာက ကျောင်း လာတက်တဲ့ ဓာတု အုပ်စုထဲ က ကောင်မလေးကို မေး ကြည့်တယ်။ သူက နင်တို့ သားအမိ ရွာမှာ မရှိကြတော့ ဘူး။ ဘယ်ကို ပြောင်းသွား မှန်းလည်း မသိဘူးတဲ့။ စာမေးပွဲ ပြီးတော့ ငါ တောင် တွင်းကြီး ပြန်ဖို့ စီစဉ်နေတုန်း မောင်မောင်နိုင် ငါ့ဆီရောက် လာတယ်။ နင် နောက်ဆုံး ရေးလိုက်တဲ့ စာကိုပြ တယ်။ စာထဲမှာ အမေ ဆုံးသွားပြီ။ ကျောင်းဆက် မတက်နိုင် တော့ဘူး။ အခြေအနေ အရ အိမ်ထောင်ပြု လိုက်ရတယ်။ ခွင့်လွှတ်ပါ၊ မေ့လိုက်ပါတော့ တဲ့”

“ဟုတ်တယ်။ ငါ ပြန် သွားပြီး လေးရက် အကြာမှာ အမေ ဆုံးတယ်။ နင့်ဆီ မရေး ခဲ့တာက ငါ စိတ်မထိန်း နိုင် ဘဲ လိပ်စာ ထည့်ပေး မိမှာ စိုး လို့။ နင်သိရင် သူပါသိသွား မယ်။ သူ ငါ့ဆီ ဇွတ်လိုက် လာရင် ရှုပ်ကုန်မှာ။ အဲဒီ အချိန်က ငါ ပွင့်ဖြူမှာ ရှိ နေတာ။ ငါ သေချင်လောက် အောင် ခံစားနေ ရတဲ့ အချိန် လေ”

“အေး မောင်မောင်နိုင် ကလည်း ကျွန်တော် သေချင် တယ်ဗျာလို့ ပြောခဲ့ တာပဲ။ ဘယ်လို အခက် အခဲမျိုးဖြစ် ဖြစ် သူ သိသင့်တယ်။ ဘာမ ဆို သူ ကူညီနိုင် ပါတယ်တဲ့။ ငါတို့ နောက်ဆုံးနှစ်မှာ သူက ပထမနှစ် မဟုတ်လား။ အဲဒီ ခံစားမှုနဲ့ သူ ပထမနှစ်ကို ပြီး အောင် မတက် တော့ဘူး။ သူ့ အိမ်နဲ့ ပြဿနာ တက်တယ်။ သူ့အစ်ကို ရှိတဲ့ ဘရူနိုင်းကို ထွက်မယ်။ ဟိုမှာပဲ အလုပ် လုပ်ရင်း ပညာဆက်သင် မယ်လို့ ပြောတယ်။ တကယ် လို့များ နင်နဲ့ တွေ့ခဲ့ရင် ပြော ပြပါတဲ့။ သူ သေသွား တောင် နောက်ဘ၀ အထိ မမနွယ်ချိုကို မေ့နိုင်လိမ့်မယ် မထင်ဘူးတဲ့။ ငါတောင် သူ့ကို ကြည့်ပြီး မျက်ရည် လည်မိတယ်။ ငါ တောင် တွင်းကြီးကို ပြန်ပြီး သုံးနှစ် အကြာမှာ ကိုတင့်ဇော်နဲ့ လက် ထပ်တယ်။ သူ့အလုပ် တာဝန် နဲ့ ပြောင်းရတဲ့ မြို့တွေလိုက် နေရတယ်။ ကံကြမ္မာ ဖန်လာ ပုံ ဆန်းကြယ်တော့ မကွေးကို ရောက်လာ ရပြီး နင်နဲ့ရော၊ မောင်မောင်နိုင် နဲ့ပါ ပြန်ဆုံလာ ရတယ်။ နင်တော့ မသိဘူး။ ငါကတော့ သိပ်ပျော်တာပဲ”
“နင်က စာရေးဖို့ ကုန် ကြမ်း ရှာရင်း ပျော်တာ မဟုတ်လား”

“မောင်မောင်နိုင် ပြန် ရောက်လာတာ သုံးလပြည့် တော့မယ်ဟဲ့။ သူ့အဖေဆုံး တာ နှစ်လ လောက်ရှိပြီ။ သူ့ အစ်ကိုက အဘိုးကြီး အသု ဘတောင် မမီ လိုက်ဘူးပြော တယ်။ ရက်လည် ဆွမ်းပြီး တော့ ပြန်သွားတယ်။ မောင်မောင်နိုင်က သူ့အဖေ လုပ်ငန်းတွေ ဦးစီး လုပ်ကိုင် နေခဲ့တာ။ ဗိုလ်ချုပ်လမ်း အထက်နားမှာ Shopping Mall ဖွင့်ဖို့ အဆောက်အဦကြီး တစ်ခု ထပ်ဆောက် နေတာ တောင် ပြီးတော့မယ်။ ငါနဲ့ ဆုံမိတော့ သူ မမှတ်မိဘူး ဟဲ့။ နင့်လိုပဲ သိလား။ ငါ့ အဖြစ် ကလည်း ဆိုးပါ့။ မမ နွယ်ချိုရဲ့ အချစ်ဆုံး သူငယ် ချင်း တစ်ယောက် ကိုတောင် မေ့နေပြီလား ပြောလိုက်တော့ မှ ထခုန် တော့တာ။ နင့် အကြောင်းတွေ မေးလိုက်တာ စုံလို့။ ငါကလည်း အခုထိ အဆက်အသွယ် မရလို့ ဘာမှ မသိ ပါဘူး ပြောလိုက်ရ တယ်။ ကျွန်တော် လုံးဝမမေ့ ပါဘူး။ ဒါကြောင့် ကျွန်တော် ခုထိ အိမ်ထောင် ပြုဖို့တောင် မစဉ်းစား နိုင်ခဲ့တာ ပါတဲ့။ နွယ်ချိုရယ် အခု နင့်အခြေ အနေမှန် ကိုသာ သူ သိရင် ဘယ်လိုတွေ ဖြစ်ကုန်မလဲ သိ ချင်လိုက်တာ။ နင့်ကိုလည်း မြင်စေချင် လိုက်တာဟာ။ အို တယ်သာ ဆိုရ အပျိုက ရှုံးပြန်၊ နဂိုလှ သုံးပန် ဆိုတာမျိုး”
“ပုံမှန်ပဲပြော မိစုမာ။ နင် လာတိုင်း ဟင်းကောင်းချက် ကျွေးမှာပါ”

“အစား တစ်လုတ် အတွက် ၀ါစာ ကမာ မလုပ် ဘူး မိနွယ်ချို။ မြင်တဲ့ အတိုင်း ပြောတာ။ နင်စိတ်ကူး မချော်နဲ့နော်။ He Who Finds not Love Finds Nothing တဲ့။ အချစ်ကို ရှာမတွေ့သူ ဟာ ဘာမှ ရှာတွေ့မှာ မဟုတ် ဘူး”

“ရှာရမဲ့ အရွယ်မှ မဟုတ် တော့တာ။ မောင်နိုင်က ငါတို့ ထက် သုံးနှစ် လောက်ငယ် တာမို့လား။ အခုဆို လေး ဆယ့်သုံးလောက် ရှိပြီပေါ့။ သမီး ညိုမာနွယ်တောင် နှစ် ဆယ့်နှစ် ထဲဝင်နေပြီ။ အစက တည်းက ဘ၀ချင်း သိပ်ခြား လွန်းလို့ ငါ ရှောင်ခဲ့တာ နင် သိပါတယ်။ သူက ငယ်ရွယ် သူပီပီ ဇွတ်တရွတ်၊ သူ့ဘ၀ တက်လမ်းတွေ ငါ့ကြောင့် ပိတ်ဆို့သွားမှာ သိပ်စိုး ရိမ်ခဲ့ မိတယ်။ ပညာရေးဘက် အလေးပေး နိုင်အောင် ချော့ မော့စည်းရုံးရင်း စိတ်မခိုင်ဘဲ ချစ်ခဲ့မိတာ။ အဲဒီ အချိန်မှာ အမေက ကျောက်ကပ် ရောဂါ နဲ့ ဆေးရုံပေါ် ရောက်နေပြီ။ အမေ့ကို တစ်လျှောက်လုံး အနီးကပ် ကူညီ စောင့်ရှောက် ခဲ့တာ မျိုးထွန်းလေ”

“ဘယ်က မျိုးထွန်းလဲ”
“သူက ပွင့်ဖြူသားပါ။ အဘွား လက်ပေါ်မှာ ကြီးခဲ့ ရတဲ့ မိဘမဲ့။ ငါနဲ့ပွင့်ဖြူ အထက်တန်း ကျောင်းမှာ ခင် ခဲ့တဲ့ သူငယ်ချင်း ဆိုပါတော့။ သူက ငါ့ကို သိပ်ချစ်တယ်။ ငါကတော့ သူငယ်ချင်း အဆင့် ထက် ပိုလို့ မရခဲ့ဘူး။ သူ့ အဘွားက ချမ်းသာတယ်။ ငှက်ပျောခြံ တစ်ခြံ၊ ကုန်စုံ ဆိုင်ကြီး တစ်ဆိုင်နဲ့ ပွင့်ဖြူ-မကွေးလိုင်း ပြေးနေတဲ့ ကား တစ်စီးရှိတယ်။ မျိုးထွန်းက လည်း ကားမောင်း ၀ါသနာ ကြီးတယ်။ ဆယ်တန်းအောင် တော့ ကျောင်းဆက် မတက် ဘဲ ကားပေါ် ရောက်သွား တယ်။ ငါ့မှာလည်း အမေ တစ်ယောက်ပဲ ရှိတာလေ။ အဖေက ငါ လေးတန်း ကျောင်းသူ အရွယ်ကတည်း က ဆုံးခဲ့တာ။ အမေက မင်းဘူး-မကွေးဈေးတွေ အထိ ငှက်ပျောကုန် ကူးတယ်။ မျိုးထွန်းကား နဲ့ကြုံရင် အမေ့ ဆီက ကုန်တင်ခ မယူဘူး။ အခက်အခဲ ရှိရင် ငွေကြေးက အစ ကူညီတယ်။ အမေ အသည်းအသန် ဖြစ်တော့ လည်း အားကိုး အားထား မရှိ တဲ့ အမေ့ကို လူအား ငွေအားနဲ့ အစွမ်းကုန် ကူညီတယ်။ သူ့ အမေရင်း တစ်ယောက် လိုကို ဂရုစိုက်ခဲ့ တာပါ စုမာရယ်”
“အံ့သြစရာ ကောင်း လိုက်တာ”

“အမေ နောက်ဆုံး အခြေအနေ ရောက်မှ ငါ့ကို အသိ ပေးတယ်။ ငါ ရောက် သွားတော့ ဆုံးခါနီးလေး ရက် အလိုပေါ့။ အမေ့အသက်ကို ပြန်လုဖို့ ကြိုးစားရင်း သူ ကုန်ခဲ့တဲ့ငွေမနည်းဘူး။ အမေ ပြောပြမှ ငါသိရတာ။ အမေ ဆုံးတော့ ငါ့ဘ၀ အမှောင်ကျ သွားတယ်။ ကိုယ့်ကိုယ်ကို တောင် သတ်သေချင်စိတ် ပေါက်တဲ့ အထိပဲ။ မျိုးထွန်း က အားမငယ်ဖို့၊ ကျောင်းပြီး အောင် ဆက်တက်ဖို့ ပြော တယ်။ သူ တာဝန် ယူမယ်။ သူ ကူညီသမျှ တွေကိုလည်း စိတ်ထဲမှာ မထား ပါနဲ့တဲ့။ ငါ့မှာ ချစ်သူ ရှိခဲ့ရင်လည်း သူ ကိုယ်တိုင် ဆက်သွယ် ကူညီ ပေးသွားဖို့ အထိ ဆုံးဖြတ်ထား သတဲ့။ သူ့အချစ်မျိုး ကလည်း ရှားပါတယ် စုမာရယ်”
“တကယ့်ကို စွန့်လွှတ် အနစ်နာခံ တတ်တဲ့ လူစားမျိုး ပဲ”

“ဒါကြောင့် နှလုံးသား ကို ဥပေက္ခာ ပြုပြီး ဦးနှောက် နဲ့ ဆုံးဖြတ်ခဲ့ ရတာပေါ့။ မောင်နိုင်ကို ငါ သိပ်ချစ်ခဲ့ တယ်။ ဒါပေမဲ့ သူ့ဘ၀နဲ့ သူ့ အသိုင်းအ၀ိုင်းက သိပ်ကြီး မားလွန်းတယ်။ ငါ့ကြောင့် သူ ဒုက္ခ မရောက်စေ ချင်ဘူး။ နောက်ဆုံး အမေ့အပေါ် တင်ခဲ့ တဲ့ မျိုးထွန်းရဲ့ကျေးဇူးတွေ ကို တတ်နိုင် သလောက် တုံ့ ပြန်ဖြည့် ဆည်းပေးဖို့ ဆုံးဖြတ် ပြီး လက်ထပ် ခဲ့တာ။ ဒါ တောင် သူက အကြိမ်ကြိမ် တားခဲ့ပါ သေးတယ်။ ငါ မပျော်မှာ စိုးသတဲ့။ နင်ကမှ လက်မခံရင် ငါ အသက် မရှင် ချင်တော့ဘူး ပြောမှ လက်ခံ ရှာတာပါ”
“နင်တို့ ကံကြမ္မာက အတော် ဆန်းကြယ်တာပဲ”

“သမီးကိုယ်ဝန် ခြောက် လကျော်ရှိတော့ သူ့ အဘွား ဆုံးတယ်။ အဘွား အမွေ ခံစားခွင့်က အဝေး ရောက် ဦးလေး တစ်ယောက်နဲ့ သူပဲ ရှိတာ။ အဲဒီ ဦးလေးကလည်း သူ့စီးပွားနဲ့ သူတောင့်တင်း သူမို့ သူ့တူ ကိုပဲ အားလုံးလွှဲ ပေးခဲ့တယ်။ သမီးလေးမွေး ပြီး တစ်နှစ်ပြည့်တော့ ဘယ် လို စိတ်ကူးပေါက်တယ် မသိ ဘူး။ ပွင့်ဖြူက ငှက်ပျောခြံ ရော အိမ်နဲ့ဝိုင်းပါ ရောင်းပြီး မင်းဘူးမှာ အိမ်နဲ့ဝိုင်း ၀ယ် တယ်။ အခု ဒီအိမ်နဲ့ ၀ိုင်းပေါ့။ ငါက အဘွားရဲ့ ကုန်စုံဆိုင်ကို ဒီမှာ ပြောင်းဖွင့်တယ်။ သူက မင်းဘူး-မကွေး ကားလိုင်း တိုလေး ၀င်ပြေးတယ်။ ခရီး ဝေးတွေဘာတွေ အော်ဒါ လိုက်တယ်။ ကံဆိုး ချင်တော့ သူ့သူငယ်ချင်း တစ်ယောက် က အကူအညီ တောင်းလို့ အမ်းကား တစ်ခေါက်တက် မောင်းလိုက်တာ Accident ဖြစ်ပြီး ဆုံးရ ရှာတယ်”

“နင့်ဘ၀ အနိဋ္ဌာ ရုံတွေ ချည်းပါလားဟယ်။ တော်ပါ တော့။ စိတ်မကောင်း စရာ တွေ ရပ်လိုက် ကြရ အောင်၊ နင်သာ လက်ခံရင် ရှေ့ဘ၀ ခရီးက ပျော်စရာကြီးပါ ဟယ်”
စုမာ စကား အဓိပ္ပာယ် ကို နွယ်ညို နားလည်ပါ သည်။ သို့သော် နွယ်ညို့ ဘ၀နှင့် နွယ်ညို့ရင်ထဲမှ ဘာသာဗေဒ တချို့ကိုတော့ စုမာ တစ်ယောက် နားလည် ခံစားနိုင် လိမ့်မည် မထင်ပါ။

ထိုနေ့မှ စ၍ သူ့ ယောက်ျား ရုံးပိတ် ရက်တိုင်း မှာ ပုံမှန် ရောက်လာတတ် သည်။ ရံဖန် ရံခါ သူ့အိမ် သား လည်း လိုက်ပါလာ တတ်သည်။ ခုတော့ မကွေး ဘက်ကိုပင် နွယ်ညို မရောက် ဖြစ်တော့။ ဆိုင်အတွက်နှင့် သမီးအတွက်ပါ လိုအပ်သမျှ ကို စုမာနှင့် လည်ပတ်နေ မိသည်။ သမီးနှင့် စကား ပြောစရာ ရှိလျှင် ဘေးအိမ်မှ ဖုန်းဖြင့် အလွယ် တကူ ပြော ဆိုနိုင်သည်။ သမီးနှင့် စုမာ တို့ကလည်း အတော် ရင်းနှီး ကျွမ်းဝင် နေကြပြီ။

“နင်ဆဲချင်လည်း ဆဲပေ တော့။ ငါလေ မောင်နိုင်နဲ့ တွေ့လို့ နင့်ဘ၀ ဇာတ်ကြောင်း ကို နတ်သံနှော ပြလိုက်ပြီ”
“နင့်စိတ်ကူးနဲ့ နင် အရူး ထတာ ထပေါ့။ မျက်နှာပျက် စရာကြုံ လာရင်လည်း ကြား က နင်ပဲ ပျက်ရမှာ နော်။ ပြော လိုက်ပါပေရဲ့”
“ငါတို့ အနုပညာ တစ် ၀က်တစ်ပျက် သမားတွေက ချစ်သူတွေ ပေါင်းစည်းပေး ရတာကို ပျော်တယ်ဟဲ့။ သူ့ Shopping Mall ကြီး ရှေ့လ ထဲ ဖွင့်တော့မယ်။ အမျိုးသမီး ၀န်ထမ်းတွေ ခေါ်လို့ ငါလည်း အရှက် မရှိသွား လျှောက်တာ ပေါ့။ နင့်မျက်နှာက ဘာကြီး သလဲ မမေးနဲ့။ တော်ရုံလူ မရ နိုင်တဲ့ နေရာတောင် ရတာ ဟေ့။ ဟား ဟား ဟား”
“ကောင်မစုတ်၊ အရှက် အကြောက် ကို မရှိဘူး”

“ဟဲ့ ဒီခေတ်ကြီး ထဲမှာ  ငါလို ဘုတ်ဆုံမကို ဘယ် အလုပ်ရှင်က ခန့်မှာလဲ မိနွယ် ချိုရဲ့။ လမင်းလေးတွေ ရောင် စုံကြားမှာ ငါတစ်ယောက်ပဲ ဟဲဗီး မယ်ဒေါ် ပါတယ်။အလုပ်မရှိ ယောက်ျားလုပ်စာ ထိုင်စား နေရတဲ့ ဘ၀က လွတ် ပြီ ကျွတ်ပြီ။ ဒီမယ် မိနွယ်ချို ကွန်ပျူတာ ခေတ်ကြီးထဲမှာ အိမ်တွင်းချည်း အောင်းမနေနဲ့။ လောကကြီး ဘယ်လောက် သာယာ လှပနေတယ် ဆိုတာ လည်း ထွက်ကြည့် ဦးနော်။ နင်သာ အလုပ်လျှောက် လိုက် ရင်လေ ဘယ်သူမှ မဆွတ်ခူး နိုင်သေးတဲ့ အဂ္ဂ မဟေသီရာ ထူးကြီးကို အင်တာဗျူး လွတ် ဇွတ်ဆွဲ ခန့်မှာ ငါ လောင်းရဲ တယ်”
“ငါးပိဖုတ် ကလေးနဲ့ပဲ လူလုပ် နေပါရစေ တော့ မိန်းမ ရယ်”

“နေရာချင်းေ တာင်လဲ လိုက်ချင်သ မှဟာ။ နှစ်ဆယ် ရာစုနှစ်ရဲ့ စံပြ အချစ်လို့ ကမ္ဘာ က သတ်မှတ် ထားတဲ့ ဆဋ္ဌမ မြောက် ဂျော့ဘုရင် အက်ဒ၀ပ်နဲ့ နှစ်ခုလပ် မိန်းမ ၀ါးလေ့စ်ဆင်မ် ဆင်တို့ အဖြစ်လောက် နင် တို့ဘ၀က မဆိုး သေးပါဘူး ဟဲ့။ ကမ္ဘာကြည့် ကြည့် မြင်လိုက်စမ်းပါ။ နင့်သမီး ညိုမာနွယ်တောင် နောက်ဆုံး နှစ် စာမေးပွဲ ဖြေပြီးတာနဲ့ ကျွမ်းပစ် ၀င်နိုင်အောင် ကြိုခန့် လိုက်သေးတယ်။ သိလား”

“ဟင် မိစုမာ.. နင်”
“ဟဲ့ ဘာဖြစ် နေတာလဲ။ နင့်ဘ၀ ဇာတ်ကြောင်းကို မောင်နိုင် သိမှတော့ နင့်သမီး ကိုရော မသိချင်ဘဲ နေပါ တော့မလား။ တည့်အောင် ပေါင်းထားမှ ဖြစ်မယ် ဆိုပြီး အဆောင်ကို သူကိုယ်တိုင် သွားတွေ့တာ။ အခု ညိုမာ နွယ် ဘယ်လောက် အဆင် ပြေနေလဲ သိလား။ အိမ်က ပို့တဲ့ ဟင်းချက် အကြော်အလှော် တွေစောင့်ပြီး ထမင်းစား နေ စရာ မလိုတော့ဘူး။ မမ နွယ်ချို တစ်ယောက်တည်း ပင်ပန်း ဆင်းရဲနေမှာ စိုးသတဲ့။ မမရဲ့ မောင်တော်က လမင်း ထမင်းဆိုင်မှာ ရှယ်ချိုင့် ဆွဲစား စေ။ အဆောင်နဲ့ ကျောင်းကို ဆိုင်ကယ်နဲ့ သွားစေဗျားတဲ့။ ဟား ဟား”
“နင်ဘာတွေ လျှောက် လုပ်နေတာလဲ မိစုမာ။ သမီး သမီးက”

“နင်နဲ့ မောင်နိုင်တို့ရဲ့ ကိန္နရီ ချောင်းခြားဇာတ်ကို ညိုမာနွယ် အကုန်သိ ပြီးပြီ။ ဘာမှ ထိတ်လန့်မနေနဲ့။ သူ ကတောင် အမေနဲ့ ဦးနိုင်တို့ ကို သိပ်သနား မိသတဲ့လေ။ နင့်နောက်ပြန်ဆွဲ ၀ါဒကြီးကို စွန့်လိုက်တော့။ လွတ်လပ် ပွင့်လင်းတဲ့ ခေတ်ကြီးကို ကြို လိုက်တော့။ မောင်နိုင်က လည်း ဒီရက်ပိုင်းမှာ ဟောင် ကောင်ကို ခဏ သွားစရာရှိ နေလို့။ ရှေ့လဆိုင် ဖွင့်ပွဲမှာ မမနွယ်ချို မပါရင် မဖြစ်ဘူး တဲ့တော်ရေ။ သူ ကိုယ်တိုင် အခစား ရောက်လာမှာ။ စိတ် ချထား”

ပျော်ရွှင် ကြွတက်နေ သော စုမာကို ငေးမော ကြည့် နေရင်း နွယ်ညို ဘာပြောရ မှန်းပင် မသိတော့။ အခြေ အနေတွေက လိုက်မမီ အောင် မြန်လွန်း နေသည်။ စုမာ ပြန် သွားပြီး နောက်တစ်နေ့ မနက် တွင် သမီးက ဖုန်းခေါ်သည်။

“အမေ နေကောင်းရဲ့ လား။ သမီးဆီကို တစ် ခေါက်မှတောင် မလာတော့ ဘူး။ အမေ ဘာဖြစ် နေတာ လဲ ဟင်။ အမေ့ကို ပြော မလို့။ သမီး စာမေး ပွဲပြီးတာ နဲ့ ဦးနိုင်ဆီမှာ အလုပ်ဝင်တော့ မယ်နော်။ ပျော်စရာကြီး။ အမေ လာခဲ့ပါဦး။ ဦးနိုင်က အမေ့ကို သိပ်တွေ့ချင် မြင်ချင် နေတာ။ အလုပ်တွေ ကလည်း ရှုပ်လို့”

“အလုပ်အကိုင် အဆင် သင့်ဖြစ်နေတာ သမီး ကုသိုလ်ကောင်း လို့ပေါ့။ အမေ့ဘ၀မှာ မပြည့်စုံ ခဲ့တာ တွေ၊ မရနိုင်ခဲ့ တာတွေ အားလုံး သမီးဘ၀မှာ ပြည့် စုံစေချင်တယ်။ ရစေချင် တယ်။ သမီးဘ၀ တိုးတက် ပျော်ရွှင်နေရင် အမေ ကျေနပ် တာပေါ့။ ဒါပေမဲ့ မဆိုင်တဲ့ လူတွေကို ဒုက္ခ ပေးသလို တော့ မဖြစ် စေချင်ဘူး သမီး”

“ဦးနိုင်က မဆိုင်တဲ့ လူ လား အမေ။ သမီး အားလုံး သိတယ် အမေ။ နားလည်း လည်ပါတယ်။ ဦးနိုင်က ခေတ်မီတယ်၊ ပွင့်လင်းတယ်၊ သမီးကိုလည်း သိပ်အလို လိုက်တာပဲ။ အမေ့ မျက်နှာနဲ့ ကောင်းစား နေတာလေ။ ခစ် ခစ်။ အမေ ရှက် မနေပါနဲ့။ အတွေးလည်း ခေါင်မနေ နဲ့ဦး။ ဦးနိုင်လို လူမျိုးက သိပ်ရှား တယ်”

“တော်တော့ သမီး။ မိစုမာ အရူးထတိုင်း သမီးပါ လိုက်ရူး မနေနဲ့။ မောင်နိုင် ဘယ်လောက် တော်တယ်၊ ကောင်းတယ် ဆိုတာ အမေ သိတယ်။ ဒါပေမဲ့ မိတ်ဆွေ ကောင်း တစ်ယောက် အဖြစ်ပဲ အမေ သတ်မှတ်သွား မယ်။ သမီးဘ၀မှာ ပထွေးဆိုတဲ့ ဝေါဟာရ ဘယ်တော့မှ မရှိ စေရဘူး။ အဲဒါ အမေ့ရဲ့ ခံယူ ချက်ပဲ”

“အမေ တကယ်ပြော နေတာလား ဟင်”
“နှစ်ခါ မပြောချင်ဘူး သမီး။ သမီးလည်း ကိုယ့် အပေါ် ကောင်းတိုင်း အခွင့် အရေး မယူပါနဲ့။ ကိုယ့်စည်း ကိုယ့်ဘောင်နဲ့ တန်ဖိုးရှိအောင် နေထိုင် ဆက်ဆံပါ။ လိုအပ် တာထက် ပိုလာရင် ဘယ် အရာမှ မကောင်းဘူး။ အခွင့် အရေးကြောင့် အကျင့်သိက္ခာ မပျက်စေနဲ့။ အခွင့်အရေး အလျောက် တိုးတက်ရာတိုး တက်ကြောင်း ကြိုးစားပါ။ အမေ ဒါပဲ မှာချင်တယ် သမီး”

အရှိန် အဟုန်ပြင်းပြင်း ပြောင်းလဲနေသော အခြေ အနေတွေ ကြားတွင် အချိန်နှင့် အမျှ နွယ်ညို့ဘ၀ လည်း အထီးကျန် ဖြစ်လာသည်။ စုမာနှင့် အတူ သမီး ညိုမာနွယ် ပါ တဖြည်းဖြည်း ဝေးကွာ သလို ခံစားရသည်။ လကုန် ရန် တစ်ရက် အလိုတွင် မောင်မောင်နိုင်က ဖုန်းခေါ် လာသဖြင့် အံ့သြထိတ်လန့် သွားမိသည်။ ဘေးအိမ် မှ ဖုန်းနံပါတ်ကို တစ်ယောက် ယောက်ထံမှ ရရှိ သွားဟန်တူ သည်။ နွယ်ညို့ထံ သူကိုယ် တိုင်လာ ရောက် တွေ့ဆုံခွင့် တောင်းခံခြင်း ဖြစ်သည်။

“မိတ်ဆွေကောင်း တစ် ယောက်အဖြစ်နဲ့ ဆိုရင် အချိန် မရွေး လာနိုင်ပါတယ် မောင် မောင်နိုင်။ တခြား ရည်ရွယ် ချက် တစ်ခုခု ပါရင်တော့ မ လာစေ ချင်ဘူး။ တစ်ချိန်တုန်း က မမကြောင့် မင်း ရင်ထဲ မှာ ဝေဒနာတွေ ကျန်ရစ်ခဲ့ ရတာကို တောင်းပန် ပါတယ်။ မမက သမီး တစ်ယောက် အမေ မုဆိုးမပါ။ ဒီဘ၀ ဒီခန္ဓာကျမှ မင်း အတွက် ဖြစ် ရမယ်ဆိုရင် မမ တစ်သက် လုံး ယူကျုံးမရ ဖြစ်နေရလိမ့် မယ်။ ခုချိန်အထိ တန်ဖိုး ထားချစ် ခဲ့တဲ့ မင်းကို ကျေး ဇူးတင်ပါတယ်။ အင်မတန် လည်း လေးစားမိ ပါတယ်။ ဒါပေမဲ့...”
“မဟုတ်သေးဘူး မမ။ ကျွန်တော် မမနဲ့ အေးအေး ဆေးဆေး ဆွေးနွေး ပါရစေ။ ကျွန်တော် မမကို ချစ်ခဲ့တာ က”
“မမကို ခွင့်လွှတ်ပါ။ ပြီးတော့ မေ့လိုက်ပါ မောင် နိုင်”

နွယ်ညို ဆက်၍နား ထောင်နိုင်စွမ်း မရှိတော့ သဖြင့် ဖုန်းချ ပစ်ခဲ့သည်။ ထိုနေ့က တစ်နေ့လုံး ရင်ထဲမှာပဲ တိတ် တိတ်လေး ကျိတ်၍ ငိုနေခဲ့ ရပါသည်။
“ကိုယ်လိုချင်တာကို ရအောင် ကြိုးစားတာ လူ့ဘ၀ ပဲလေ။ ဒီခေတ်ရဲ့ လူနေမှုဘ၀ မှာ ပစ္စည်း ဥစ္စာကို အဓိက ထားစဉ်းစား လာကြတာ မြင့် မားလာတဲ့ Living Standart တွေကြောင့်ပေါ့။ ချစ်ခင်မြတ် နိုးမှုတွေ သစ္စာ တရားတွေဆို တာ ဒုတိယ နေရာ ရောက်သွား ပြီ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ၊ ချစ်တာ ပဓာနဆိုတဲ့ စကားကို သိပ်မယုံ ကြတော့ ဘူး။ လက်တွေ့လည်း မကျ တော့ဘူးလေ”

“စကားလုံးတွေ လာ ရွတ်ပြ မနေနဲ့ မိစုမာ။ တည့် တည့် ပြောရတယ်”
“ဟဲ့ ပြောရမဲ့ စကား အတွက် စဉ်းစား ဝေဖန် လက်ခံ နိုင်ဖို့ သဘောတရား လိုတယ် မိန်းမရဲ့။ ငါမလာ ဖြစ်တာက ဖြစ်ပျက်ပြောင်း လဲနေတာတွေကို အမီလိုက် နေရလို့။ ငါထင်ထား သလို နင်နဲ့ မောင်နိုင်တို့ Plot က ဖြစ်မလာ ဘူးလေ။ နင်က နင့် ခံယူချက်နဲ့ နင် နောက်ကို ဆုတ်တယ်။ ညိုမာနွယ်က သူ့အမြင် သူ့အသိနဲ့ ရှေ့ကို တိုးတယ်။ သူဖြစ်ချင် တာကို ဇွတ်ဖန်တီး ယူတယ်။ ဘယ် သူ့ကိုမှ အပြစ် မမြင်ပါဘူး။ ထွေပြား တတ်တဲ့ လူ့သဘာဝ လို့ပဲ မြင်တယ်”

“နင် ပြောနေတာ သမီး ညိုမာနွယ်က”
“အေး နင်က မောင်နိုင် လိုလူမျိုးကို အဆုံးရှုံး ခံနိုင် ပေမဲ့ ညိုမာနွယ်က အဆုံးရှုံး မခံနိုင်ဘူး။ သူ့ဘ၀ အတွက် မောင်နိုင်ဟာ ဘယ်တော့မှ ပထွေး တစ်ယောက် ဖြစ်မ လာနိုင် တော့ဘူးဆိုတာ သေ ချာသွားတော့ နောက်ဖြစ်နိုင် တာတစ်ခုကို ဖန်တီးယူ တယ်။ မောင်နိုင်က သတိနဲ့ ထိန်းပါတယ်။ ဒါပေမဲ့ နင်နဲ့ ပတ်သက်ပြီး ငဲ့ညှာထောက် ထားရမဲ့ အပိုင်းကိုလည်း တာဝန် တစ်ခုလို ခံယူထားသူ ဆိုတော့ လွတ်လွတ်ကင်း ကင်းရှောင် ကွင်းနေလို့ မရ ပြန်ဘူးလေ။ အစကတည်း က သူကိုယ်တိုင် အလိုလိုက် ထားခဲ့တာကိုး။ ဒီတော့...”

“သမီး ဘာတွေ လျှောက်လုပ် နေတာ လဲဟင်”
“အမေ ဘာမှ မပူနဲ့ နော်။ အားလုံး အိုကေပါ တယ်။ ဦးနိုင်ကလည်း သမီး ကို နားလည်ပါတယ်။ အမေ နဲ့ အန်တီစုမာ တို့ကိုတော့ မျက်နှာပူ နေရှာတယ်။ ဒါ လည်း ခဏပါ အမေ။ အား လုံးနေသား ကျသွားမှာပါ”
“နင် မရှက်ဘူးလား ဟင် အရူးမ”

“သမီး မရူးပါဘူး အမေ ရဲ့။ ဦးနှောက်နဲ့ရော နှလုံး သားနဲ့ပါ စဉ်းစား တွက်ချက် ပြီးမှ လုပ်တာပါ။ အမေက လည်း ကိုယ်ပြောခဲ့တဲ့ စကား ကိုယ် မေ့နေ ပြန်ပါပြီ။  အမေ့ ဘ၀မှာ မပြည့်စုံခဲ့ တာတွေ၊ သမီးဘ၀မှာ ပြည့်စုံ စေချင် တယ်ဆို။ အမေ မရနိုင် ခဲ့တာ တွေ သမီးဘ၀မှာ ရစေချင် တယ်ဆို”
“ဟင်”
ဖုန်းခွက်ထဲမှ ခစ်ခနဲ ရယ်သံကြောင့် နွယ်ညို ဆတ်ခနဲ တုန်သွားသည်။

“အမေ ဦးနိုင်နဲ့ စကား ပြောလိုက် ဦးနော်”
နွယ်ညို ဖုန်းမချဖြစ် တော့ပါ။
“မမ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဟို ညိုမာနွယ် ကိုရောပေါ့”
“ဘာအပြစ် ရှိလို့ ခွင့် လွှတ် နေရဦး မှာလဲ မောင်နိုင် ရယ်။ အခု မမ ပြောမဲ့ စကားကို မင်း ရင်ထဲ မှာပဲ ထားနော်။ မင်းနဲ့ မထိုက် တန်တော့တဲ့ မမ နေရာမှာ ထိုက်တန်သူ တစ်ယောက်ကို မွေးဖွားပေး နိုင်ခဲ့လို့ မမ ပျော် ပါတယ်။ သမီး ညိုမာနွယ် ကလည်း မမ ခန္ဓာကိုယ်ထဲ က မမရဲ့ ဒုတိယ အသည်း နှလုံးပါ။ မင်းအပေါ် မမ တင်ခဲ့တဲ့ အကြွေးတွေ ကျေ ပြီနော်”
“ဗျာ”


ဖူးသစ်မော်
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)