အကယ်ဒမီလည်းရ ဘုန်းကြီးလည်းဝတ်တဲ့ ဟိန်းထက်(လယ်ဝေး) PDF Print E-mail
Written by ခင်လေးမြင့်   
Friday, 01 February 2013 17:38
Share |

၂၀၁၁ ခုနှစ် အတွက် ချီးမြှင့်တဲ့ အကယ်ဒမီ ဆုပေး ပွဲမှာ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ် ဆုကို ဟိန်းထက် (လယ်ဝေး)က ရရှိခဲ့ ပါတယ်။

generic cialis without a perscriptioncialis generic vs brand side effects buy generic cialis online
argaiv1852

ဟိန်းထက်(လယ်ဝေး)က ဗီဒီ ယို ဇာတ်ကားပေါင်း ၂၀၀ လောက်ကို တည်းဖြတ် အနေနဲ့ တာဝန်ယူ ဖူးသူ ဖြစ်ပြီး ရုပ်ရှင် ဇာတ်ကား အနေနဲ့ ထာဝရ အလင်းတန်း များ ဇာတ်ကား ကို တည်းဖြတ်သူ အဖြစ် ပထမဆုံး တာဝန်ယူ ခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကား တည်းဖြတ်သူ အဖြစ် ထာဝရ အလင်းတန်းများ ရုပ်ရှင် ဇာတ်ကားကို တာဝန် ယူပေး ဖို့အတွက် ဒါရိုက်တာ ထွန်း အောင်ဇော်နဲ့ ဘယ်လိုလက် တွဲဖြစ် ခဲ့တာလဲ။
ကျွန်တော်က မင်းရုပ် ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးမှာ တည်းဖြတ် အနေနဲ့ တာဝန်ယူ လုပ်ကိုင် နေတာပါ။ကျွန်တော့် ရဲ့ ကျေးဇူးတင် စကား မှာတော့ ကိုမင်းနဲ့ မအိဖြူ တို့ကို မထည့် လိုက်ရဘူး။ ကျွန်တော်နဲ့ ဦးထွန်းအောင်ဇော် တို့က ပျော် စရာအလွမ်း ဗီဒီယိုဇာတ် ကားနဲ့ စတင် ဆုံစည်းဖြစ်တာ ပါ။ ဦးထွန်းအောင် ဇော်က ဇာတ်ကား အပေါ်ကို စေတနာ ထားတယ်။ သူကလည်း ကျွန်တော် Edit လုပ်တာကို သဘောကျတဲ့ အတွက် သူ့ရဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို လည်း တည်းဖြတ် ပေးဖို့ လာပြီး ကမ်းလှမ်း ခဲ့ပါတယ်။ အဲဒီကနေ ဆက်စပ်ပြီး လုပ် ဆောင် ဖြစ်တာပါ။

ထာဝရ အလင်းတန်း များ ရုပ်ရှင် ဇာတ်ကားက ဒရာမာ ဇာတ်ကားဖြစ်တာ ကြောင့် တည်းဖြတ်မှု အပိုင်းအနေနဲ့ ဘယ်လိုနေရာ တွေမှာ ပိုပြီး ဂရုစိုက်ခဲ့ ရလဲ။
ပြောရရင် ကျွန်တော်က ဒရာမာ ဇာတ်ကား တွေကို ဆက်ရတာ ပိုပြီး အားရတယ်။ ပြီးတော့လည်း ဒရာမာ ဇာတ်ကားတွေကို ချစ်တယ်။ အဲဒါကြောင့်မို့ ကျွန်တော်နဲ့ ဦးထွန်းအောင်ဇော်နဲ့ လက်တွဲမိ သွားတာပါ။ ကျွန်တော် ဒီဇာတ်ကားကို ဆက်ရတာ အားရ ခဲ့ပါတယ်။

ဒီဇာတ်ကားနဲ့ အကယ်ဒမီ ရမယ်လို့ရော မျှော်မှန်းခဲ့လား။
ကျွန်တော်က မမှန်းရဲ ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အသစ်လည်း ဖြစ်တယ်၊ နောက်ပြီး ကျွန်တော့်ရဲ့ ပထမဆုံး ဇာတ်ကားလည်း ဖြစ်တဲ့ အတွက် မမှန်းရဲ ပါဘူး။ ပြောရမယ် ဆိုရင် အကယ်ဒမီ ဆုပေးပွဲ ကိုလည်း အခုမှ ပထမဆုံး အကြိမ် ရောက်ဖူးတာပါ။ အဲဒါကြောင့် ဘာမှကို မမျှော်မှန်း ထားပါဘူး။

ရုပ်ရှင် ဇာတ်ကားကြီး အနေနဲ့ နောက်ထပ် တည်းဖြတ်ဖို့ လက်ခံ ထားတာ ရှိသေးလား။
ဟုတ်ကဲ့ ရှိပါတယ်။ ဒါရိုက်တာ ဦးထွန်းအောင်ဇော် ရိုက်ကူးတဲ့ သူရာ ဘီလူး ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို တည်းဖြတ် ပေးထား ပါတယ်။

အကယ်ဒမီ ဆုရရှိတဲ့ အတွက် အမှတ်တရ တစ်ခုခု လုပ်ဖို့ စီစဉ် ထားသေးလား။

အကယ်ဒမီ အမှတ်တရ အနေနဲ့တော့ မဟုတ်ဘဲ ဒီဇင်ဘာ ၃၁ ရက်နေ့ ကတော့ ကိုမင်းမင်းတို့နဲ့ အတူ ဘုန်းကြီး ၀တ်ခဲ့ ပါတယ်။ ပြောရရင်တော့ အကယ်ဒမီ လည်းရ၊ ဘုန်းကြီးလည်းဝတ် ဆိုသလို ဖြစ်သွားတာပေါ့။

 

 


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


ခင်လေးမြင့်
About the author: