ကြယ်ပွင့်လှူမဲ့ ချစ်စနိုးဦး PDF Print E-mail
Written by ခင်လေးမြင့်   
Friday, 01 February 2013 17:32
Share |

၂၀၁၁ ခုနှစ် အတွက် ချီးမြှင့်တဲ့ မြန်မာ့ ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ ရင်ကွဲနာ ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့တဲ့

argaiv1386
argaiv1586

အတွက် ဘ၀မှာ အမှတ်တရ တစ်ခု ဖြစ်သလို ဘ၀မှာ မှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်၊ အရမ်းလည်း ပျော်ပါ တယ်လို့ ချစ်စနိုးဦးက ဆိုပါတယ်။

ရုပ်ရှင် ဇာတ်ကားကြီးမှာ ဒရာမာ ဇာတ်ကား ရိုက်ရတာ စနိုး အတွက် ရှားပါတယ်လို့ ပြောခဲ့တယ်။ အခုတော့ ဒရာမာ ဇာတ်ကား ဖြစ်တဲ့ ရင်ကွဲနာ နဲ့ အကယ်ဒမီ ရတဲ့ အပေါ် ဘာများ ပြောချင်လဲ။
သူတို့ပေးလို့ ဆုရ တာပါ။ ကျေးဇူး အများကြီး တင်ပါတယ်။ စနိုး အတွက် ပထမဆုံး ဆုဖြစ်ပါ တယ်။ ရင်ကွဲနာ ဇာတ်ကား ရိုက်တုန်းက အကယ်ဒမီ အတွက် မျှော်တော့ မျှော်လင့် ခဲ့ပါ တယ်။ မမျှော်လင့် ရဲခဲ့ဘူး ဆိုတဲ့ အပိုင်း ကလည်း ရှိပါတယ်။ မမျှော်လင့် ရဲဘူး ဆိုတာက ကံကောင်းပါ့ မလား၊ ကိုယ့်ထက် တော်တဲ့ သူတွေ ဘယ်သူ တွေများ ပေါ်လာဦး မလဲဆိုတဲ့ အတွေးတွေ စိတ်မှာ အမျိုးမျိုး ပေါ်ပေါက်ခဲ့ ပါတယ်။ အခုတော့ ဆုရ သွားပါပြီ။ ကျေနပ် ပါတယ်။

အကယ်ဒမီ ဆုရ ရှိတဲ့ အတွက် အမှတ်တရ တစ်ခုခု အနေနဲ့ ဘာတွေများ လုပ်ဖို့ စီစဉ် ထားသေးလဲ။
အမှတ်တရ အနေနဲ့ ကတော့ ရွှေစင်ရုပ် ပေါ်က ကြယ်ပွင့်လေးကို အလိုတော်ပြည့် ဆရာတော်ကြီးကို လှူဖို့ မှန်းထား ပါတယ်။ ဆရာတော်ကြီး ကိုလည်း ကျေးဇူး တင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကယ်ဒမီ ပေးပွဲ နီးတဲ့ အချိန်မှာ တပည့်တော် အတွက် ဆုတောင်း ပေးပါလို့ ဆရာတော်ကြီးကို လျှောက်ခဲ့တယ်။ ဆရာတော်ကြီး ကလည်း သေသေချာချာ ဆုတောင်း ပေးပါတယ်။ ဆရာတော်ကြီး ကိုလည်း နှိပ်စက် ရတာပေါ့။ အဲဒါကြောင့် မို့လို့ ဆရာတော်ကြီး လိုအပ်တဲ့ နေရာမှာ ဒီကြယ်ပွင့် လေးကို သုံးပါဆိုပြီး လှူဒါန်း မှာပါ။

ကိုယ့်ရဲ့ပထမ ဆုံးဆု ဖြစ်တဲ့အတွက် အမှတ်တရ အနေနဲ့ ရော သိမ်းမထား ချင်ဘူးလား။
သိမ်းတော့ သိမ်းထား ချင်ပါတယ်။ ဒါပေမဲ့ ကြယ်လေးကိုပဲ လှူတာလေ။ အရုပ်က ရပြီးပြီ၊ နောက်ပြီး အကယ်ဒမီ စာရင်းလည်း ၀င်သွား ပြီဆိုတော့ ကိုယ်သိမ်းထား ရင်လည်း အကျိုး မရှိဘူးလေ။ ကိုယ်ရတဲ့ ဟာလေးကို သူများကို ပေးဝေပြီး လှူရတာ စနိုး အတွက်လည်း ကုသိုလ် ရတယ်။ နောက်ပြီး စနိုးရဲ့ ပရိသတ်တွေ အားလုံး အတွက်လည်း ကုသိုလ် ရမယ် ထင်လို့ လုပ်ဖြစ်တာပါ။

ချစ်စနိုးဦးက အခုတစ်ခါမှာ အမျိုးသမီး ဇာတ်ပို့ဆု အနေနဲ့ ရရှိပေမဲ့ နောင်အခါ များမှာတော့ အမျိုးသမီး ဇာတ်ဆောင်ဆု ရအောင် ကြိုးစား သွားမယ်လို့ ဆိုပါတယ်။ အကယ်ဒမီ ဆိုတဲ့ ဆုကို အိပ်မက်တောင် မမက်ခဲ့ ဖူးဘဲ ဇာတ်ပို့ဆု ရတာနဲ့တင် တော်တော်လေးကို ကျေနပ် ၀မ်းသာ ပီတိ ဖြစ်ရတယ် လို့လည်း ဆိုပါ သေးတယ်။

 

 


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


ခင်လေးမြင့်
About the author: