စောင့်ရတဲ့ အချိန်နဲ့ ရတဲ့ဆု တန်ပါတယ် PDF Print E-mail
Written by ခင်လေးမြင့်   
Friday, 01 February 2013 17:18
Share |

မြင့်ဆောင်နဲ့ စိုးကျော် ဆန်းတို့က ထာဝရအလင်း တန်းများ ရုပ်ရှင် ဇာတ်ကားနဲ့ ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့် တဲ့ အကယ်ဒမီ ပေးပွဲမှာ ဇာတ် ညွှန်းဆုကို ရရှိခဲ့ တာ ဖြစ်ပါ တယ်။

argaiv1047
argaiv1782

ဇာတ်ညွှန်းဆု ရရှိတဲ့ သူနှစ်ဦး ထဲမှ စိုးကျော်ဆန်း က ဇာတ်ညွှန်းရေး တာအပြင် ဒီဇိုင်းနဲ့ ဒါရိုက်တာ အလုပ်တို့ ကိုလည်း လုပ်ဆောင်သူဖြစ် ပါတယ်။ ဇာတ်ညွှန်းဆု အကယ်ဒမီ ရတဲ့ အတွက် ရင် ထဲမှာ ၀မ်းသာ ပျော်ရွှင် ကြည်နူး မိပါတယ်လို့ စိုး ကျော်ဆန်းက ဆိုပါတယ်။

ထာဝရ အလင်းတန်း များ ရုပ်ရှင် ဇာတ်ကား အတွက် ဇာတ်ညွှန်းကို နှစ် ယောက်တွဲ ရေးဖြစ် ခဲ့တာ သိ ချင်ပါတယ်။
နှစ်ယောက်တွဲ ရေးဖြစ် တာက ကျွန်တော့် အနေနဲ့ အမြင်လေး နှစ်ခုရှိတယ်။ ဇာတ်ညွှန်းရေး ဆရာနှစ် ယောက် တစ်ယောက်နဲ့ တစ် ယောက် အမြင်မတူတဲ့ ရှုထောင့် တွေ ရှိတယ်။ ဦးမြင့်ဆောင်နဲ့ ကျွန်တော်က လူငယ်နဲ့ လူကြီး ဖြစ်နေတယ်။ လူငယ်နဲ့ လူကြီး နှစ်ယောက်၊ နှစ် ယောက်ကြားမှာ ဒါရိုက်တာ ဦးထွန်းအောင် ဇော် ရှိနေတယ် ဆိုတော့ သူ့အနေနဲ့ ပိုပြီး ပြည့် စုံအောင် အတွက် ရွေးချယ် တယ်နဲ့ တူတယ်။ ကျွန်တော် တို့ကတော့ ကျွန်တော်တို့ ဘာသာ ရွေးချယ်ခွင့် မရှိပါ ဘူး။ ဒါရိုက်တာက သာလျှင် ရွေးချယ် တာပါ။

ဒါရိုက်တာ ထွန်းအောင် ဇော်က နှစ်ယောက်တွဲ ဇာတ် ညွှန်းသုံးမယ် လို့ပြောတဲ့ အချိန် မှာ ကိုစိုးကျော်ဆန်း ဘက်က ဘာမှ မပြောခဲ့ ဘူးလား။
ကျွန်တော်နဲ့ အစ်ကိုက ညီအစ်ကို လိုဖြစ်နေတော့ သူခိုင်းသမျှ ကျွန်တော် ကလည်း လုပ်ပါတယ်။ အဲဒီအတွက် ဘာမှ မတွေးမိဘူး။ အမှန်အတိုင်း ပြောတာ။

ဒါရိုက်တာလည်း လုပ်တဲ့သူ အနေနဲ့ ဇာတ်ညွှန်းနဲ့ အကယ်ဒမီ ရတော့ ဇာတ်ညွှန်း ရေးတဲ့ အပိုင်းကို ပိုမြတ်နိုး မိသွား မလား။
အနုပညာနဲ့ ပတ်သက်တဲ့ နေရာတိုင်းကို ချစ်တယ်။ ကျရာ ဇာတ်ရုပ်ပါပဲ။

အကယ်ဒမီကို ဒါရိုက်တာ အနေနဲ့ ထပ်ယူချင် သေးလား။
ရတဲ့နည်းနဲ့ တစ်ခုခု နဲ့တော့ ရအောင် ယူဦးမှာပါ။

ထာဝရ အလင်းတန်းများ ဇာတ်ကား အတွက် ဇာတ်ညွှန်း ရေးတဲ့ အခါ ဦးမြင့်ဆောင်နဲ့ ညှိနှိုင်း ငြင်းခုံခဲ့ ရတာတွေ ရှိခဲ့ သေးလား။
မရှိပါဘူး။ ဒီကားလေးရဲ့ ထူးခြားမှု တွေက အဲဒါတွေ တော်တော် များပါတယ်။ အားလုံး ညီညွတ်မှု ရှိတယ်။ တက်ညီ လက်ညီ ရှိတယ်။ နောက်ပြီး ဒီဟာက လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကျော် ကတည်းက မျှော်လင့်ထား ခဲ့တဲ့ အရာ ဖြစ်နေတယ်။ ဒီစကားကို ကျလိကျ လိနဲ့ သိပ်ပြော ချင်ပါတယ်။ အဲဒီလောက်ထိ စောင့်နေရတဲ့ အချိန်တွေဟာ ဒီနေ့မှ မြင်ခဲ့ရ တာပါ။ စောင့်ရတဲ့ အချိန်နဲ့ ရတဲ့ ဆုနဲ့ ထိုက်တန်တယ်လို့ ယူဆ လိုက်ပါတယ်။

နှစ်ယောက်ပေါင်း တစ်ဆု ရတဲ့အတွက် ဆုကို ဘယ်သူ့အိမ်မှာ၊ ဘယ်မှာ ထားမှာလဲ။
နှစ်ယောက် တစ်ဆုဖြစ်တဲ့ အတွက် ပြဿနာ မရှိပါဘူး။ ဆုအတွက် နောက်ထပ် အိမ်တစ်လုံး ၀ယ်လိုက်ရင် ဖြစ်မယ်နဲ့ တူတယ်။ ဦးမြင့်ဆောင်က အခုတောင်မှ ဆုကို လက်ထဲ ထိုးထည့် သွားတယ်။ ဘာပြော ရမှန်းတောင် မသိတော့ ပါဘူး။

 


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


ခင်လေးမြင့်
About the author:
Last Updated on Friday, 01 February 2013 17:30