|
Written by ခင်လေးမြင့်
|
|
Friday, 01 February 2013 00:19 |
ဒါရိုက်တာ ထွန်းအောင် ဇော်က ထာဝရ အလင်းတန်း များ ရုပ်ရှင် ဇာတ်ကားနဲ့ ၂၀၁၁ ခုနှစ် အတွက် ချီးမြှင့် တဲ့ အကယ်ဒမီ ပေးပွဲမှာ ဒါရိုက်တာ ဆုကို ရရှိခဲ့ပါ တယ်။
argaiv1727
ဒါရိုက်တာ ထွန်း အောင်ဇော်က အကယ်ဒမီဆု ကို သိမ်းပိုက် လိုက်နိုင်တဲ့ အတွက် ရင်ထဲမှာ အပျော်တွေ ပဲ ရှိနေ ခဲ့တယ်လို့ ဆိုပါတယ်။
ထာဝရ အလင်းတန်း များ ရုပ်ရှင် ဇာတ်ကားရိုက် ကူးစဉ် ကတည်းက အကယ် ဒမီများ မှန်းခဲ့ သေးလား။ မမှန်းခဲ့ ပါဘူး။ စလုပ် ကတည်းက အလုပ် တစ်ခုကို ကောင်းအောင် လုပ်မယ်ဆို ပြီး လုပ်ခဲ့ တာပါ။ အလုပ်ကို လုပ်တဲ့ အခါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ မဖြစ်တောင်မှ စိတ်ပါ လက်ပါတော့ အမြဲ လုပ်ပါတယ်။
ရုပ်ပြဇာတ်လမ်း တစ်ခု ကို ရုပ်ရှင် ရိုက်ဖို့ ဇာတ်ညွှန်း ရေးတဲ့အခါ ဇာတ်ညွှန်းရေး ဆရာ နှစ်ယောက်ကို ရေးစေခဲ့ တာကရော ဘယ်လိုကြောင့် များလဲ။ စိုးကျော်ဆန်းက ရေး လိုက်၊ ဦးမြင့်ဆောင်က ရေး လိုက် မကျေနပ်နဲ့ ပြန်ဖျက် လိုက်နဲ့ ရေးရင်း ရေးရင်း နဲ့ သူတို့လည်း အကောင်းဆုံးဖြစ် အောင် ရေးသွား ကြတယ်။ အကောင်းဆုံး ဖြစ်အောင် လုပ် သွားကြတယ်။ သက်သက် အထင်ကြီးအောင် ရေးတာ မဟုတ်ပါဘူး။ ကိုယ့်လူတွေ က ကိုယ်လုပ်တဲ့ အခါမှာ ၀ိုင်းဝန်း ကူညီပံ့ပိုး ကြတဲ့ သဘော ပါပဲ။ သူတို့ကလည်း ငွေရေး ကြေးရေးထက် တကယ် အလုပ်လုပ် ပေးချင်တဲ့ သဘောပါပဲ။ စင်ပေါ်မှာ ကျေးဇူးတင် စကား ပြောတဲ့အခါ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကိုလည်း ထည့်ပြောသွား တယ်နော်။ အဲဒါက လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းက သူက ကိုထွန်းရေ ဒီဇာတ်လေးက ခင်ဗျား ရိုက်ရင် လိုက်မယ် ဆိုပြီး သူရှာ ပေးခဲ့တာ။ ကိုမိုးကြိုးနဲ့ လည်း သူဆက်သွယ် ပေးခဲ့တာ။ သူက အပေါင်းအသင်း စိတ်ဓာတ်နဲ့ ကူညီခဲ့တာ။ အဲဒါကြောင့် သူ့ကို ကျေးဇူးတင် တယ်လို့ ပြောခဲ့ တာပါ။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းက ဇာတ်လမ်းကို ဒီအချိန်မှ ရိုက်ဖြစ်ခဲ့ တာကရော။ ရိုက်ဖို့က ပြောင်းတယ်။ ကံမစပ်ဘူး လို့ပဲ ပြောရ မလားပဲ။ ရှင်းရှင်း ပြောရရင် ရိုက်မယ်ဆိုတဲ့ ပရိုဂျူဆာ တွေက ကျွန်တော် ဒီလို ရိုက်မှာတွေ၊ ဒီလိုလုပ်မှာ တွေကို ကြောက်ပြီး မရိုက် ဖြစ်တာလည်း ပါပါတယ်။ ဒါတွေ လုပ်မယ်ဆို သူတို့ ကုန်ကျမှုတွေ ရင်းနှီး ရမှာတွေ၊ ပြန်မရ နိုင်တာတွေ မြင်တဲ့ အတွက် ကျွန်တော်နဲ့ ရိုက်မယ်လို့ တည်ပြီးမှ လွဲသွား ကြတာ တွေပါ။
ရိုက်ချင်လို့ ၁၅ နှစ် လောက် သိမ်းထားတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီ ရတာ စောင့်ရတဲ့ အချိန်နဲ့ ယှဉ်ရင် တန်တယ်လို့ ထင်လား။ စောင့်ရတာက ၁၅ နှစ် ပါ။ ကျွန်တော် ကြိုးစားခဲ့ ရတာက နှစ် ၄၀ ပါ။
အဲဒီတော့ တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစား အားထုတ်မှု အရာထင် တဲ့အတွက် နောင်ကိုလည်း အခွင့်အရေး ရမယ် ဆိုရင် ဒီထက် ကြိုးစား အားထုတ် သွားမှာ ပါလို့ ဒါရိုက်တာ ထွန်းအောင်ဇော်က ဆိုပါတယ်။

ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
ခင်လေးမြင့် |
| About the author: |
| | |