တဏှာကြိုက်တဲ့ အမိုက်တွေမှာ အဟိုက်မပြေ ပင်ပန်းရှာကြလေး PDF Print E-mail
Written by ညီငယ်လေး   
Friday, 01 February 2013 00:04
Share |

တူးဆွ ရမှာက ကျွန်တော့် အလုပ် ဖြစ်သည်။

cialis cialisdiscount generic cialis buy viagra online usa canadian pharmacy cialis
argaiv1336

အလုပ်၏ သဘော သဘာဝ အရ ညောင်မြစ်တူး ရပါသော်လည်း ပုတ်သင်ဥ ပေါ်ခဲ့သော် အပိုဆု ဟုသာ မှတ်ယူရ ပါလိမ့်မည်။ နက်သထက် နက်အောင် တူးနိုင် ဆွနိုင်ပါမှ သတင်းကောင်း တစ်ပုဒ်အဖြစ် မဂ္ဂဇင်း၊ ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြခံ ရမည် မဟုတ်ပါလား။

ဒီနေ့ ကျွန်တော် တွေ့ဆုံမေးမြန်း(Interview) ရမည့် အကြောင်းအရာက ကျွန်တော့် သတင်းသမား ဘ၀ တစ်လျှောက်တွင် အတွေ့အကြုံ သစ်တစ်ခု ဖြစ်နိုင်သည်။ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်နိုင်သလို ပရိသတ် အကြိုက်ဆုံး သတင်းတစ်ပုဒ် လည်း ဖြစ်သွား နိုင်သည်။ အခန့် မသင့်လျှင် ကျွန်တော့် ကလောင်သည် ပါပါ ရာဇီ (သတင်းမုဆိုး) တစ်ယောက် ဖြစ်သွားနိုင်သည်။ ထို့အတူ ဘာမဆို ဖြစ်သွား နိုင်လောက် အောင် လောင်းကြေး ကြီး လွန်းလှသည်။ သို့သော် ဆုံး ဖြတ်ချက်ကို ပြန်ပြင်ရန် အကြောင်းမရှိ။ အနက်ဆုံး တူးရန်နှင့် အသိမ်မွေ့ဆုံး ဖော် ထုတ်ဖို့ရန်သာ အရေးကြီး သည်။ မည်သူ တစ်ဦးတစ် ယောက်မျှ ထိခိုက် နစ်နာလို စိတ် မပါစေရ။
ဒီတစ်ပွဲမှာတော့ လက် စွဲတော် ကင်မရာကိုဖြင့် အနား ပေးထား ရပါလိမ့်မည်။

ဘ၀တစ်ခု၏ နိဂုံး၊ ဘ၀ တစ်ခု၏ နိဒါန်း
ဒီဘ၀အထိ ရောက် မလာခင်မှာ ညီလေး ဖြတ် သန်းခဲ့ရတဲ့ မိသားစု ဘ၀ ကနေ စပြောပါလား။
ကျွန်တော့်ကို ဧရာဝတီ တိုင်း ဒေသကြီး ဘိုကလေး မြို့နယ်ထဲက မိန်းမလှကျွန်း မှာ မွေးဖွား ခဲ့ပါတယ်။

သြော် ဒါကြောင့် ငါ့ ညီက မိန်းမများနဲ့ အကျိုး ပေးတာ ထင်ပါရဲ့။
အကျိုးပေး မပေးတော့ မသိဘူး။ ခုတော့ တော်တော် စိတ်ညစ် နေရတယ်။ ဓာတ် ပျက်နေပြီလို့ ပြောရမှာပဲ။ ပွင့်  ပွင့်လင်းလင်း ပြောရရင် ဒီအလုပ်ကို စလုပ် လုပ်ချင်း တုန်းကတော့ သာယာ မိသလို ရှိခဲ့ပါ တယ်။ အခုတော့ ကြေး ရှင် တစ်ယောက်နဲ့ တွေ့ပြီး တိုင်း ကျွန်တော့်ရဲ့အသွေး အသား တစ်လွှာ ကွာကျသွား ပြန်ပြီလို့ပဲ ခံစား နေရ ပါတော့ တယ်။ မြှုံးမိတဲ့ ငါးလိုပါပဲ ဗျာ။ ပြီးတော့ ကိုယ့်ကိုယ် ကိုလည်း ရွံရှာမိ သလိုလို၊ ရှက်မိ သလိုလို၊ အားငယ် မိသလိုလို လိပ်ပြာ မသန့်ဖြစ်ရ တယ်။

ဟိုးထား ညီလေး။ သိပ်အရှေ့ ရောက်လွန်းသွား ပြီ။ နောက်ပြန် လှည့်ကြရ အောင်။ ညီလေး ခုနပြောတဲ့ ကြေးရှင်ဆိုတာ ဘာလဲ။ ပြီး တော့ ဒီဘ၀ကို စတင် ခြေချ မိပုံလေး ပြောပေါ့။
ဟုတ်ကဲ့၊ ကြေးရှင်ဆို တာ ကျွန်တော်တို့ လောကမှာ ဖောက်သည် တွေကို ခေါ်တာ ပါ။ ဘူဇွာ လို့လည်း ခေါ်ကြ တယ်။ အဲဒီ ငွေကြေးတွေက နှစ်ဦးနှစ်ဖက် မျော့သွားစေ လောက်တဲ့ အကြောင်း အရင်း တွေပဲ။ ထားပါ တော့။ ကျွန်တော့် ဘ၀ အကြောင်းကို စပြော ရရင် ကျွန်တော် သိပ် ဖြစ်ချင် ခဲ့တာက အင်ဂျင်နီ ယာပါ။ ဒါကြောင့် ဆယ်တန်း အောင်တော့ GTC တက်ခဲ့ တယ်။ မအူပင် မှာပေါ့။ GTC ဒုတိယနှစ် ဖြေအပြီးမှာ အဖေ လည်းဆုံး၊ လယ်လည်း ဆုံးရ တဲ့ အဖြစ်ဆိုးကို ကြုံခဲ့ရ တယ်။ အဖေ မရှိတော့တဲ့ မိသားစုမှာ နောက်ဆုံးမျှော် လင့်ချက် ဆိုလို့ ကျွန်တော်ပဲ ရှိတော့တာ ဆိုတော့ လမ်းမ ကျယ်ကြီး ဆီကနေ လမ်း ကျဉ်းလေးထဲ တိုးဝင်ခဲ့ ရတာ ပေါ့။ အတိုချုပ် ပြောရရင် အလုပ် အကိုင် အခွင့်အလမ်း မရှိတဲ့ မြစ်ဝကျွန်း ပေါ်ရဲ့ကျွန်း တစ်ကျွန်းေ ပ်ါကနေ ဦးလေး ရှိရာ ရန်ကုန်ကို အလုပ်လုပ်ဖို့ ရွက်လွှင့် ခဲ့တယ် ဆိုပါတော့။ လက်သမား ဆရာ ဦးလေးရဲ့ ကြည့်ရှုစောင့် ရှောက်မှုနဲ့ လက်သမား ဆရာ ဖြစ်လာ ခဲ့တယ်။ ဒီလိုနဲ့ တစ်နှစ်ခွဲ လောက်ကြာတော့ တော်ရုံ ကိစ္စ ဦးလေး မျက်နှာလွဲလို့ရ လာတယ်။ တစ်နေ့မှာ အငြိုး ကြီးလွန်း လှတဲ့ ကံကြမ္မာက ဒီထက် ပိုကျဉ်း ကျပ်တဲ့ လမ်းကျဉ်းလေး ထဲကို မောင်း သွင်းပေး လိုက်ပြန်တယ်။ ကျွန်တော် ရန်ကုန် ရောက်လာ တဲ့ တစ်နှစ်ခွဲ အတွင်း ကျန် ခဲ့တဲ့ မိသားစုက အကြွေးတွေ ၀ိုင်းပြီး အိမ်ပေါ်က တောင် ဆင်းပေး ရတော့မဲ့ အနေ အထား ရောက်နေပြီ။ အခက် ခဲဆုံး အချိန်တွေကို ကျော်  ဖြတ်ဖို့ အခွင့် အရေး တစ်ခုရ ခဲ့ပါတယ်။ ဗီဒီယို မင်းသမီး တစ်ယောက်ရဲ့ အိမ်နောက်ဖေး မီးဖိုချောင်ကို ပြင်ပေးဖို့ အလုပ် ရခဲ့တာ။ နာမည်တော့ မပြော တော့ပါဘူး။ သူက ဇာတ်ပို့ မင်းသမီး တစ်ယောက် ပါ။ မှတ်မှတ်ရရ သင်္ကြန် ရက်ကြီးဗျ။ ကျွန်တော်က ဘောင်းဘီ အတို၊ အပေါ်ပိုင်း ဗလာကျင်းနဲ့ ရွေပေါ်ထိုးနေ တုန်းမှာ သူ့အိမ်ကို ဧည့်သည် အမျိုးသမီးကြီး တစ်ယောက် ရောက်လာတယ်။ အမျိုး သမီးကြီးက ချမ်းသာပုံရ တယ်။ ကျွန်တော့်ကို ဟိုမေး ဒီမေး မေးတယ်။ သူတို့ချင်း လည်း တီးတိုး ပြောကြတယ်။ ဧည့်သည် အမျိုးသမီးကြီး ပြန်သွားတော့ မင်းသမီးက ကျွန်တော့်ကို စကားတစ်ခွန်း ပြောလာတယ်။ ကုသိုလ် လည်းရ ၀မ်းလည်း ၀တဲ့ အလုပ်မျိုး လုပ်မလားတဲ့။ ယောက်ျားတိုင်း မရနိုင်တဲ့ အခွင့်အရေး တစ်ရပ် လို့လည်း ပြောသေးတယ်။ လုပ်ရမဲ့ အလုပ်ကို ကြားတော့  ကိုယ့် နား ကိုယ်တောင် မယုံဘူး။ ယောက်ျား တန်မဲ့ ရှက်လိုက် တာဗျာ။ ဒါပေမဲ့ သူပေး လိုက်တဲ့ ငွေကြေး ပမာဏက အပြီး အစီးကို ဂဏန်း ၆ လုံး ပမာဏ ဖြစ်နေတော့ နောက် ပြန်လှည့်လို့ မရနိုင်အောင် အဆီ တ၀င်းဝင်းနဲ့ ဖြစ်နေတယ်။ ဆန့်ကျင်ဘက် လိင် တို့ တွေ့ကြပြီ ဆိုတဲ့ အခါမှာ တစ်ဦးက ငွေလမ်းခင်း လာပြီ ဆိုရင် လိုအပ် နေတဲ့ နောက် တစ်ဦးက သွေးသားနဲ့ လျှောက်ရတာပဲ မဟုတ် လား။ သူက ကျွန်တော့်ကို “သူငယ်”လို့ ခေါ်လိုက်တဲ့ အသံကို အခုထိ နားထဲက မထွက်ဘူး။ ကျွန်တော် တို့လို သူတွေကို ဒီလောကမှာ သူငယ် လို့ ခေါ်ကြတယ်။ ပွဲစားကို ကျတော့ ဂျိတ်(ချိတ်) လို့ ခေါ်တယ်။

ဒါဆိုရင် ဖွင့်ပွဲ အတွေ့ အကြုံကို ပြောပြ နိုင်မလား။ အခုမေးခွန်းက အလွတ် သဘော မေးတာပါ။
ရပါတယ်။ ပြောချင်လို့ ပြောနေတာပဲ ဥစ္စာ။ တကယ့် ဖြစ်စဉ်က ဈေးကွက် မ၀င် ခင်မှာ စမ်းသပ်မှု အနေနဲ့ ဂျိတ် မင်းသမီး ဆီမှာ ၀င်ခွင့်အရင် ဖြေရတယ်။

သြော် အဲလိုကြီးလား။ ဘာကြောင့်များ ပါလိမ့်။
ဒါက ဒီလို ရှိပါတယ်။  သူတို့ လက်ထွက် သူငယ် တစ်ယောက်ဟာ ဈေးကွက် မှာ ယုံကြည် စိတ်ချစွာ သုံး နိုင်ဖို့ အာမခံချက် ရှိရတယ် လေ။ အခြား အကြောင်း တွေ လည်း ရှိဦး မှာပေါ့။ သူငယ် တစ်ယောက်ဟာ တန်းမ၀င်၊ စံမမီလို့ မရဘူး။ ဘူဇွာတို့၊ ကြေးရှင်တို့ အကြိုက် ရှိသင့် ရှိထိုက်တဲ့ အရည် အသွေး တွေနဲ့ တတ်သင့် တတ်ထိုက် တဲ့ ဖျော်ဖြေရေး ပညာရပ်တွေ ကို သင်ပြပေးတဲ့ အစီအစဉ် ဆိုလည်း မမှားဘူး။

ဟုတ်ပါပြီ။ တကယ့် ပွဲကြီး အတွေ့ အကြုံဆီ သွား ကြရအောင်။

သူငယ်တော်ဘွဲ့ ခံယူရရှိခြင်း
အဆင့်မြင့် ဟိုတယ်ကြီး တစ်ခု၏ အခန်း တစ်ခန်းထဲမှ  အိစက် ညက်ညောလှစွာ သော နှစ်ယောက် အိပ် ရေမြှုပ် မွေ့ရာကြီးပေါ်တွင် သူငယ် တစ်ယောက် မလှုပ် မယှက် ထိုင်နေသည်။ ခြေဖျား လက် ဖျားများက သူ့ရှေ့မှ အအေး ငွေ့ပြန်နေသော ဘီယာ ပုလင်း ထက်တောင် ပိုအေးစက်နေ သလိုပင်။ ပုလင်းထဲမှ နောက်ဆုံး လက်ကျန် ဘီယာ များကို ဖန်ခွက်ထဲသို့ လောင်း ထည့်လိုက်စဉ် နှလုံးသွေးများ ကပါ ဗလောင် ဆူလျက် အမြှုပ်တစီစီ ထလာကြပါ သည်။ သူ့ သွေးတွေများ ဖန် ခွက်ထဲသို့ ရောက်ရှိသွား လေသလား။ အလန့်တကြား ကြည့်မိ လိုက်သည်။ ထိုခဏ မှာ သူ့ကိုယ်သူ ပျောက် ကွယ်သွားချင် စိတ်များ ကြီး စိုးလာ တော့၏။ ဘီယာခွက် ကို စားပွဲပေါ် ချထားလိုက်ပြီး သက်ပြင်း တစ်ချက်ရှိုက် လိုက်မိသည်။

သူ၏ မျက်ဝန်းအိမ် ထောင့်စွန်း ထဲတွင် ကြေးရှင် မမက သူ့လှုပ်ရှားမှု မှန်သမျှ ကို မမှိတ်မသုန် စိုက်ကြည့် နေမှန်း သိနေသည်။ ကြေးရှင် မမ၏ ခန္ဓာကိုယ် တစ်နေရာ ဆီမှ သူ့ဆီသို့ သင်းပျံ့စွာ တိုးဝင်လာ သော စတော် ဘယ်ရီ သီးရနံ့က လမ်းညွှန်ဆိုင်း ဘုတ်ပမာ ဆုံချက်တစ်နေရာ ဆီသို့ ညွှန်ပြနေ သယောင် ရှိပါသည်။ တစ်ခုခုဖြင့် အစ ပျိုးရ ပေတော့မည်။ ဘယ်က စရင် ကောင်းမလဲ။ ဂျိတ်မင်း သမီး၏ တစ်ဆင့်ပြီး တစ်ဆင့် (Step by Step)သင်ကြား ပို့ချ ချက်များလည်း ဘယ်ရောက် လို့ ဘယ်ပျောက် ကုန်ပြီမသိ။ မှတ်မိတာ ဆို၍ အစကောင်းမှ အနှောင်း သေချာသည် ဆို သော စကားတစ်ခွန်း ရယ်ပါ။ အစကောင်းအောင် ဘယ် ကစရင် ကောင်းမလဲ။ ထိုစဉ် ကြေးရှင် မမဆီမှ စိတ်မရှည် သံ ထွက်ပေါ် လာ၏။

“ဟေ့ ချာတိတ် ဘာ ထိုင် လုပ်နေတာလဲ။ က သိုဏ်းရှုနေ တာတော့ မဟုတ် ပါဘူးနော်”
သူ ပြုံးပြ လိုက်သော အခါ အပြုံးထဲမှာ အရှက်တွေ ပါသွား ပုံပေါ်သည်။
“မမက နားလည်ပေး တတ်တဲ့ သူမို့ အရေး မယူတာ နော်။ ပြီးတော့ မင်းက အသစ်လေး လည်း ဖြစ်လို့။ ရှက်တယ် ဆိုတာ အချိန်ဖြုန်း တာသက်သက် ပဲကွဲ့။ စီးက ရက် တစ်လိပ်လောက် မီးညှိ ပေးပါလား”
သူက စီးကရက် တစ် လိပ်ကို မီးညှိ ပေးလိုက်သည်။ ကြေးရှင် မမက အားပါးတရ ရှိုက်သွင်း၍ မီးခိုး ငွေ့များကို သူ့မျက်နှာဆီ ညင်သာစွာ မှုတ်ထုတ် လိုက်ရင်း စူထွက် လာသော နှုတ်ခမ်း တစ်စုံဆီ မှ-
“နဖူးက ခြေဖျားထိ အောင် ချစ်တယ်ဆိုတဲ့ အချစ် ကို ဘယ်လိုမျိုး သဘော ပေါက်လဲ”
မေးခွန်း တစ်ခုက စိန် ခေါ်သံ တစ်ခု အဖြစ် သူ့ဆီ ရောက်လာ ခဲ့ပါပြီ။ သူရှာဖွေ နေသော အချစ်ဝင် ပေါက်ဆီ သို့ ဖျတ်ခနဲ တိုးဝင်လာသော အလင်းတန်း တစ်ခု။ ထို အလင်းတန်း တစ်ခုက သူတို့ နှစ်ဦး ခန္ဓာကိုယ် ပေါ်မှာ ရစ် ၀ဲ နေလေပြီ။ တဖြည်းဖြည်း ရစ်ပတ်မှု စက်ဝိုင်းဝန်းက ပို၍ ကျဉ်းမြောင်း လာကာ အပြာ ရောင် မြူနှင်းငွေ့ များအဖြစ် ပြောင်းလဲသွားပြီး သည့် နောက်တွင် ပျာယာ ခတ်နေ သော အသက်ရှူ သံများ အကြားမှ-

“အား အင့် မင်းသိပ် တော်တယ်။ အလား အလာရှိ တဲ့ သူငယ်တော် တစ်ယောက် ပဲ။ မမက ဂုဏ်ကျက် သရေရှိ စွာနဲ့ ပျော်ချင်တာ ဆိုတော့ မင်းကို အမှတ်ပြည့် ပေးလိုက် ပြီ”
သူ ရေချိုးခန်း ဆီမှ ပြန် ထွက် လာပြီးနောက် ရေခဲ သေတ္တာထဲမှ Brand’s ကြက် ပေါင်းရည် တစ်လုံးကို ဖောက် သောက်လိုက်၏။ ကြက် ပေါင်းရည်၏ ညှီစို့စို့ အနံ့က သူ့ခန္ဓာကိုယ် အနှံ့အပြားဆီ သို့ ပျံ့နှံ့ရောက် ရှိလာသည်။ ဇွတ်အတင်း မျိုချ လိုက်ရ၍ ထင့် ချက်ချင်း ပြန်ကန်တက် လာသော လေချဉ်၌ မသတီ စရာ အနံ့ အသက်များ ရော ထွေးထွက် ပေါ်လာသည်။ တစ်သက်နဲ့ တစ်ကိုယ် နဖူး တွေ့၊ ဒူးတွေ့ ရရှိ ခံစားလိုက် ရသော သိမ်ငယ်မှု တစ်ခု။ ထိုသိမ်ငယ်မှု သည် နာတာ ရှည် ရောဂါဆိုး တစ်ခုအဖြစ် တစ်ဘ၀လုံး စာအတွက် ခြိမ်း ခြောက်နေတော့ မည်လားဟု လည်း စိုးရွံ့ ထိတ်လန့် လာမိ သည်။ သို့သော် ဖြေဆည်ရာ တစ်ခုတော့ ရှိပါသေး၏။ ကိုယ်တိုင် ရွေးချယ် ပိုင်ခွင့် မရှိ သော ယောက်ျားတစ်ယောက် ဘ၀မှာ ကိုယ့်ဘ၀ အတွက်၊ ကိုယ့် အနာဂတ် အတွက်၊ ကိုယ့်ကို ထွက်ပေါက် ပေးမဲ့ တစ်စုံတစ်ရာ အတွက် တန်ဖိုးတွေ၊ ဂုဏ်သိက္ခာတွေ ကို လတ် တလောမှာ အခြေ အနေ အရ ခေတ္တခဏ ခေါက် သိမ်းထားပြီး နောင်တစ်ချိန် မှာ ထုတ်ပြနိုင် ခွင့်ရဖို့သာ ကြိုးစား ရပါ လိမ့်မည်။

ရေချိုးခန်း တံခါးချက် ပွင့်သွားသံနှင့် အတူ အဖြူ ရောင်တဘက်ကို ရင်ရှားပတ် ၍ ထွက်လာသော ကြေးရှင် မမကို တွေ့လိုက်သည်။ ကြေးရှင် မမက သူ့ဘေး ခုတင်စောင်းမှာ တင်ပါးလွှဲ ထိုင်လိုက်ပြီး သူ့ကို ရွှန်းရွှန်း စားစား စိုက်ကြည့် နေပြန်၏။ မျက်ဝန်း အစုံက သားကောင် ကို ညှို့ယူ နေသော စပါးကြီး မြွေတစ် ကောင်လို သူ့ဆီမှ တစ်စုံ တစ်ရာကို ၀ါးမျိုလို ဟန်အပြည့်။ သို့မဟုတ် သွေး စုပ်ဖုတ်ကောင်၏ မွတ်သိပ်မှု မျိုးလည်း ဖြစ်နိုင်သည်။ သူ့ အတွက် ပွဲဦးထွက် ကံကောင်း သည်မှာ ကြေးရှင် မမ၏ နေ ၀င်မီးငြိမ်း လုလု လက်ကျန် အလှတရား များက သူ့လိုငယ် ဖြူတစ်ယောက်ကို အလွယ် တကူ ဆွဲဆောင်နိုင် ခြင်းပင် ဖြစ်သည်။ ကြေးရှင် မမက သူ့နံဘေးနားသို့ အသာတိုး ကပ်လာစဉ်-
“မမက ဘယ်မှာနေတာ လဲဟင်”
“ပြောရဦးမယ်။ မမမှာ ဥပဒေ တစ်ခု ရှိတယ် သိ လား”
သူရုတ်တရက် ကြောင် အမ်းအမ်း ဖြစ်သွားသည်။

“ဘာလဲဆိုတော့ မင်း မမေးရ တို့ မပြောရ ဥပဒေ”
“သြော် ဒီလိုလား”
“အဲယားကွန်းက လည်း အေးလိုက် တာနော်။ သွေး တွေတောင် ခဲကုန်ပြီ ထင် တယ် ဟင်း ဟင်း”
“ကျွန်တော် လျှော့လိုက် မယ်လေ”
“နိုး နိုး အဲလို မလုပ်ရ ဘူး ချာတိတ်ရဲ့။ သွေးခဲ မတတ်အေးတဲ့ အခါ ကျင့်သုံး ရမဲ့နည်းက အက်စကီးမိုး လူမျိုး တွေလို ခန္ဓာ ကိုယ်ချင်း ပူး ပေါင်းရတယ်။ Body Heat လို့ခေါ်တယ်။ သိပလား”
စကား အဆုံးမှာ သူ့ ခန္ဓာကိုယ် အပေါ် ပိကျလာ သော ကြေးရှင် မမ၏ ခန္ဓာ ကိုယ်နှင့် အက်စကီးမိုး ကျင့် စဉ်အတိုင်း လိုက်ပါ စီးမျော၍ အချစ်နတ်သမီးထံ နောက် တစ်ကြိမ် အခစား ၀င်ရောက် ခဲ့ပြန်သည်။

သူ နိုးထ လာတော့ ကြေးရှင် မမက ပြန်ရန် အသင့်ဖြစ်နေပြီ။ စလင်း ဘက် အိတ်ထဲမှ အသစ်စက် စက် တစ်ထောင်တန် အုပ်ကို ထုတ်လိုက်ပြီး အလယ် တည့် တည့် နံပါတ်စဉ် ၅၀ မှ ဖြုတ် ၍ သူ့ဆီ ကမ်းပေးသည်။

“ရော့ ဒါက ရတောင့် ရခဲ အချစ်အတွက် အချစ်မုန့် ဖိုး။ အားမွေး ထားလိုက်ဦး။ နောက်အပတ် ထဲမှာ တွေ့ မယ်”
သူ့လက်ထဲတွင် တဖျပ် ဖျပ်လွင့် ကျန်ခဲ့သော တစ် ထောင်တန် ငွေစက္ကူများကို ကြည့်ကာ ဂျိတ်မင်းသမီး ပြောခဲ့သော မိန်းမတစ် ယောက်နဲ့ တွေ့တိုင်းမှာ ထီ တစ်စောင် ထိုးတယ်လို့ မှတ် ပါဟူသော သြ၀ါဒကို ပြန် လည် ကြားယောင်မိပါ၏။

မိမိမှာ ရှိသော တန်ဖိုး တစ်ခုနှင့် မိမိ လိုအပ်သော တန်ဖိုး တစ်ခုကို လဲလှယ် လိုက်ရ သောအခါ ရရှိခဲ့သော တစ်စုံ တစ်ရာအတွက် အနည်း ငယ်သော ကျေနပ် နှစ်သိမ့်နိုင် မှုတော့ ကျန်ခဲ့ သင့်ပါသည်။ သို့ပါသော်လည်း ငွေစက္ကူ များနှင့်အတူ သူရရှိခဲ့သော သိမ်ငယ်မှုများ၊ မလုံခြုံမှုများ၊ လိပ်ပြာမသန့်မှုများ၊ တန်ဖိုးမဲ့ မှုများက သူ့ဘ၀ကို အနား သတ်ပေး လိုက်ပြီလားဟု သံသယ ကြီးစွာ ဖြစ်ရပါ တော့သည်။

သူ လွှင့်ပစ်လိုက်မိ သော အရာများထဲတွင် သိင်္ဂီ ရွှေခွက် မှားပါ သွားပြီလား ဆိုသော အတွေးကိုဖြင့် ဖျောက်ဖျက်၍ မရတော့ပါ။
ထိုနေ့ကစ၍ မှန်ကြည့် မိလိုက်သည့် အခါတိုင်း ဟောင်းလောင်း ပေါက်ကြီး ဖြစ်နေသော ခန္ဓာကိုယ် ကိုသာ မြင်တွေ့ နေရ ပါတော့သည်။

သွေးနှင့်ရေးသော ဒဿန
ခုထိ ညီလေး တွေ့ခဲ့ဖူး သမျှ ကြေးရှင်တွေ ဘူဇွာတွေ က ဘယ်အရွယ်တွေများ သလဲ။
အရွယ်ကတော့ စုံပါ တယ်။ အများအားဖြင့် ၅၀ ကျော် အရွယ်တွေပေါ့။ ၆၀ လောက်လည်း ရှိသလို၊ တက္ကသိုလ် ကျောင်းသူနဲ့ တောင် တွေ့ခဲ့ဖူးတယ်။ အလုပ်တော့ မဖြစ် ခဲ့ပါဘူး။

ဟုတ်လား။ ဘုရား.. ဘုရား ဒါမျိုးတွေ တကယ် ဖြစ်နေပြီလား။
တကယ် ပြောတာပါ။ ကျွန်တော့် ဖုန်းနံပါတ်ကို ဘယ်ကရလဲ မသိပါဘူး။ သူတို့ လှမ်းခေါ်တာနဲ့ တစ် နေရာမှာ ချိန်းတွေ့ကြတော့ ဒုတိယနှစ် တက်နေတဲ့ ကောင် မလေး ၃ ယောက်ဖြစ်နေ တယ်။ ကျွန်တော်နဲ့တွေ့ တော့ တုန်တုန် ယင်ယင် ဖြစ် နေကြတယ်။ တကယ့် တကယ် တွေ့ကြပြီ ဆိုရင် အခန်းထဲ ပတ်ပြေး နေကြတာ မျိုးပါ။ ဒါနဲ့ ကျွန်တော်က သူတို့ကို တရားပြပြီး ဆုံးမ လွှတ်လိုက် ရတယ်။ ခေတ် ကြီးက ဘာတွေဖြစ် နေပြီလဲ မသိပါဘူးဗျာ။

ကိုယ်တော့ ကိုယ့်နား ကိုယ် မယုံနိုင်တဲ့ အဖြစ်တွေ ကြားလိုက်ရ တာပဲ။ ဒါနဲ့ ဘူ ဇွာတွေ ကြေးရှင်တွေ ကြိုက် တဲ့ အရွယ် ကရော ဘယ် အရွယ်တွေလဲ။
၂၅-၃၅ အကြား အရွယ် တွေပဲ။ ငယ်လွန်း ရင်လည်း မကြိုက် သလို၊ ကြီးသွားရင် လည်း မကြိုက်ချင် တော့ဘူး။

ခန္ဓာဗေဒ အရ ယောက်ျားနဲ့ မိန်းမ မတူညီ တဲ့အတွက် နေ့တိုင်းတော့ အလုပ်ဖြစ်မယ် မထင်ဘူး။ ဟုတ်ရဲ့လား
သိပ်ဟုတ် တာပေါ့။ အနည်းဆုံး ၃-၄ ရက်တော့ အနားယူ ရပါတယ်။ လိုအပ် ရင် ဆေးဝါးကူ ရတယ်။

ကြေးရှင်တွေက ညီ လေးရဲ့ စွမ်းဆောင်ရည် အပေါ် မှာ စောဒကတက် လာခဲ့ သော်....။

ဒါမျိုးက ရှားပါတယ်။ သူတို့ ကျေနပ်တဲ့ အထိ ကြိုး စားပေး ရမှာ ကျွန်တော်တို့ တာဝန်လေ။ Customer is always right စားသုံးသူ အမြဲ မှန်တယ် ဆိုတာ ကျွန်တော်တို့ လောကမှာ တကယ်လက် တွေ့ကျင့်သုံး ရတာ။ အချို့ သောကြေးရှင် တွေဟာ လဲ သေချင်စရာ ကောင်းလောက် အောင် ဆိုးဝါးလွန်းပါတယ်။ ဒါပေမဲ့ အရွေးချယ်ခံ ဘ၀ တွေမှာ ရွေးချယ် ပိုင်ခွင့်ဆို တာ ဘယ်တုန်းက ရှိဖူးလို့လဲ။

ညီလေးရဲ့ ဘ၀ ဒဿန က ဘာလဲ။
အစ်ကိုရေ ဆင်းရဲတယ် ဆိုတာ ကျက်သရေကို တုံး တယ်။ တိရစ္ဆာန် တွေဟာ အစာကြောင့် ပျက်စီးကြရ တယ်။ လူတွေကရော တိရစ္ဆာန်တွေ ထက် ဘာသာ လို့လဲ။ အူမ မတောင့်ရင် သီလစောင့် နိုင်ဖို့ဆိုတာ ဘယ် မလဲ။ ငတ်မွတ်ခြင်း ကို ဘယ် သတ္တ၀ါမှ ကြာကြာ မခံနိုင် ပါဘူး။ ဒီနေရာမှာ ပေးတဲ့ လက်နဲ့ ယူတဲ့ လက်ဟာ အနိမ့် အမြင့် မတူဘူး။ ပေးမှ မြင့် တာ၊ ပေးဖို့ဆိုတာ ကလည်း ရှိဖို့ လိုတာပေါ့။ ချမ်းသာခြင်း ဟာ မင်္ဂလာ တစ်ပါးပါပဲ။ စိတ်ကောင်း ရှိခြင်းက အမွန် မြတ်ဆုံးပေါ့။

ညီလေးမှာ ချစ်သူရှိ လား။
မိန်းမလှ ကျွန်းကလာ လို့ မိန်းမနဲ့ အကျိုးပေးတယ် လို့ အစ်ကို ပြောဖူးတယ်နော်။ အခုထိတော့ ကျွန်တော့်ကို ၀ယ်သုံးတဲ့ မိန်းမသာ ရှိတာ ပါ။ ချစ်တယ် ဆိုတဲ့ မိန်းမ မရှိသေးပါဘူး။ ကျွန်တော်က အိပ်ရုံအိပ် ပြီး ထားပစ်ခဲ့ ရမဲ့ ယောက်ျား မျိုးလားမှ မသိ တာ။ ဘုန်းကံတွေလည်း မရှိ တော့ဘူး ထင်ပါတယ်ဗျာ။ ကျွန်တော့် ကိုယ်စောင့်နတ်က တော့ ကျွန်တော့်ကို ကျိန်ဆဲ နေလောက်ပြီ။ အတုတွေ ကြားထဲ မှာပဲ ကျင်လည်နေရ တော့ အစစ်က မလာနိုင် တော့ပါဘူး။ လူတစ်ယောက် ဆီကို အချစ်ဆိုတဲ့ အရာ ရောက်လာဖို့ဆိုတာ ထိုက်တန် မှုတစ်ခု ရှိဖို့တော့ လိုပါလိမ့် မယ်။ အသွေး အသား ရှိရုံနဲ့ တော့ အချစ်က နေပျော်မှာ မဟုတ်ဘူး။

ညီလေး အလိုချင်ဆုံး အရာက...။
ပြောရရင် ဘာကိုမှ မမျှော်လင့်ရဲ လောက်အောင် ပါပဲ။ ကိုယ့်မှာ ရှိပြီးသား တန်ဖိုးတွေ ကိုတောင် ဖျက် ဆီးခဲ့ရတဲ့ သူတစ်ယောက်က ရှိမလာသေးတဲ့ အရာတွေကို မျှော်လင့်ဖို့ ဆိုတာ စိတ်ကူးဖို့ တောင် မသင့်ဘူး။ ဒါပေမဲ့ လို့ပေါ့။ နောက်ဆုံး လက်ကျန် အခွင့်အရေး လေးများ ရှိသေး တယ်ဆိုရင် ဒီထက်ကောင်း တဲ့ ဘ၀တစ်ခု ကို ရင်ဆိုင်ရဲ အောင်ချစ်တဲ့ အချစ်မျိုး၊ ဖြစ် ချင်တာ တွေဖြစ်နိုင်သေး တယ်လို့ ယုံကြည် ရတဲ့ အချစ် မျိုးကို တစ်ကြိမ်တစ်ခါ လောက်တော့ ပေးလှည့်ပါ လို့ တောင်းခံချင်ပါတယ်။

ညီလေး ဆန္ဒပြည့်ဝပါ စေလို့ အစ်ကို လှိုက်လှိုက် လှဲလှဲ ဆုတောင်း ပေးပါတယ်။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ ကျေးဇူးပါ အစ်ကို။

လက်မှတ်ထိုး လိုက်ပြီ ဆိုသည်နှင့် အင်တာဗျူး တစ်ခု၊ ဆောင်းပါး တစ်ပုဒ် နိဂုံးချုပ် သွားစမြဲ။ သို့သော် ယခု တစ်ပုဒ်မှာ တော့ဖြင့် အရေးကြီးဆုံး အပိုင်းက ကျန် သေးသည်။

ဆောင်းပါး ခေါင်းစဉ် ကို နာမည် ဘယ်လိုပေးရ မလဲ။
ကြီးမား ကျယ်ပြန့်လာ သော လိုအပ်ချက် များက လူတန်းစား အသစ်များကို မွေးဖွား ပေးလိုက်သည်ဟု ဆိုပါမူ ငွေကြေး ဥစ္စာဆာ လောင်မှု၊ တဏှာ ဆာလောင် မှုများ ကြီးမား ကျယ်ပြန့်နေ သေးသရွေ့ အစစ်အမှန် တန် ဖိုးများ ဆက်လက် ကျဆင်း နေကြဦးမည်မှာ မလွဲပါ။

သွေးစုပ်လိုသော ကြေး ရှင်များနှင့် သွေးထုတ် ပေးနေ ရသော သူငယ်များလည်း ရှိနေကြ ရဦးမည်သာ။
ဆောင်းပါး၏ ခေါင်း စဉ်ကို ချရေး လိုက်သည်။
သူငယ်တစ်ယောက်၏ သွေးမြစ်များ (A Gigolo’s Rivers of Blood)


ညီငယ်လေး
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)