|
Written by ခင်လေးမြင့်
|
|
Thursday, 31 January 2013 23:07 |
၂၀၁၁ ခုနှစ်အတွက် ကျင်းပတဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲလည်း အောင်မြင်စွာ ပြီးဆုံး သွားခဲ့ပါပြီ။
argaiv1315
ထူးချွန် ဆုကို ဘယ်သူတွေက ရသင့်တယ်၊ ဘယ်သူကတော့ မရသင့်ဘူး ဆိုတဲ့ အသံ တွေလည်း ထွက်ပေါ်လာ ခဲ့ပါတယ်။ အကယ်ဒမီ ဆုကို အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု နဲ့ရရှိတဲ့ မယ်လိုဒီ ကိုလည်း အမျိုးမျိုး ဝေဖန်ခဲ့ ကြပါတယ်။ မယ်လိုဒီက အကယ်ဒမီ ပေးပွဲ မတိုင်ခင် ကတည်းက အကယ်ဒမီ အတွက် မမျှော်လင့်ပါ ဘူးလို့ ဆိုခဲ့ပါတယ်။ ထာဝရ အလင်းတန်းများ ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ မယ်လိုဒီ ကိုရော ထာဝရ အလင်းတန်းများ ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်သူ များကိုပါ တချို့သော သူတွေ က ဝေဖန် ပြောဆို ကြပါတယ်။ လူတိုင်း၊ လူတိုင်းမှာ ချစ်တဲ့သူ တွေ ရှိသလို မုန်းတဲ့ သူတွေ လည်းရှိကြ ပါတယ်။ ချစ်ရင် အကျိုး မုန်းရင် အပြစ် ဆိုတဲ့ စကားလိုပါပဲ။ “ချစ်တဲ့ နေရာမှာ တောင် အမျိုးမျိုးရှိ ကြတယ်။ တချို့ဆိုရင် ချစ်တဲ့ စိတ်နဲ့ ခွင့်လွှတ်ပြီး မသိလို့ လုပ်မိတာ ပါလို့ ပြောတယ်။ နောက်ဆုံး သိသိကြီးနဲ့ လုပ်တဲ့ လူတွေရှိ တောင်မှ သြော် သူက ငယ်သေးတော့ စမ်းကြည့် တာပါ။ ခွင့်လွှတ် လိုက်ပါ၊ ချစ်တာကိုး၊ ချစ်တော့ ကြံဖန် ပြီး ခွင့်လွှတ် တာ၊ မချစ်တော့ ကြံဖန်ပြီး အပြစ်မြင် မှာပဲလေ ဖြစ်တတ်ပါတယ်။ ဘယ်သူ့ ကိုမှ အပြစ် ပြောလို့ မရဘူး လေ။ ကိုယ်ကိုယ်တိုင်က လည်း ပါဝင် မိရက်သား ဖြစ် သွားပြီ။ ကိုယ်က ရိုက်မိသွား ပြီ။ ကိုယ်က ရပြီး သွားပြီဆို တော့လေ၊ ရိုက်ပြီးလို့ ရပြီး သွားလို့လည်း ဒီလိုတွေ ဖြစ် လာတာပေါ့။ မရိုက် ထားဘူး။ မရဘူး ဆိုရင်လည်း ပြောစရာ လည်း မရှိ၊ ဖြစ်စရာ လည်း မရှိဘူး။ ဖြစ်ပျက်ပြီး သွားတဲ့ အရာ ဆိုတော့လည်း မဆန်း ပါဘူး။ လောကကြီးက မဆန်းပါဘူး၊ ဖြစ်တတ်ပါ တယ်”လို့ မယ်လိုဒီက ထာဝရ အလင်းတန်းများ ဇာတ်ကား နဲ့ အကယ်ဒမီ ရရှိမှု အပေါ် ဝေဖန် ပြောဆို မှုများနဲ့ ပတ် သက်ပြီး ပြောပြ ပါတယ်။
မယ်လိုဒီက မျှော်လင့် ထားတဲ့ အရာတွေ မဖြစ်တတ် တဲ့အတွက် ဘယ်အရာကိုမှ မျှော်လင့်ချက် မထားပါဘူး။ အကယ်ဒမီ ကိုလည်း မျှော် လင့်ပြီးမှ မရရင် ခံစားရမယ် လို့လည်း အရင်က ပြောခဲ့ဖူး ပါတယ်။ အကယ်ဒမီ ရရှိမှုနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုမှု တွေ ခံရမယ်လို့ ကြိုတွေး ထားတဲ့ အတွေးများ ၀င်ခဲ့ သေးလား ဆိုတာနဲ့ ပတ်သက် ပြီး မယ်လိုဒီက “မျိုးမျိုးက အဲဒီလို ဖြစ်နေကျပဲ။ သိပ် တော့ မထူးဆန်း ပါဘူး။ ဓားခုတ်ရာ လက်လျှိုတယ်။ မုန့်ဝေရင် မပါဘူး။ တုတ် ဝေရင် ပါတယ်။ မျိုးမျိုး Miss Romanson ရတုန်း ကလည်း အဲဒီလိုပဲ။ Romanson တုန်း ကလည်း ခါးနံပါတ် ၅၁။ အဲဒီတုန်း ကလည်း ဘယ်သူ့မှ မသိဘူး။ ဒါရိုက်တာ စင်ရော် မောင်မောင် ဆိုတာ အဲဒီကျမှ ပထမဆုံး မြင်ဖူးတာ။ မမေခ လာတို့၊ အန်တီ ဆွေဇင်ထိုက် တို့ကို အရှင်လတ်လတ် အဲဒီ ကျမှ မြင်ဖူးတာ။ ဘယ်သူ့မှ မသိဘူး။ အဲဒါတောင်မှ ပွဲက လုပ်ကြံ ပွဲကြီးပါလို့ အအော်ခံ ရတယ်။ လုပ်ကြံပွဲ ဟုတ် လား၊ မဟုတ်လား ဆိုတာ အဲဒီ အချိန်မှာ ပြိုင်ခဲ့တဲ့ သူတွေ ရှိပါတယ်။ ဒီအချိန်မှာ မယ်လိုဒီ ဘယ်နေရာ ရောက် လဲဆိုတာ ကြည့်ပြီး ဆုံးဖြတ် လို့ရတယ်။ မျိုးမျိုးက မောက် မာတာ မဟုတ်ပါဘူး။ ဒါက ဘုရား ပေးတာပဲ။ အခုရတယ် ဆိုတာ ကလည်း မျိုးမျိုး ခံယူ ထားတာက မျိုးမျိုးချစ်တဲ့ သူတွေ ရှိတယ်။ သူတို့ ဆု တောင်းပေးတဲ့ ချစ်ခြင်း မေတ္တာ တရားက အေးမြ တယ်။ ဒီဟာကို လိုချင်တယ် ဆိုပေမဲ့ သူတို့တွေက ရစေ ချင်တဲ့ စိတ်နဲ့ ဆုတောင်းပေး တဲ့ဟာက မတော် လောဘ စိတ်နဲ့ ဆုတောင်း ပေးတာ မဟုတ်ဘူး။ သြော် သူ့ကို တော့ ရစေချင်တယ်။ သူ နားသွားတယ်။ ကျန်တဲ့ သူတွေကတော့ ဆက်သွား ရင် ရနိုင် သေးတယ်။ သူက တော့ နားသွားပြီ ဆိုတဲ့ အတွက် ဘာပဲ ဖြစ်ဖြစ် အမှတ် တရ ဖြစ်ပါတယ်။ မယ်လိုဒီ ကို ရစေချင် လိုက်တာ ဆိုပြီး Facebook မှာ အဲဒီလို ဆု တောင်း ပေးကြတာပါ။ ဘယ်သူနဲ့ ယှဉ်လိုက်ရင် တို့ မင်းသမီးက ရရမယ် ဆိုပြီး ဘယ်သူမှ ဆုတောင်း ပေးတာ မဟုတ်ဘူး။ အရမ်း ရိုးစင်း တယ်။ ရိုင်းရိုင်း စိုင်းစိုင်း လည်း တစ်ယောက်မှ မပြော ကြဘူး။ ဘယ်သူ့ကို ကျော် ရမယ် ဆိုတာ မျိုးလည်း မရှိ ဘူး”လို့ ဆိုပါတယ်။ မယ်လိုဒီက အကယ်ဒမီ ရပြီး အနုပညာ အလုပ်တွေ ပြန် မလုပ်ဘဲ အနားယူ သွားတာ ဟာ အနိုင်ပိုင်း လိုက်တယ်လို့ လည်း ပြောကြ ပါတယ်။ အဲဒီ စကားနဲ့ ပတ်သက်ပြီး မယ်လိုဒီ ဆက်လက် ပြောပြ တာက “မျိုးမျိုး တခြားလူ တစ်ယောက်ကို အနိုင်ယူဖို့ တစ်ခါမှ မစဉ်းစားခဲ့ ဖူးဘူး။ တခြားသူ မပြောနဲ့ မနေ့ကနဲ့ ဒီနေ့ ကိုယ့်ကိုယ်ကို တောင် မပြိုင်ဘူး။ မနေ့ကနဲ့ ဒီနေ့ ကိုယ့်ကိုယ်ကို ပြိုင်တယ်လို့ ပြောကြ တာတွေ ရှိတယ်။ နောက်ပြီး အကယ်ဒမီ ရသွား လို့လည်း မျိုးမျိုးအတွက် မထူးဆန်း ပါဘူး။ လူတစ် ယောက် ၀မ်းနည်းတာကို မြင် ပြီး ငါဆု ရတယ်၊ ငါကျေနပ် တယ်၊ ငါအားလုံးကို နိုင် သွားပြီ ဆိုပြီး မျိုးမျိုး ပျော် မယ် ထင်လို့လား။ မျိုးမျိုး မပျော်ပါဘူး။ ကိုယ်ကသာ ရ လိုက်တာ၊ တခြားလူက စိတ် ဆင်းရဲတာ မြင်ပြီး ကိုယ် လည်း တော်တော် စိတ်ဆင်းရဲ တယ်။ သူတစ်ပါး စိတ်ဆင်း ရဲတာကို ကြည့်ပြီး မျိုးမျိုး မပျော် တတ်ဘူး။ ရှင်းရှင်း ပြောရရင် မျိုးမျိုး ဆုရတာကို Appreciate ဖြစ်တဲ့ သူရှိတယ်၊ မဖြစ်တဲ့ သူရှိတယ်။ မျက်နှာ တွေကို ကြည့်တာ နဲ့ကို သိပါ တယ်။ မျိုးမျိုးလည်း အသက် ၃၀ ရှိပြီ ဆိုတော့ ငယ်ငယ်တုန်း ကလိုမျိုး သူက တော့ ငါ့ကို လိုတယ်၊ သူက တော့ ငါ့ကို မလိုဘူး ဆိုတာ မျိုး လိုက်ပြီး ခံစား မနေတော့ ဘူး။ ဒါပေမဲ့ ဘာဖြစ်လဲဆို တော့ အဓိကမှာ ဖြေသာတာ တစ်ခု ရှိတယ်။ နောက်ဆုံး ဆန်ခါတင်မှာ နှစ်ယောက်ပဲ ရှိတော့ တယ်ဆိုတဲ့ အချိန်မှာ စိတ်ထဲမှာ ဘယ်လို ဖြစ်လဲဆို တော့ သူတစ်ယောက်တည်း ခံစား လိုက်ရတယ်။ အဲဒီ အပေါ်မှာ မျိုးမျိုးလည်း မျှဝေ ခံစား လိုက်တယ်။ သူများ စိတ်ဆင်းရဲ ရတဲ့ အခါ ကျတော့ မျိုးမျိုးလည်း မပျော်ဘူး။ အိမ်က လူတွေကို မေးကြည့် ပါ သိပါတယ်။ ငါကတော့ ဖြင့် ဘယ်သူ့ကို နိုင်လိုက်ပြီး ငါရခဲ့ပြီ ဆိုပြီး မဖြစ်ပါဘူး။ စိတ်မကောင်းဘူး။ ဒီနေ့ လည်း ဘုရားကျောင်း မှာပြော ဖြစ်ပါတယ်။ တစ်ယောက် ယောက် ခံစားနေတာ မြင်ရင် စိတ်မကောင်းဘူး။ ဒါပေမဲ့ ဘာတစ်ခု ကောင်းလဲ ဆိုတော့ ဇာတ်ကားပေါင်း များစွာဆိုရင် မင်းသမီးပေါင်း မြောက်မြား စွာဖြစ်လိမ့်မယ်။ အခု အပြောင်းအလဲ ဖြစ်တဲ့ အချိန် မှာဇာတ်ကား ကလည်း နည်း တယ်။ ပေးစရာ လူကလည်း ရှားတယ်။ အဲဒီထဲမှာမှ နှစ် ယောက်ထဲက တစ်ယောက်ရ သွားတယ်။ နို့မို့ဆိုရင် မင်း သမီး မြောက်မြားစွာ ထဲကဆို ရင် မျိုးမျိုး ဒီထက် ခံစားရဦး မှာ။ ဆုတောင်း မေတ္တာပို့သ သံတွေလည်း ဒီထက် ပိုကြား ရဦးမှာ။ အခုဆိုရင် အိမ်က လူတွေ မေးကြည့်ပါ။ မျိုးမျိုး ရဲ့ အကယ်ဒမီ အရုပ်ကိုတောင် ဘယ်နားမှာ လဲလို့ ပြန်မေး နေ တယ်။ သက်မဲ့ ဘယ်အရာ မဆို မျိုးမျိုးရဲ့ စိတ်ကို လှုပ် ရှားအောင် မလုပ်နိုင် ပါဘူး။ ချစ်ခြင်း မေတ္တာက လွဲပြီးတော့ မျိုးမျိုးရဲ့ စိတ်ကို ဘယ်အရာ မှ လှုပ်ရှားအောင် မလုပ်နိုင် ပါဘူး။ မျိုးမျိုးရဲ့ စိတ်က ပျော့ ပါတယ်။ အဲဒါကို ပျော့ညံ့ တယ်ပဲပြောပြော၊ ခံစားလွယ် လိုက်တာ ဘ၀ကို အရှုံးပေး တယ်ပဲ ပြောပြော ရတယ်။ ခံ လိုက်မယ်။ သူလည်း သူ ကြိုးစား တာပဲ။ လူတိုင်း ကြိုး စားကြတယ်။ ရှင်းရှင်းပြော ရရင် သူတို့ပြောတာ ထိုက် တန်၏၊ မထိုက်တန်၏ ဆိုတာ နောက်ဆုံးမှာ မျိုးမျိုးနဲ့ အထိုက် တန်ဆုံးက မျိုးမျိုးကို ဆု တောင်းပေး နေတဲ့ လူတွေရှိ တယ်။ သူတို့ရဲ့ မေတ္တာတရား ကြောင့် မျိုးမျိုး ရသွားတာပါ။ ဒီဇာတ်ကားကို စရိုက် ကတည်း က အကယ်ဒမီ ရဖို့ဆိုပြီး လုပ် ခဲ့တာ မဟုတ်ပါဘူး။ ဒါရိုက် တာ ဦးထွန်းအောင်ဇော်က လည်း မျိုးမျိုးကို အရမ်းခိုင်း ခဲ့တယ်။ ခိုင်းတဲ့ အခါမှာ လည်း ဒီအတိုင်းပဲ ရိုးရိုး လုပ်ခဲ့တာ။ အဲဒီကားရိုက် တော့လည်း ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ပါးပါး လုပ်ခဲ့တာ။ ဆရာ ဦးဝင်းငြိမ်းနဲ့ အင်တာဗျူး လုပ်တဲ့ အခါမှ ပိုပြီး သိလာ ရတာက ဇာတ်ပို့၊ ဇာတ်ဆောင် ဆိုပြီး ထုတ်လုပ် သူတွေက တင်တဲ့ အပေါ်မူ တည်တယ် ဆိုတာ သိလာရ တယ်။ ချစ်စနိုးဦးက တကယ် ဆိုရင် ဇာတ်ဆောင် ဆိုပြီး ရသင့်တယ်။ အမှန် အတိုင်း ပြောရရင် မျိုးမျိုး တစ်ခုမှ နားမလည်ဘူး။ ငယ် ငယ်ကတည်းက ပြိုင်တာမျိုး ကို စိတ်မ၀င် စားဘူး။ ပျော့ ညံ့တယ်ပဲ ပြောပြော၊ ခပ်ညံ့ညံ့ မိန်းမလို့ပဲ ပြောပြော ပြိုင် တာကို စိတ်မ၀င်စားဘူး။ ပူ လောင်တဲ့ ဟာကိုလည်း မျိုး မျိုး မကြိုက်ဘူး။ အိမ်ပြန်လာ ရင် ပျော်နေမယ်လို့ အားလုံး က ထင်ထား ကြတာ။ မျိုးမျိုး မပျော်ပါဘူး။ လုပ်မိတာ အပြစ်လား၊ ရိုက်မိတာ အပြစ် လားဆိုပြီး တွေးမိ ပါတယ်။ မျိုးမျိုး ဆုရတိုင်း မတရားရ တာဆိုပြီး အပြော ခံရ တယ်။ Romanson ဘေဘုတ် ကြော်ငြာ တက်တော့လည်း အပြောခံ ရ တယ်။ အဲဒီ ကြော်ငြာ အတွက်လည်း ကိုယ်ကိုယ်တိုင် ဓာတ်ပုံ ခ အစစ အရာရာ အကုန်ခံပြီး ရိုက်ခဲ့ တာပါ။ အဲဒီတုန်းက လည်း အပြောခံ လိုက်ရတာ ရစရာကို မရှိဘူး။ အခုလည်း အဲဒီလိုပဲ။ အကယ်ဒမီက နတ်ကြီး တယ်တဲ့။ မျိုးမျိုးတို့ မှာတော့ ရှင်းရှင်း ပြောရရင် နတ်မရှိဘူး။ ဘုရားပဲ ရှိ တယ်။ ဘုရားမှ လွဲပြီး ဆု တောင်း စရာ မရှိဘူး ဆိုတာ ပဲ ဖြစ်ပါတယ်။ လူတိုင်းက အကောင်း ဆုံးကို မျှော်လင့် ကြပါတယ်။ ရတဲ့ဆုက ထိုက်တန် တယ်လို့ အားလုံး က သတ်မှတ် ကြပေမဲ့ အခု မယ်လိုဒီ ရတဲ့ ဆုကတော့ မထိုက်တန် ဘူးလို့ သတ်မှတ် ခံရ ပါတယ်။ မျိုးမျိုး ရည်း စားထားတာ ကအစ ထိုက်တန် ၏၊ မထိုက်တန်၏ စဉ်းစား တယ်။ စားတာ၊ သွားတာက အစ ငါ အကောင်းဆုံး မှရမယ်။ ငါ အကောင်းဆုံး ယူမယ်ဆို တဲ့စိတ် မျိုးမျိုးမှာ မရှိဘူး။ ပြောလို့ ရှိရင်လည်း အလကား ပါ။ သူက ရပြီးလို့ ပြောအား ရှိတယ်လို့ ပြောကောင်း ပြော လိမ့်မယ်။ မျိုးမျိုးရဲ့ ပတ်ဝန်း ကျင်မှာရှိတဲ့ သူတွေ အားလုံး က မျိုးမျိုးရဲ့စိတ်ကို အားလုံး သိကြတယ်။ Facebook မှာ မျိုးမျိုးနဲ့ အမြဲတမ်း စကား ပြောနေတဲ့ အန်တီကြီး တွေဆို ရင် မျိုးမျိုး မပျော်ဘူး ဆိုတာ ကို သူတို့တွေ သိကြတယ်။ တကယ်ဆိုရင် Facebook မှာ မျိုးမျိုးရဲ့ ပုံတွေ ရှိနေ ရပြီ။ အခု မျိုးမျိုးရဲ့ Account မှာ ဘာပုံ မှ မတင် ထားဘူး။ မျိုးမျိုး မပျော်နိုင် ပါဘူး။ တော်တော် လေးကို စိတ်ရှုပ်ပါ တယ်။ လူတွေဟာ အောင်မြင်မှု နောက် ကို လိုက်ရင်း လိုက်ရင်းနဲ့ မေတ္တာ တရားတွေ မရှိကြတော့ ဘူး။ တကယ် တမ်းကျတော့ နောက်ဆုံးမှာ ဟန်တောင် မဆောင် နိုင်ကြဘူး။ ကိုယ်က သရုပ် ဆောင် လုပ်တယ် ဆိုပေမဲ့ အပြင် ဘ၀မှာတော့ ဟန်မဆောင်ကြ ပါနဲ့ ပင်ပန်း ပါတယ်”လို့ မယ် လိုဒီက ဆုရရှိမှုနဲ့ ပတ်သက်ပြီး အများရဲ့ ဝေဖန်မှု အကြောင်း ပြောပြပါတယ်။

မယ်လိုဒီက ၂၀၁၁ အတွက် ချီးမြှင့်တဲ့ အကယ် ဒမီ ပေးပွဲကို မိခင် ဖြစ်သူနဲ့ တက်ရောက် ခဲ့တာဖြစ်ပြီး ပထမဆုံး အကြိမ် အကယ်ဒမီ ကို မိခင်နဲ့ အတူ တက်ရောက် ခဲ့တာပါ။ မိခင်နဲ့ အတူ အကယ်ဒမီ ပွဲကို တက်ရောက် တာက အကယ်ဒမီ ရမယ်ဆို တာ ကျိန်းသေလို့ လားဆိုတာ နဲ့ ပတ်သက်ပြီး “ရှင်းရှင်း ပြောရရင် နေပြည်တော်မှာ လုပ်တုန်းက သွားရတာ လည်း အဆင် မပြေဘူး။ ရှေ့ ဆက်ပြီး တော့လည်း မျိုးမျိုး က လုပ်စရာ မရှိတော့ဘူး။ ဒီ တစ်နှစ်တော့ တက်ပါစေ၊ ဒီ နှစ်မှ မတက်ရင် နောက်နှစ် အတွက် မလွယ် တော့ဘူး၊ တက်ဖူးတယ် ရှိအောင် တက် စေလိုက် တာပါ။ အကယ်ဒမီ ပေးပွဲနေ့မှာ ရုပ်ရှင် လောက အကြောင်း ကိုလည်း မျိုးမျိုး အမေ တော်တော်လေး သိ သွားရှာ ပါတယ်။ မျိုးမျိုး ဇာတ်ကားတွေ ရိုက်တုန်းက လည်း ရိုက်ကွင်းကို မခေါ် ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်ခဲ့ပါတယ်။ အပြောခံ တော့လည်း ကိုယ့်ဘာသာပဲ အပြောခံ ခဲ့တယ်။ အမေ မပါ လို့ဆိုပြီး ပက်ပက် စက်စက် အပြောခံ ခဲ့ရတယ်။ အကယ် ဒမီရ တယ် ဆိုတာ တန်၏၊ မတန်၏ဆိုတာ တကယ်ဝင် ပြီး ရိုက်ကြည့် လိုက်ပါ။ အခန်းနည်းလို့ မပေး ချင်ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။ ဒီ ဇာတ်ကားမှာ အိုက်တင် မကောင်းဘူး ဆိုပြီး သူလုပ် တာ လွယ်လွယ် လေးပါ၊ စိတ် ခံစားမှု မပါဘူးလို့ ပြောချင် လည်း ပြောပါ။ စိတ်ခံစားမှု မပါဘဲ ဒီအတိုင်း ပေးချင်လို့ ပေးလိုက်တယ် ပြောရင် အဲဒီ ဇာတ်ကောင် စရိုက် နေရာမှာ ၀င်ရိုက် ကြည့်ပါ။ အဲဒီစကား ကို ဘာလို့ ပြောတာလဲ ဆိုတော့ အဲဒီကား ရိုက်ချိန်တုန်းက အရမ်း ရိုးရှင်း ပါတယ်။ ဒါရိုက်တာ ကလည်း ကိုယ့် အပေါ် ကောင်းတာပါ။ အဲဒီ ဇာတ်ကားမှာ ကြည့်ကြည့် လိုက်ပါ။ မျိုးမျိုး ကင်မရာ ခိုးတယ် ဆိုတာမျိုး လည်းဆို တာ မရှိပါဘူး။ မအေးချစ် က မအေးချစ် အတိုင်းပါပဲ၊ မယ်လိုဒီ မပါပါဘူး။ နှစ် ယောက်ပြိုင် ရိုက်လို့ ကိုယ် အရုပ်ပို ရအောင် ဆိုပြီး လုပ်ခဲ့ တာလည်း မရှိပါဘူး” လို့ မယ်လိုဒီက ဆိုပါတယ်။
မယ်လိုဒီက ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ မှာတော့ တွံတေး မှာရှိတဲ့ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း မှာ အလှူ တစ်ခု ပြုလုပ် ဖြစ်ခဲ့ ပါတယ်။ ဘုရားကျောင်းကို လာတဲ့သူ တွေအပြင် အနီး အနားမှာ ရှိတဲ့ သူတွေကို လည်း အလှူ ဒါန ပြုခဲ့တာ ဖြစ်ပါ တယ်။ မယ်လိုဒီ ကတော့ အကယ်ဒမီ ရပြီးပေမဲ့ အနု ပညာ အလုပ် တွေကို ပရော် ဖက်ရှင်နယ် အနေနဲ့ ဘယ် တော့မှ မလုပ် ဆောင်တော့ ဘူးလို့ သိရပါတယ်။ “မြန်မာ ပြည်မှာ Prefessional နဲ့ Personal ဆိုတဲ့ PP နှစ်လုံး ကို မခွဲနိုင် ကြသေးဘူး” လို့ မယ်လိုဒီက ဆိုပါတယ်။ ရွှေ အမြုတေ မဂ္ဂဇင်း အတွက် ဓာတ်ပုံများကို ဓာတ်ပုံ ၀ဏ္ဏခွာနီး က အချိန် ပေးရိုက် ကူးပေးတဲ့ အတွက် ကျေးဇူး တင်ရှိသလို မယ်လိုဒီ ကို လည်း ကျေးဇူးတင် ရှိပါ တယ်။



ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
ခင်လေးမြင့် |
| About the author: |
| | |