|
Written by ခင်သန္တာ
|
|
Thursday, 17 January 2013 20:42 |
ဒီတစ်ပတ်တော့ Writer’s Voice ကဏ္ဍမှာ ၂၀၁၂ ခုနှစ် ရွှေအမြုတေ ကဗျာဆုရ လူငယ် ကဗျာ ဆရာ မောင်ရေချမ်းရဲ့ အသံကို ဖော်ပြပေး ချင်ပါတယ်။
argaiv1486
argaiv1643
လူငယ် ကဗျာဆရာ တစ်ယောက်ဖြစ် ပေမဲ့ ဆရာရဲ့ ၀တ်စား နေထိုင်မှု ပုံစံက ဒီခေတ်လူ ငယ်တွေနဲ့ ကွာခြား နေတာမို့ “ယနေ့ခေတ် လူငယ် နဲ့ ၀တ်စား ဆင်ယင်မှု” ဆိုတဲ့ ခေါင်းစဉ်အောက် ကနေ ဆရာ့ကို ဆွေးနွေးပေးဖို့ တောင်းဆို ဖြစ်ခဲ့ တာပါ။ တောင်းမှာ အကွပ် လူမှာ အ၀တ်လို့ဆို ထားကြ တော့လည်း လူငယ်တွေရဲ့ ကိုယ်ရည် ကိုယ်သွေးက သူရဲ့ဝတ်စား ဆင်ယင်မှုနဲ့ ဆက်စပ် နေနိုင် မလားပဲ။ လူငယ်နဲ့ ၀တ်စား ဆင်ယင်မှု အကြောင်းကို ဆရာ မောင်ရေချမ်း ကတော့ အခု လိုပဲ ပြောပြခဲ့ ပါတယ်။
ဒီနေ့ တွေ့မြင် နေရတဲ့ တော်တော် များများရဲ့ ၀တ်စား ဆင်ယင်မှုက အားလုံး လိုလို သူ့ဟာနဲ့သူ တော့ ကြည့်ကောင်း နေကြ တာပါပဲ။ လူကြီးတွေ တော်တော်များများ ကတော့ ဒီနေ့ခေတ် လူငယ် တွေရဲ့ ၀တ်စား ဆင်ယင်ပုံကို ဝေဖန်တာ ခဏခဏ ကြားမိ ပါတယ်။ ကိုရီးယား ယဉ်ကျေးမှု လွှမ်းမိုး ခံရတယ်လို့ ဘာညာ စသဖြင့် ပြောဆိုကြ တာလဲ ကြားဖူးပါတယ်။ ကျွန်တော် တစ်ယောက်တည်း ရဲ့ အမြင်နဲ့ ဆိုရင်တော့ လွှမ်းမိုးတယ် ဆိုတာလည်း လွှမ်းမိုးခံတဲ့ သူတွေရှိ လို့ပဲဖြစ်ပါ လိမ့်မယ်။ခုဒီ ဘက်ခေတ်လူငယ် တော်တော် များများကတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လေးတွေ ကို ပဲ ၀တ်လာ ကြပါတယ်။ အဲဒါကလည်း ဖြတ်သန်း နေရတဲ့ ခေတ်ကြောင့် ပဲလို့ ထင်ပါတယ်။ ခေတ်ကို က ဒရောသောပါး ဆိုတော့လည်း အပြစ်ပြောဖို့ ခက်ပါတယ်။ ယဉ်ကျေး သိမ်မွေ့ဖို့ ဆိုတာထက် လွယ်ကူ လျင်မြန်တဲ့ အ၀တ်အစားကို ရွေးချယ်မိ သွားကြတာ ဖြစ်မှာပါ။လူကြီးတွေ တော်တော် များများကတော့ ဒီနေ့ ခေတ်မိန်းကလေး တချို့ရဲ့ ၀တ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ကြတာ မျိုးလည်း ကြားဖူး ပါတယ်။ သူတို့လည်း လွတ် လပ်ပေါ့ပါးတဲ့ အ၀တ်အစား၊ ဆင်ယင် ထုံးဖွဲ့မှုမျိုး တွေကိုပဲ ပိုနှစ်သက် လာကြတာပါ။ ထဘီဝတ် ရာ က စကပ်၊ စကပ် ၀တ်ရာက ဘောင်းဘီရှည်၊ ဘောင်းဘီတို စသဖြင့် ပြောင်းလဲဝ တ်စားလာတာကို ရိုးရာ ယဉ်ကျေးမှု သွေဖည်ပါတယ် ဆိုပြီး လက်ညှိုးထိုး ပြောရင်တော့ တစ်ဖက် စောင်းနင်း ပြောသလို ဖြစ်နေမလားပဲ။ ရိုးရာ ယဉ်ကျေးမှု ကိုတော့ မသွေဖည်ဘဲ လူမျိုး ဂုဏ်သိက္ခာကို သွေဖည် နေကြရင်ရော။
ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ ၀တ်စား ဆင်ယင်ပုံနဲ့ တိုင်းတာလို့ မရဘူး ဆိုတာ လူတိုင်း သိပါတယ်။ နောက်တစ်ချက်က နေရာ ရွေးချယ် ၀တ်ဆင်တတ်ခြင်းပါ။ ဒီအ၀တ်အစား တစ်မျိုးတည်း ကိုပဲ ကိုယ်သွားတဲ့ နေရာနဲ့ ကိုယ်ရှိနေမဲ့ အချိန်ကို ကြည့်ပြီး သင့်တော်တယ် မတော်ဘူး ဆိုတာကို ဆုံးဖြတ်ကြ တာပါ။ သရုပ်ပျက် အမြင်မတော် ၀တ်စား ထားရင်တော့ ဘယ်လိုမှ၊ လက်ခံနိုင် စရာ မရှိဘူးလို့ ကျွန်တော့် တစ်ယောက်တည်း အမြင်နဲ့ ပြောချင် ပါတယ်။မလွတ်လပ် ခဲ့တဲ့ အချိန်တွေကြောင့် အဲဒီလို နေရာမျိုး တွေမှာ သွားပြီး လွတ်လပ် ကုန်တယ်။ စည်းမဲ့ကမ်းမဲ့ ဖြစ်ကုန်တယ်လို့ ကျွန်တော်တော့ တွေးမိပါတယ်။ ဒါပေမဲ့လည်း တစ်ခေတ်တည်းကို တစ်ချိန်တည်း ဖြတ်သန်း နေကြတဲ့ လူငယ်တွေ အကုန်လုံး အဲဒီလိုဖြစ် နေကြတာတော့ မဟုတ်ပြန် ပါဘူး။
ဒါကြောင့် ၀တ်စား ဆင်ယင်မှု ဆိုတာလည်း ကိုယ်ကျင်လည်တဲ့ ၀န်းကျင်၊ ကိုယ်လက်ခံ သတ်မှတ် ထားတဲ့ စံနှုန်းတွေနဲ့ပဲဆိုင်မယ် ထင်ပါတယ်။ လူတစ်ယောက်ရဲ့ ၀တ်စား ဆင်ယင်မှုကို မှန်တယ်၊ မမှန်ဘူးလို့ ပြောလို့မှ မရတာ။ လူအများ အမြင်မှာ ရိုင်းမနေဘူး ဆိုရင်တော့ ဘယ်လိုပဲ ၀တ်ဝတ် တင့်တယ်မယ်လို့ ထင်ပါတယ်။
ခင်သန္တာ (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|