(Jan_13)Experience Exchange PDF Print E-mail
Written by သင်းပပ   
Thursday, 17 January 2013 20:35
Share |

ဇန်န၀ါရီလ teen မဂ္ဂဇင်းရဲ့ Experience Exchange  ကဏ္ဍ အတွက် ရောက်ရှိ လာတဲ့ အတွေ့အကြုံ တွေက စိတ်ဝင် စားစရာပါ။

drugstore onlinecialis dosage viagra without prescription canadian drugstore best price
argaiv1399

တစ်ယောက်က အနာဂတ်ရဲ့ မျိုးဆက်သစ် sတွအတွက် ကလေး ထိန်းကျောင်း စတင် ဖွင့်လှစ်ထား သူ နောက်တစ်ယောက် ကတော့ တံဆိပ်ခေါင်းနဲ့ တခြား Accessories စုဆောင်းဖို့ ၀ါသနာကြီး သူပါ။ လုပ်ငန်း တစ်ခုကို စတင် လှုပ်ရှားဆောင် ရွက်တဲ့ သူတိုင်းမှာ ကျော်ဖြတ်ရတဲ့ အတွေ့အကြုံ တွေကို သူတို့လည်း ကြုံတွေ့ ကြရပါတယ်။ ရရှိ လာတဲ့ အတွေ့ အကြုံပေါ်မှာ ကိုယ်ရဲ့ ဆုံးဖြတ်ချက် စိတ်ကူးနဲ့ ဖြတ်သန်းရင်း အဖိုးတန်တဲ့ အတွေ့အကြုံ တွေ ရရှိကြ ရတာပါ။ ဒီတစ် ပတ်ရဲ့အတွေ့အကြုံ တွေကလည်း ၀ါသနာတူ တွေအတွက်အ တွေ့အကြုံ တစ်ခု ခုရမယ်လို့ ထင်ပါတယ်။

အမည်-သီရိသက်
အသက်-၂၂ နှစ်
ပညာအရည်အချင်း-တတိယနှစ်၊ ပထ၀ီ
လက်ရှိအလုပ်အကိုင်-ကလေးထိန်းသိမ်းပြုစုရေးကျောင်း
ကျွန်မက ငယ်ငယ် ကလေး ကတည်းက အနာဂတ်ရဲ့ ရင်သွေးငယ်လေး တွေကိုချစ်တယ်။ ဖြူဖြူ၊ မည်းမည်း၊ ပိန်ပိန်၊ ရှည်ရှည်၊ ဘာပဲ ဖြစ်ဖြစ် ကလေးငယ် လေးတွေကို သနားတယ်။ ချစ်တယ်။ ကလေးတွေနဲ့ အတူ နေရမဲ့ အကြောင်း ကို စဉ်းစား လိုက်တော့ ကလေး ထိန်းသိမ်း ပြုစုရေး ကျောင်းလေး ဖွင့်လှစ်မယ် လို့ ပေါ်လာတယ်။ ကျွန်မ ကျောင်းလေးက တစ်နှစ်လောက်ပဲ ရှိသေး တယ်။ ဒီကျောင်းစ မဖွင့်ခင် ကတော့ သင်တန်းတွေ တက်ဖြစ်တယ်။ အတွေ့အကြုံ ယူဖြစ်တယ်။ ၂ နှစ်လောက် ကြိုကျင့် ထားတာပေါ့။ ဒါပေမဲ့ တကယ်လည်း လုပ်ဖြစ်ရော အဲဒီမှာ မတွေ့ခဲ့ ရတဲ့အ တွေ့အကြုံ တွေပါထပ် တွေ့ရပါ လေရော။ သိတ အတိုင်း ပဲလေ။ သားသား မီးမီးဆိုတာ လေးတွေက အမေ့ ရင်ခွင် ကနေ စတင် ခွဲခွာရပြီ ဆိုမှာတော့ သူတို့ ငိုကြတာပေါ့။ ငိုတာမှ တစ်ပတ်လောက် ကိုကြာတာပါ။ ဒါတောင်မှ အလွန်ဆုံး ၂ လ၊ ၃ လအထိ ငိုတတ်တဲ့ ကလေးလည်း တွေ့ဖူးတယ်။ ကျွန်မ အဲဒီဒဏ်ကို ကလေးတွေကို ချစ်တော့ မခံစား နိုင်ပေမဲ့ သူတို့ ဘ၀လေးတွေ တိုးတက်ဖို့ အတွက်သည်း ခံရတာ ပါပဲ။ တချို့ ကလေးတွေက အရမ်း အလိုလိုက် ထားခံရတော့ အရမ်းဆိုး တယ်။ ဒါပေမဲ့ သူတို့လေး တွေလည်း သူငယ်ချင်းတွေ အများကြီးနဲ့ တွေ့တော့ စိတ်ဓာတ်လေးတွေ ပြောင်းသွားတယ်။ ဖယောင်းလေးလိုပဲ ပုံသွင်းရလွယ် တယ်။ ကစားကွင်းနဲ့ စိတ်ပြောင်း ရတာရှိတယ်။ အရုပ်တွေနဲ့ စိတ်ပြောင်း ရတာ ရှိတယ်။ တီဗွီတွေ၊ သီချင်းခွေတွေ၊ ကာတွန်းကားတွေ ဖွင့်ပြပြီး စိတ်ပြောင်း ရတာ ရှိတယ်။ တချို့ကျတော့ ဆရာမတွေက ယုယ ပိုက်ထွေးပြီး၊ ချီပိုးပြီး ချော့မြှူရင်း စိတ်ပြောင်း ရတာ ရှိတယ်။ မုန့်ကျွေးပြီး ချော့ရတာ ရှိတယ်။အမျိုးစုံ ပါပဲ။ ၂ နှစ်ခွဲ ကစပြီး လက်ခံတာ ဆိုတော့ တချို့ သားသား မီးမီးလေး တွေက ရှုးရှုး ပေါက်မယ်။ ဘွတ်ဘွတ် ပါမယ်လို့ မပြောတာ တွေလည်း ရှိတယ်။ အဲဒီအခါ ကျရင်လည်း ရွံစရာ မဟုတ်ဘဲ ရယ်စရာက ပိုဖြစ် သွားတယ်။ လာလုပ် တဲ့ဝန်ထမ်း တွေကလည်း ကလေး ချစ်တဲ့ ဓာတ်ခံစိတ်နဲ့ လာလုပ်တာဆိုတော့ လေ။ တစ်ခါတ လေကျရင် ဘာနဲ့မှချော့ လို့မရ၊ စိတ်ပြောင်းလို့ မရဘဲ ဆရာမ ကိုယ်တိုင် ကပြမှ ဆိုတာမျိုးလည်း ပါတတ်တယ်။ အရမ်းကို စိတ်ရှည် ရတဲ့ အလုပ်ပါ။ ဘာပဲပြော ပြောကလေး ဆိုတာဖြူစင် တယ်။ ဟန်ဆောင်မှု ကင်းတယ်။ သူတို့တွေနဲ့ နေရတာ အရမ်း ပျော်စရာ ကောင်းပါတယ်။

အမည်-ခင်မြတ်မိုရ်
အသက်- ၂၀ နှစ်
ပညာအရည်အချင်း-ဒုတိယနှစ်၊ အင်္ဂလိပ်စာ
ခင်မြတ်က တံဆိပ်ခေါင်း တွေကို အရမ်း ကြိုက်တော့ သိမ်းထား တတ်တယ်။ ကိုယ့်ဆီလာ တဲ့စာတွေက တံဆိပ်ခေါင်း တွေကိုလည်း ညှပ်ပြီး သိမ်းတယ်။ အသစ်တွေကို လည်း ၀ယ်ပြီး စုတယ်။ ပြီးတော့ အင်တာနက်က နေရှာ ပြီးရတဲ့ တံဆိပ်ခေါင်း တွေကိုလည်း ဆွဲချပြီး သိမ်းထားတယ်။ စာအုပ် တစ်အုပ်မှာ ကပ်ပြီးသိမ်း ထားတဲ့ တံဆိပ် ခေါင်းတွေလည်း ရှိတယ်။ အလွတ်သိမ်း ထားတဲ့ တံဆိပ်ခေါင်း တွေလည်း ရှိတယ်။ အခုဆိုရင် ၄ နှစ် အတွင်းမှာ ခင်မြတ်ရဲ့စာရေးစားပွဲ အံဆွဲ ၂ ခု အပြည့်ပဲ။ တခြား ဘယ်လို စိတ်ကူးမှ မရှိပါဘူး။ အရောင်စုံအသွေးစုံ တံဆိပ်ခေါင်းလေးတွေကို မြင်နေရရင်ကိုပဲ စိတ်ချမ်းမြေ့လို့ပါ။ တစ်နေ့ကို ၃ ခါ ပုံမှန် ထုတ်ကြည့် ဖြစ်တယ်။ လူပုံနဲ့ တံဆိပ်ခေါင်း တွေထက် စာရင် ရိုးရာပုံ လေးတွေနဲ့ ပန်းချီပုံ လေးတွေနဲ့ တံဆိပ်ခေါင်းကို ပိုနှစ်သက် တယ်။ ပြီးတော့ တံဆိပ်ခေါင်း အပြင် တခြား စာရေး ကိရိယာ Accessories, အလှအပ Accessories, တွေကိုပါ စုတယ်။ မသုံးဘဲနဲ့ တွေ့သမျှ ၀ယ်သိမ်း လို့ မိဘတွေရဲ့ အဆူခံ ရပေါင်းများပြီ။ သုံးပေမဲ့ လည်းဝယ်အား ကများနေတော့ ပစ္စည်းက ပုံနေ တာပေါ့။တစ်နေ့ တစ်နေ့ အသစ် အဆန်းတွေ ကလည်း တအား ပေါတာကိုး။ ကိုယ်ကြိုက်တာ တွေ့ရင် မနေနိုင်ဘူး။ ရှိသမျှ မုန့်ဖိုးနဲ့ ၀ယ်စုတယ်။ အလှအပ Accessories,  တွေကတော့ ၀ယ်လည်း ၀ယ်။ သုံးလည်းသုံး၊ သိမ်းလည်း သိမ်း အရမ်း အဆင် ပြေတယ်။ ပိစိေ သးသေးလေး တွေနဲ့ အကြီးကြီးတွေ ပိုစု ဖြစ်တယ်။ အလယ်အလတ် ပုံမှန်ဆိုဒ် သိပ်မရှိဘူး။ တချို့ဟာတွေဆို အပြင် ဧည့်ခန်းမှာ ထုတ်မထားရဲဘူး။ အိပ်ခန်းထဲက ရှိုးကေ့ထဲမှာပဲ သော့ခတ် သိမ်းထားတယ်။ ဟိုး တုန်းက ပစ္စည်း ဆန်းဆန်းလေးတွေ ကိုယ်ကြိုက် တဲ့ဟာလေး တွေကို ခင်တဲ့ သူတွေက အတင်း တောင်းသွား တတ်လို့လေ။


သင်းပပ
(Teen မဂ္ဂဇင်း ဖန်န၀ါရီလ ၂၀၁၃)