argaiv1760
argaiv1135
??????? ?????? ??????????? ???????? ?????????? ?????? ???????????? ?????? ??????? ?????????? ?????? ??????????? ????? ??????? ??????????? ???????????
တချို့သော အနုပညာရှင် တွေရဲ့ ဆယ်ကျော်သက် ဘ၀ တွေက ကြမ်းတမ်းမှု တွေနဲ့ ဖြတ်သန်း ကြရ သလို တချို့သော သူတွေ ကတော့ ပျော်ရွှင်မှု များစွာနဲ့ ဖြတ်သန်း ကြရ ပါတယ်။ အနုပညာ ရှင်တွေ ထဲက ဖွေးဖွေးရဲ့ ဆယ်ကျော်သက် ဘ၀ ကတော့ ထိန်းချုပ်မှု တွေနဲ့ ဖြတ်သန်းခဲ့ ရတယ်လို့ သိရ ပါတယ်။ ဖွေးဖွေးက အသက် ၁၀ နှစ် ကျော် ၁၁ နှစ်ကာလ ဖြတ်သန်းမှု တွေမှာ အရမ်း ပျော်တတ်တဲ့ ကလေး တစ်ယောက် တော့ မဟုတ်ပါဘူး။ အဖေ ဖြစ်သူက ပြည်ပမှာ အလုပ်သွား လုပ်တာကြောင့် မိခင်နဲ့ နေတာ များသလို အဘိုး၊ အဘွားတွေနဲ့ ရင်းနှီးမှု ရှိပေမဲ့ မောင်နှမတွေ သိုက်သိုက်ဝန်းဝန်း မနေတတ် ပါဘူး။ “ကျောင်းမှာ ဆိုရင်လည်း ရန်ဖြစ်တယ်။ မောင်နှမ တွေနဲ့ လည်း ရန်ဖြစ်တယ်။ ဗိုလ်ကျတာ။ ဆိုးတယ်ပေါ့။ အဲဒီအချိန်တုန်းက အမေက အိမ်မှာ ပန်းချီဆွဲတာ ရွှံ့ရုပ် လုပ်တာ အနုစိတ်၊ အသေးစိတ်လေး တွေလုပ်တတ် အောင်တော့ သင်ပေးခဲ့ တယ်”လို့
၁၀ နှစ်ကျော် ကာလ ဖြတ်သန်းမှုကို ပြောပြ ပါတယ်။ ဖွေးဖွေးက စိန့်သြဂတ် စတင်းမှာ ကျောင်းတက်ခဲ့ သူပါ။ လေးတန်း အောင်ပြီး ငါးတန်း နှစ်မှာ အဖြူ၊ အစိမ်းလုံချည်နဲ့ ကျောင်းစတက် ရပါပြီ။ ထဘီ မ၀တ်တတ်တဲ့ ဖွေးဖွေး အတွက် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ၇ တန်း ကျောင်းသူဘ၀ အမှတ်တရနဲ့ ပတ်သက်ပြီး ဖွေးဖွေးက“ ၇ တန်းနှစ်က ကျောင်းမှာ ထဘီကျွတ် ကျဖူးတယ်။ ဆရာမရဲ့ စာအုပ်တွေကို ကူသယ်ရင်း ထဘီကျွတ် ကျတာကို ဖမ်းလို့ မရဘူး။ ရှေ့မှာ သွားနေတဲ့ ဆရာမကိုလည်း လှမ်းခေါ်တာ ဆရာမက မကြားဘူး။ အဲဒီမှာ ကွင်းလုံး ကျွတ်ကျတာ။ အဲဒီ အချိန်မှာ ဘာမှလည်း မမြင် တော့ဘူး။ မျက်နှာ ကို စာအုပ်နဲ့ ကွယ်ထား လိုက်တယ်”လို့ ပြောပြ ပါတယ်။
ဆယ်တန်း အောင်ပြီး ချိန်မှာ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်မှာ ကိုရီးယား ဘာသာ စကားကို တက်ရောက်သင်ယူ ပါတယ်။ ဖွေးဖွေးက၁၅ နှစ်၊ ၁၆ နှစ် အရွယ်မှာ စပြီး သူငယ်ချင်းတွေ အကြောင်း၊ လူတွေ အကြောင်း၊ လူမှုရေး အကြောင်းတွေက လေ့လာ ဖြစ်ပါတယ်။ အဲဒီ အရှေ့ပိုင်း အချိန်တွေမှာ တော့ ဘာမှ မသိဘဲ အိမ်ထဲမှာပဲ နေခဲ့ရတာ များပါတယ်။ ၁၀ တန်းအထိ ကျောင်းပြီးရင် အိမ်၊ အိမ်ကနေ ကျောင်းနဲ့ပဲ အချိန်ကုန် ခဲ့တာပါ။ တက္ကသိုလ် စတက်မယ် ဆိုတဲ့ အချိန်က စပြီး ဆရာဖေမြင့်၊ ဆရာမ မစန္ဒာတို့ရဲ့ စာအုပ်တွေ ဖတ်ပြီး အတွေး များစွာ တွေးတတ် လာပါတယ်။ ဘာကို ကြိုက်တာလဲ၊ သီချင်း ဆိုရင်လည်း ဘယ်လို သီချင်းမျိုး တွေကို နားထောင် တာလဲ။ ကိုယ်တိုင်က ဘယ်လို လူမျိုးလဲ ဆိုတာတွေကို အဲဒီအချိန် စတွေး တတ်လာပြီး အခု အချိန်ထိ တွေးနေ တတ်ပါတယ်။ “မိဘတွေက အိမ်ထဲမှာ နေခိုင်းတာလည်း ပါသလို၊ ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေ ရှိစရာ မလိုဘူးလို့လည်း ထင်ထား ခဲ့တာ။ တက္ကသိုလ် တက်တော့မှ ကန်တင်း ထိုင်တာ၊ သူငယ်ချင်း ဆိုတာလည်း လိုပါလား ဆိုတာတွေ သိလာ တတ်လာတာ”လို့ ဖွေးဖွေးက ဆိုပါတယ်။
ဖွေးဖွေးက အသက် ၁၆ နှစ် ကာလ ဖြတ်သန်းမှု အချိန်တွေက ပျော်စရာ ကောင်းတယ်လို့ ဆိုပါတယ်။ ၁၅ ယောက် လောက်ရှိတဲ့ သူငယ်ချင်း တွေနဲ့ အဖွဲ့လိုက် ပန့်န်ပုံစံ တွေ ၀တ်ဆင် ပျော်ပါးခဲ့ ပါတယ်။
တစ်ခုခုကို ရူးသွပ်လိုက် ရတဲ့ လူငယ်လေး ဖြစ်ဖူးလိုက်တဲ့ အတွက် ပျော်စရာ ကောင်းခဲ့တယ်လို့ ဖွေးဖွေးက ဆိုပါတယ်။ အဲဒီအချိန်မှာ ပန့်န်ပုံစံ ဆင်တူဝတ်၊ All Star ဖိနပ်တွေ ဆင်တူစီး၊ ကျောင်းတွေ ပြေးရင်းနဲ့ တက္ကသိုလ် ပထမနှစ်ကို ပျော်ပျော် ပါးပါး ဖြတ်သန်း ခဲ့ပါတယ်။ နောက်နှစ်မှာတော့ တက္ကသိုလ်မှာ ရင်ဖုံးနဲ့ ထဘီဝတ် ရတဲ့ အတွက် မပျော်တော့ ပါဘူး။ “အ၀တ်အစား ဆိုတာ ကိုယ့်ရဲ့ ခံစားချက်တွေ ထဲက ဖော်ပြတဲ့ အရာတွေ ထဲက တစ်ခုပဲ။ တချို့တွေက စာတွေ ရေးပြီး ဖော်ပြတယ်။ တချို့က ပန်းချီဆွဲပြီး ဖော်ပြတယ်။ လူတစ်ယောက်နဲ့ ပေါင်းတော့မယ် ဆိုရင် မပေါင်းခင် အ၀တ်အစားကို အရင်ကြည့်လိုက်ရင် သူ့ရဲ့ စိတ်ကို မြင်နိုင် တယ်လေ။ တက္ကသိုလ် ပထမနှစ်က အရမ်းပျော်ဖို့ ကောင်းတယ်။ ကျောင်းရဲ့ ကင်န်တင်းမှာ ဂစ်တာတီး တဲ့အဖွဲ့၊ ဘောလုံး သမား အဖွဲ့၊Sexy ကောင်မလေး အဖွဲ့ အဲဒီလို အသင်းအဖွဲ့ တွေနဲ့ အ၀တ်အစား တွေက Express လုပ်တာ တွေ့ရတယ်။ တက္ကသိုလ် မှာဆိုရင် လွတ်လွတ် လပ်လပ်ဝတ် စားသင့်တယ်လို့ ထင်တယ်။ အ၀တ်အစား ထိန်းချုပ်ခံ ရတာနဲ့တင် ပျော်စရာက ၆၀% နှုန်းလောက် ဖွေးဖွေး အတွက် ပျောက်သွားတယ်။ အကုန်လုံးက ဆင်တူတွေ ၀တ်ထား တဲ့ အခါကျတော့ ဘယ်သူက ဘာလဲ ဆိုတာ၊ ဘယ်သူဘယ်လို နေထိုင်တတ်လဲ ဆိုတာကို မသိ တော့ဘူး။ မြန်မာ့ရိုးရာကို တော့ ကြိုက်တယ်။ ဒါပေမဲ့ တက္ကသိုလ်လို နေရာမျိုး မှာက ရိုးရာမပျက် ထဘီဝတ်ချင် တဲ့နေ့ဝတ်မယ်၊ ဘောင်းဘီနဲ့ တီရှပ်ဝတ် ချင်တဲ့နေ့ ၀တ်မယ်၊ ပေါ်နေတာမျိုး မဖြစ်ရင် ပြီးရောပေါ့။ ဆယ်ကျော်သက် ဘ၀က လွတ်လွတ်လပ်လပ် နေခွင့် ရှိပါတယ်။ ဥပမာ ဒီမှာ မြန်မာစာ ဘာသာလာ တက်တဲ့ နိုင်ငံခြားသား တွေကိုတော့ ကြိုက်တာ ၀တ်ခိုင်းတယ်။ သူတို့ရဲ့ အကြောင်းပြ ချက်ကတော့ ပုဆိုး၊ ထဘီ မ၀တ်တတ်ဘူး ဆိုတာပဲ။ ဒါပေမဲ့ မြန်မာပြည်မှာ လာတက် ရင်တော့ မြန်မာ နည်းလမ်း အတိုင်း ကျင့်ရ မှာပဲ။ ရာသီဥတု အရမ်းပူတဲ့ အချိန်ဆိုရင် ရင်ဖုံးနဲ့ ထဘီက အရမ်းပူတယ်။ အဲဒီ အင်္ကျီတွေကို မကြိုက် လို့တော့ မဟုတ်ဘူး။ ရာသီဥတု အလိုက် ၀တ်ရတာကို ပိုကြိုက်တယ်”လို့ ဖွေးဖွေးက ဆယ်ကျော် သက်ဘ၀ တက္ကသိုလ်ကျောင်း တက်ရတဲ့ အတွေ့အကြုံနဲ့ ခံစားချက်ကို ပြောပြ ခဲ့ပါတယ်။ ကျောင်းပြီး သွားလို့ အနုပညာ လောကထဲ ၀င်တဲ့ အချိန်မှာတော့ လူငယ် တစ်ယောက် အနေနဲ့ ဖြစ်ချင်တာ၊ လုပ်ချင်တာ တွေကို လုပ်ခွင့် ရတဲ့ သူတစ်ယောက် ဖြစ်နေ ပါပြီ။ဒီနေ့ခေတ် လူငယ်တွေ အနေနဲ့ ကိုယ့်ရူးသွပ် မှုနဲ့ ကိုယ် ရှင်သန်ခွင့် ရနေသူတွေ ဖြစ်ပါစေလို့ ဖွေးဖွေးက ဒီနေ့ခေတ် ဆယ်ကျော်သက် လူငယ်တွေ အတွက် စကား လက်ဆောင်ပါး ပေးခဲ့ပါတယ်။


ခင်လေးမြင့် (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃) |