|
Written by လင်းစက်နွယ်
|
|
Tuesday, 15 January 2013 21:45 |
အရွယ် ရောက်ပြီလို့ သုံးနှုန်းခံ လိုက်ရတဲ့ မိန်းကလေး များကို တစ်လတစ်ခါ ဖူးပွင့် ကြရတဲ့ ပန်းကလေးများ အဖြစ် တင်စား လိုက်ပါ ရစေ။ ဒီနေရာမှာ ဓမ္မတာ ဆိုတာ ဘာလဲလို့ ဦးဆုံးသိ ထားကြ ရမှာပါ။
argaiv1409
အမျိုးသမီး တစ်ယောက် အရွယ် ရောက်မှု ဖြစ်စဉ်မှာ ရင်သား ဖွံ့ဖြိုးခြင်း၊ ဆီးခုံမွေး၊ ချိုင်းမွေးပေါက် တာတွေ အပြင် လစဉ်ဓမ္မတာပေါ် ခြင်းဟာလည်း အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပါ။
ဘယ်အချိန်မှာ ရာသီစ ပေါ်တတ်သလဲ။ ပုံမှန်အား ဖြင့်ဆိုရရင် အမျိုးသမီးများ အနေနဲ့ အသက် ၁၂ နှစ်အရွယ်မှာ ရာသီစ ပေါ်တတ်ပြီး တချို့က ၈ နှစ်အထိ စောပေါ် တတ်ပြီး တချို့က တော့ ၁၆ နှစ်ရောက်တဲ့ အထိ နောက်ကျ တတ်ပါ တယ်။ ဒါပေမဲ့လည်း ၈ နှစ်ကနေ ၁၆ နှစ် အတွင်း ရာသီပေါ်တာ ကိုတော့ ပုံမှန်လို့ အကြမ်း ဖျင်းအားဖြင့် သတ်မှတ် ထားကြ ပါတယ်။ ရာသီ ပေါ်တယ် ဆိုတာ ဘာလဲ။
ရာသီ ပေါ်တယ် ဆိုတာ အပျိုဖော်ဝင်ခြင်းရဲ့ လက္ခဏာ တစ်ရပ်ပါ။ ရာသီသွေးဆင်း ရခြင်းဟာ လစဉ် အမျိုးသမီးရဲ့ သားအိမ် အတွင်း နံရံအပေါ် ပိုင်းကွာကျ လို့ ဖြစ်ရတာပါ။ အဲဒီ ရာသီသွေးဟာ သားအိမ်က တစ်ဆင့် သားအိမ် လည်တံကို ဖြတ်။ ပြီးမှ မွေးလမ်းကြောင်း ကနေ တစ်ဆင့် အပြင်ကို ထွက်လာတာပါ။
ဘာကြောင့်လစဉ် ရာသီ ပေါ်ရသလဲ။ ဟော်မုန်းတွေဟာ ခန္ဓာကိုယ် ယန္တရားလည် ပတ်မှု အတွက် အဓိက ထိန်းချုပ်သူတွေ ပဲဖြစ်ပါတယ်။ အဲဒီ ဟော်မုန်းတွေ ကလည်း ရာသီ စက်ဝန်းကို ထိန်းချုပ် ထားပါတယ်။ ဦးနှောက်နဲ့ အဓိက ဟော်မုန်း ထုတ်ရာ ဖြစ်တဲ့ ပစ်ကျူထရီ ဂလင်း (Pictuitary Gland) နဲ့ Hypothalamus ဆိုတဲ့ အစိတ်အပိုင်း အပြင်၊ အမျိုးသမီး ရဲ့မျိုးပွား အင်္ဂါ တစ်မျိုးဖြစ်တဲ့ သားဥအိမ်၊ သုံးယောက် တွဲပြီး ဒီရာသီ စက်ဝန်းကို ရုပ်လုံး ကြွလာအောင် ၀ိုင်းဝန်း ထုဆစ်ခဲ့ ကြတာပါ။ သူတို့ထဲက တစ်ခုခု ချို့ယွင်း ရင် ရာသီ စက်ဝန်းဟာ မမှန်တော့ဘဲ ကမောက် ကမ ဖြစ်သွားတတ် ပါသေးတယ်။
ရာသီစက်ဝန်း ထဲမှ အရေးပါသော အဆင့် လေးများ။ ရာသီသွေး ပေါ်သော အဆင့်(Mense Phase) ဒီအဆင့်ဟာ ဆိုရင် ၅ ရက်လောက်ထိ ပျမ်းမျှ ကြာတတ်ပြီး ဒီအဆင့် အတွင်းမှာ သား အိမ်နံရံ ကွာကျ တာကြောင့် သွေးဆင်း ရပါတယ်။ ဒါကို ရာသီသွေး ပေါ်တဲ့ အဆင့်လို့ သုံးနှုန်းထား ပါတယ်။
Follicular Phase ဒီအဆင့်မှာ ခုနက ကွာကျ သွားရတဲ့ သားအိမ် နံရံဟာ ပြန်လည် ပွားများ လာပြီး ထူလာ ပါတယ်။ အဲဒီ အဆင့်ဟာ ၆ ရက်မြောက် ကနေ ၁၄ ရက်မြောက် အထိ ကြာမြင့် တတ်ပြီး အဓိကက အီစထရိုဂျင် ဆိုတဲ့ ဟော်မုန်းရဲ့ လွှမ်းမိုးမှု ကြောင့် ဖြစ်ပါတယ်။ တစ်ပြိုင် တည်းမှာပဲ နောက်ထပ် ဟော်မှန်း တစ်မျိုး ဖြစ်တဲ့ FSH (Follicular Stimulating Hormone) ဟာ ဆိုရင် သားဥအိမ်ထဲ က ဆဲလ်တွေကို ကြီးထွား စေပါတယ်။ အဲဒီ Follicle လေး တွေထဲက တစ်လုံး သာလျှင် သား ဥကြွေဖို့ အတွက် အသင့် အနေအထား ရင့်ကျက် ရတဲ့ Ovum (သားဥ)အဖြစ် ပြောင်းလဲပြီး၊ ပုံမှန် အားဖြင့် အမျိုးသမီးတွေ အနေနဲ့ တစ်လလျှင် သားဥ တစ်လုံးသာ ကြွေရ တာပါ။
Ovulation (သားဥ ကြွေခြင်း) ဒီအဆင့် ဟာဆိုရင် ၂၈ ရက်ကြာ ရာသီစက် ၀န်းရှိတဲ့ အမျိုးသမီး များအတွက် ဆိုရင်တော့ ၁၂ ရက် ကနေ ၁၆ ရက်ကြားမှာ ရှိပါတယ်။ အဲဒီ အဆင့် ဖြစ်ပေါ်ဖို့ အဓိက လွှမ်းမိုးပေးတဲ့ ဟော်မုန်း ကတော့ LH လို့ခေါ်တဲ့ Luteinizing Hormone ပဲဖြစ်ပါတယ်။
Luteal Phase ဒီအဆင့် ဟာဆိုရင် ၁၅ ရက်မြောက်ကနေ ၂၈ ရက်ထိ ကြာတတ်ပြီး ဥကြွေပြီ ဆိုတာနဲ့ အဲဒီဥ လေးဟာ သားဥပြွန်ကနေ တစ်ဆင့် သား အိမ်ထဲ ရောက်သွား ပါတယ်။ အဲဒီ အချိန်မှာ ပရို ဂျက်စတီရုန်း(Progesterone)ဆိုတဲ့ ဟော်မုန်းက သားအိမ် နံရံကို ပြင်ဆင် ပေးထား ပါပြီ။ အကယ် ၍သာ ဒီအချိန်မှာ အမျိုးသားနဲ့ အတူ နေထားလို့ သုက်ပိုး ရှိနေမယ် ဆိုရင် ခုနက သားဥလေးနဲ့ ပေါင်း ပြီး သန္ဓေသား ဖြစ်သွား နိုင်ပါတယ်။ တကယ်လို့ အဲဒီအချိန် သန္ဓေ မအောင်ခဲ့ ဘူးဆိုရင်တော့ အီစ ထရိုဂျင်နဲ့ ပရိုဂျက စတီရုန်း ဟော်မုန်း တွေဟာ ရုတ် တရက် ပြုတ်ကျသွားပြီး ထူနေတဲ့ သားအိမ် နံရံဟာ ကွာကျ သွားပါတယ်။
ပြီးတော့ ရာသီသွေး ပေါ်ရ ပြန်ပါတယ်။ ဒီလို အဆင့်ဆင့် ဖြတ်ကျော်ပြီးမှ လစဉ် ယန္တရား တစ်ခုလို မိမိတို့ရဲ့ သားအိမ်ဟာ လည်ပတ် နေရ တာဖြစ်ပါတယ်။
ရာသီ စက်ဝန်းထဲမှ လက္ခဏာ ရပ်များ ရာသီ ပေါ်ရတာ ဟာ လစဉ် တာဝန် တစ်ခုလို ဖြစ်နေတာ ကြောင့် အနည်းငယ် စိတ်ရှုပ် ဖို့လည်း ကောင်းပါတယ်။ ၀တ်ထားတဲ့ ထဘီတွေ စွန်းပေ ရမှာ ကြောက်တာနဲ့၊ လမ်းသွားရင် အနှောင့် အယှက် ဖြစ်ရတာနဲ့ စတာ တို့ကြောင့် အမျိုးသမီး များဟာ လစဉ် ကိုယ့်ကိုယ်ကို သတိပေး နေရပြန် ပါတယ်။ ရာသီလာခါ နီးမှာဆိုရင် စိတ်ပိုင်းဆိုင် ရာ သိသိသာသာ ပြောင်းလဲမှု တွေဖြစ်တတ်ပြီး ရင်သားတွေ နာကျင် လာကာ ဗိုက်တစ်ပြင် လုံးဖော နေသလို ခံစား ရတတ် ပါတယ်။ ဒါ့အပြင် ခါး အောက်ပိုင်း ကိုက်ခဲမှု ဝေဒနာ တွေဟာ အမျိုးသမီး များကို လစဉ် ခြိမ်းခြောက် နေပါတယ်။ ဒီ လက္ခာဏာ ရပ်တွေဟာ အမျိုးသမီး တိုင်းမှာ ရှိ မနေတာ ကတော့ ကံကောင်းခြင်း လို့ဆို ရမှာပါ။
ရာသီသွေးနဲ့ ပတ်သက်လို့ တခြား သိမှတ် ဖွယ်ရာလေး တွေကို ဖော်ပြ လိုက်ပါတယ်။
ပုံမှန်ရာသီ စက်ဝန်း-ပျမ်းမျှ အနေနဲ့ ၂၈ ရက် စက်ဝန်းရှိ တတ်ပြီး ၂၂ ရက်စက်ဝန်းမှ ၃၅ ရက် စက်ဝန်း ထိကို ပုံမှန်လို့ သတ်မှတ် ထားပါတယ်။
ရာသီသွေး ပမာဏ-ရာသီ စက်ဝန်း တစ်ခု စာမှာ ပျမ်းမျှ အားဖြင့် ၃၅ ml ရှိပါတယ်။ တကယ် လို့ ၈၀ ml အထက်ကျော် သွားရင်တော့ ရာသီသွေး ဆင်းတာ များတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလောက် ဆိုရင်တော့ အမျိုးသမီးများ အနေနဲ့ မိမိရဲ့ လစဉ် ယန္တရားကို တီးခေါက် မိနိုင် လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။ ရာသီ သွေးပေါ်ရ တာဆိုရင်ဖြင့် မိန်းကလေးများ အတွက် စိတ်ညစ် ညူးဖွယ် ကိစ္စ တစ်ရပ်ဖြစ်တာကိုတော့ ငြင်းလို့ရ မယ် မထင်ပါဘူး။ ဒါပေမဲ့ လည်း ဒီလိုရာသီ သွေးပေါ် နေမှသာ ပုံမှန် တာဝန် ထမ်းဆောင် နေမှ သာ အမျိုးသမီး တစ်ယောက်ရဲ့ ကဏ္ဍဟာ ထင် ရှား နေမှာပါ။ ဒါ့အပြင် မျိုးဆက် များရဲ့ဖန်တီးရှင် ဖြစ်ဖို့ဆို တာကလည်း ရာသီ စက်ဝန်းတွေ ရှိနေမှ လည်ပတ် နေမှ ဖြစ်နိုင်တာပါ။ ဒီအတွက် မိမိတို့ရဲ့ ရာသီ စက်ဝန်းကို ကောင်းစွာ နားလည် သဘောပေါက်ပြီး သားကောင်း မိခင် ဖြစ်လာဖို့ အခွင့် အရေးကို ပိုင်ဆိုင် ထားရသူ မိန်းမ သားများကို တစ်လ တစ်ခါ ငုံရာက ဖူး၊ ဖူးရာက ပွင့်ရတဲ့ သက်ရှိ ပန်းကလေး များလို့ ကင်ပွန်းတပ် လိုက်ပါ ရစေ။
လင်းစက်နွယ် Ref: RCOG Books Contact info ;
This e-mail address is being protected from spambots. You need JavaScript enabled to view it
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|