|
Written by ခင်သန္တာ
|
|
Tuesday, 15 January 2013 21:33 |
၄၆ ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲ အတွက် တရုတ်နိုင်ငံ ကွမ်ကျိုး မြို့ကိုသွားရောက် ယှဉ်ပြိုင်ကြ ဖို့ မြန်မာနိုင်ငံ ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ ချုပ်က အားကစား သမား တွေကို နောက်ဆုံး လူရွေးပွဲ ပြန်လုပ်ပါတယ်။
argaiv1106
အား ကစား သမားတွေ ရွေးချယ်ပြီးတဲ့ အခါ လိုက်ပါ ရမဲ့ အုပ်ချုပ်သူ၊ နည်းပြနဲ့ အဖွဲ့ ၀င်တွေကို ရွေးချယ် ပါတယ်။ ရွေးချယ်ခံ ရတဲ့ အဖွဲ့ဝင် ထဲမှာ ကျွန်မ ပါဝင်ခဲ့ပါ တယ်။ ဒါ့အပြင် နိုင်ငံတကာ အသိ အမှတ်ပြု ဒိုင်စာမေးပွဲ ဖြေဆိုဖို့သုံးယောက် ရွေးချယ်တဲ့ အထဲ မှာလည်း ပါဝင် ခဲ့ပြန်တယ်။ အားကစား အဖွဲ့ချုပ် ထဲမှာကျွန်မ တို့အရင် နိုင်ငံတကာ အသိ အမှတ်ပြု ဒိုင်လက်မှတ် ရရှိပြီး သူများ ရှိနေ ပေမဲ့ လည်း ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ၊ ကျွန်မတို့နိုင်ငံမှာ ကျင်းပမဲ့ ဆီးဂိမ်း အတွက် နိုင်ငံတကာ ဒိုင် အရေအတွက် လိုနေသေး တာမို့ ကျွန်မတို့ သုံးယောက် ထပ်ဖြေဆို ရမှာ။ နိုင်ငံတကာ ပြိုင်ပွဲ တွေကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ကာယ ဗလမောင် များက အကြိမ်ကြိမ် သွားရောက် ယှဉ်ပြိုင်ဖူး ကြပေမဲ့ အားကစား မယ်များ အတွက်တော့ ပထမဦးဆုံး ရရှိတဲ့ အထူး အခွင့်အရေး တစ်ရပ်ပါ။ အားကစား မယ်များ ၀တ်ဆင် ယှဉ်ပြိုင် ရမဲ့ ၀တ်စုံက ကျွန်မတို့နိုင်ငံ ယဉ်ကျေးမှုနဲ့ မကိုက်ညီ တာကြောင့် ပြည်ပကို သွားရောက် မယှဉ်ပြိုင် ခင်မှာ ပြိုင်ပွဲများ ကျင်းပခြင်း၊ မီဒီယာများမှ တစ်ဆင့် ရှင်းလင်း ပြောပြ ခြင်းများ အကြိမ်ကြိမ် လုပ်ခဲ့ ကြရ ပါတယ်။ မီဒီယာ အပိုင်းက ကျန်တဲ့ အဖွဲ့ဝင်တွေ ထက်စာရင် ကျွန်မက အများကြီး နီးစပ်နေ တာမို့ ဒီတာဝန်ကို ကျွန်မ ယူထား ပေးပါတယ်။ဒီခေတ် မြန်မာ မိန်းကလေး တော်တော် များများရဲ့ လူ အများကြား ၀တ်စား ဆင်ယင်မှုက ကျွန်မတို့ ယဉ်ကျေးမှုနဲ့ မကိုက်ညီ ပေမဲ့လည်း အများ အမြင် စင်ပေါ်တက် ယှဉ်ပြိုင်တဲ့ ၀တ်စုံကို အားကစား မျက်စိနဲ့ ကြည့်မပေး နိုင်ကြသူ များကို အံ့သြ ရပါ တယ်။
အုပ်ချုပ်သူ၊ နည်းပြများနဲ့ ကျွန်မတို့ အဖွဲ့ ၀င် များက ဆိုင်ရာ တာဝန်များကို အသီးသီးယူ ကြရ ပါတယ်။ ကာယ ဗလမောင် အတွက် ပြိုင်ပွဲ ၀င်ဝတ်စုက အတွင်းခံ ဘောင်းဘီ တစ်ထည်တည်း သာ လိုအပ် ပေမဲ့ အားကစား မယ်များ အတွက်က တော့ သတ်မှတ် ၀တ်စုံ၊ စိတ်ကြိုက် ၀တ်စုံနဲ့ အရပ်နဲ့ ကိုယ်အလေးချိန် နေ့ အတွက် ၀တ်စုံရယ် ဆိုပြီး တစ်ဦးကို အနည်းဆုံး သုံးစုံ လောက်တော့ စီစဉ် ကြရ ပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ အရပ်နဲ့ ကိုယ်အလေးချိန် တိုင်းထွာ တဲ့နေ့မှာ ဓာတ်ပုံရိုက် မှတ်တမ်း တင်တာ လုပ်ကြပါတယ်။ ပြီးတော့မှ ကိုယ့်ရဲ့ အရပ်၊ ကိုယ်အလေး အချိန် အပေါ် မူတည်ပြီး အတန်းခွဲ သတ်မှတ် ပေးတာပါ။ သတ်မှတ် ၀တ်စုံ အတွက် အလုပ် သိပ်မရှုပ် ပေမဲ့ စိတ်ကြိုက် ၀တ်စုံ အတွက်ကတော့ စီးကွင့်များ၊ ဘော်ကြယ်များ ထိုးရတာ ကြောင့် ၀တ်စုံ တာဝန်ယူ ထားတဲ့ သူများ ကတော့ နုရည်ပွင့် ဖက်ရှင်ဆိုင်ကို ဆီကုန်အောင် အကြိမ်ကြိမ်သွား ကြရပါတယ်။
ပြိုင်ပွဲ အမျိုး အစားက Model Physique နဲ့Fitness Physique ဆိုပြီး နှစ် မျိုး ရှိပါတယ်။ Model Physique အတွက် ကျစ်လျစ် လှပတဲ့ ကြွက်သား ရှိဖို့နဲ့ အဆီ ပိုကင်းတဲ့ ကိုယ်ခန္ဓာ အချိုး ရှိရင် လုံလောက် ပေမဲ့ Fitness Physique အတွက် ကတော့ အဲဒီနှစ်မျိုး စလုံး ရှိရမှာ ဖြစ်တဲ့ အပြင် ပျော့ပျောင်းမှု၊ ခွန်အား စိုက် ထုတ်နိုင်မှု၊ လျင်မြန် ဖျတ်လတ်မှု၊ တေးဂီတနဲ့အညီ သံစဉ် အတက်အကျ တွဲဖက်ပြီး လှုပ်ရှား ယှဉ်ပြိုင်ရမဲ့ လေ့ကျင့်စဉ် တွေပါ ပါဝင် နေပါတယ်။
၁၉.၉.၂၀၁၂ နေ့ မနက် မှာတော့ တရုတ် နိုင်ငံ၊ ကွမ်ကျိုးမြို့ကို ထွက်ခွာဖို့ မြန်မာနိုင်ငံ ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှမြင့်ဆွေ ဦးဆောင် တဲ့ ကျွန်မတို့ မြန်မာ အားကစား အဖွဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ရောက်ရှိလို့နေပါ တော့တယ်။ လော်ဘီထဲစောင့်ဆိုင်း နေစဉ်မှာ စာရေး ဆရာမ ခင်ဆုမြတ် ထွန်းကို လှမ်းတွေ့ လိုက်ပါတယ်။ သူလည်းပဲ Workshop တစ်ခု အတွက် ကွမ်ကျိုး ကိုသွားရ မှာပါတဲ့။ တိုက်တိုက် ဆိုင်ဆိုင် လေယာဉ် ကလည်း တစ်စင်းတည်း အတူတူ ဖြစ်နေပါတယ်။ ဆုမြတ် ကတော့ ကွမ်ကျိုးမှာ သုံးရက် နေပြီး ပေကျင်းကို ဆက်သွား ရမှာပါ။ အရွယ် ငယ်ငယ် စာရေး ဆရာမ တစ်ယောက်ရဲ့ အောင်မြင်မှုကို ကျွန်မကတော့ ကြားဝင် ဂုဏ်ယူပြီး အားကစား အဖွဲ့ဝင် တွေကို ကြွားနေမိ တယ်။ မြန်မာ စံတော်ချိန် နေ့လယ် ၁၁ နာရီ ၂၀ မိနစ်မှာ China Southern လေယာဉ်လိုင်းနဲ့ ကွမ်ကျိုးမြို့ကို ထွက်ခွာ ခဲ့ကြပြီး ဒေသ စံတော်ချိန် ၄ နာရီ ခွဲလောက်မှာ ရောက်သွား ပါတယ်။ ရန်ကုန်ရဲ့ စံတော်ချိန်က ကွမ်ကျိုး စံတော်ချိန်ထက် ၂ နာရီ နီးပါးလောက် နောက်ကျ ပါတယ်။ Baiyun လေဆိပ်ရဲ့ လော်ဘီထဲမှာ မြင့်မားဖြောင့် စင်းနေတဲ့ ပင်လယ် ကဗွီးပင်ကြီး ၄ ပင်ကို ဦးစွာ အံ့မခန်း တွေ့မြင်ရတယ်။ လေဆိပ်ကနေ တည်းခို ရာ Zhu Jiang ဟိုတယ်ကို ယာဉ်ကြော ပိတ်ဆို့မှု မရှိ ပါဘဲနဲ့ တစ်နာရီတိတိ မောင်းရ ပါတယ်။ လေ ဆိပ်ကနေ ဟိုတယ် သွားတဲ့ လမ်းတစ်လျှောက်မှာ သစ်ပင်ကြီးတွေ စိမ်းညို့ နေအောင် မြင်နေ ရတော့ တောအုပ် တစ်ခုကို ဖြတ်မောင်းပြီး သွားနေတယ် လို့ ခံစားရပါတယ်။
ကွမ်ကျိုးရဲ့ မြို့လယ်ကောင် ရောက်တော့ လည်း ခေတ်မီတဲ့ အဆောက် အအုံတွေ ရှိနေလို့ သာ တောအုပ်လို့ သတ်မှတ်လို့ မရတာပါ။ နေ အိမ်တိုက်ခန်း အပေါ်မြင့် ၀ရန်တာ တွေမှာပါ စိုက် လို့ရတဲ့ သစ်ပင်မှန် သမျှကို စိုက်ပျိုးထား ကြပါ တယ်။ တိုက်ခန်း တွေရဲ့ ကားရပ် နားရာ နေရာကို ခေါင်မိုး အပေါ်ဆုံး ထပ် တွေမှာ တင်ထားတာ ကို ထူးဆန်းစွာ တွေ့ခဲ့ ရပါတယ်။ ကျွန်မ စိတ်ထင် မြေလွတ်နေရာ မှန်သမျှကို သစ်ပင် စိုက်ပျိုးဖို့ လုပ် ထားကြတယ် ထင်ပါတယ်။ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းတဲ့ နေရာမှာ စံထား လောက်ပါ တယ်။ ကျွန်မတို့ နိုင်ငံနဲ့ နှစ်ရှည်လများ ဆွေမျိုး ပေါက်ဖော် ဖြစ်ခဲ့တဲ့ တရုတ် နိုင်ငံထဲက မြို့တစ် မြို့ရဲ့ သစ်ပင် ချစ်တတ်ပုံ ကိုကြည့်ရင်း တောင် ကတုံး ဖြစ်နေတဲ့ ပဲခူး ရိုးမနဲ့ ရှမ်းတောင်တန်းကြီး တွေကို မြင်ယောင် သွားမိတော့ သြော်၊ သူတို့ နိုင်ငံက သစ်ပင်တွေ ကိုတော့ ချစ်တတ် လိုက်ကြ တာလို့ ကျွန်မ အသံထွက် ပြီးတောင် ညည်းညူ လိုက်မိ ပါတယ်။ ဟိုတယ်ကို ကျွန်မတို့ ရောက်တော့ နိုင်ငံ တကာက အားကစား သမားတွေ တော်တော် စုံနေ တာကို တွေ့ရပါတယ်။ အာရှဒေသ ၂၂ နိုင်ငံ အနက် ၁၈ နိုင်ငံက အားကစား သမားများ တက် ရောက်လာ ကြတာပါ။

၂၀.၉.၂၀၁၂နေ့ရဲ့ ညစာစားပွဲမှာ ကျွန်မတို့ အမျိုးသမီး အားလုံး မြန်မာ အင်္ကျီ ၀တ်ဆင်ခဲ့ကြပါ တယ်။ မြန်မာ ၀တ်စုံတွေ ကြောင့်လို့ ထင်ပါ တယ်။ ကျွန်မတို့ အဖွဲ့နဲ့ ဓာတ်ပုံတွဲ ရိုက်ချင်ကြ တဲ့နိုင်ငံတွေ အများကြီး ရှိနေ ကြပါတယ်။ ၂၁.၉.၂၀၁၂ နေ့ ညနေမှာတော့ အရပ်နဲ့ ကိုယ်အလေး အချိန်အရ ယှဉ်ပြိုင်ရမဲ့ အတန်း ခွဲခြား သတ်မှတ်ခြင်းကို Tianhe Gyamnasium မှာ ကျင်းပ ခဲ့ပါတယ်။ ကာယဗလ မောင်စိုးမိုးအောင် က ၆၅ ကီလိုတန်းမှာ ပြိုင်ရပြီး၊ အားကစားမယ် အေးအေးစိုးက Fitness Physique 155 cm နဲ့ Model Physique 160 cm မှာ ယှဉ်ပြိုင် ရပါတယ်။ဝတ်ရည်ဖြိုး ကတော့ Model Physique 165cm အတန်းမှာ ယှဉ်ပြိုင် ရပါတယ်။
၂၂.၉.၂၀၁၂နေ့ ပထမနေ့ ပြိုင်ပွဲမှာ အကြိုအကဲ ဖြတ်ခြင်း (Prejudging) ကို ပြုလုပ်ပြီး ဖွင့်ပွဲ အခမ်းအနား ကျင်းပ ကြပါတယ်။ အဲဒီနောက် ပြိုင်ပွဲများကို ဆက်လက် ကျင်းပ ရာမှာ ကျွန်မတို့ ဒိုင်စာမေးပွဲ ဖြေဆိုသူ သုံးဦး ၀င်ရောက် ဖြေကြရ ပါတယ်။ ကျွန်မကတော့ ကိုယ့်နိုင်ငံက ပြိုင်ပွဲဝင် ကာယဗလ မောင်ကို ဆန်ခါတင် ငါးဦးထဲ ထည့်မိ တာက လွဲရင် ၈၅ ရာခိုင်နှုန်း လောက် မှန်ကန် အောင် ဖြေနိုင်ခဲ့ တယ်လို့ ထင်တာပဲ။ အေးအေးစိုး ယှဉ်ပြိုင်ရမဲ့ သီချင်းကို အခွေနဲ့ရော မန်မိုရီ စတစ် နဲ့ပါ သယ်ဆောင် သွားခဲ့ ကြပါတယ်။ ဗွီစီဒီစက်၊ ဒီဗွီဒီစက် မျိုးစုံနဲ့လည်း စမ်းဖွင့်ကြည့် ထားပြီးသား ပါ။ ဒါပေမဲ့ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ စက်နဲ့ဖွင့် တဲ့အခါမှာ ဖွင့်လို့ မရပါဘူး။ သူတို့က ဗွီစီဒီစက်၊ ဒီဗွီဒီစက်တွေ မသုံးကြဘဲ လပ်တော့ပ် တစ်မျိုး တည်းကိုပဲ အသုံးပြု ကြတာပါ။
သီချင်း သံစဉ်နဲ့အလိုက် စင်ပေါ်က ပြကွက် တွေကို လေ့ကျင့် ထားတာ ဖြစ်လို့ သီချင်းဖွင့်လို့ မရတော့ ဘူးလို့ သိလိုက် ရတဲ့အခါ တစ်ဖွဲ့လုံးပျာ ကုန်ကြပါတယ်။ အဲဒီအချိန် ကျွန်မတို့ကလည်း ဒိုင်စာမေးပွဲ မဖြေရ သေးဘူး။ အုပ်ချုပ်သူ အန်တီ ဒေါ်ရီရီဝင်းလည်း ဘယ်သူ့ စိတ်ဆိုးရမှန်း မသိ၊ ဘာဆက်လုပ် ရမှန်း မသိနဲ့ဖြစ်နေ၊ စတိတ်စင် နောက်ဘက် လှမ်းကြည့် လိုက်တော့လည်း နည်း ပြ နှစ်ယောက်က ဟိုပြေးဒီပြေး။ ပြိုင်ပွဲဝင် အေးအေးစိုး ကိုယ်တိုင် ကတော့ မျက်နှာငယ်လေး နဲ့။ ဒိုင်ဝင် လုပ်ရမဲ့ သူတွေ ကလည်း ကိုယ့်နာမည် ခေါ်မှာကို နားမစွင့်နိုင် ကြတော့ ပါဘူး။ အဲဒီ အချိန် စာမေးပွဲ ၀င်ဖြေရမဲ့ ကျွန်မ သူငယ်ချင်း တစ် ယောက်က အေးအေးစိုးကို သနား လိုက်တာ ဆိုပြီး ချုံးပွဲချ ငိုပါတော့တယ်။ မျိုးချစ်စိတ် တစ်မျိုး ဖြစ်မယ် ထင်ပါရဲ့။ ဟိုတယ်မှာ ကျန်ခဲ့တဲ့ ကျွန်မ လပ်တော့ပ် ထဲမှာ အဲဒီ သီချင်းပါပေမဲ့ ဟိုတယ်နဲ့ အားကစားရုံက ကားနဲ့တောင် တော်တော်သွားရ တာမို့ စိတ်လျှော့ လိုက်ရပါတယ်။
ကျွန်မတို့ရဲ့ ဥက္ကဋ္ဌကတော့ ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ပွဲဖြစ်လို့ အတွေ့ အကြုံပဲယူ တာ၊ ဘာမှ စိတ်အနှောင့် အယှက် မဖြစ်ကြနဲ့လို့ဆိုပါတယ်။ နောက်ဆုံးတော့ သူတို့က သင့်တော်တဲ့ သီချင်း တစ်ပုဒ်ဖွင့် ပေးပါတယ်။ ပြကွက်နဲ့ သီချင်း သံစဥ်မကိုက်ညီ ပေမဲ့ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ တာတော့ အေး အေးစိုးကို ကျေးဇူး တင်စရာပါ။ Fitness Physique ပြိုင်ပွဲမှာ ဆန်ခါ တင်စာရင်း မ၀င်ခဲ့ ပေမဲ့ နောက်တစ်နေ့ ၂၃.၉.၂၀၁၂ ကျင်းပတဲ့ Model Physique ပွဲမှာတော့ နှစ်ယောက် စလုံးက မြန်မာနိုင်ငံ အတွက် ဆုတံဆိပ် တွေကို ဆွတ်ခူး ပေးနိုင်ခဲ့ ကြပါတယ်။ အာရှ အဆင့်ပြိုင်ပွဲမှာ ပထမဦး ဆုံးချတဲ့ ခြေလှမ်းက အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရ ပါမယ်။
ကျင်းပတဲ့ ပွဲစဉ် တော်တော် များများမှာ အီရန် နိုင်ငံနဲ့ တရုတ်နိုင်ငံ ကပဲ ဆုတံဆိပ်တွေ အများကြီး ဆွတ်ခူးခဲ့ ကြတာပါ။ သူတို့ နှစ်နိုင်ငံ အလံတော်ကို တစ်လှည့်စီ အလေးပြုနေ ရတဲ့ ကျွန်မတို့မှာ အေးအေးစိုး ကြောင့် ကိုယ့်နိုင်ငံ အလံ တော်ကို သူများ နိုင်ငံမှာ အလေးပြု ခွင့်ရ ခဲ့တာပါ။ အဘက်ဘက် ကနည်းမျိုး စုံ ပိတ်ဆို့ မှုများ၊ ပြည်တွင်း ပြည်ပ ဖိအားပေးမှု များခံနေရတဲ့ အီရန် နိုင်ငံက ရွှေ တံဆိပ်စုစုပေါင်း ၁၇ ခု ဆွတ်ခူး သွားပြီး အမျိုးသား တံခွန်စိုက် ဆုကို ရသွားကြ ပါတယ်။“တိုင်းပြည်ေ အးချမ်း သာယာမှ အဘက်ဘက်က တိုးတက်အောင် မြင်နိုင်တယ်”ဆိုတဲ့ အဆိုကို ကန့်ကွက်နေတဲ့ အလား ယူသွားလိုက်ကြတဲ့ဆု တွေ တစ်ပုံတစ်ပင်။
ကွမ်ကျိုးမှာ စိတ်အချမ်းသာ ဆုံးက အင်တာနက် ကွန်နက်ရှင်တွေ တအား မြန်တာ။ ဒါပေမဲ့ ဖေ့ဘွတ် ကိုတော့ မလိုလားအပ် တဲ့ ပြဿနာများ ရှောင်ရှား ရန် အတွက်တဲ့ အစိုးရက တရားဝင် ပိတ်ထား ပါတယ်။ စိတ်အဆင်းရဲ ရဆုံးက အစားအသောက်တွေ ဘာစားစား အရသာ မရှိတာ ဒါပေမဲ့ ၀တဲ့ အမျိုးသမီး တစ်ယောက်မှ မတွေ့ခဲ့ ရပါဘူး။ ပြန်ခါနီးသိခဲ့ရတာ ကွမ်ကျိုးဆို တဲ့မြို့ကို မြို့သစ် အဖြစ် တည်တာ အနှစ်သုံးဆယ်ပဲ ရှိပါသေး တယ်တဲ့။ ဒေသခံ လူကြီး တစ်ယောက်ရဲ့ အပြောအရ ဆိုရင် ရုပ်ဝတ္ထုပိုင်း တွေသာ တိုးတက်တာ၊ အသိ ဉဏ်ပညာ ပိုင်းမှာတော့ အများကြီး လိုနေပါ သေးတယ်တဲ့။ ကျွန်မတို့တွေက တော့ ရုပ်ဝတ္ထုပိုင်း မှာသာ သူတို့ကို မမီတာ အသိဉဏ် ပညာပိုင်း မှာတော့ သူတို့ထက် သာပါတယ်လို့ စိတ်ထဲ ကနေ တိတ်တိတ်လေး ကြွားပစ် ခဲ့လိုက် တယ်။

ခင်သန္တာ (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Last Updated on Tuesday, 15 January 2013 21:39 |