|
Written by ရာပြည့်
|
|
Tuesday, 15 January 2013 20:50 |
ကျွန်တော်တို့ Justin Timberlake နေထိုင်ရာ Memphis မြို့ကို သွားရောက် တွေ့ဆုံခဲ့ ကြပါတယ်။သူ့ချစ်သူ Jessica Beil လည်း အတူရှိ နေတာ တွေ့ရပါတယ်။
argaiv1538
Jessica Beil ကိုမျက်စိ မလွှဲတမ်း ကြည့်မိနေတဲ့ ကျွန်တော့်ကို Scooter က လက်နဲ့ပုတ် သတိပေး ရတဲ့ အထိပါပဲ။ Timberlake ရောက်လာတော့ Cry me a River သီချင်းကို ကျွန်တော်ကဆိုပြလိုက်ပါတယ်။ “ကိုယ့်သီချင်းကို ကိုယ့်ရှေ့မှာ ဆိုပြဖို့ တော်တော်ကြိုးစား ရမှာပဲ”လို့ သူကဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူ သဘောကျ သွားတယ်လို့ ခန့်မှန်း မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက နှစ်ဦးနှစ်ဖက် ရှေ့ဆက် ညှိနှိုင်း တိုင်ပင် ချင်တာကို သိခဲ့ ရတာကိုး။ နေ့လယ်ဘက် နောက်ပိုင်း မှာတော့ March Madness ဘတ်စကက်ဘော ကစားပွဲတွေ အတူကြည့်ရင်း အချိန်ဖြုန်း ခဲ့ကြပါတယ်။ Justin Timberlake ဟာ ထူးခြား တဲ့ပင်ကို အရည်အချင်း တစ်ရပ် အရင်ကတည်း ကရော၊ အခုထိပါ ပိုင်ဆိုင် သူပါ။ကျွန်တော် ကိုယ်တိုင် အထင်ကြီး လေးစားမိသူ တစ်ဦးလည်း ဖြစ်ပြီး သူ့ရဲ့လုပ်ငန်း တွေကိုလည်း လေ့လာ ချင်ပါ သေးတယ်။ ကနေဒါ နိုင်ငံရဲ့ မြို့ငယ်လေး တစ်ခုက ကျွန်တော့်လို ကောင်လေး တစ်ယောက်နဲ့ သူက လက်တွဲ အလုပ်လုပ်ချင် တယ်ဆိုတာ တကယ့်ကို မယုံနိုင် စရာကောင်း လောက်အောင် ဆန်းကြယ် ပါတယ်။ Usher ကလည်း အဲဒီ အတိုင်းပါပဲ။ နောက် ဆုံးမှာ အားလုံး အဆင်ပြေ သွားတာ ယုံတောင် မယုံနိုင် စရာပါ။ ဒါကို ယုံကြည်ဖို့ တောင် ကြောက်လန့် နေမိ ခဲ့တယ်။ ဘာနဲ့ နှိုင်းပြ ရမလဲ ဆိုတော့ သိပ်မကြာသေး ခင်က နယူးဇီလန်က တံတား တစ်ခုမှာ ခြေထောက် ကြိုးချည်ပြီး ရေပြင်ပေါ် ခုန် ချရတဲ့ Bungee Jumping ကစားနည်း ကစား သလိုပေါ့။ ကြိုးခွေ ဆုံးပြီး တင်းခနဲ ဖြစ်ကာ အောက်ကို ကျနေတာ ရပ်တန့် သွားဖို့ရာ ကြာလိုက်တာ။ ဒါပေမဲ့ နောက်ဆုံး မိနစ်ပိုင်း လေးမှာတော့ ရောက်သွား တာချည်းပဲ။ အဲဒီမှာရပ် နေရင်း၊ အဆင်သင့်ပေါ့။ အဲဒါက ဘာနဲ့ တူသလဲ ဆိုတာ ကိုတော့ ဒီထက်ပိုပြီး မတွေးတတ်တော့ပါဘူး။ ဒါပေမဲ့ အဲဒီ အရာဟာ ကြောက်စရာ ကောင်းလိမ့် မယ်ဆိုတာ ကိုတော့ သိနှင့် နေခဲ့တယ်။
ကျွန်တော်တို့ သားအမိ နှစ်ယောက် Usher နဲ့ထပ်တွေ့ဖို့ Atlanta ကို နောက်တစ်ခေါက် သွားကြပြန် ပါတယ်။ Usher က ကျွန်တော်တို့ကို အကောင်းစား ဇိမ်ခံ ဟိုတယ်ကြီး တစ်ခုမှာ ထားပေးတယ်။ ကျွန်တော် ရောက်ဖူး သမျှနေ ရာတွေနဲ့တော့ လုံးဝ ခြားနားပြီး တခြားကမ္ဘာ ရောက်နေ သလိုပဲ။ တယ်လီဖုန်း တွေကလည်း အိမ်သာခန်း ထဲမှာတောင် ရှိသေး။ အာမခံ သေတ္တာလည်း ပါ သေးရဲ့။ ရေခဲ သေတ္တာ ကလည်း ကလေး အကြိုက် စားစရာ တွေအပြည့်။ ကျွန်တော့် အခန်းထဲမှာ တောင်းကြီး တစ်တောင်းနဲ့ အပြည့် ကစားစရာ အရုပ်တွေ လည်းထားပေး ထားပါ သေးတယ်။ ရောင်စုံ မျက်နှာပြင် တွေကိုလည်း တစ်ပြေး ညီတည်း ဖြစ်အောင် လှည့်ရတဲ့ Rubik အံစာတုံး တစ်တုံးကို ကျွန်တော်ကောက် ယူပြီး သုံးမိနစ် အတွင်း အားလုံး အရောင် မှန်အောင် လှည့်ပြ လိုက်ပါတယ်။ (အဲဒါက လှည့်တဲ့ နည်းရှိတယ်။) Rubik အံစာတုံးကို ကျွန်တော်က Usher ဆီကမ်းပေး လိုက်တဲ့ အခါ အံ့အားသင့် သွားတဲ့ Jh Usher က“ဘယ်လို ကောင်လေး လဲဟ”လို့ Scooter ကို ကြည့်ရင်းပြော လိုက် ပါတယ်။ နှစ်ယောက် မျက်နှာချင်းဆိုင် စကား ပြောကြတဲ့ အခါ Usher က အေးအေး ဆေးဆေးပဲ ပြောပါတယ်။ ဒါပေမဲ့ သူ့အကြည့်က အင်မတန် အားပါပြီး တစ်ဖက်လူကို မျက်စေ့ မလွှဲစတမ်း ပြောတတ်ပါတယ်။ ကျွန်တော်တို့ သားအမိနဲ့ စကား ပြောကြတော့ သူတကယ်ကို လိုလိုလား လားနဲ့ ပြောခဲ့တာ ဖြစ်ပြီး အဓိပ္ပာယ်လည်း အများ ကြီးပါပါတယ်။ “တကယ်လို့များ၊ မင်းဟာ လပေါ်ကို သွားရတဲ့ အာကာသ ယာဉ်မှူး တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ကမ္ဘာပေါ်မှာ အဲဒီ အတွေ့အကြုံ တွေကို ဝေမျှ ခံစားနိုင်မဲ့ သူ များများ စားစား ရှိမှာ မဟုတ်ဘူး။ကောင်းပြီ၊ ကိုယ်ကလည်း အာကာသ ယာဉ်မှူး တစ်ယောက်ပဲ။လပေါ်ကိုလည်း ရောက် ဖူးတယ်။ အဲဒီ အကြောင်းတွေ မင်းကို ပြောပြနိုင် သလို၊ ကမ္ဘာမြေ ပေါ်ဘေးမ သီရန်မခ ပြန်ဆင်း လာနိုင် အောင်လည်း လုပ်ပေးနိုင်တယ်။ အဲဒီဖြစ် စဉ်ရဲ့ အလှဆုံး အပိုင်းကတော့ ကိုယ်ကိုယ်တိုင် လိုက်ပါ နေတုန်းမှာ မြင်တွေ့နိုင်တဲ့ အခွင့်အလမ်း မရှိတာပဲ အခုဆို ကိုယ်က နောက်ဆုပ် ရပ်နေပြီး ဖြစ်စဉ်အားလုံးကို စောင့်ကြည့်နိုင်တဲ့ အခွင့် အရေး ရှိနေပြီ။ စင်မြင့်ထက်က မယုံကြည် နိုင်စရာ အချိန် ကာလ အခိုက်အတန့် တွေ သာမက၊ ကိုယ့်ရဲ့အခက် အခဲ အဟန့် အတားတွေ တောင်မှ မြင်ရ တွေ့ရတာ ကြည်နူး စရာပါ။ အခက် အခဲတွေ ဘယ်လိုကျော် လွှားရ မလဲလို့ တွေးပူနေရတဲ့ အချိန် မျိုးမှာတောင် ပေါ့။ မင်း သိပါတယ်။ ဒါပေမဲ့ ကိုယ်က ပိုပြီး တော့ အကူအညီ ပေးနိုင်တယ်။ ဒါတွေကို ကိုယ် ကကြုံတွေ့ ခဲ့ဖူးပြီး သားကိုး။ အနုပညာသည်ဖြစ် တဲ့အတွက် ရှေ့ကနေ လမ်းဖောက်၊ မီးထွန်းညှိပြ သွားခဲ့ကြတဲ့ အထင်ကရ အကျော် အမော်ကြီး တွေ ရဲ့ ပခုံးထက်မှာ ကိုယ် ရပ်တည် နေတယ်။ ပြီး တော့ ကိုယ့်ရဲ့ အတွေ့အကြုံတွေ အားလုံး ကိုမျှဝေ ချင်တယ်။ ဗဟုသုတ တွေအားလုံးကို မျှဝေချင် တယ်။ ဒါတွေကို မင်းနဲ့မျှဝေ ခံစားပြီး မင်းအတွက် အဲဒီလို အချိန် အခိုက် အတန့်တွေ ဖြစ်ပေါ်အောင် လုပ်ကိုင် ကြရာမှာ အကူအညီ ပြုပေး ချင်ပါတယ်”

သူ ပြောလာတဲ့ စကားတွေ အရရော၊ ကျွန်တော့် ကိုယ်တိုင် ကပါ ကိုယ့်အတွက် ထာဝရ မိတ်ဆွေကောင်း တစ်ယောက် ရလိုက်ပြီဆိုတာ သိခဲ့ပါတယ်။ ကျွန်တော်တို့ Usher နဲ့ပဲ လက်တွဲ ကြဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် အတွက် ကျွန်တော် တစ်စက္ကန့်လေးမှ သံသယ မဖြစ်ခဲ့ပါဘူး။ Usher လို လူကို ကျွန်တော့်ရဲ့ နံဘေးမှာ ရလိုက်တာဟာ ကမ္ဘာပေါ်မှာ ကံအကောင်း ဆုံးသူ တစ်ယောက် ဖြစ်ခဲ့တာ ပါပဲ။
ကျွန်တော့်ကို ဂီတ လောကထဲမှာ ဦးဆောင်ပဲ့ ကိုင်နိုင် ဖို့အတွက် Usher နဲ့ Scooter တို့လက်တွဲ မိတ်ဖွဲ့ လိုက်တာလည်း တကယ့် စိတ်ကူးကောင်း တစ်ရပ်လို့ ထင်ပါတယ်။ Scooter က ကျွန်တော့် ကို ပြောပြ နိုင်တာတွေ အများကြီးပါ။ ပြီးတော့ ကျွန်တော်က သူ့အပေါ် ယုံကြည်တယ်။ ဒါပေမဲ့ Usher လိုမျိုး မီးမောင်း အလင်းရောင် အောက်မှာ ကျွန်တော် ဘယ်လို ရှင်သန် နေထိုင် ရမယ် ဆိုတာကိုတော Scooter က မသိဘူးလေ။ သူတို့နှစ် ယောက်ဟာ နပမ်းသမား အတွဲကျ နေတာပဲ။ ကျွန်တော့်ကို နပမ်းပွဲ မှာလို ခေါက်ကုလားထိုင် နဲ့ ခေါင်းကို မရိုက်ပေမဲ့၊ တစ်နေ့တစ်နေ့ ရေကို အများကြီး သောက်ခိုင်း ကြတယ်လေ။
လက်တွေ့သဘောတူညီမှု Usher ပြောတာကို အားလုံးက နားထောင် ကြပါတယ်။ Island Def Jam Music Group ရဲ့ အမှုဆောင် အရာရှိချုပ် L.A Reid ကို ဖုန်းဆက် ပါတယ်။ Reid ကို Usher စင်တင် ပေးခဲ့သူပါ။ Island Def Jam ဟာ Mariah Carey, Pink, Avril Lavigne, TLC, Outkast, Toni Braxton အစရှိတဲ့ ဂရမ်မီ ဆုရှင်တွေ၊ ပလက်တီ နမ် ဓာတ်ပြား အမြောက်အမြား ရရှိတဲ့ အဆို တော် ကြီးတွေကို မွေးထုတ် ပေးခဲ့တဲ့ ဓာတ်ပြားတိုက် လည်း ဖြစ်ပါတယ်။ လူကောင် ကတော့ ထွား ထွားကြီးပါ။ ကျွန်တော်တို့ သားသမိ နှစ်ယောက်၊ Usher နဲ့ Scooter ကို နယူးယောက်မှာ သွားတွေ့ရ တဲ့ ၂၀၀၈ ခုနှစ်၊ ဧပြီလဟာ ကျွန်တော့်ဘ၀ အတွက် အရေးအပါဆုံး အချိန် အချိန် အခိုက် အတန့် တွေ ဖြစ်မယ်ဆိုတာ ကျွန်တော် သိထားပါIsland Def Jam ဓာတ်ပြားတိုက်နဲ့ ဓာတ်ပြားထုတ် ဖို့ စာချုပ် တစ်ခုဆို၊ လက်မှတ် ရေးထိုးခဲ့ ရတာဟာ ဒုလ္လဘ တစ်ပါးပါ။ ကျွန်တော်တို့တော့ လမ်း ကြောင်းမှန်ပေါ် တကယ် ရောက်တော့မှာပါ။ အဲဒီ အကြောင်း တစ်ချိန်လုံး တွေးမနေ မိအောင် ကိုယ့် စိတ်ကို အဲဒီထဲမှာပဲ နစ်မြုပ် မနေအောင် ကျွန်တော် ကြိုးစားခဲ့ ပေမဲ့ မရခဲ့ ပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက August Rush အမည်ရ ရုပ်ရှင်ကား တစ်ကား ကြည့်လာ ခဲ့ပါ တယ်။ အဲဒီ ဇာတ်ကား ထဲမှာ ကောင်လေးတစ် ယောက်က ဂစ်တာကို အပြား လိုက်ချပြီး တီးပြ တာကို ကျွန်တော် တော်တော် သဘောကျ ပါ တယ်။ ပါးစပ်ကလည်း ဂစ်တာသံ၊ ဒရမ်သံ၊ စန္ဒရားသံတွေ ဆူညံအောင် အော်ဟစ်လို့။ (You Tube ပေါ်မှာ ကြည့်ကြည့်ပါ။ ပျင်းစရာပါပဲ) ကျွန်တော့် စွမ်းအင်တွေ ရှိသမျှ စုစည်းပြီး အဲဒီ ပြကွက် အတိုင်း ဘယ်လို လိုက်လုပ် ရမလဲ တွေးမိ တယ်။ Scooter နဲ့ ဆုံမဲ့ မနက်အထိ အဲဒီအတွေး မျှင်က ဖြတ်မရဘူး။ ဂစ်တာကို အပြား လိုက်ချပြီး တီးခတ် နေတဲ့ ကျွန်တော့်ကို Scooter ဗီဒီယို ရိုက် ကူးကာ You Tube ပေါ် တင်ပေး လိုက်ပါတယ်။ကိုယ့် ပရိသတ် တွေလည်း ကြည့်ရတာပေါ့။
Usher နဲ့ တွေ့ဖို့ ကားနဲ့ သွားရာ လမ်းတစ်လျှောက်မှာ ကျွန်တော်က ပေါင် ကိုပုတ်ရိုက်၊ ဒရမ် တီးရင်း သီချင်းညည်းပြီး လိုက်လာတယ်။ ညစ်တီး ညစ်ပတ် ဟာသတွေ လည်းပြောပြီး ကားမောင်း နေတဲ့ မေမေ့ကို ပျော်စေ ခဲ့ပါတယ်။ နောက်ဆုံးတော့ L.A Reid ရဲ့ ရုံးခန်းထဲကို Def Jam ဓာတ်ပြားတိုက်က Chris Hicks နဲ့ အတူ လမ်းလျှောက် ၀င်ရောက် ခဲ့ကြတယ်။ Chris Hicks ဟာ ကျွန်တော့်ရဲ့ ဂီတ ဘ၀ကို ပုံဖော် ထုဆစ်ရာမှာ အရေးပါတဲ့ အခန်း ကဏ္ဍက ပါဝင်သူ ဖြစ်လာခဲ့ပြီး ကျွန်တော့်ရဲ့ ခြေလှမ်း တိုင်းကိုလည်း ဖေးမသူ ဖြစ်လာ ပါတယ်။ L.A ရဲ့ ရုံးခန်း ကတော့ တကယ့် ဘုရားကျောင်း ကြီး ကျနေတာပဲ၊ ဘုရားကျောင်းက စားပွဲပေါ်မှာ ဆေးပြင်းလိပ် တွေသာ ရှိခဲ့မယ် ဆိုရင်ပေါ့။ ရုံးခန်း နံရံတွေမှာ ဂီတ လောကရဲ့ သမိုင်းဝင် ဓာတ်ပုံတွေ ချိတ်ဆွဲ ထားတယ်။ ပြုံးရယ်နေတဲ့ L.A နဲ့အတူ အဆိုတော်ကြီး Stevie Wonder နဲ့JYLionel Richchie တို့ရဲ့ပုံ၊ဂရမ်မီ ဆုပေးပွဲ တွေမှာ ဆုရ အဆိုတော် တွေနဲ့ ရိုက်ထားတဲ့ပုံတွေ၊ L.A နဲ့သမ္မတ Obama တို့လက်ဆွဲ နှုတ်ဆက် နေပုံ အများကြီး ပါပဲ။ ပြတင်းပေါက် ကျယ်ကြီးတွေက နေတစ်ဆင့် နယူးယောက်မြို့ကို စီးမိုးပြီး မြင်နေရတယ်။ ဆိုဖာ ထိုင်ခုံ တွေကလည်း စန္ဒရား ခလုတ်လေးတွေ ကျနေတာပဲ။ ဖြူဖွေးလို့။ ကျွန်တော် ၀င်ထိုင်ရ မှာတောင် မရွံ့ မရဲနဲ့။
L.A Reid ဟာ ကမ္ဘာပေါ်မှာ ယဉ်ကျေး သိမ်မွေ့ပြီး ကိုယ့်ကိုယ်ကို ယုံ ကြည်မှု အရှိဆုံး လူတစ်ယောက် ပါပဲ။ သူ့ရဲ့ ကုတ်အင်္ကျီ ကလည်း မျက်စိ တောင် ကျွတ်ကျစေ လောက်အောင် ကြည့်လို့ ကောင်းပါတယ်။ သူက“၀င်ကြ ပါ။ တွေ့ရတာ ၀မ်းသာပါတယ်”လို့ ခရီးဦးကြို ပြုလာပါတယ်။
သူက စားပွဲ နောက်မှာ ထိုင်နေတယ်။ သူ့စားပွဲက ဘိုးဘိုးရဲ့ကားထက် တောင်ကြီး သေးတယ်။ Scooter နဲ့ Usher တို့က ခုံတွေကို တွန်းဖယ် လိုက်ပြီး၊ ကျွန်တော်က အခန်း အလယ်မှာ ရပ်ကာ သီချင်း နှစ်ပုဒ်လောက် ဂစ်တာနဲ့ ဆိုတီး ပြလိုက်ပါတယ်။ Scooter က “August Rush ဇာတ်ကားထဲ ကလို လုပ်ပြ လိုက်ပါဦး”လို့ ဆိုလာ ပါတယ်။
ကျွန်တော်လည်း သူပွဲတောင်း သလို လုပ်ပြလိုက်ပြီး မတ်တတ် ရပ်လျက် နဲ့ပဲ သူတို့ ဘာပြော လာမလဲလို့ စောင့်ဆိုင်း နေခဲ့ ပါတယ်။ နောက်ဆုံးတော့ L.A က အံ့အား သင့်ဟန်နဲ့ “၀ိုး...”လို့အသံပြု ပါတယ်။ L.A က ဖုန်းကောက် ကိုင်ပြီး နံပါတ် တချို့ကို ဆက်သွယ်လိုက် ပါတယ်။ နောက်ထပ် စက္ကန့် သုံးဆယ် လောက် အတွင်းမှာ လူခြောက်ယောက် အခန်းထဲဝင်လာပြီး အဖြူ ရောင် ဆိုဖာတွေပေါ် ၀င်ထိုင် ကြပါတယ်။
“ထပ်ဆိုပါဦး”လို့ L.A က ပြောလိုက်တာနဲ့ ကျွန်တော်က ဆိုပြီး သားပါပဲ။ ဆိုပြီးနောက်မှာ ကျွန်တော့် တို့က အားလုံးကို ကျေးဇူးတင် စကား ပြောသလို၊ အားလုံးက လည်း တုံ့ပြန် ကျေးဇူးစကား ဆိုကြပါတယ်။ နောက်တော့ သူတို့ ပြန်ထွက်သွားပြီး၊ ကျွန်တော် တို့လည်း ပြန်လာခဲ့ ကြပါတယ်။ ကျွန်တော် မှန်း ကြည့်မိတယ်။ ဘ၀ဆိုတာ ရုပ်ရှင် တစ်ခုသာ ဖြစ်ခဲ့ မယ်ဆိုရင် ဒါရိုက်တာက ဒီနေရာမှာ “ရပ်တော့၊ ရပ်တော့”လို့ အော်မှာပဲလို့။ “ဒါ့ထက်ပိုပြီး လုပ်ပြ စရာ တွေရှိသေးတယ်။ ဘယ်မှာလဲ ဒရာမာဇာတ်၊ ဘယ်မှာလဲ အထွတ်အထိပ် အချိန်။ ဒါပေမဲ့ ဘ၀ ဆိုတာ ရုပ်ရှင်ထဲ ကလို မဖြစ်ပါဘူး။ လက်တွေ့ ဘ၀မှာကတော့ ဓာတ်ပြား ထုတ်ပေးမဲ့ သူတွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံစည်း ပေးရမယ်။ ပြီးတော့ အိမ်ပြန်ပြီး-စောင့်၊ စောင့်၊ စောင့်ပေး ဦးပေါ့။ နောက်ထပ်ခြေ လှမ်းလေး တစ်လှမ်း ဆက်လှမ်းဖို့ မလှမ်းဖို့ ပြောလာမဲ့ တယ်လီဖုန်း ခေါ်သံ မကြား မချင်း စောင့်နေ ပေတော့။
မေမေနဲ့ ကျွန်တော်Stratford မြို့လေးကို ပြန်လာခဲ့ ကြတယ်။ တယ်လီဖုန်း အသံ မြည်တိုင်း ၀ုန်းခနဲ ထထခုန်ပြီး ပြေးကိုင်ရ တာအမော။ နောက်ဆုံး မတော့ ကျွန်တော်တို့ မျှော်လင့် စောင့်စား နေတဲ့ ပျော်ရွှင် စရာ မင်္ဂလာ သတင်း ၀င်လာပါ တယ်။ Island Def Jam ဓာတ်ပြား တိုက်က ကျွန်တော်နဲ့ စာချုပ် ချုပ်မယ်တဲ့။ ကျွန်တော်ပျော် လိုက်တာ။ ကမ္ဘာ ထိပ်ဆုံးပေါ် ရောက်ရသလိုပဲ။ ဒါပေမဲ့ Scooter က ဆိုလာပါတယ်။ “ဒါဟာ အင်မတန် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပေမဲ့ အောင်ပွဲမခံ ခင်မှာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက် ကလေးတွေ ပြော၊ ဆို၊ ညှိနှိုင်း ရဦးမှာ”
အလုပ်ကိစ္စ နဲ့ ပတ်သက် တာတွေကို ရှင်းပြဖို့ ဆိုရင် နောက်ထပ် စာအုပ် တစ်အုပ်လောက် ထပ် ရေးရ လိမ့်မယ်။ ဒါပေမဲ့ Scooter က ဒါတွေ အားလုံးကို ကျွန်တော် နားလည်ထား စေချင်တယ် လေ။ သူက ကျွန်တော့်ကို ထိုင်ခိုင်းပြီး ရှင်းပြ တယ်။ ကျွန်တော် နားထောင်ရင်း အိပ်ပျော်လည်း ကိစ္စ မရှိဘူး။ သူက ခြေထောက်ကို ပုတ်နှိုး တယ်လေ။ ပျင်းလွန်းလို့ ရူးတောင် ရူးတော့မယ်။ သူက ဖြစ်စဉ် အားလုံးကို ကျွန်တော် သိထား နေစေချင် တာ။ ကျွန်တော် သိချင် တာကတော့ တစ်ခုတည်း ရှိတာပါ။ “နယ်ပွဲတွေ သွားဆိုဖို့ ကျွန်တော့် အတွက် ဘတ်စ်ကားကြီး တစ်စီး ရမှာလား”
“နောက်ဆုံးတော့ ရမှာပေါ့”လိှု့ Scooter က ဖြေတယ်။ “လမ်းအဆုံးမှာ တစ်စီး တွေ့ခဲ့တယ်” “ဟုတ်ပြီ။ အဲဒီကားမှX Box ဂိမ်းရောပါ လား”Scooter က ရယ်ရင်း ပြောလာပါတယ်။ “အိပ်မက်ထဲ မှာလေ”
အတိုချုပ် ပြောရရင်တော့ စာရွက် စာတမ်း ကိစ္စတွေ အားလုံး ဆောင်ရွက် ပြီးစီးတဲ့ နောက်မှာ မေမေနဲ့ ကျွန်တော် Atlanta ကနေ ပြန်လာကြ တယ်။ Def Jam ဓာတ်ပြားတိုက်နဲ့ စာချုပ်ချုပ်တဲ့ ညမှာ Scooter က ကျွန်တော် တို့ကို Straits စား သောက်ဆိုင်ဆီ ခေါ်သွားခဲ့တယ်။ ဒီဆိုင်ကို Ludacris က ပိုင်တာပါ။ Scooter ရဲ့ နောက်ထပ် စင်တင် အဆိုတော် Asher Roth နဲ့ သူ့မိတ်ဆွေBoyder တို့လည်း အတူ ပါပါတယ်။ တခြားလူ တွေ ရှန်ပိန် သောက်နေချိန်မှာ သူတို့ နှစ်ယောက်က ဂျင်ဂျာ အရက်ခွက် မြှောက်၊ မြှောက်ပြီး ကျွန်တော့် ကို တစ်ချိန်လုံး စနေကြတယ်။ ကျွန်တော်က လိဂ်ပြိုင်ပွဲကြီး တွေမှာ ၀င်နွှဲနေ နိုင်ပြီ ဖြစ်တာတောင် Rock Band နွဲ့Guitar Hero ဂိမ်းတွေမှာ ကျွန်တော့်ကို ဘယ်လို အနိုင်ယူ လိုက်မယ် လို့နောက် ပြောင် ကျီစယ် နေတုန်းပါပဲ။ Asher ဟျာRap ဂီတ မြင်ကွင်းမှာ နာမည်ပေါက် ထွက်လာခဲ့တာ (Eminem အပါအ၀င်) နာမည်ရ အဆိုတော်တွေ ကတောင် သူ့အကြောင်း ပြောယူ ကြရတယ်။
Asher က“မင်းကို ငါစောင့်ကြည့် နေမယ် ညီလေး။ ငွေကို ပစ်စလက်ခတ် သုံးပြီး၊ ပစ္စည်း အကောင်းစားတွေ နောက်မလိုက် စေချင်ဘူး။ ကိုယ့်ကိုယ်ကို နှိမ့်ချ နေထိုင်ပါ”လို့ ဆိုချင် သူပါ။ “ပျင်းစရာကြီးပဲ Asher ။ ကျွန်တော်က ကိုယ်သွားလေရာ နောက်မှာ ပန်းပွင့်ဖတ် တွေကြဲ ပြီး လိုက်မဲ့လူ တွေထားချင်တာ”လို့ ဟာသ လုပ် လိုက်ပါတယ်။
Scooter ကစားဖိုဆောင် ကနေ ချောကလက် ကိတ်မုန့်ကြီး တစ်လုံး မှာကြားပြီး စားပွဲပေါ်တင် လိုက်ပါတယ်။ ပြီးတော့ သူက မတ်တတ်ရပ်ပြီး တစ်ခန်းလုံး ကြားအောင် အော်ဟစ် ကြေညာတော့ တယ်။ “ကျေးဇူးပြုပြီး။ အားလုံး နားထောင် ပေး ကြပါ။ ဟောဒီ လူငယ်လေးဟာ Island Def Jam ဓာတ်ပြားတိုက်နဲ့ အခုလေးတင် စာချုပ်ချုပ် လာတာ ဖြစ်ပါတယ်”
ဒါဟာ Atlanta ပါပဲ။ စကြ၀ဠာ တစ်ခုလုံး က ဂီတ အသိုင်း အ၀ိုင်းတို့ စုဝေးရာ နေရာဖြစ်ပါ တယ်။ Ludacris ရဲ့ စားသောက်ဆိုင်ထဲ မှာပေါ့။ စားသောက်ဆိုင် ခန်းမ ထဲမှာ ထိုင်နေကြ တဲ့သူအား လုံးက ဒါဟာ ဘယ်လောက် ကြီးကျယ်တဲ့ ကိစ္စဆိုတာ သိကြပါတယ်။ ခန်းမ တစ်ခုလုံး ကောင်းချီး ပေးသံတွေ၊ လက်ခေါက်မှုတ် သံတွေ ဆူညံသွား တာပေါ့။
ရှက်တော့ ရှက်စရာ ပါပဲ။ စားပွဲထိုးတွေ ထွက်လာပြီး ကိုယ့်အနားမှာ မွေးနေ့ သီချင်းလာဆို ပေးသလို၊ ဘာလိုလိုပေါ့။ ဒါပေမဲ့ အားလုံးကို ကျွန်တော်တို့ အတူတူ ဖြတ်သန်းခဲ့ ကြပါတယ်။ တကယ့် ပျော်စရာ အချိန် ကောင်းပါပဲ။ မိသားစု အရင်းအချာလို ဖြစ်ခဲ့ ကြရတာပါ။ အဲဒီအချက်က Stratford မြို့ကို စွန့်ခွာဖို့ စဉ်းစားရာမှာ လွယ်လင့် တကူ ဖြစ်စေခဲ့ တာပါ။ ကျွန်တော်တို့ သားအမိ နှစ်ယောက် အိမ်ပြန်ရောက် ပြီးနောက် Atlanta ကို ပြောင်းဖို့ စီစဉ်ခဲ့ ကြပါတယ်။ ကျွန်တော်တို့ဘယ် လောက်ခရီးပေါက် ခဲ့ပြီလဲ ဆိုတာကို နှစ်ယောက် စလုံး မယုံနိုင် ကြသေးပါဘူး။ ပြီးတော့ အဲဒါက ရှေ့ဆက် ဘယ်လောက်အထိ သွားရဦးမှာ လဲဆို တဲ့ အတွေးကိုလည်း အဝေးလွှင့် စေခဲ့ပါတယ်။
ကျွန်တော်ကတော့ သီချင်းကိစ္စ အပေါ် တော်တော်စိတ်ထက်သန် နေပြီ။ သီချင်းတွေရေး၊ တစ်ချိန်လုံး တီးခတ် သီဆိုနဲ့ပေါ့။ အသံဖမ်း စတူ ဒီယိုထဲကို သွားချင် လိုက်တာလည်း သေလုမြော ပါးပဲ။

(ဆက်လက်ဖော်ပြပါမည်...) ရာပြည့် (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|