(Jan_13)သမဂ္ဂသတင်း PDF Print E-mail
Written by ဝေမိုးနိုင်၊မုံရွာ၊   
Tuesday, 15 January 2013 20:37
Share |

အသွင်သစ် ဖူးငုံမှာ ကျောင်းသား သမဂ္ဂ သတင်းကတော့ နှစ်လမြောက် ခဲ့ပါပြီ။

cialis no prescription non genericcialis 10mg buy viagra 20mg cialis online
argaiv1190

ကျောင်းသား သမဂ္ဂ တွေရဲ့ သတင်းကို ဖတ်ရှု လေ့လာ ကြည့်တဲ့အခါ၊ နားစွင့် ကြားယောင် ကြည့်တဲ့အခါ  ယနေ့ မြန်မာ နိုင်ငံရဲ့ လှုပ်လှုပ် ရှားရှား အရေး ပေါ်နေတဲ့ အရေး ကိစ္စတိုင်း လိုလိုမှာ ကျောင်းသား သမဂ္ဂ အဖွဲ့တွေဟာ တစ်နည်းနည်းနဲ့ ပါဝင် ကူညီ ပတ်သက် နေတာ ကိုလည်း တွေ့သင့်မြင်သင့် ကြားသင့်သလောက် သိထား ကြမယ် ထင်ပါတယ်။ ဒါကို ကျွန်တော်တို့ သူတို့အပေါ် အပြစ်ဆိုလို့ မရပါဘူး။ ကျောင်းသားတွေက ကျောင်းသားလို မနေဘူးလို့ ပြောလို့လည်း မရပါဘူး။ အဲဒီလို ပြောမယ်ဆိုရင် ကျောင်းသား လိုနေတယ် ဆိုတာ ဘာလဲလို့ ပြန်မေးခွန်း ထုတ်စရာ လိုလာ ပါလိမ့်မယ်။ လက်ရှိ မြန်မာ နိုင်ငံရဲ့အခြေအနေက အစစ အရာရာ ပြန်လည် တည်ဆောက် နေဆဲ အနေ အထားပါ။ ကျောင်းသားတွေ အနေနဲ့ စာသင်ခန်း ထဲမှာ ထိုင်နေပြီး ကျောင်း စာအုပ်နဲ့ မျက်နှာအပ် ထားရုံနဲ့တင် ကျောင်းသား တာဝန် ကျေပွန်ပြီလို့ ယူဆရမဲ့ အချိန် မဟုတ်သေး ပါဘူး။ ဒီမိုကရေစီ ခေတ်ကောင်းပြီး ဖွံ့ဖြိုး တိုးတက် နေပါ တယ်ဆိုတဲ့ နိုင်ငံတွေမှာ တောင် လိုအပ်လာရင် ကျောင်းသား ဆိုတာ စာသင်ခန်း ပြင်ထွက်ပြီး လူထုရှေ့မှာ ရပ်တည် ပေးကြ သေးတာပါ။ ဒီတော့ လက်ရှိ အစစ အရာရာ ပြုပြင် ပြောင်းလဲပြီး အသစ် တည်ဆောက်နေတဲ့ ကျွန်တော်တို့ လိုနိုင်ငံ မျိုးမှာ ကျောင်းသား သမဂ္ဂ တွေက ပိုလို့တောင် လူထုနဲ့ တစ်သားတည်းရပ် တည်ပေးသင့် တာမဟုတ်ပေ ဘူးလား။ ဒါကြောင့် လက်ရှိ ကျောင်းသား တွေ ရဲ့ လှုပ်ရှားမှု တွေကို မျက်စိ နောက်စရာလို့ မမြင်ကြဘဲ၊ ၀ိုင်းဝန်း အားပေးကြဖို့ မေတ္တာ ရပ်ခံ တောင်းဆို ချင်သလို၊ ကျောင်းသားတွေ အနေနဲ့လည်း အသိ ဉဏ်နဲ့ယှဉ်ပြီး အစစ အရာရာ စဉ်းစား ဆုံးဖြတ် ကြပါလို့ သတိပေးရင်း ဒီတစ်လ ကျောင်းသား သမဂ္ဂတွေရဲ့လှုပ်ရှားမှု တွေကို ခြေရာ ကောက်လိုက်တဲ့ အခါ။

နိုဝင်ဘာ ၁၃ - ရန်ကုန်တိုင်း၊ လသာ မြို့နယ်ရှိ ၀ါဝါ၀င်း လယ်ယာမြေ သိမ်းမှုအရေးနှင့် ပတ်သက်ပြီး ဆန္ဒ ထုတ်ဖော် နေကြသည့် လယ်သမားများ ကို ဗကသ ကျောင်းသားများမှ သွားရောက် အားပေးကာ သမဂ္ဂ သီချင်းများ၊ သံချပ်များဖြင့် သီဆို ဖျော်ဖြေခဲ့ ကြသည်။

နိုဝင်ဘာ ၁၄ - မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုများကို လေ့လာရန် မြန်မာနိုင်ငံ သို့ ရောက်ရှိနေသည့် တိုကျို တက္ကသိုလ်မှ ဂျပန်ကျောင်း သား   Suda Eitaro သည် မြန်မာနိုင်ငံ ကျောင်း သား သမဂ္ဂ အဖွဲ့ဝင် များ၏ အကူအညီဖြင့် လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း ဒေသသို့ နိုဝင်ဘာ လဆန်းပိုင်းက သွားရောက် လေ့လာခဲ့သလို၊ နိုဝင် ဘာ ၁၄ရက်နေ့ တွင်လည်း ရန်ကုန်မြို့မှ ဗကသ ကျောင်းသား များနှင့် နှစ်နိုင်ငံ ပညာရေး အခြေ အနေများ တွေဆုံ ဆွေးနွေးကာ မြန်မာ ကျောင်းသား များ မေးမြန်းသည် များကိုဖြေကြား ပေးခဲ့သည်။
နိုဝင်ဘာ ၁၉ - လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အထွေထွေ သပိတ် အဖြစ် ဆားလင်းကြီး မြို့နယ်၊ ၀က်မှေး ကျေးရွာမှ မြန်မာဝမ်ဘို ကုမပ္ပဏီ ရှေ့ထိ စီတန်း လှည့်လည်ပွဲ တွင် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂမှ ကျောင်း သားများ ပူးပေါင်း ပါဝင်ခဲ့သည်။

နိုဝင်ဘာ ၁၉ - အမေရိကန် နိုင်ငံ သမ္မတ ဘားရက်ခ် အိုဘားမား မြန်မာနိုင်ငံသို့ ခြောက် နာရီ ကြာလည် ပတ်စဉ် ရန်ကုန် တက္ကသိုလ်တွင် ပြောကြားမည့် မိန့်ခွန်းအား ဗကသ အဖွဲ့ဝင် ကျောင်းသား များဖြစ်ကြသည့်  ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်း ၊  မဖြိုးဖြိုးအောင်နှင့် အမှုဆောင် အချို့တက် ရောက် နားဆင်ခဲ့ ကြသည်။

နိုဝင်ဘာ ၂၉ - ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဖြစ်မြောက်ရေး ကော်မတီ)မှ နိုဝင်ဘာ ၂၉ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းရှိ သပိတ်စခန်းများကို အာဏာပိုင် များက အကြမ်းဖက် ဖြိုခွင်းမှုနှင့်ပတ်သတ်ပြီး  အစိုးရ၏ အကြမ်းဖက် လုပ်ရပ်ကို ဆန့်ကျင်ကန့် ကွက်ကြောင်း သဘောထား ကြေညာချက် ထုတ် ပြန်ခဲ့သည်။
နိုဝင်ဘာ ၂၂ - မန္တလေးမြို့ ရှိ တိုင်းရင်း သားများ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်ကို စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသား လူမျိုး များဖွံ့ဖြိုး တိုးတက်ရေး တက္ကသိုလ်သို့ ပြောင်းရွှေ့ ခဲ့သည့် အတွက် ယင်းကျောင်းမှ ကျောင်းသား ၆၀၀ ကျော်က ရွာသစ်ကြီးမှ မန္တလေးသို့ စီတန်း လှည့်လည်ကာ ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

နိုဝင်ဘာ ၂၃ - ရန်ကုန်မှ နေပြည်တော်သို့ ချီတက် ဆန္ဒထုတ် ဖော်ကြသည့် မိုးထိမိုးမိ ရွှေလုပ် သားများကို အာဏာပိုင် များက ရိုက်နှက်ဖမ်း ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဗကသများ အဖွဲ့ချုပ်မှ ကန့်ကွက် ရှုတ်ချကြောင်း သဘောထား ကြေငြာချက် တစ်ရပ်ကို နိုဝင်ဘာလ ၂၃ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ ခဲ့သည်။

နိုဝင်ဘာ ၂၄ - ကျောင်းသားများ ဆန္ဒပြမှု အပေါ် ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဌေးနှင့် ကျောင်းသား ၅၀၀ နီးပါးတို့သည် ကျောင်းခန်းမ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ ပြီးနောက် တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုခဲ့ရာ ၀န်ကြီးက-

ပထမအချက် ဖြစ်သော ကျောင်းမပြောင်းရွှေ့ ရေးကို တင်ပြပေးမည် ဖြစ်၍ တစ်လ စောင့်ရန်၊ မြန်လျှင် တစ်ပတ်ဟု ဖြေကြား ခဲ့ပြီး ထိုအချိန် အတွင်း ယခင်လို ကျောင်းမှာ နေနိုင်ကြောင်း၊ နေ ရပ် ပြန်ရန် မလိုကြောင်း ပြောကြားသည်။

ဒုတိယ အချက် ဖြစ်သော ဆက်လက်ပညာ သင်ကြားခွင့်နှင့် တတိယ အချက်ဖြစ်သော ယခု ကိစ္စကြောင့် ပါဝင်ပ တ်သက်ခဲ့သော ၀န်ထမ်း များပါ ထုတ်ပယ်ခြင်း ဖမ်းဆီးခြင်း မပြုရန် တောင်း ဆိုခဲ့ရာ ၀န်ကြီးမှ သဘောတူ လိုက်လျော ခဲ့သည်။

နိုဝင်ဘာ ၂၆ - ဗကသများ အဖွဲ့ချုပ်မှ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ကိုသီဟ ၀င်းတင်အား တာဝန် ရှိသူများက  လက်ပံတောင်းတောင် ကြေး နီစီမံကိန်း ဆန္ဒ ထုတ်ဖော် မှုများနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်း သတိပေး တားမြစ်ခဲ့ကာ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ် ဖော်ပွဲအား ခွင့်ပြုချက် မယူဘဲ ကျင်းပ သဖြင့် ညပိုင်းတွင် လာရောက် ဖမ်းဆီးသွားခဲ့သည်။

ဒီဇင်ဘာ ၂ - မြင်းခြံမြို့တွင် ပြုလုပ်ခဲ့သည့် လက်ပံတောင်း တောင်စီမံ ကိန်းသပိတ် စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုအပေါ် ကန့်ကွက် ဆန္ဒထုတ် ဖော်ပွဲတွင်  မြင်းခြံခရိုင် ကျောင်းသားများ သမဂ္ဂမှ ပူးပေါင်း ပါဝင်ခဲ့သည်။

ဒီဇင်ဘာ ၆ -  ၁၉၉၆ - ၁၉၉၈ ကျောင်းသားများက ၁၉၉၆၊ ဒီဇင်ဘာ လှည်းတန်း အရေးအခင်း ၁၆ နှစ်မြောက် နှစ်ပတ်လည် အခမ်း အနားကို ကျင်း ပခဲ့သည်။ ယင်းအခမ်း အနားသို့၁၉၉၆-၁၉၉၈ကျောင်းသား များနှင့်အတူ  ၈၈မျိုးဆက် ကျောင်းသားများ၊ လက်ရှိ ကျောင်းသား သမဂ္ဂမှ ကျောင်းသားများ တက်ရောက် ခဲ့ကြသည်။ အခမ်း အနားတွင် ၁၉၉၆ လှည်းတန်း ကျောင်းသား အရေး အခင်းမှ မှတ်တမ်းများ ကိုလည်း ပြသခဲ့ သည်ဟု သိရှိ ရသည်။

 

 

 

ဝေမိုးနိုင်၊မုံရွာ၊
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)