|
အနှစ်သက်ဆုံးဖက်ရှင်တွေနဲ့ တွေ့ခဲ့ရတဲ့ ဉာဏ်လင်းအောင် |
|
|
|
|
Written by khing wutt yee
|
|
Tuesday, 15 January 2013 20:19 |
မြူခိုး မဝေ ပေမဲ့ အချမ်းမပေါ့တဲ့ ဇန်န၀ါရီလမှာ ဖူးငုံ တို့လည်း အနွေးထည် လှလှ၊ ဂျာကင် လှလှတွေနဲ့ ရှိုးထုတ်နိုင် ကောင်းပါရဲ့နော်။ ဇန်န၀ါရီလ အတွက် မျက်နှာဖုံးရှင်က ဒီရာသီနဲ့ အရမ်းကို လိုက်ဖက်တဲ့ သူကို ရွေးချယ် ထားတယ်။
Data sources include Micromedex&trade updated Apr th, , Cerner Multum&trade updated Apr th, , Wolters Kluwer&trade updated Apr th, while others canadian cialis. tricture of one's urethraerious, life-threatening unwanted side effects can happen if you utilize Rectiv while you are using sildenafil buy cialis online usa. argaiv1769
ဘာလို့လဲဆိုတော့ သူကအင်္ကျီ နှစ်ထပ်ဝတ် ရတာကို အရမ်းကို နှစ်သက် တဲ့သူ၊ ခေါင်းစွပ် ဒီဇိုင်းဝတ် ရတာကို ကြိုက်တဲ့သူ ဖြစ်နေလို့ပေါ့။ သူက လက်ရှိ လူငယ်ထု အကြား လူသိများ နေတဲ့ အဆိုတော် ဉာဏ်လင်းအောင်ပါပဲ။ ဉာဏ်လင်းအောင်က သူ့ရဲ့ အသစ်စက်စက် ဖက်ရှင် အင်္ကျီတွေနဲ့ teen Magazine အတွက် ရိုက်ကူး ပေးခဲ့ တာပါ။ ကဲ၊ ဖူးငုံ တို့နဲ့ အကြိုက်တူလား ကြည့်ကြည့် ပါဦး။ “ကျွန်တော့် ဖက်ရှင်က အဲဒီလိုကြီး တစ်သမတ်တည်း မရှိဘူး။ နေရာဒေသ အလိုက် ၀တ်တယ်။ အမြဲတမ်း တော့ Rock ဆန်ဆန် ၀တ်တယ်။ ဒါပေမဲ့ ကျွန်တော်ဝတ်တဲ့ Rock က ကိုရီးယားဘက် ရောက်နေတယ် လို့ ပြောကြတယ်”လို့ ဉာဏ်လင်းအောင် ဆိုပါတယ်။ ဉာဏ်လင်းအောင်က ခေါင်းစွပ် ၀တ်စုံဖက်ရှင် ကို ခရီးသွားရင်း သီချင်းဆို ရတဲ့ နယ်ရှိုးတွေမှာ ၀တ်လေ့ရှိ ပါတယ်တဲ့။ ဒီဝတ်စုံ မျိုးက နေ့ခင်းပွဲနဲ့ တခြားပွဲမှာ ၀တ်လို့ မရဘဲ ညပွဲနဲ့ နယ်ပွဲမှာသာ ၀တ်လို့ ရတယ်လို့ လည်းဆိုပါတယ်။ “ကျွန်တော်က ဒီဝတ်စုံကို အရမ်းကြိုက်တာ။ နှစ်ထပ်ဝတ် ရတဲ့ပုံစံ အရမ်း ကြိုက်တယ်။ အပေါ်က တစ်ထပ် မပါရင်ကို မနေတတ်ဘူး။ ဒီနေ့ဝတ် တဲ့ ၀တ်စုံတွေက ကျွန်တော် အရမ်းကြိုက်တဲ့ ၀တ်စုံ ဖက်ရှင်တွေပေါ့”လို့ ပြောပြပါတယ်။
ဉာဏ်လင်းအောင်က ဒုတိယ ၀တ်စုံကိုတော့ ဒီလို ဆောင်းရာသီမှာ ကျင်းပတဲ့ ကုမ္ပဏီ ပွဲတွေမှာ ၀တ်လေ့ ရှိပါတယ်။ ကုတ်မ၀တ် တော့ဘဲ၊ ကုတ်အစား ဒုတိယ ဖက်ရှင်နဲ့ လူငယ် ဆန်ဆန်ပေါ့ပေါ့ ပါးပါး ပွဲတက်လေ့ ရှိပါတယ်။ “ဒီဝတ်စုံ နှစ်စုံလုံးကို မန္တလေးက ၀ယ်လာတာ။ ဒီဝတ်စုံ တွေစတွေ့ လိုက်တဲ့ အချိန်မှာ ကျွန်တော် တစ်ဆိုင်လုံး ၀ယ်ချင်သွား တယ်။ ဘာလို့လဲ ဆိုတော့ တစ်ဆိုင်လုံးက အဲဒီလို အပေါ်ဝတ် တွေချည်းပဲ ရောင်း တာ။ ကျွန်တော် ၃ ထည်ပဲ ၀ယ်ခဲ့တာ။ ဒါတောင်မှ အမေ မပါလို့။ အမေက အပေါ်ထပ် ပေးမ၀တ်ဘူး။ သူဆို ၀ယ်ပေးမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။
ဉာဏ်လင်းအောင်ရဲ့ ဖက်ရှင် တွေကို အများဆုံး ၀ယ်ပေးဖြစ် တာကတော့ မိခင် ဖြစ်သူပါ။ ယနေ့ဖက်ရှင် ရေစီး အပေါ်ဉဏ်လင်းအောင်က“ကျွန်တော် ကိုယ်တိုင်ကလည်း ကိုရီးယား ဖက်ရှင်ဆန် နေတယ်။ သူတို့ လွှမ်းမိုးမှု ကလည်း များနေ တော့လေ။ ဒါပေမဲ့ ကိုယ့်အမြင်နဲ့ ကိုယ်နဲ့ လိုက်ဖက်မဲ့ ဖက်ရှင်ဝတ် တာကတော့ အကောင်း ဆုံးပါပဲ”လို့ ပြောပြခဲ့ ပါတယ်။

သင်းပပ (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
Khing Wutt Yee |
| About the author: |
| |
|