စိတ်ထားကောင်းပြီး စိတ်ဖိစီးမှုမရှိရင် ပေါ့ပါးကြည်လင်တဲ့အလှပိုင်ရှင်လေးဖြစ်လာမှာပါ PDF Print E-mail
Written by သူမ   
Tuesday, 15 January 2013 18:46
Share |

ဖူးငုံ ပရိသတ်တို့ အတွက် လစဉ် ပါဝင် နေကျ အလှအပ ကဏ္ဍလေး ကနေ နှစ်သစ်ကို ကူးပြောင်းစ ပထမဆုံး လဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွက် တက်သစ်စ သရုပ်ဆောင် မော်ဒယ်မလေး နိုနိုကေရဲ့ အလှအပနဲ့ အသားအရေ ထိန်းသိမ်း ပြင်ဆင် ပုံလေးကို တင်ပြပေး လိုက်ပါတယ်။

argaiv1003
argaiv1679

၂၀၀၈-၂၀၀၉ ခုနှစ်လောက် ကစပြီး အနုပညာ အလုပ်ကို ပြိုင်ပွဲများက တစ်ဆင့် မော်လ်ဒယ် အဖြစ်နဲ့ ၀င်ရောက် ခဲ့တဲ့ နိုနိုကေက Miss Show ပွဲပေါ့င်း များစွာကို လျှောက်လှမ်းခဲ့ပြီး အချို့Miss ပွဲများမှာ ဆုတချို့ရ ရှိပိုင်ဆိုင် ထားသူလည်း ဖြစ်ပါတယ်။

သူမရဲ့ ဖြူဝင်း လှပတဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းလဲ မေးဖြစ်တဲ့ အခါမှာတော့ နိုနိုကေက“သမီးက အသားရေကို အဓိက ကတော့ အစား အသောက်နဲ့ပဲ ထိန်းတာ များတယ်။ အဓိကက အရည်ရွှမ်း တဲ့ အသီးအနှံ တွေကို စားပြီး အသားအရည် ကောင်းမွန် စေတဲ့ ဓာတ်တွေ ပါဝင်တဲ့ Lotion တို့ Comastic တို့ကို ရွှေးသုံး ဖြစ်တာကြောင့် ဒီလို အသားအရေ မျိုးရှိနေတာလို့ ထင်ပါတယ်”လို့ ပြောပြ ခဲ့ပါတယ်။

အလှအပနဲ့ ပတ်သက် လို့ကတော့ မိန်းကလေး တစ်ယောက် အတွက်  အရမ်း အရေးကြီး သလို အလားတူပဲ ယောက်ျားလေး တွေအတွက်လည်း Smart ဖြစ်နေဖို့ လိုပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ လိုက်မဲ့ အလှ အပနဲ့ ကိုယ်နဲ့ လိုက်မဲ့ ပုံစံလေးကို ရွေးချယ်တတ် ဖို့ကလည်း အရေးကြီး ပါတယ်။ အဓိက ကတော့ စိတ်ထားလေးကို အကြည်လင် ဆုံးထားမယ်၊ စိတ်ဖိစီးမှုတွေ ပူပန်မှုတွေ မရှိဘဲနေရင် ပေါ့ပေါ့ ပါးပါးနဲ့ ကြည်လင်တဲ့ အလှ ပိုင်ရှင်လေး ဖြစ်လာမှာ ပါလို့ နိုနိုကေက ပြောပြခဲ့ ပါတယ်။ နိုနိုကေက ညအိပ်ရာ ၀င်လျှင် ဒိန်ချဉ်နဲ့ လုပ်တဲ့ ကိုရီးယား တံဆိပ် တစ်ခုနဲ့ သုံးပတ် တစ်ခါ  ပေါင်းတင် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆံပင်ပုံစံနဲ့ အ၀တ်အစား ကိုလည်း လှပတဲ့ ပုံစံလေးတွေ၊ ရိုးရှင်းတဲ့ ပုံစံ လေးတွေကို ရွေးကြိုက် ဖြစ်ပါတယ်တဲ့။

အခုလို ၂၁ ရာစုမှာ လူသားတိုင်း လူသားတိုင်းက ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်ကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် အလှအပနဲ့ အသား အရေကို ထိန်းသိမ်းဖို့ ဗဟုသုတ ရှိလာကြ ပါပြီလို့ ဆိုပါတယ်။ အဓိက ကတော့ မိမိရဲ့ စိတ်နေ စိတ်ထားကို အကောင်း အမွန် အကြည်လင်ဆုံး ထားမယ် ဆိုရင် အဲဒီလူက အသားအရေ လှသည်ဖြစ်စေ၊ မလှသည် ဖြစ်စေ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကိုယ်လုပ်ချင် တဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို လည်း တန်းတန်းမတ်မတ် လုပ်ဆောင်နိုင်မယ် ထင်ပါတယ်လို့ ပြောပြ ဖြစ်ခဲ့ပါတယ်။

နိုနိုကေက လက်ရှိ မှာတော့ Tri-Family လို့ ခေါ်တဲ့ မိသားစု တယော အဖွဲ့ လေးဖွဲ့ ထားပြီး အနုပညာပွဲ တွေမှာ ဖျော်ဖြေသွား ဖို့ရှိကြောင်း၊ ပရိသတ် အတွက် မော်လ်ဒယ် တစ်ယောက် အနေနဲ့ရော သရုပ်ဆောင် တစ်ယောက် အနေဖြင့် နောက်ပိုင်းမှာ လုပ်ဆောင်သွား ဖို့ရှိကြောင်း၊ ယခု လတ်တလော ကြော်ငြာ တချို့ ရိုက်ကူး ထားကြောင်း ပြောကြား ခဲ့ပါတယ်။

 

 


မေစုလှိုင်
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)