ကမ္ဘာကျော်တဲ့ ဆယ်ကျော်သက် လှုပ်ရှားမှု PDF Print E-mail
Written by အယ်ဒီတာ   
Tuesday, 15 January 2013 18:40
Share |

မာလာလာယူဖ် စာဇိုင်း(ပါကစ်္စတန်)
မာလာလာကို ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၁၂ ရက်မှာ မွေးဖွားခဲ့ ပါတယ်။ သူက ပါကစ္စတန် နိုင်ငံက ကျေးလက် လေးမှာ မွေးဖွား ခဲ့ပြီး သူ နေတဲ့ နေရာမှာ တာလီဘန် တွေ ရှိနေ ပါတယ်။

argaiv1374

သူ့အဖေက ကျောင်းဆရာ တစ်ဦး ဖြစ်ပြီး တာလီဘန် တွေကို သဘောမကျ သူပေါ့။ နိုင်ငံရေး အရလည်း တက်ကြွသူမို့ ဘီဘီစီ သတင်းဌာနက သူတို့ရဲ့ဘလော့ဂ်မှာ ပါကစ္စတန် ဒေသခံ အမျိုးသမီး တစ်ယောက်ရဲ့ အသံကို ထင်ဟပ် ချင်တယ်လို့ သတင်းထောက် တစ်ဦးက တောင်းဆိုတဲ့ အခါ သူ့ကျောင်းက ကျောင်းသူ တစ်ဦးကို ရေးခိုင်း ခဲ့ပါတယ်။ အဲဒီအချိန် က ၂၀၀၉ ခုနှစ်ပါ။ မာလာလာက အသက်ဆယ့်တစ်နှစ် ကျော်ကျော်ပဲ ရှိသေး ချိန်ပေါ့။ တကယ်တော့ သူက ဆရာဝန် တစ်ယောက် ဖြစ်ချင်ခဲ့ပြီး မာလာလာ့ အဖေကတော့ သူ့သမီးကို နိုင်ငံရေး သမား တစ်ဦး ဖြစ်စေချင် ပါသတဲ့။ ဘလောဂ့်အတွက် ရေးဖို့ တာဝန်ပေးခံ ရတဲ့ ကောင်မလေးက အစပိုင်းမှာ ရေးမယ် ဆိုပြီးမှ နောက်တော့ တာလီဘန် တွေက အမျိုးသမီး တွေကို ကျောင်းမတက်ဖို့ ကန့်သတ် လိုက်တာ အမျိုးသမီးကျောင်း တွေကို ပိတ်ခိုင်း တာတွေ ဖြစ်လာတော့ မရေးနိုင် တော့ပါ ဘူးလို့ အကြောင်း ပြန်လာခဲ့ ပါတယ်။ အဲဒီမှာတင် မာလာလာ့ အဖေက သူ့သမီး ကို နာမည်ဝှက်နဲ့ ဘလော့ဂ် အတွက် ဒိုင်ယာရီသ ဘောရေးဖို့ တိုက်တွန်းစေ ခိုင်းခဲ့တာပါ။ ဒီလိုနဲ့ မာလာလာဟာ ဆယ်ကျော်သက် မရောက်ခင် မှာတင် ဘလော့ဂ်ဂါ တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။
သူ့ဘလော့ဂ်ဟာ ဒိုင်ယာရီ သဘောဆန်ပြီး ကလေး တစ်ယောက်ရဲ့ အတွေး ပေမဲ့ ဒေသတွင်းက ခံစားချက် တွေကို ထင်ဟပ် နိုင်တာမို့ အချိန်တို အတွင်းမှာ လူသိများ လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီ ၉ ရက်က ဘီဘီစီ ဘလော့ဂ် စာမျက်နှာမှာ မာလာလာ ရေးခဲ့တာကို ဖတ်ကြည့်ရ အောင်နော်။

“ကျွန်မ ညတုန်းက တာလီဘန်နဲ့ စစ်တပ်ရဲ့ ဟယ်လီ ကော်ပတာတွေ အကြောင်း အိပ်မက်ဆိုး တစ်ခု မက်ခဲ့ ပါတယ်။ ဒီအိပ်မက်ကို ကျွန်မတို့ စွပ်တ်ဒေသမှာ စစ် ဆင်ရေးတွေ စကတည်းက မက်ခဲ့တာပါ။ မနက်မှာ အမေက နံနက်စာ ကျွေးပြီး ကျွန်မလည်း ကျောင်းကို ထွက်ခဲ့ ပါတယ်။ ကျောင်းသွား ရတာကို ကျွန်မ ကြောက်ပါတယ်။ ဘာလို့လဲ ဆိုတော့ တာလီဘန် တွေက ဘယ်မိန်းကလေးမှ ကျောင်းမတက် ရဘူးလို့ တားမြစ်တဲ့ ကြေညာချက် ထွက်ခဲ့ လို့ပါ။ အတန်းထဲမှာ ကျောင်းသား၂၇ ယောက်ရှိတာ ၁၁ ယောက် ကျောင်းလာ ပါတယ်။ ကျောင်း သားတွေက ကြေညာချက် ထွက်ပြီး နောက်မှာ ကျောင်းကိုလာတာ နည်းနည်း လာပါတယ်။ ကျွန်မရဲ့ သူငယ်ချင်း သုံးယောက်လည်း ဒီကြေညာချက် ထွက်ပြီး နောက်မှာ မိသားစုလိုက် ပက်ရှဝါ၊ လာဟိုးနဲ့ ရ၀ါပင်ဒီ ဒေသတွေကို ထွက်ခွာ သွားခဲ့ ပါတယ်။ ကျောင်းက အိမ်ကို ပြန်တဲ့ လမ်းမှာ လူတစ်ယောက်က ကျွန်မကို “ငါ မင်းကို သတ်မယ်”လို့ ပြောတာ ကြားခဲ့ ရပါတယ်။ ကျွန်မက ခြေလှမ်းကို နှေးလိုက်ပြီး သူ ဆက်လိုက်လာ သလားလို့ နောက်ပြန်ကြည့် လိုက်ပါတယ်။ တော်ပါ သေးရဲ့။ အဲဒီလူက ဖုန်း ပြောနေတာ ဖြစ်ပြီး ဖုန်းထဲက တစ်ယောက်ကို ခြိမ်း ခြောက်နေတာပါ”လို့ ဖြစ်ပါတယ်။

မာလာလာ နေတဲ့ အရပ်မှာ တာလီဘန်တွေ က မိန်းကလေးတွေ ကျောင်းမနေ ရဘူးလို့ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်ကတည်းက ကြေညာခဲ့ တာပါ။ မိန်းကလေးကျောင်း တစ်ရာကျော် ကိုလည်း ဖျက်ဆီးပစ် လိုက်ကြပါတယ်။ မာလာ လာနေတဲ့ ကျောင်းက ကျောင်းအုပ် ကတော့ သူတို့ ကို ကျောင်းဝတ်စုံ မ၀တ်ဘဲ ကျောင်းကို လာဖို့ အကြံ ပေးခဲ့ ပါတယ်။ ဇန်န၀ါရီ ၁၉ ရက်မှာ  မာလာလာ ရေးခဲ့ တာကတော့ “ကျောင်း ၅ ကျောင်း ထပ်ပြီး ဖျက်ဆီးခံ လိုက်ရ ပါတယ်။ အဲဒီ ကျောင်းတွေက ပိတ်ထား ပြီးသားတွေပါ။ ဒီလို ပိတ်ပြီးသား ကျောင်းတွေကို ဖျက်ဆီး ပစ်ဖို့ လိုလို့လား”လို့ ရေးခဲ့ ပြန်ပါတယ်။ ဖေဖော်ဝါရီ လထဲမှာတော့ သူတို့ နေတဲ့ နေရာတွေ နားမှာ အမြှောက်သံ တွေပါ ကြားလာ နေရ ပါပြီ။ မာလာ လာကလည်း တီဗွီ အင်တာဗျူးတချို့မှာ အင်တာ ဗျူးခံတာ မျိုးတွေပါ လုပ်ဖြစ်လာ ပါတယ်။ ဖေဖော်ဝါရီ ၂၁ မှာတော့ မိန်းကလေး တွေက ဘူခါခြုံပြီး ကျောင်းတက် ရမယ်လို့ ကြေညာချက် ထွက်လာ ပါတယ်။ မတ်လဆန်းမှာ ကျောင်း တက်တဲ့ ကျောင်းသား ကျောင်းသူ အရေအတွက် ပြန်များ လာပေမဲ့ တာလီဘန်တွေရဲ့ အမြှောက် မော်တာသံ တွေက အဲဒီ နေရာမှာ ပိုညံလာပါ တယ်။ “ဘုရားသခင်ရေ ဒီနေရာ လေးကို ငြိမ်း ချမ်းရေး ဆောင်ကြဉ်း ပေးပါ။ အဲလို မဟုတ်ရင် တော့ အမေရိကန် ဖြစ်ဖြစ် တရုတ် ဖြစ်ဖြစ်သာ ခေါ်လာပေး ပါတော့”လို့ မာလာလာက ဘလော့ဂ် မှာ မတ် ၃ ရက်၊ ၂၀၀၉ က ရေးခဲ့ပါ သေးတယ်။ နောက်သုံးရက် အကြာမှ မာလာလာက ဘလော့ဂ် ကို အဆုံးသတ် လိုက်ပါတယ်။

ဒါပေမဲ့ နယူးယောက် တိုင်းမ်အပါအ၀င် ကမ္ဘာ့ သတင်းဌာန အချို့က သူတို့ သားအဖကို ချဉ်းကပ် လာခဲ့သလို သူ့အဖေ ကလည်း တာလီ ဘန်တွေရဲ့ ပညာရေး ပေါ်လစီကို အပြင်းအထန် ဝေဖန်ခဲ့ ပါတယ်။ အဲဒီလိုနဲ့ တာလီဘန် တွေက သူ့အဖေကို သတ်မယ်လို့ ခြိမ်းခြောက် လာခဲ့ပါ တယ်။ မာလာလာ ကတော့ မှတ်တမ်း ရုပ်ရှင်တို အတွက် အင်တာဗျူးတာ တွေပါ လုပ်လာခဲ့ကာ “ကျွန်မ အခုအခါ မှာတော့ နိုင်ငံကို ကယ်တင်ဖို့ အတွက် နိုင်ငံရေး သမားပဲ ဖြစ်ချင်ပါတော့တယ်။ ကျွန်မတို့ နိုင်ငံမှာ ပြဿနာ တွေက အရမ်း များတော့ အဲဒီပြဿနာတွေ အေးချမ်း သွားအောင် လုပ်ရ မယ်”လို့ ပြောခဲ့ပါတယ်။ သူက သမ္မတ ဇာဒရီကို ပါ ဝေဖန် လာခဲ့ပါပြီ။ “ကျွန်မ ထင်တယ်။ သမ္မတကြီးရဲ့သမီးသာ စွပ်တ်ဒေသမှာ ကျောင်းတက် နေရင် ကျောင်းတွေကို အခုလို ဖျက်ဆီးမှာ မဟုတ်ဘူး” ဆိုတာမျိုးပါ ပြောလာပါတယ်။ ၂၀၀၉ ဒီဇင်ဘာ မှာတော့ “ဖွင့်ထားသောစိတ်”ဆိုတဲ့ စီမံချက် တစ်ခု က ဖွင့်ပေးတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး သတင်းပေးပို့ ချက် စာနယ်ဇင်း သင်တန်းကို တက်ရောက်ဖြစ်ခဲ့ ပါတယ်။ သူက“လူသားဆန်မှု အတွက် အမှုထမ်း မှာပါ”လို့လည်း သတင်းစာနဲ့ တီဗွီ တွေ့ဆုံမေး မြန်းခန်း တွေမှာ ပြောခဲ့ပါတယ်။

 

၂၀၁၁ ခုနှစ် အောက်တိုဘာ မှာတော့ ဘုန်း တော်ကြီး ဒက်စ်မွန်တူးတူးက မာလာလာ့ကို အပြည်ပြည် ဆိုင်ရာ ကလေးများ ငြိမ်းချမ်းရေးဆု တံဆိပ် ပေးအပ်ဖို့ အဆိုတင် သွင်းခဲ့ပြီး ဆုရရာက နာမည်ကျော်လေး ဖြစ်လာ ပါတယ်။ ပါကစ္စတန် နိုင်ငံ ကိုယ်တိုင်ကလည်း အမျိုးသား လူငယ်ငြိမ်း ချမ်းရေးဆုကို မာလာလာ့အား ၂၀၁၁ ဒီဇင်ဘာ မှာ ပေးအပ် ခဲ့ပါတယ်။ သူ့ကို သတ်မယ်လို့ ခြိမ်း ခြောက်တာတွေ ပိုများလာ တဲ့အခါ မာလာလာက “ဒီလိုမျိုး အဖြစ်ကို မကြာခဏ တွေးဖြစ် ခဲ့ပါတယ်။ တကယ်လို့ သူတို့က ကျွန်မကို သတ်ဖို့လာခဲ့ရင် လည်း ကျွန်မအနေနဲ့ သူတို့ လုပ်ရပ် မှားယွင်းကြောင်း ပြောဖြစ် မှာပါ။ ပညာ ရေးဆိုတာ ကျွန်မတို့ အတွက် အခြေခံ လူ့အခွင့် အရေးပါ”လို့ ပြောခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှာတော့ မာလာလာလေး စာမေး ပွဲအပြီး ကျောင်းက အပြန်မှာ တာလီဘန် သေနတ် သမားက ပစ်ခတ်မှု ပြုလုပ် ခဲ့ပါတယ်။ သေနတ် သမားက မျက်နှာ ဖုံးစွပ်ထားကာ“မင်းတို့ထဲက မာလာလာ  ဆိုတာ ဘယ်သူလဲ”လို့ မေးပြီးမှ အသေအချာ ချိန်ရွယ် ပစ်တာပါ။ သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ပြန်လာတဲ့ မာလာလာဟာ ခေါင်း၊ လည်ပင်းနဲ့ ပခုံးတို့မှာ ဒဏ်ရာ အကြီးအကျယ် ရသလို သူငယ်ချင်းတွေလည်း ထိခိုက်ခဲ့ ကြပါတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် မာလာလာကို ပါကစ္စတန် တပ်မတော် ဆေးရုံမှာ သုံးနာရီကြာ ခွဲစိတ်မှု လုပ်ကာ အာရုံကြောမ ကြီးနားက ကျည်ဆန်ကို ခွဲထုတ်လိုက် နိုင်ပေမဲ့ ဦးနှောက် ဘယ်ဘက် အခြမ်း အဆမတန် ရောင်ရမ်းလာ တာကတော့ ကုလို့ မရဖြစ် နေပါတယ်။ နောက်ပိုင်းမှာ အင်္ဂလန်အ ထိသွားရောက် ကုသခဲ့ ရပြီး ကံကောင်း ထောက်မစွာ အသက်မသေ သလို ဦးနှောက်ထိ ခိုက်မှုလည်း မရှိဘဲ ပြန်လည်ကျန်းမာ လာပါတယ်။ အောက်တိုဘာ ၁၂ ရက် မှာပဲ ပါကစ္စတန်မှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ၅၁ ဦးက သေနတ်သမား ကိုရော တာလီဘန် တွေကိုပါ ထုတ်ပြန် ကြေညာကာ ဆန့်ကျင်ခဲ့ ကြပါတယ်။ အောက် တိုဘာ ၁၅ မှာ ပါကစ္စတန်ရဲ့ တတိယ အမြင့်မားဆုံး ဆုဖြစ်တဲ့ နိုင်ငံသား သတ်္တိရှင်ဆုကို ပေးအပ်ခံခဲ့ ရပါတယ်။ နိုဝင်ဘာ ၂၈ မှာတော့ မာသာ ထရီစာ အထိမ်းအမှတ် လူမှု တရားမျှတမှု ဆုကိုလည်း ချီးမြှင့်ခံ ရပါတယ်။ အောက်တို ဘာ ၁၂ ရက်ကိုတော့  မာလာလာနေ့လို့ အမည် ပေးခဲ့ကြပြန် တာပါ။

သူရဲကောင်း တစ်ယောက်ရဲ့ အိမ်အပြန်လို ဆေးကုသမှုက ပြန်လာတဲ့ မာလာလာကို နိုင်ငံသား တွေက ကြိုဆိုခဲ့ကြ တာကိုကြည့်ရင် ဆယ်ကျော် သက်ပင် ဖြစ်စေဦး လူ့အဖွဲ့အစည်း အတွက် တရားမျှတ မှုနဲ့ လူ့အခွင့် အရေး အတွက် စွမ်းစွမ်း တမံ ဆောင်ရွက်မှု တွေအတွက် ကမ္ဘာကြီးက မမေ့မလျော့ ကျေးဇူးတင် တတ်တယ်ဆိုတာ သိသာ လှပါတယ်။

 

 


အယ်ဒီတာ
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)