(Jan_13)လက်သစ်ကဗျာ PDF Print E-mail
Written by Administrator   
Tuesday, 08 January 2013 18:47
Share |



ဖော်ကွဲတဲ့ကိန္ဒရာ

buy cialis jelly onlinebuy cialis buy brand viagra cialis online
argaiv1233


ညှို့ယူ ဖမ်းစား တတ်တဲ့
အချစ်နဲ့ အတွေ့မှာ
အသည်းမာ လှချည်ရဲ့ဆိုတဲ့ ကျွန်မ
သူခေါ်ရာနောက် ကောက်ကောက် ပါအောင် လိုက်ခဲ့တယ်
အချစ် စေညွှန်ရာ လမ်းကိုလျှောက်
ဘာကိုမှ မကြောက် ခဲ့တဲ့ ကျွန်မ
သောက တောနက် ကြီးထဲမှာ
သမုဒ္ဒယ နွယ်တွေရဲ့ နှောင်ဖွဲ့ခြင်း ခံရပြီး
အလွမ်းသစ်သီး တွေကိုသာ စားသုံး ခွင့်ရခဲ့တယ်
တစ်နေ့တော့
အချစ် နတ်ဆိုးတွေက
ကျွန်မကို
အမုန်းနတ် ဘုရားဆီ ဆောင်ကြဉ်း သွားတော့မယ်လို့
သတင်းသဲ့သဲ့ကြားလိုက်ရတဲ့အခါ
သူ မုန်းမှာကို စိုးထိတ်တဲ့ ကျွန်မ
အချစ်ရဲ့ အဝေးကို တိတ်တဆိတ် ပြေးထွက် ခဲ့တယ်
ဒါပေမဲ့
အနမ်း လေးတွေကို ပြန်တမ်းတ
အချစ်ကို မေ့မရတဲ့ ကျွန်မ
မရေမရာ အနာဂတ်တွေနဲ့
ဝေဒနာ ချောက်နက်ကြီး ထဲကို ပြုတ်ကျ ခဲ့တာ
တစ်လိမ့်ပြီး တစ်လိမ့်
တစ်လိမ့်ပြီး တစ်လိမ့်
ခုထိ ကျဆင်းလို့ ကောင်းနေတုန်း။ ။

နန်းကြာဖြူ၊ဘားအံ၊

ဖတ်ကြည့်မိတဲ့ အတ္ထုပ္ပတိ
သမားရိုးကျ မြည်ဟည်းသံ တွေနဲ့
နံနက်ကို ဆွဲဖွင့် လိုက်တယ်
ဟော တွေ့ပြီ
တစ်ပေါက် နှစ်ပေါက် အပြုံးစက်(အစက်)တွေ
ကတိုက်ကရိုက် နှုတ်ဆက်သံ တွေက
တွန်းချလိုက် ဆွဲတင်လိုက်နဲ့
စပယ်ယာ လက်တွေလို
ဝတ်ကျေ တမ်းကျေ ဆန်လွန်းတယ်
ဟော ကြည့်
လမ်းက ပိတ်နေ ပြန်ပြီ
ငါလည်း တစ်ကိုယ်စာ အတ္တနဲ့
တက်တစ်ချက် ခေါက်လိုက မိတယ်
မလိုတမာ စီဒီတွေ
လာ လာ မဖွင့်ကြ ပါနဲ့
နဂိုကတည်းကမှ
ဒီမြို့လေးက သရိုးသရီ ဖြစ်နေကျကို။ ။

လွမ်းမြတ်ဝေ၊ဓနုဖြူ၊


ငြိမ်းချမ်းရေးလား မြန်မြန်လာဗျ
ဦးသန့် မရှိတော့
ခင်ဗျားက ကိုယ်ယောင် ဖျောက်လို့။
ခင်ဗျားမရှိ၊ ဦးသန့် မရှိနဲ့
ကျွန်တော်တို့ ကမ္ဘာကြီးကို
မြင်ကြည့် လိုက်ပါဦး
အီရန်နဲ့ အစ္စရေး
ဆီးရီးယားနဲ့ ကမ္ဘာနှစ်ခြမ်း
အို ဖြန်းဖြန်းကို ကွဲကြ တော့မယ်
ကဲ တံခါးခေါက်ပြီး
ကိုယ်ယောင်ပြ မနေပါနဲ့
ဒီမှာဖြင့်
မျှော်ရင်းနဲ့ သွေးချောင်း စီးကြ
လက်ကမ်းရင်း ငတ်မွတ်ကြနဲ့
ဘဘမှိုင်း တောင်
ခင်ဗျားကို ဆာလောင်ရင်း ဆုံးပါးခဲ့ပြီ။

မင်းထင်၊ကန့်ဘလူ၊

(ဦးသန့်-ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
ဘဘမှိုင်း(၁၈၇၆-၁၉၆၄)-
စတာလင်ငြိမ်းချမ်းရေးဆုရှင် သခင်ကိုယ်တော်မှိုင်း)

ဒဏ်ရာရနှလုံးသား
ငါ့နှလုံးသားက
အရင်တုန်းက အဖြူ ရောင်ပေါ့။
ငါ့နှလုံးသားကို
အရောင်ဆိုး ချင်သူ တွေကို
အပြုံးနဲ့ လှောင်ပြောင်ပြက် ရယ်ပြု ခဲ့တယ်။
မင်းနဲ့ တွေ့တော့မှ
ငါ့ နှလုံးသားက အရောင်ပြောင်း
နှလုံးခုန် သံတွေ စည်းချက် မညီဖြစ်ခဲ့ ရပြီ။
မင်းကတော့ မသိ
ငါ့ကို ရက်စက်ခဲ့ တယ်လေ
ကြိုက်သလိုသာ ရက်စက်ပါ ချစ်သူ။
အများ အမြင်မှာ
ငါဟာ ဟန်ဆောင်ပြုံး ရယ်နေ တတ်ခဲ့ပေမဲ့
အထီးကျန် ညတွေမှာ
တိတ်တဆိတ် ငိုကြွေး
ငါ့နှလုံးသားက ကြေကွဲ
ဒဏ်ရာ ဒဏ်ချက် တွေနဲ့ပေါ့။ ။

အေဇင်

တစ်ယောက်အစ တစ်ရာမဆုံးနိုင်
ရုန်းလိုက်စမ်း
မင်းဘ၀ကို မင်းဘာသာ လုပ်တာ
ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့
နှာခေါင်းက ကြိုးကို တစ်မျိုးလုံး ၀ိုင်းဆွဲ
ကြိုးစားဖို့ ဆန္ဒ မရှိသူ
အိမ်ပေါ်တက် မလာရုံပဲ
မြိန်မြိန် ကြီးစားလို့
ပြုံးပြုံးလေး နေရရင် ကောင်းတယ်
မင်းဘ၀နဲ့မင်း အိပ်မက်တွေ ပျောက်ဆုံး
ကိုယ့်မိဘတောင် ရေမတိုက် ခဲ့တဲ့အကောင်
ရဲရဲကြီး ငရဲကြီး ခံလိုက်စမ်း
ကုသိုလ် ရပါတယ် စကားတစ်ခွန်း
အစစ အရာရာ တာဝန်နဲ့
ချည်ပြီး တုပ်ပြီး ကြိုးကိုင်ခိုင်း
တစ်ပြား တစ်ချပ်မှ အပိုကိုင် မထားနဲ့
တုတ်မကိုင်ဘဲ မျက်မှောင်ကြုတ်ကြည့်ရုံလေး
ရုန်းလိုက်တော့ အားရှိပါးရှိ
ရုန်းလိုက်တော့။ ။

ဇော်မျိုးသက်၊ကုက်္ကိုင်း၊



ကြိမ်စာသို့ သက်ရောက်သော မေတ္တာစာ
တိုးလျှိုးသံ ပွတ်တိုက်သံ ညည်းညူသံ
မကျေမနပ် မြည်သံစွဲ အလင်္ကာတွေ ရွတ်ဆိုရင်း
ယနေ့ဟာ မနေ့က အတိုင်း
မနက်ဖြန်ဟာ မနှစ်ကလိုပဲ ဖြစ်မလား
ဘာများ ထူးခြားသလဲ
ခြစားသွားတဲ့ သစ်ဆွေး တစ်ချောင်းလို့
ငါးမရ ရေချိုးပြန်လို့ မရတဲ့ အဖြစ်မျိုး
အချစ်လည်း မရှိ
အမုန်းလည်း မရှိ
တစ်ခဏ အလည် ရောက်လာတဲ့ ဒီသောင်စပ်မှာ
ကမ်းမမြင် လမ်းမမြင်
သီချင်းကိုဆိုရုံပဲပေါ့။
အအုပ်အထိန်း ညံ့ဖျင်းလို့
အတောင်ကျိုး လိပ်ပြာ များဟာ
ခရီးဆုံး နတိ္ထ
သစ္စာစကား မမှန်ရင် ကျိန်စာတွေ ဖြစ်ပါစေ
အချစ်စစ် မမှန်လျှင် နတ်ဆိုးတွေ ကျဆုံး ပါစေ။ ။

ဇွဲလူ


Administrator
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)


Administrator
About the author: