ပညာရေးအခွင့်အလမ်း ပညာသင်ဆု PDF Print E-mail
Written by ဟန်ဇော်   
Tuesday, 08 January 2013 18:37
Share |

EarthRight International Mekong School  ၏ မဲခေါင် ဒေသ အတွင်းတွင်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေ သူများ အတွက် သင်တန်းကို လျှောက်ထား နိုင်သည်။

tadalafil best pricegeneric tadalafil buy cheap viagra without a prescription buy generic cialis online
argaiv1881

မဲခေါင် ဒေသဖြစ်သည့် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့ရှိ အရပ်ဘက် လူမှု အဖွဲ့အစည်းတွင် တာဝန် ထမ်းဆောင် နေသူများ လျှောက်ထား နိုင်သည်။

သင်တန်း ကာလသည် ခုနစ်လ ကြာမြင့်မည် ဖြစ်သည်။ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း၊ ရေအား လျှပ်စစ် ထုတ်လုပ်ရေး၊ ဆည်များ တည်ဆောက်ခြင်းနှင့် မဲခေါင် ဒေသအတွင်း နေထိုင်သူ များ၏ အချိုးညီ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အရေး ကိစ္စများကို သင်တန်း ကာလအတွင်း လေ့လာ ရမည်ဖြစ်သည်။     သင်တန်း ကာလအတွင်း လေ့လာရေး ခရီးများ သွားရောက်ခြင်း၊ စီမံကိန်း များနှင့် ပတ်သက်၍ လေ့လာခြင်း၊ ဆည်များ တည်ဆောက်ခြင်း နှင့် ရေအား လျှပ်စစ်များ ထုတ်လုပ်ခြင်း တို့၏ အကျိုးအပြစ် များကို လေ့လာခြင်း၊ ဒေသ အတွင်း နေထိုင်သူ များ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အပြောင်း အလဲများနှင့် တိုးတက်မှု များကို လေ့လာခြင်း တို့ကို ပြုလုပ် ရမည်ဖြစ်သည်။

သင်တန်း ကာလ ပြီးဆုံး ပါက မဲခေါင် ဒေသ အတွင်း နေထိုင်၍ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ် များကို အချင်းချင်း ပူးပေါင်း ဆောင်ရွက်၊ အသိပညာ ဖလှယ်ခြင်းနှင့် ဒေသ အတွင်း တိုးတက်ရေး ကိစ္စများကို ပူးတွဲ လုပ်ဆောင် နိုင်သည့် အခွင့် အရေးများ ရရှိလာ နိုင်သည်။ ထို့အပြင် မဲခေါင်ဒေသ အတွင်းရှိ လက်ရှိ အခြေအနေ များကိုလည်း သိရှိ နားလည် လာမည်ဖြစ်သည်။

Mekong School  ၏ သင်တန်း ဖွင့်လှစ်ခြင်း ရည်ရွယ်ချက် များတွင်လည်း မဲခေါင် ဒေသ အတွင်း ဆည်များ တည်ဆောက်ခြင်း အကျိုး အပြစ်များနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်း များကို ရှုထောင့်စုံမှ ချဉ်းကပ် နိုင်ရန်၊ လူ့အခွင့် အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမို နားလည်၍ ခွဲခြမ်း စိတ်ဖြာ သုံးသပ် နိုင်ရန်၊သင်တန်းသား များ၏ သုတေသနပြုခြင်း၊ အကြံပြု တင်ပြခြင်းနှင့် လှုပ်ရှားမှု လုပ်ငန်းများ၏ စွမ်းဆောင်ရည် မြင့်မား တိုးတက်လာ စေရန်နှင့် မဲခေါင် ဒေသ အတွင်း နေထိုင်၍ အရပ်ဘက် လုပ်ငန်း ဆိုင်ရာ အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်သူ အချင်းချင်း ပူးပေါင်း ဆောင်ရွက် နိုင်ရန် တို့ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း လုပ်ကိုင် နေသူများ၊ လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း လုပ်ကိုင် နေသူများ တက်ရောက် နိုင်သည်။ သင်တန်း အတွက် ပညာ အရည်အချင်း ကန့်သတ်ချက်များ မရှိသော်လည်း အင်္ဂလိပ် စကားကို အထိုက် အလျောက် ပြောတတ် ရန်လိုအပ်သည်။

သင်တန်းကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်မှ ဒီဇင်ဘာ အထိ ပို့ချမည် ဖြစ်သည်။ နေထိုင် စားသောက် စားရိတ်နှင့် ခရီး သွားလာရေး စရိတ် များကို ရွေးချယ်ခံရသည့် သင်တန်းများ ကိုပေး အပ်သွားမည် ဖြစ်သည်။  စိတ်ဝင်စား သူများသည် www.earthrights. org  သို့ သွားရောက်၍ လေ့ လာနိုင်ပြီး လျှောက်လွှာ များကို mekong@ earthrights.org   သို့ ပေးပို့ လျှောက်ထား နိုင် သည်။ လျှောက်လွှာများကို၂၀၁၃ ခုနှစ်၊ ဖေဖော် ၀ါရီ ၁ ရက်ကို နောက်ဆုံး ထား၍ လျှောက်ထားရ မည်ဖြစ်သည်။

 

ဟန်ဇော်
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)