|
Written by ခင်သန္တာ
|
|
Tuesday, 08 January 2013 18:27 |
ပြီးခဲ့တဲ့ လကဖော်ပြခဲ့တဲ့ ကစားနည်း တွေက သက်သက်သာသာ လွယ်လွယ်ကူကူ ကစားလို့ ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်မယ်လို့ထင်ပါတယ်။
argaiv1913
စာဖတ် ပရိသတ်ကြီး ကျွန်မ ဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေ ကို အကြိမ်အတိုင်း၊ အကျော့အတိုင်း လေ့ကျင့်ခဲ့ မယ်ဆိုရင် ဒီတစ်လ ဖော်ပြပေး ထားတဲ့ လေ့ကျင့်ခန်း တွေကိုလည်း လိုက်လုပ်နိုင်ကြမှာပါ။အညောင်းအညာ ပြေရုံတင် မဟုတ်ဘဲ ကိုယ်ခန္ဓာ အချိုးအစားပါ ကျစ်လျစ် သွယ်လျလာမှာ ဖြစ်လို့ အချိန်နည်းနည်း ပေးပြီး လိုက်လုပ်စေချင်ပါတယ်။ နေရာလည်း သိပ်မယူတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်လို့ ကိုယ့်အိပ်ခန်း ထဲမှာတောင် လုပ်နိုင်ကြမှာ။
Exercise-1 ဒီလေ့ကျင့်ခန်း ကတော့ အောက်ဗိုက်နဲ့ ပေါင် အပေါ်ပိုင်း အတွက် ဖြစ်ပါတယ်။ အမျိုးသမီးတွေ အတွက် ဗိုက် အဆီကို ပြောတဲ့ေ နရာမှာ အောက်ဗိုက်နဲ့ အပေါ် ဗိုက်ဆို ပြီး ခွဲပြောရပါမယ်။
တချို့တွေက အပေါ်ဗိုက်မပူတတ်ကြ ပေမဲ့ အောက်ဗိုက် ကတော့ သိသိသာသာ စူထွက် နေတတ်ပါတယ်။ အပေါ်ဗိုက်နဲ့ ယှဉ်ရင် အောက်ဗိုက်ပူတာက ကြည့်ရပို ရုပ်ဆိုးပါတယ်။ အဲဒီလိုပါပဲ ပေါင်အရင်း အပေါ်ပိုင်း နားက အဆီပိုများ လာတာကြောင့် ပါးပျဉ်းထ သလို ဖောင်းနေ တတ်ပါတယ်။ ပုံမှာဖော် ပြထားတဲ့ အတိုင်း ကြမ်းပြင်မှာ ထောင့်မှန်ပုံစံ တံတောင် ထောက်ထား ရပါမယ်။ တံတောင် ကိုအားပြုထား ရမှာဖြစ်လို့ ခပ်ပါးပါး အ၀တ်၊ ဒါမှမဟုတ်အြေအမနျ လိုမျိုး တစ်ခုခုကို ခံထားသင့်ပါတယ်။ ပထမ အဆင့် ခြေထောက် နှစ်ဖက်ကို ပူးပြီး ထောင့်မှန်ပုံ သဏ္ဌာန် ချိုးထားလိုက်ပါ။ ခြေဖျားတွေကိုတော့ ရှေ့စိုက်ထားရပါမယ်။ ဒုတိယအဆင့်အနေနဲ့ ခြေထောက်ကို ပြန်ချလိုက်ပါ။ ဒါပေမဲ့ ကြမ်းပြင်ကို ထိသည်အထိ မချလိုက်ဘဲ အောက်ဗိုက် အားနဲ့ ထိန်းထား လိုက်ပါ။ အပေါ်ပေါင် ရင်းနားက ကြွက်သား တွေကပါ လိုက်ထိန်း ပေးနေတာ ကို ခံစားမိ ပါလိမ့်မယ်။ အဲဒီပုံစံ အတိုင်း ၁၀ ကြိမ် သုံးကျော့ ကစားပါ။ အခုလေ့ ကျင့်ခန်း ၁ အပါအ၀င် ဖော်ပြ သွားမဲ့ လေ့ကျင့်ခန်း အားလုံး အသက်ကို အောင့်ထား စရာမလိုဘဲ ပုံမှန် အတိုင်းပဲ အသက် ရှုပြီးကစား နိုင်ပါတယ်။
ပေါင်နောက် သားနဲ့ တင်ပါးကြား မှာရှိတဲ့ အဆီပို တွေကြောင့် တင်ပါးနဲ့ ပေါင် ရောထွေး နေပြီး အောက်ပိုင်း တစ်ခုလုံး ကြီးနေတယ်လို့ ထင်ရတတ် ပါတယ်။ အဲဒီလို ကိုယ်ခန္ဓာ ပိုင်ရှင် အမျိုးသမီး များက ထဘီဝတ်ရင် သိပ်မသိသာ လှပေမဲ့ဂျင်း ဘောင်းဘီ ၀တ်ဆင်ကြ တဲ့အခါ ကြည့်ရရုပ် ဆိုးပါတယ်။
Exercise-2 ဒီလေ့ကျင့် ခန်းကတော့ အဲဒီအဆီ ပိုတွေကို လျော့ကျ သွားစေမဲ့ ကစား နည်းပါ။ ပထမ ဦးဆုံး ကြမ်းပြင်မှာ လက်ဖ၀ါးကို အပြားလိုက်ချပြီး အားပြု ထားပါ။ တင်ပါးကို ချထားပြီး ပေါင်ရင်း ကနေ ခြေသလုံး တွေထိပါ ကြွလိုက်ပါ။ အဲဒီလို တစ်ကြိမ် လုပ်ပြီးရင် ခြေသလုံးနဲ့ ခြေဖနောင့်တွေ ချထားပြီး တင်ပါးကို ကြွလိုက်ပါ။ တစ်လှည့်စီ ၁၀ ကြိမ်၊ သုံးကျော့ ကစားရမှာ ဖြစ်ပါတယ်။
Exercise-3 ဒီ လေ့ကျင့်ခန်းက ခြေသလုံး တွေပါ သေးသွယ် လာဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ လက်ဖ၀ါး နှစ်ဖက်ကို ယှက်လိုက်ပါ။ ကြမ်းပြင်မှာ တံတောင် ထောက်ထားပြီး ဒိုက်ထိုး တဲ့ပုံစံအတိုင်း ကိုယ်ခန္ဓာ ကိုယ်ကို ထိန်းထား လိုက်ပါ။ ပြီးတဲ့အခါ တင်ပါးကို အပေါ်ဘက်သို့ ထောင်နိုင်သမျှ ထောင်ထား လိုက်ပါ။ အဲဒီ အချိန်မှာ ခြေဖျားတွေ ကိုပါ ထောက်ထားဖို့ မမေ့လိုက်ပါနဲ့။ ၁၀ကြိမ် သုံးကျော့ကစား ရမှာ ဖြစ်ပါတယ်။အကျိုး သက်ရောက်မှု ကတော့ အပေါ်ဗိုက်၊ အောက်ဗိုက် မှာရှိတဲ့ အဆီပိုတွေနဲ့ နောက်ကျော ဘက်က အဆီပိုတွေ ကို လျှော့ချပေး နိုင်ပါတယ်။ တစ်ခုသတိ ထားရမှာက ဒီလေ့ကျင့် ခန်းဟာ ဗိုက်တစ်ခု လုံးရဲ့ ကြွက်သားတွေကို ထိရောက်မှု များတာကြောင့် ကစားနေစဥ်မှာပဲ ၀မ်းဗိုက်အလယ်ကြော တစ်လျှောက် အနည်းငယ် နာကျင်နိုင်ပါတယ်။ဒါကြောင့် ၁၀ကြိမ်ထိ မကစား နိုင်ခဲ့ရင် ၈ ကြိမ်လောက်ပဲ လျှော့ကစားလို့ ဖြစ်ပါတယ်။
Exercise-4 ဒီလေ့ကျင့်ခန်း ကတော့ အ၀လွန်တဲ့ အမျိုးသမီးတွေ အတွက်ဖြစ်ဖြစ်၊ သိပ်မ၀ ပေမဲ့လည်း လမ်းလျှောက်တာ များရင် ပေါင်ပွန်းတတ်တဲ့ အမျိုးသမီး တွေအတွက် အထူးသင့်လျော်ပါတယ်။ ဒိုက်ထိုးတဲ့ ပုံစံအတိုင်း ခြေဖျားထောက် နေရမှာ ဖြစ်ပေမဲ့ လက်တွေ ကိုတော့ ဖြောင့်ဖြောင့်ဆန့်ထားဖို့ လိုပါတယ်။ ဒုတိယ အဆင့် အနေနဲ့ ခြေတစ်ဖက်ကို အားပြုချန် ထားခဲ့ပြီး ကျန်ခြေ တစ်ဖက်က အတွင်းဗိုက်ထဲ ရောက်အောင် ထောင့်ချိုးကွေးပြီး ထည့်လိုက်ပါ။ ပြီးတော့ ခြေထောက်ကို ပြန်ဆန့်ထုတ်လိုက်ပါ။ အဲဒီနည်း အတိုင်း ကျန်တစ်ဖက်ကိုလည်း ဆက်ကစား ပေးရပါမယ်။ ပေါင်အတွင်းသား အဆီပိုတွေကို ကစားတဲ့ နည်းဖြစ်ပါတယ်။ တစ်ဖက်ကို ၁၅ ကြိမ်နဲ့ သုံးကျော့ ကစားပေးပါ။
Exercise-5 ဒီကစားနည်း ကတော့ အပေါ်ဗိုက်နဲ့ တင်ပါးက အဆီပို တွေအတွက် ကစားပေးတာ ဖြစ်ပါတယ်။ သတိ ထားရမဲ့ အချက်က လက်နဲ့ခေါင်းကို ကြမ်းပြင်နဲ့ မထိဘဲ ထိန်းထား နိုင်ရပါမယ်။ ခြေဖ၀ါး နှစ်ဖက်ကို ဆွဲပူး ထားပြီး ဒူးနဲ့ ပေါင်နှစ်ဖက် ကတော့ လွတ်လွတ်ကင်းကင်း ဝေးကွာ နေပါစေ။ ခြေထောက် နှစ်ဖက်ကို ပြန်ဆန့်ထုတ်လိုက်တဲ့ အခါမှာ ဒူးရော ပေါင်ပါ ဖြောင့်တန်း နေဖို့လိုပါတယ်။ လေ့ကျင့်ခန်း အစအဆုံး ခြေထောက် နှစ်ဖက်နဲ့ ခေါင်းကို ကြမ်းပြင်ပေါ် မချလိုက် မိဖို့တော့ လိုပါလိမ့်မယ်။ ၁၀ကြိမ် သုံးကျော့ ကစားပေးပါ။
Exercise -6 ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံးကို ကြမ်းပြင် မှာထိကပ် ထားလိုက်ပါ။ပထမ အဆင့်အနေနဲ့ ခြေနှစ် ဖက်ကို လိမ်ယှက် လိုက်ပါလိမ်ယှက် ထားတဲ့ပုံစံ အတိုင်း ၄၅ ဒီဂရီ ထောင်ပြီး ထိန်းထားပါ။ ဒုတိယ အဆင့် အနေနဲ့ ခြေနှစ်ဖက် စလုံးကို ခန္ဓာကိုယ် အပေါ်ပိုင်းသို့ မြှောက်နိုင် သလောက် မြှောက်တင် လိုက်ပါ။ ပြီးရင်မူလ ပုံစံအတိုင်း ၄၅ ဒီဂရီ ထိန်းပြီးရပ် ထားလိုက်ပါ။ ဒီနည်းအတိုင်း ၁၅ ကြိမ် သုံးကျော့ ကစား ပေးရပါမယ်။ ၀မ်းဗိုက ပြင်ကြွက်သားနဲ့ ပေါင်ကြွက်သား တွေကို ကစားပေးခြင်း ဖြစ်ပါတယ်။ လက်ဖ၀ါး နှစ်ဖက်စလုံး ကို ကြမ်းပြင်မှာ အားပြုထိကပ် ထားတဲ့အတွက် ခြေနှစ်ဖက်ကို ထိန်းပြီး ထောင်မတ်ထားတဲ့ အချိန်မှာ လက်မောင်းရှေ့ ကြွက်သားများ ကိုလည်း ကစားပေး ပြီးသား ဖြစ်သွားပါတယ်။
ဒီ ကစားနည်းက ဖော်ပြခဲ့တဲ့ ကစားနည်းတွေ အားလုံးထဲမှာ အလွယ်ကူဆုံးနဲ့ အလုပ်နိုင်ဆုံး ဖြစ်ပါ လိမ့်မယ်။ ဒါကြောင့် အကြိမ် မတိုးနိုင်ရင်တောင် အကျော့တိုးပြီး ကစားကြည့်စေ ချင်ပါတယ်။ ဒီတစ်ပတ် လေ့ကျင့်ခန်း တွေက ကစားစမှာ ကြွက်သားနည်းနည်း နာကျင်နိုင်တာ ဖြစ်လို့ ရပ်မပစ်ဘဲ ဆက်တိုက် ကစားကြည့် စေချင်ပါတယ်။ သုံးရက်လောက် ဆက်တိုက်ကစား လိုက်ရင် သက်သာသွား နိုင်တာဖြစ်လို့ ဇွဲရှိရှိနဲ့တော့ ကစားကြည့်ပါ။ အဲဒီဇွဲရဲ့ အကျိုးဆက်က အ၀တ်အစား ၀တ်ကြည့်တဲ့ အခါမှာ သင်ကိုယ်တိုင် ခံစားသိနိုင် ပါလိမ့်မယ်။

ခင်သန္တာ (Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|