ဖျော်ဖြေမှုတင် မဟုတ်ဘဲ အသိပညာတွေလည်း ရခဲ့တဲ့ MTV EXIT PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 08 January 2013 18:23
Share |


MTV EXIT (End Exploitation and Trafficking)   (လုပ်အား ခေါင်းပုံဖြတ် မှုနဲ့ လူကုန် ကူးမှု အဆုံး သတ်ရေး)ရဲ့ သမိုင်းဝင် ဂီတ ဖျော်ဖြေပွဲကို ၂၀၁၂ ဒီဇင်ဘာလ ၁၆ ရက်၊ ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်မှာ ပြုလုပ်ခဲ့ ပါတယ်။

cialis 20mg without prescriptiongeneric cialis click here click here
argaiv1215


လူကုန်ကူးမှု ဆိုင်ရာ အသိပညာ ဖြန့်ဝေနိုင်ဖို့ အတွက် အဓိက ရည်ရွယ်ပြီး လုပ်တဲ့ပွဲ ဖြစ်သလို ၀င်ကြေး အခမဲ့ ပြုလုပ်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ ဂရမ်မီ ဆုရ တေးရေး၊ အဆိုတော် ဂျေဆင်မရတ်ဇ်၊ ထိုင်းနိုင်ငံမ Slot Machine, MTV EXIT  ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ သံတမန်များ ဖြစ်တဲ့ R ဇာနည်၊ ဖြူဖြူကျော်သိန်း တို့အပြင် လင်းလင်း၊ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်၊ ချမ်းချမ်း၊ ချစ်သုဝေ တို့လည်း ပါဝင် ဖျော်ဖြေ ပေးခဲ့ ကြပါတယ်။ MTV EXIT  ဖျော်ဖြေပွဲမှာ သီချင်းများနဲ့ ဖျော်ဖြေ တင်ဆက်ရုံ မဟုတ်ဘဲ လူလူချင်း ကျွန်ပြု၊ လုပ်အား ခေါင်းပုံဖြတ်မှု၊ လူကုန်ကူး မှုဆိုင်ရာ အချက်အလက် များကို အများ ပြည်သူတွေ သိရှိနိုင်ဖို့ တွေကိုလည်း မျှဝေ ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ် တွေက နေ့လယ် ၁၂ နာရီလောက် ကတည်းက စောင့်ဆိုင်း ရောက်ရှိ နေကြတာ  ဖြစ်ပါတယ်။ ဖျော်ဖြေမှု သက်သက် မဟုတ်ဘဲ

လူကုန်ကူး မှုနဲ့ ပတ်သက်တဲ့ အသိပညာ များရတာ ကြောင့် ကြည့်ရှုတဲ့ ပရိသတ်များ၊ အထူးသဖြင့် လူငယ် ပရိသတ်များ ပိုမို နှစ်ခြိုက်ခဲ့ကြ တယ်လို့ သိရပါတယ်။

 

 

 

 

ခင်လေးမြင့်
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)


ခင်လေးမြင့်
About the author: