ဖူးငုံဆယ်ကျော်သက်တို့အတွက် အချစ်ဗေဒင် PDF Print E-mail
Written by ဒေါက်တာဒဂုန်ခင်သဇင်   
Tuesday, 08 January 2013 18:16
Share |

တနင်္ဂနွေ သားသမီး အတွက်-
အချစ်က သိပ်သဘော ကောင်းတာပဲ။ ကိုယ့်ကို အရမ်း အလို လိုက်တယ်။ ကိုယ်က လူဆိုးနော်။

argaiv1282
argaiv1411


သူ့ကို ဆိုးနေ နွဲ့နေတာက များပြီ။ ကိုယ့်အလိုတွေ အရမ်း များနေပြီ။ နည်းနည်း လျှော့တော့။ သူက သိပ်ချစ်လို့ အပြစ်မမြင် ပေမဲ့ ဘေး ပတ်ဝန်းကျင်က ပြောကုန်ပြီ။ နည်းနည်းတော့ ဆင်ခြင်ပါ။ အင်္ဂါနဲ့ သောကြာ သားသမီးတွေ မြှောက်ပေးတိုင်း မလုပ်နဲ့ ကိုယ်က မြှောက်ပေးရင် လုပ်တတ်တယ်။ မဆိုးနဲ့ တော့နော်။
ယတြာ- ချစ်သူကို ချောကလက် ၀ယ်ကျွေးပါ။

တနင်္လာ သားသမီးအတွက်-
အချစ်ရေးက အီလည်လည်ကြီးကွာ။
ကိုယ့်ကို ချစ်သလိုလိုနဲ့ ဖုန်းတွေ ဆက်နေပြီး ခုတော့လည်း အဆက်အသွယ် ပြတ်သွား ပြန်ရော။ သူ့ကိုပဲ
စောင့်ရတော့မှာ လိုလိုနဲ့ ကိုယ်ကလည်း လိုက်မဆက်သွယ် ချင်ပါဘူး။ ချစ်ရင်လည်း ပြတ်ပြတ်သားသား ချစ်တယ်ပေါ့။ မချစ်ရင်လည်း ပြီးတာပဲ။ ခုတော့ ကိုယ်က သူ့ကို စိတ်ဝင်စား နေမိတာ သိသိကြီးနဲ့ အဆက်အသွယ် ပြတ်နေပါမယ်။ ဖုန်းဆက်ကြည့်ဖို့ လိုပြီနော်။
ယတြာ- ချစ်သူ အတွက် စံပယ်ပန်း များများ အိမ်က ဘုရားမှာ ကပ်ပေးပါ။

အင်္ဂါ သားသမီး အတွက်-
ကိုယ့်ရှေ့ရေး အတွက် အမြဲ တွေးပူ ပေးတဲ့ ချစ်သူလေးကြောင့် အကျေနပ်ကြီး ကျေနပ်ရမယ်။ ကိုယ့်အလုပ် အင်တာဗျူးလည်း သူပဲ ကူညီတာ။ စာမေးပွဲ ဖြေဖို့ ကိစ္စလည်း သူပဲ ကူညီတာ။ အမြဲတမ်း ကိုယ့်ကိစ္စ တွေကို သူက ဦးဆောင်ပြီး ဖြေရှင်း ပေးတာပါ။ ခုမှပဲ သူ့ကျေးဇူး တွေကို တွေးမိတယ်။ သူက သိပ်မချမ်း သာပေမဲ့ ကိုယ့်အပေါ် တကယ့် မေတ္တာ အစစ်နဲ့ ချစ်သူပါ။ သူသာ မရှိရင် အားငယ် လိုက်တာနော်။
ယတြာ-ချစ်သူကို ပန်းသီး အကြီးကြီးလေး ၀ယ်ကျွေးပါ။

ဗုဒ္ဓဟူး သားသမီး အတွက်-
ကိုယ့်ကို ချစ်သူက အပြစ်မြင် နေပါပြီ။ ကိုယ်ကလည်း ကိုယ်ပဲ။ သူများ ကိစ္စ တွေချည်း လိုက်လုပ် နေတာနဲ့ အားကို မအား တော့တာ။ သူက တွေ့ကြရ အောင်လို့ ပြောတိုင်းဟို ကိစ္စရှိလို့ ဒီကိစ္စ ရှိလို့နဲ့ တွေ့ကြ ပြန်တော့လည်း ခဏနေရင် ဖုန်းက ၀င်လာပြီး ထပြန် နေရတာ ချည်းပဲ။ ကဲ၊ သတိ္တလေး ထားပြီး အပြင် ကိစ္စတွေကို ငြင်းကြည့်ပါ။ ခုပုံနဲ့ ဆိုရင် ချစ်သူက စိတ်ပျက်လို့ ထွက်ပြေး လိမ့်မယ်။ အချိန်မီ သေးတယ်နော်။
ယတြာ-ချစ်သူကို နို့စတော်ဘယ်ရီ ဖျော်ရည်လေး တိုက်ပြီး ချော့ပါ။

ကြာသပတေး သားသမီးအတွက်-
ချစ်သူပြောတဲ့ စကားတွေကို ချင့်ယုံဖို့ ကောင်းပြီနော်။ ကိုယ့်အပြင် တခြား တစ်ယောက်နဲ့ ဇာတ်လမ်းတွေ ရှိနေပါမယ်။ ကိုယ်က သူပြောသမျှကို ယုံကြည် နေတတ်လို့ ကိုယ့်ကို သတိပေးမဲ့ သူတွေက မပြော တော့တာပါ။ ကိုယ်သာ မသိတာ ပတ်ဝန်းကျင် မှာတော့ ကိုယ့်ချစ်သူ အကြောင်းက ပွနေတာပဲ။ သူ့ရဲ့ဘ၀ အဖော် ရွေးပွဲမှာ ကိုယ်က အရေး မပါတဲ့ တစ်စုံ တစ်ယောက် ဖြစ်နေပြီ။ စဉ်းစားပါဦး။
ယတြာ-သူငယ်ချင်း တွေကို မုန့်ဟင်းခါး ကျွေးပြီး ကိုယ့်ချစ်သူ အပေါ် ဘယ်လိုမြင်လဲ မေးပါ။

သောကြာသားသမီးအတွက်-
ချစ်သူက သိပ်တစ်ကိုယ် ကောင်းဆန် တာပဲ။ ဘာပဲဖြစ်ဖြစ် သူ့တစ်ကိုယ်ရေ အတွက်ပဲ စဉ်းစား ပါတယ်။ ကိုယ့်ကိုလည်း သံသယ တွေနဲ့ပဲ ဆက်ဆံတယ်။ သူ့အလို လောဘ တွေပဲ ဖြည့်လို့ မပြည့်နိုင်ဘူး ဖြစ်နေပါမယ်။ ရေရှည် အတွက်ဆို သူနဲ့ မလွယ် ဘူးနော်။ ကိုယ်က သူနဲ့ မဖြစ်နိုင်မှန်း သိပေမဲ့ ရင်ထဲက ဆွဲမထုတ် နိုင်ဘူး ဖြစ်နေမယ်။ သူ့ကို တကယ် နှစ်နှစ်ကာကာ ချစ်မိ နေတာပါ။ သူ့မျက်နှာ မြင်နေရရင်ပဲ စိတ်ချမ်းသာတယ်။
ယတြာ-ချစ်သူကို ပူရှိန်း သကြားလုံး ၀ယ်ကျွေးနော်။

စနေ သားသမီး အတွက်-
သူ့ကို ချစ်လိုက်ရင် ကောင်းမလားလို့ တွေးမိပေမဲ့ သတိ္တ မရှိဘူး ဖြစ်နေမယ်။ စိုးရိမ် နေမိမယ်။
သူက တကယ်ပဲ ကိုယ့်အပေါ် ကောင်းပါ့ မလားလို့ပေါ့။ သူ့ကို သံယောဇဉ် အရမ်းကြီး တာကို လူတိုင်း သိပါတယ်။ ကိုယ့်အပေါ် သူ အရမ်း စိတ်ဝင်စား ပေမဲ့ ကိုယ်တိုင်က မ၀ံ့မရဲ ဖြစ်စေ ပါမယ်။ သေသေချာချာ စဉ်းစား ဦးနော်။ ကိုယ့်အရှေ့မှာ သူများ ဦးသွားရင် ဘယ်လို လုပ်မလဲ။ ကိုယ့်အချစ်ကို ဖွင့်ဟဖို့ သင့်ပြီ။
ယတြာ-ချစ်သူကို ဒိန်ချဉ် အေးအေးလေး ၀ယ်တိုက်ပါ။

 

ဒေါက်တာဒဂုန်ခင်သဇင်
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)

 


Last Updated on Tuesday, 08 January 2013 18:22