(Jan_13)Blog Digest PDF Print E-mail
Written by မြသွေးနီ   
Tuesday, 08 January 2013 18:09
Share |

ဇန်န၀ါရီလ Blog Digest ကဏ္ဍ အတွက် ပြည်ပမှာ အလုပ်လုပ် ကိုင်နေ လျက်က www. aungmoethu.blogspot.com  မှာ စာတွေရေး နေတဲ့ လူငယ် ဘလော့ဂါ တစ်ဦးဖြစ်သူ အောင်မိုးသူရဲ့ ၀တ္ထုတို လေးနဲ့ ဖူးငုံစာ ချစ်သူများကို တွေ့ထိ ပေးချင် ပါတယ်။

cheap cialisbuy cialis online viagra reviews generic cialis online
argaiv1357


မိသားစု အားလုံးက ကျွန်တော့်ကို မော်ကြည့်လို့။ ကျွန်တော်မြင် နေရတဲ့ အမေ့ရဲ့ မျက်လုံးတွေက ၀မ်းနည်း နေတာလား၊ ၀မ်းသာနေ တာလား ဆိုတာ ကိုတော့ ကျွန်တော် မဝေခွဲ တတ်ဘူး။ အမေ့မျက် ၀န်းထဲက မျှော်လင့်ချက် အငွေ့အသက် ကိုတော့ ကျွန်တော် မြင်လိုက် ရတယ်။ ကျွန်တော်ကတော့ ခရီး ဆောင်သေတ္တာ ကိုဆွဲရင်း ရန်ကုန် လေဆိပ်ရဲ့ Check in နေရာကို ရောက်နေပြီ။ မသွားခင် အမေ့ မျက်နှာ ကို တစ်ချက် ကြည့်လိုက်တော့ မျက်ရည်တွေဝဲ နေတာ ကျွန်တော် တွေ့လိုက် ရတယ်။ ကျွန်တော် ပြန်လာ ခဲ့မှာပါ အမေရယ်။  ဒါတွေက အမေ့ အတွက်ပါ။ ကျွန်တော် စိတ်ထဲက ပြောနေ မိတဲ့ စကား အမေကြား နိုင်မှာပါ။ အို၊ နိုင်ငံခြားကို အရမ်းသွား ချင်နေတဲ့ ကျွန်တော် အခု ချိန်ကျမှ ခြေလှမ်းတွေ လေးနေရတာ လဲ။ လက်ဆွဲ သေတ္တာကို တင်းတင်း ဆုပ်ကာ ကျွန်တော် အံကို ကြိတ်ထား မိတယ်။ နေရာတကာ စိတ်ပူတတ် လွန်းတဲ့ ကျွန်တော့်ရဲ့ အစ်မကြီး ကတော့ အိမ်မှာ ကတည်းက ကျွန်တော့်နားနဲ့ မဆံ့အောင် မှာစရာတွေ အထပ်ထပ် မှာခဲ့ပြီးပြီ။

“အလုပ်ကို သေချာ လုပ်နော်၊ ပိုက်ဆံကို စုဆောင်းဦး။ နင့်ကို အတိုးနဲ့ ချေးပြီး ပို့တယ် ဆိုတာကို လည်း သတိ ရဦး”
ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ စိတ်ချ လက်ချ ပညာ မသင်ခဲ့ ရတဲ့ ကျွန်တော့် ဘ၀တွေ။ မိသားစု ပေါ်ကို အပြစ် ပုံမချချင် တော့ပါဘူး။ ကျွန်တော့် နောက်လာမဲ့ မျိုးဆက်အတွက် ကျွန်တော်တို့လို မဖြစ်ရ အောင် လုပ်ရမဲ့ တာဝန်ဟာ ကျွန်တော့် ပခုံးပေါ် အလိုလို ရောက်လာ တော့တာပါပဲ။

“မသွားပါနဲ့ အောင်လေးရယ်၊ အမေ စိတ်ပူလို့ပါ။ သားအစ်ကို တွေတုန်း ကလို အမေ မခံစားနိုင် တော့ဘူး”
လေသံပျော့ပျော့နဲ့ တောင်းပန် တိုးလျှိုးစွာ ပြောနေတဲ့ အမေ့ အသံက ကျွန်တော့် ရင်ကို နင့်ခနဲ ဖြစ်သွား စေတယ်။ ကျွန်တော့် အမေဟာ ဒီ အကြောင်း ပြချက်နဲ့ပဲ ကိုင်ပေါက်မှန်း ကျွန်တော် သိနှင့် နေတယ်။ ကျွန်တော့် အစ်ကိုက နိုင်ငံခြား မှာအလုပ် လုပ်ရင်း တစ်ရက်မှာ မြို့ထဲအလည် ထွက်ချိန် ဆိုင်ကယ် မှောက်လို့ ခြေထောက် ကျိုးပြီး ပြန်လာခဲ့ ရတယ်။ မိမိနိုင်ငံ မဟုတ်တဲ့ တခြား နိုင်ငံ ဆေးရုံက ကျိုးသွားတဲ့ ခြေထောက်ကို ပြန်ဆက် ပေးလိုက် ပေမဲ့ ဆက်တဲ့ နေရာမှာ အရိုးကကောက် နေခဲ့တယ်။ မကြည့်ရက် နိုင်တဲ့ အမေက ရှိတာ လေးရောင်းလို့ ကိုယ့်နိုင်ငံက ဆေးရုံမှာ ကောက် နေတဲ့ ခြေထောက်ကို ပြန်ချိုးကာ ပြန်ဆက် ခဲ့ပေး ခဲ့ရတယ်။ ဘာမှ မစုမိ မဆောင်းမိနဲ့ အစ်ကိုလည်း အမေ့ထက် အရင် ရောဂါ တစ်ခုနဲ့ နောက်ဘ၀ကို သွားနှင့်ခဲ့ပြီ။ အမေ့မှာ ရှိတဲ့ ကျွန်တော့် အထက်က သားနှစ်ယောက် ကတော့ တခြားနိုင်ငံမှာ အလုပ် သွားလုပ်ရင်း နဲ့ပဲ တစ်ယောက်က သတင်းမရ၊ ကျန်တစ်ယောက်က သုံးစား မရနဲ့ ပြန်လာခဲ့ ရတဲ့ အမေ့ရဲ့ ခံစားချက်ကို ကျွန်တော် လျစ်လျူ မရှုရက် ပေမဲ့ မေ့ထား လိုက်တယ်။

“အမေ ဒီလို ဘ၀မျိုးနဲ့ အမေ နေနိုင်သေး လား။ အိမ်မှာ အကြွေး မရှိပေမဲ့ ကောင်းကောင်း ကန်းကန်း မစားနိုင်တဲ့ ဘ၀။ ယိုင်နဲ့နဲ့ အိမ်နဲ့ မိုးလေ တိုက်ရင် အိပ်မပျော်နိုင် တဲ့ ဘ၀ကိုလေ”
မမျှော် လင့်တဲ့ အဖြေတစ်ခုက ကျွန်တော့်နား ထဲရောက် လာတယ်။
“နေနိုင်တယ်။ အမေ့ ဘေးမှာ သားရှိရင် တော်ပြီ အောင်လေး”
စိတ်အား ထက်သန် နေတဲ့ ကျွန်တော့် အမေ့ကို စကားတစ်ခွန်း သာပြော လိုက်တော့ ပါတယ်။

“အမေ နေနိုင် ပေမဲ့ သားမနေ နိုင်ဘူး အမေ။ သားကို နိုင်ငံခြား သွားဖို့ စီစဉ်ပေးပါ”
အမေနဲ့ ကျွန်တော် အပြင်းအထန် စကားတွေ များခဲ့ ရတယ်။ ကျွန်တော့်ဘက်က မှားသွားတယ် ထင်ပါတယ်။ အမေ့ရဲ့ ခံစားချက်ကို ကျွန်တော် မေ့ထားခဲ့ တာလား။ ကျွန်တော်ကပဲ ကိုယ့်ခံစား ချက်ကို ဦးစား ပေးခဲ့ တာလား၊ ဒီအချိန်မှာ ကျွန်တော် မဆုံးဖြတ် နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ကျွန်တော့် ရည်ရွယ် ချက်တွေ ပြည့်ဖို့ အမေ့ ခံစားချက် တွေကို ကျွန်တော် ဥပေက္ခာ ပြုခဲ့ လိုက်တယ်။ လေဆိပ် ထဲမှာ လူတွေက တဖွဲဖွဲနဲ့။ အမေ့ မျက်နှာကို ကျွန်တော် တစ်ချက် ကြည့်လိုက်တယ်။ အမေ ဘာမှာဦး မလဲ ဆိုတဲ့ မျက်လုံးနဲ့ပေါ့။

“ကျန်းမာရေးဂရုစိုက်နော် အောင်လေး”
အမေ့ဆီက စကား တစ်ခွန်းသာ ထွက်ကျ လာတယ်။ ကျွန်တော် ခေါင်းညိတ် ရုံသာ ညိတ်ပြ လိုက်တယ်။ အမေ ကျွန်တော့်ကို စိတ်ချတယ် ဆို တာ ကျွန်တော် သိပါတယ်။ အမေ မသွားစေချင် မှန်းလည်း ကျွန်တော် သိတယ်။ ကျွန်တော် ဘာမှ မပြောလို တော့ပါဘူး အမေရယ်။ လူငယ် ဘ၀ရဲ့ အိပ်မက် တစ်ခု အတွက် အားလုံးနဲ့ တန်းတူ နေနိုင်ဖို့ ကျွန်တော် ရုန်းကန် ရဦးမယ် အမေ။ အမေနဲ့ ကျွန်တော်တို့ ဘ၀ဟာ ကိုယ့်နိုင်ငံမှာ လူတမ်းစေ့ နေနိုင်ဖို့ အတွက်ဆိုတာကို ခက်ခဲလွန်းတယ် မဟုတ်လား။

လေယာဉ်ပေါ် မတက်ခင် အမေ့ရဲ့ ခြေရင်း မှာ ဒူးထောက်ပြီး ကျွန်တော် အမေ့ကို ဦးချခဲ့ တယ်။ အမေ သားပြန် လာမှာပါ၊ ငွေထုပ်ပိုက်ပြီး ပေါ့။ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေတဲ့ မကြီးကတော့ တင်းခံထားတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒီလို အချိန်မှာ ဘယ်သူ က ၀မ်းမနည်းဘဲ နေမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အရမ်း ကွာဟ နေတဲ့ လူတန်းစား တွေထဲက တစ်ခု ကနေ ရုန်းထွက်ဖို့ အတွက် ကျွန်တော် ပြန်လာမှာပါ အမေ။ မြန်မာ နိုင်ငံဆိုတဲ့ မြေကြီး ကနေ လေယာဉ် ကြီးက ထွက်ခွာ လာပြီ။ ကျွန်တော် ချစ်တဲ့ မိသား စုလည်း ကျွန်တော့် မြင်ကွင်း ထဲက ပျောက်ကွယ် သွားပြီ။ ကျွန်တော့် ရင်ဘတ် ထဲမှာ ဟာတာတာ ကြီးနဲ့ ကျန်ခဲ့တယ်။ ခံစားရ ခက်ခက် ကြီးပေါ့။

ကျွန်တော် အမိမြေနဲ့ ဝေးခဲ့ ရတာ ကြာပြီ။ လူငယ်စိတ်နဲ့ လွတ်လွတ် လပ်လပ် နေချင်တာရယ်။ှSecond God is Money လို့ လူတွေ ပြောပြောနေ ကြတာ တွေရယ်ကြောင့်  နိုင်ငံခြား ဆိုတာကြီးကို ကျွန်တော် ရောက်နေ ခဲ့တာ ကြာခဲ့ပြီ။ အရင်က တစ်ယောက်တည်း နေနိုင် တယ်ဆိုတဲ့ စိတ်တွေ ဘယ်ရောက် သွားမှန်း မသိပါဘူး။ မိခင်ဘာသာ စကား ကို မပြောကြတဲ့ တိုင်းတစ်ပါး သားတွေ ကြားမှာ ကျွန်တော် ရုန်းကန် နေခဲ့ ရတယ်။ တစ်ခန်းတည်း တူတူ နေကြတဲ့ သူငယ်ချင်း ရှိပေမဲ့ လည်း အလုပ်က ပြန် ပင်ပန်းတာနဲ့ စကားမပြော ဖြစ်ဘဲ အိပ်ရာထဲ ၀င်တိုး ကြတာ များပါတယ်။ သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။

“မင်း စက်ရုပ် ကမ္ဘာကို ရောက်သွား လိမ့်မယ်”တဲ့။
အရင်က မယုံပေမဲ့ ခုတော့ ယုံနေရပြီ။ အားလပ်ရက် ကလေး ရတုန်း အခန်းဖော်နဲ့ အပြင်သွား မလား စဉ်းစား မိတယ်။ ဒီလ အိမ်ကို ငွေပို့ ဖို့ရယ်၊  အကြွေးဆပ်ဖို့ရယ် ခေါင်းထဲ ရောက်နေ ရတယ်။ အခန်းထဲက သူငယ်ချင်း ကတော့ အလုပ်က ပြန်လာတာနဲ့ အိပ်တော့ တာပါပဲ။ တစ်နေ့လုံး စိတ်ရော လူရော ပင်ပန်း သမျှတွေက ကိုယ်ပိုင် အခန်းလေးထဲ ရောက်မှ ဖြေလျှော့ ရတာ မဟုတ်လား။ ခေါင်းထဲမှာ ယိုင်နဲ့နဲ့ အိမ်လေးရယ် အမေ့ မျက်နှာရယ်ပဲ ကျွန်တော် ပြေးမြင် မိနေတယ်။ တစ်ရက်။ အလုပ်က ပြန်လာပြီး ရေမိုးချိုးရင်း အခန်းဖော် သူငယ်ချင်းကို လှည့်ကြည့်မိ တယ်။ သူက ဒီနေ့တော့ အိပ်မနေဘဲ စာအုပ်တစ် အုပ်ကို တွေတွေကြီး ကြည့်နေတယ်။ ကျွန်တော် လည်း ဘောင်းဘီ ၀တ်နေရင်း သူငယ်ချင်းကို လှမ်းမေး လိုက်တယ်။
“ဟေ့ကောင်၊ မင်းဘာကြည့် နေတာလဲ”

သူ ကျွန်တော့်ကို လှည့်ကြည့် လိုက်တယ်။  ဟောဗျာ၊ မျက်ရည်တွေ ၀ဲနေ ပါလား။ သူ့မျက်ဝန်း တွေက မျက်ရည်တွေ ၀ိုင်းလို့။ ယောက်ျားလေး တစ်ယောက် ဒီလို မျက်ရည်ကျတာ ကျွန်တော့် ဘ၀မှာ ပထမဆုံးပဲ။ ကျွန်တော် ကြည့်နေရင်း သူ့ပါးပြင်ပေါ် မျက်ရည် တွေက အလုံးလိုက် အလုံးလိုက်။ မျက်ရည် ပေါက်ပေါက် ပေါက်ပေါက် ကျတယ်ဆိုတာ ဒါပဲ နေမယ်။ သူ ကျွန်တော့်ကို စကား တစ်ခွန်း ပြောတယ်။ အဲဒီ စကား တစ်ခွန်းက ရိုးရိုးလေး ပဲ။ တကယ့်ကို ရိုးရိုးလေး ဒါပေမဲ့ ကျွန်တော့် ရင်ဘတ်ကို လာထိတာဗျ၊ လာထိတာ။“အိမ်ကို သတိရ လို့ပါကွာ”တဲ့။ အဲ့ဒီစကား တစ်ခွန်း ကြားကြားချင်း ပဲ ကျွန်တော့် ရင်ထဲ ဆို့တက် သွားတယ်။ သူ့လက်ထဲ က စာအုပ် ကျွန်တော့်ကိုပြ တယ်။ သူကြည့်နေတာ သူ့မိသားစု ပုံပဲ။ ပုံထဲက မိသားစုက ခပ်များများရယ်။ ပုံထဲက ပြုံးချိုချိုနဲ့ အသက်ကြီးကြီး မိန်းမ တစ်ယောက်က သူ့အမေပဲ ဖြစ်ရမယ်။ နောက်အပြုံး လှလှနဲ့ ကလေးပုံ လေးတွေ။ ဒီကလေးတွေ အတွက် သူဒီမှာ အလုပ် လာလုပ်ပုံ ရတယ်။ ကျွန်တော့် အတွေးကို သူ့စကား တစ်ခွန်းက မှန်သွားအောင် ထည့်ဖြည့် ပေးလိုက်တယ်။

“ဒီမှာ အလုပ်လာ လုပ်ရတာ ငါ့ညီတွေ၊ ညီမတွေ အတွက် ပါကွာ၊ ငါဘယ် လောက် ပင်ပန်းပါစေ၊ သူတို့ ပညာ ကောင်းကောင်း သင်နိုင်ဖို့ အဓိကပဲ”
“ငါလည်း အိမ်ကို သတိရ တာပဲကွာ မင်းကလည်း။ မငိုပါနဲ့”
သူ့ကို အားပေးရင်းက ကျွန်တော် ကိုယ်တိုင် ငိုချင် လာမိတယ်။ အိမ်ကို လွမ်းလာတယ်။ အခု အချိန်မှာ အိမ်ကိုတော့ ပြန်လို့ မရသေး မှန်း ကျွန်တော် သိနေတယ်။ လွတ်လွတ် လပ်လပ် နေနေရ ပေမဲ့၊ လစဉ် လုပ်အားခ တွေ မှန်မှန် ရနေပေမဲ့ ကျွန်တော့် စိတ်တွေက မွန်းကျပ်ပြီး မပြည့်မစုံ ခံစားရလို့။ အမေရှိနေ တဲ့ အိမ်လေးကို ရောက်နေတဲ့ ကျွန်တော့်စိတ်တွေကို လွှတ်ပေး ထားလိုက် တယ်။ အခန်းဖော် သူငယ်ချင်း ကတော့ အိပ်ပျော် နေပြီ။ ပြတင်းပေါက်မှန်ကနေ အဝေးကို လှမ်းကြည့်မိတယ်။ အမေ့အတွက် အိမ်ကောင်းကောင်းလေး တစ် လုံးရယ်။ ကျွန်တော်နဲ့ အိမ်မှာ ကျန်ခဲ့တဲ့ တူ၊ တူမလေး တွေရဲ့ အနာဂတ် အတွက် ရယ်ပေါ့။ ကျွန်တော် ရင်းရဦးမယ်။ အတွေးတွေ ပျံ့ရင်း မျက်ရည်က၀ဲ လာတယ်။ ဟူးခနဲ သက်ပြင်း မောကို ချလိုက်မိ တယ်။ ရင်ထဲမှာ ဟာတာတာ အေးစက်စက်ကြီး နဲ့ အိမ်ကို လွမ်းတာလား၊ ကိုယ့်မြေကိုယ့် ရွာကို လွမ်းတာလား၊ အမေ့ကို သတိရ တာလားဆိုတာ မပြောပြ တတ်အောင် ခံစားချက် တွေက အရောင်စုံ နေတယ်။

အရင်ည တွေထက် ဒီညက ပိုတိတ်ဆိတ် နေသလို ပဲလို့ ကျွန်တော် ထင်မိတယ်။ စိတ်ထဲက ရွှေတိဂုံ ဘုရားကြီး ကိုဖူးရင်း နိုင်ငံတကာ အဆင့်မီ မြို့ပြရဲ့ မလှပတဲ့ ရှုပ်ထွေးမှု တစ်ခုကို တိုက်ခန်း ပေါ်ကနေ ကျွန်တော် လှမ်းကြည့် နေမိတယ်။ လေ အတိုးမှာ ကျွန်တော့် ရင်ဘတ် အေးခနဲဖြစ်သွား တယ်။ ဟနေတဲ့ ရှပ်အင်္ကျီ ကြယ်သီး ကိုတပ်ဖို့ ကြိုးစားမိတယ်။ ဟင်၊ ကျွန်တော့်ရဲ့ ရှပ်ကြယ် သီးလေး ပြုတ်နေပါ ရော့လား။ အ၀တ် သေတ္တာထဲ က ကျွန်တော့်ရဲ့ ရှပ်အင်္ကျီ အတော် များများမှာ ကြယ်သီးလေး တွေ ပြုတ်နေ ခဲ့တာ သတိထားမိ လိုက်တယ်။ အိမ်ဝေးနေတဲ့ ကျွန်တော့် အတွက် ပြုတ်နေ တတ်တဲ့ ရှပ်ကြယ်သီး လေးတွေကို တပ် ပေးမဲ့သူ မရှိပါဘူး။ ခုတင်ပေါ် လှဲချ လိုက်ရင်း က ကျွန်တော်ကြိုက်တဲ့ သီချင်း တစ်ပုဒ်ကို ညည်း လိုက်တယ်။ “အလွှာလူ တန်းစား  အိပ်မက်များ၊ အိမ်ပြန် အခန်းပိတ် ကြိတ်ငိုကြ၊ လူလည် အာရှ သား”သီချင်း ဆိုနေရင်း ရင်ထဲက ဆို့တက်လာ တယ်။ ကျွန်တော့် မျက်ရည်တွေ ထိန်းမရ အောင် ပဲ။ ကျွန်တော့် အင်္ကျီ ကြယ်သီးတွေ ပြုတ်နေတယ်။ ကျွန်တော်တို့ ဘ၀တွေဟာ ကြယ်သီးပြုတ်တဲ့ အင်္ကျီ ၀တ်ထားရ သလိုပဲ။ လေတိုက် ရင်လည်း ဟာတာ တာနဲ့ ရင်ဘတ်ကို လာမှန်တယ်။ မိုးရွာရင်လည်း အေးစက်စက်နဲ့ ရင်ဘတ်တွေ ချမ်းအေး နေရတယ်။ ဘယ်လို ခံစားရမှန်း မသိတဲ့ ခံစားချက်လေ။ မျက် ရည်စတွေနဲ့ အိပ်ပျော် နေတဲ့ အခန်းဖော် သူငယ်ချင်း ကို လှမ်းကြည့် တော့ သူ့ပါးပြင်က မျက်ရည်စတွေ က မခြောက်သေးဘူး။ သူ့အင်္ကျီ ကြယ်သီးတွေ လည်း ပြုတ်နေတယ် ဆိုတာ ကျွန်တော် သိနေတယ်။
ကျွန်တော် တို့ဟာ ကျွန်တော်တို့ အနာဂတ်ကို သူများ နိုင်ငံမှာ ထုဆစ် နေကြရတယ်။ ကျွန်တော် တို့လိုပဲ  ဒီနိုင်ငံမှာ အင်္ကျီကြယ်သီး ပြုတ်နေ တဲ့သူ တွေ ဘယ်လောက် များများ နေပြီလဲ။ ကျွန်တော် တို့တွေရယ် နောက်လာမဲ့ ကျွန်တော်တို့ နိုင်ငံက လူငယ် တွေရယ်၊ ဘယ်သူတွေ ဘယ်လောက်များ ကြယ်သီးပြုတ် အင်္ကျီ တွေကို ၀တ်နေရ ဦးမှာလဲ။ ကျွန်တော် စဉ်းစားမိ နေတုန်းပဲ၊ အမေ။

အောင်မိုးသူ
Blog မိတ်ဆက်
စာပေ ၀ါသနာ ပါသူ လူကြီး၊ လူငယ်များ အွန်လိုင်း အသုံးပြုစဉ် အချိန်မကုန် စေဘဲ၊ လွယ်လင့် တကူ ဖတ်ရှုနိုင် စေရန် အတွက်Blog မိတ်ဆက ကဏ္ဍကို ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှ လစဉ် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။ ဇန်န၀ါရီလ အတွက် ဖော်ပြရန် ရွေးချယ် ထားသည့် ၀က်ဘ်ဆိုက် များကို ဖူးငုံ ချစ်သူများ နှစ်သက် ကြမည်ဟု မျှော်လင့် မိပါသည်။

စံပယ်ဖြူနု
www.sabaiphyunu.mmblogger.info
စံပယ်ဖြူနုသည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ Teen Magazine တွင် ဖော်ပြပါ ရှိခဲ့သည့် အပြန်လမ်း ဘယ်မှာ လမ်းဘယ်မှာ ၀တ္ထုတိုဖြင့် ၂၀၁၂ ခုနှစ် ရွှေအမြုတေ ၀တ္ထုတို စာပေဆု ရရှိထားသူ စာရေး ဆရာမ တစ်ဦး ဖြစ်ပြီး ရသ ၀တ္ထုများကို တစ်ပုဒ်ဆို တစ်ပုဒ်ဆို သလောက် စေးစေးပိုင်ပိုင် ဖြင့် ရေးဖွဲ့တတ်သူ ဖြစ်သည်။ သူ၏ လက်ရာများ သည် မျက်မှောက် ခေတ်ကို ထင်ဟပ် စေပြီး စာဖတ်သူ များကို စိတ်ကျေနပ် မှု ပေးနိုင် စေသည်။ လစဉ်ထုတ် မဂ္ဂဇင်း စာမျက်နှာ များပေါ်တွင် ရသ ၀တ္ထုများ ကိုရေးသား နေသည့် စာရေး ဆရာမ တစ်ဦး ဖြစ်သည်။ ယခုအခါ ပုံနှိပ် မဂ္ဂဇင်း များပေါ် တွင်ရေးသား ခဲ့သည့် ရသ ၀တ္ထုတို များကို အွန်လိုင်းမှ စာပေ မြတ်နိုး သူများ ဖတ်ရှုနိုင်ရန် အတွက် သူ၏ ၀က်ဘ်ဆိုက်တွင် သရုပ်ဖော် ပုံများနှင့် တကွ ဖော်ပြ ထားသည်။

လရောင်လမ်း
www.tazar.co
လရောင်လမ်း(လရောင် ဖြန့်ကြက် ထားသော လမ်းထက်က ခြေလှမ်း ငယ်များ) ဟု ၀က်ဘ်ဆိုက် အမည် ပေးထားသည့် ဘလော့ဂါ လရောင် လမ်းသည် အွန်လိုင်းပေါ်မှ ရှားရှား ပါးပါး ပို့စ် မော်ဒန် ရေးသူ ဘလော့ဂါ တစ်ဦး ဖြစ်ပြီး ၄င်း၏ ၀က်ဘ်ဆိုက်တွင် စာရေးဆရာ မြင့်သန်း၏ လက်ရာများကို သီးသန့် နေရာ ပေး၍ ဖော်ပြ ထားသည်။ လရောင်လမ်းသည် ၂၀၀၈ ခုနှစ်ကတည်းက အွန်လိုင်း ပေါ်တွင် စာများ ရေးသား ခဲ့ပြီး ယနေ့ အချိန်ထိ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ စိတ်ပညာ၊ ဒဿနိက၊ အတွေးအမြင်၊ သရော်စာ ဟူ၍ ကက်တလောက် များ ခွဲခြားကာ စုစုပေါင်း ပုဒ်ရေ ၅၀၀ ကျော်ရေးပြီး ဖြစ်သည်။ လက်ရှိ အွန်လိုင်းတွင် စာများဆက် လက် ရေးသား လျက်ရှိပြီး သူ၏ အတိုဆုံး ကဗျာတို များမှာ နှစ်သက်စရာ အတွေး၊ အရေး ခေါင်းစဉ်များဖြင့် စာဖတ်သူ များအား ဖမ်းစား ထားသည်။ ကဗျာ အချို့ကို အင်္ဂလိပ် ဘာသာ ဖြင့်ပါ ရေးသား ထားပြီး ဘာသာပြန် ၀တ္ထုတို များလည်း ရေးသား ထားသည်ကို ၄င်းဝက်ဘ်ဆိုက် ၌ တွေ့ရသည်။

ကိုပီတာ
www.blog.kopeter.com
ကိုပီတာရဲ့ အတွေး ပုံရိပ်များ(Peter Kyaw's Vivid Imagination) ဟု ဘလော့ဂ် အမည် ပေးထားသည့် ကိုပီတာ၏ ဘလော့ဂ်သည့် Myanmar Blog Academy Award မှ ချီးမြှင့် ထားသည့် ၂၀၀၉ ခုနှစ်၊ အကောင်းဆုံး ဘာသာပြန် ရသ စာပေဆု ချီးမြှင့် ခံထား ရသည်။ အွန်လိုင်းပေါ်တွင် ၂၀၀၈ ခုနှစ်က စတင်၍ စာများ ရေးသား ခဲ့ပြီး ယနေ့ အချိန် အထိ စုစုပေါင်း ပုဒ်ရေ ၁၇၀၀ ကျော် ရေးသား ထားပြီး ဖြစ်သည်။ ၄င်းသည် ဒူဘိုင်းတွင် နေထိုင်နေ သူ တစ်ဦး ဖြစ်ပြီး ၄င်းဝက်ဘ် ဆိုက်၏ Side Bar  တွင် ဒူဘိုင်း နိုင်ငံမှ မြန်မာ ဘလော့ဂါများ သာမက အခြားနိုင်ငံမှ မြန်မာ ဘလော့ဂါများ နှင့်ပါ Link  ချိတ်ထား သည်ကို တွေ့ရသည်။ ဘာသာပြန် သုတ၊ ရသဆောင်းပါးများကို မူရင်း အင်္ဂလိပ်စာနှင့် တကွ မြန်မာ ဘာသာဖြင့် နှစ်မျိုး ယှဉ်တွဲ ရေးသား ထားသည်။ ထူးထူးခြားခြား ရှားရှား ပါးပါးနှင့် ဆန်းဆန်းပြားပြား ထူးဆန်း ထွေလာ သတင်းများကို ရုပ်ပုံများနှင့် တကွ ဖတ်ချင် သူများ အကြိုက် တွေ့ကြရမည့် ဘာသာပြန် သုတ စွယ်စုံဆိုက် တစ်ခုဖြစ်၍ အရောက် သွားဖတ်နိုင်ရန် လက်တို့ လိုက်ရ ပါသည်။

စာဖတ်သူများနှင်တကွ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။


မြသွေးနီ
(Teen မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)

 


Last Updated on Tuesday, 15 January 2013 18:52