၂၀၁၂ ခုနှစ်၊ ဆွဲဆောင်မှု အရှိဆုံး သက်ရှိထင်ရှား အမျိုးသား PDF Print E-mail
Written by ဇာနည်ညိမ်း   
Wednesday, 02 January 2013 00:05
Share |

People မဂ္ဂဇင်းကြီးက နှစ်စဉ် နှစ်တိုင်း ဆွဲဆောင်မှုအရှိဆုံး အမျိုးသား တစ်ဦးစီကို ရွေးချယ် ပေးခဲ့ရာ ၂၀၁၂ ခုနှစ်အတွက် ဆွဲဆောင်မှု အရှိဆုံး သက်ရှိ ထင်ရှား အမျိုးသား အဖြစ် သရုပ်ဆောင် ချန်နင်းတေတမ် ကို ရွေးချယ် လိုက်ပါတယ်။

When using Nitroglycerin Tablets, if you experience blurring of vision or drying with the mouth, discontinue use and let your doctor know buy cialis online online. count, reduce movement of spermDependant upon effectiveness and tolerance, increase dosage to a maximum of mg or decrease to mg buy brand cialis.
argaiv1918

ချန်နင်းက ဆွဲဆောင်မှု ရှိတဲ့ မျက်လုံး ပိုင်ရှင်ဖြစ်ပြီး လူစွန့်စား တို့မှာသာ ရှိတတ်တဲ့ ခန္ဓာ ကိုယ် အချိုးအစားနဲ့ အမျိုးသမီး များကို ဆွဲဆောင်နိုင်တဲ့ မျက်နှာပေး လည်းရှိသူ ဖြစ်ပါတယ်။ အဲဒီ အရည်အချင်း တွေအပြင် အက ကျွမ်းကျင်သူ၊ အချက်အပြုတ် ကျွမ်းကျင်သူ၊ အနှိပ်ပညာ တတ်ကျွမ်းသူလည်း ဖြစ်ပါတယ်။

ဆွဲဆောင်မှု အရှိဆုံး အမျိုးသား အဖြစ် ရွေးချယ်ခြင်း ခံရတဲ့ ချန်နင်းကို People မဂ္ဂဇင်းရဲ့ အယ်ဒီတာများ ဖြစ်ကြတဲ့ အင်တွိုင်း နက်ကူလ်တန်နဲ့ ဂျူလီဂျော်ဒန် တို့က သွားရောက် တွေ့ဆုံခဲ့ ပါတယ်။ အလာဘားမား ပြည်နယ်ဖွား ငွေကြယ်ပွင့် တစ်လက်ဖြစ်တဲ့ ချန်နင်းက Magic Mike ဆိုတဲ့ ဇာတ်လမ်းမှာ ၀တ်လစ် စားလစ် အမျိုးသား ကချေသည် အဖြစ်  အမျိုးသမီးများ လိုချင် တပ်မက်စိတ် ပေါ်ပေါက် လာအောင် ခန္ဓာကိုယ် အချိုးအစား ကျနမှုကို ဖော်ပြနိုင်ခဲ့ သူဖြစ်ပါတယ်။ ချစ်တတ် လွန်းတဲ့ ချန်နင်းက ဇနီးသည် ဖြစ်သူ ရုပ်ရှင် မင်းသမီး ဂျီနာဒီဝမ် တေတမ်ကို နှိပ်နယ် ပေးရာ မှာလည်း ကျွမ်းကျင်သူ ဖြစ်ပါတယ်။ အပြန်အလှန် အားဖြင့် ဇနီးသည်က သူ့ခြေဖ၀ါး များကို ပြန်လည် ပွတ်သပ် ပေးတယ်လို့ ဆိုပါတယ်။ ချန်နင်းကို အိမ်ထောင်သည် တစ်ယောက် ဖြစ်ပေမဲ့ ၂၀၁၂ ခုနှစ်ရဲ့ဆွဲဆောင်မှု အရှိဆုံး အမျိုးသား တစ်ဦးအဖြစ် ရွေးချယ်ခံ ခဲ့ရတာကြောင့် သူ့အနေနဲ့ မယုံနိုင်အောင် ဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။

People မဂ္ဂဇင်းမှ တာဝန်ရှိသူ တစ်ဦးက တယ်လီဖုန်း ဆက်သွယ် ပြောကြားချိန်မှာ ဘာပြန်ပြော ရမှန်း မသိ လောက်အောင် ဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။ လာရောက် တွေ့ဆုံတဲ့ အယ်ဒီတာ များကိုတော့ ချန်နင်းက မေးသမျှ ဖြေပေး ခဲ့ပါတယ်။

ရှင့်ကို ၂၀၁၂ ခုနှစ်အတွက် ဆွဲဆောင်မှု အရှိဆုံး အမျိုးသား အဖြစ် ရွေးချယ် လိုက်တယ်လို့ သတင်းကြား ရတဲ့ အချိန်မှာ ဘယ်လို ခံစားရသလဲ။
ကျွန်တော်က သူများတွေကို နောက်နေ ပြောင်နေကျ ဆိုတော့ ဒီတစ်ခါ ကျွန်တော့် အလှည့်ပဲ၊ အတည်ပေါက်နဲ့ နောက်နေ ကြပြီလို့ အောက်မေ့ လိုက်တယ်။ ကျွန်တော်တို့ ခွေးတွေကို ရေချိုးပေး နေကြတဲ့ အချိန် ကျွန်တော့် ဇနီး ဂျီနာကို ဒီသတင်း ပြောလိုက်တော့ သူက မယုံနိုင် သလိုနဲ့ “ဘာ ပြောတယ်”လို့ ပြန်ပြောပါတယ်။

ရှင်တို့ နှစ်ယောက် စလုံးက သရုပ်ဆောင်တွေ ဖြစ်နေတော့ နှစ်ယောက် အတူနေ ရတဲ့ အချိန်နည်းပြီး တစ်နေရာစီ နေကြရတဲ့ အတွက် ဇနီးသည် အပေါ်မှာ ဘယ်လိုများ ထိန်းချုပ် ထားပါသလဲ။
ကျွန်တော်တို့ နှစ်ယောက် စလုံးက အလုပ်လုပ် နေကြတာပါ။ (သူ့နောက်ကားက Side Effects ဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရုံတင် ပြသမှာပါ) ဒီတော့ နှစ်ယောက် အတူ နေရတဲ့ အချိန် နည်းပါတယ်။ နှစ်ယောက် သဘောတူ ထားတာ ကတော့ ခွဲနေရ တဲ့အချိန် ရက်သတ္တပတ် ၂ ပတ် သို့မဟုတ် ၃ ပတ်ထက် မပိုစေ ရဘူးလို့ သဘောတူ ထားပါတယ်။ အင်တာနက် Face Time နဲ့ နှစ်ယောက် စကား ပြောရတဲ့ အခါ မိန်းမကို ပိုပြီး လွမ်းတယ်ဗျ။

ရှင်တို့ နှစ်ယောက် မိသားစု ဘ၀ကလေး ထူထောင်ကြဖို့ နီးစပ်ပြီလား။
ကျွန်တော် ကတော့ အဆင်သင့်ပါ ပဲ။ သူ့ဘက် ကလည်း အဆင်သင့် ရှိမယ် ထင်ပါတယ်။ အချိန်အခါ ရွေးနေကြတာ ပါ။ မိသားစု ထူထောင်ဖို့ မကြာခဏ ပြောဖြစ် ကြပါတယ်။ သိပ်တော့ မဝေး တော့ပါဘူး။

ရှင် အိမ်မှာ နေတဲ့အခါ ဘယ်လို အ၀တ်အစားတွေ ၀တ်လေ့ ရှိပါသလဲ
ကိုယ်လုံး တီးတော့ နေလေ့ မရှိပါ ဘူး။ ကျွန်တော်က အတွင်းခံ ဘောင်းဘီ တစ်ထည် ၀တ်ပြီး ဆိုဖာ ရှည်ပေါ်မှာ လှဲနေ ရတာကို သဘောကျတယ်။ မနက် စောစော ထတတ်တဲ့ အကျင့်တော့ မရှိဘူးဗျ။ ရေချိုးခန်း ထဲမှာ ရေချိုးတာ ထက် အိမ်အပေါ်ထပ် ကနေ အောက်မှာ ရှိတဲ့ ရေကူးကန် ထဲကို ခုန်ဆင်း ချိုးရတာ ပိုကြိုက်တယ်။

အဲဒီလို ခုန်ဆင်းတော့ ဂျီနာက စိတ် မပူဘူးလား။
တစ်ထပ်ပဲ မြင့်တာပါ။ သူက လည်း စိတ်မပူ ပါဘူး။ သူ ယူထားတဲ့ ယောက်ျား အကြောင်းကို ကောင်း ကောင်း သိနေ တာကိုး။ တချို့မနက် တွေမှာ အိပ် ရာထရင် ဘိလိယက်ခုံ ပေါ်က ဘောလုံး ကလေး များလို တန်း ပြီး ရေကူးကန် ထဲခုန်ချရတာ ကျွန်တော် အရမ်းသဘော ကျတယ်။ ပြောရရင် ကျွန်တော့် အတွင်း စိတ်က ကလေး စိတ် မကုန်သေး ဘူးထင်ပါရဲ့။

ရှင် ဘယ်အခါမှာ မျက်ရည်ကျ တတ်သလဲ။
ကျွန်တော် The Biggest Loser ရုပ်ရှင်ကားကို ကြည့်တိုင်း မျက်ရည်ကျ တတ်တယ်။ ဘာကြောင့် မှန်းတော့ မသိ ဘူး။ သူတို့ သရုပ်ဆောင် တာတွေက ကောင်းလွန်းလို့ ဖြစ်မယ် ထင်တယ်။

ထူးခြားတဲ့ အပြုအမူ ဘာများ လုပ်တတ် ပါသလဲ။
ထူးခြား သလားတော့ မပြောတတ် ဘူး။ ကျွန်တော့် နှုတ်ခမ်းပေါ်မှာ ပင် ပေါင်ဘောလုံးကို တင်ပြီး ခေါင်းပေါ် ရောက်အောင် မှုတ်တင် တတ်ပါတယ်။ အဲဒါကို ဘယ်အရွယ် ကတည်းက ကျွန်တော် လုပ်တတ်ခဲ့ တယ်ဆိုတာ ကို တော့ မမှတ်မိ တော့ပါဘူး။

အဲဒါအပြင် တခြား ဘယ်နေရာ တွေမှာများ ထူးချွန်ချင် ပါသေးသလဲ။
ဖြစ်ချင်တာတွေ ကတော့ အများ ကြီးပါပဲ။ ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော့် အနေနဲ့ ကျွန်တော့် မိန်းမရဲ့ စိတ်ထဲမှာ ဘာတွေး နေသလဲ ဆိုတာ သိတဲ့သူတစ် ယောက် ဖြစ်ချင်ပါတယ်။

ချန်နင်းက အထက်တန်း ကျောင်းသား ဘ၀မှာ အိုးလုပ်တဲ့ အတတ်ပညာကို သင်ကြားခဲ့ ဖူးပါတယ်။ ပညာသင်ချိန် ၃ နှစ်ကာလ အတွင်းမှာ ရွှံ့နဲ့ ပန်းပုပေါင်း များစွာကို ထုတ်လုပ်ခဲ့ ဖူးပါတယ်။ သူ ပထမဆုံး ထုလုပ် ခဲ့တဲ့ ပန်းပု ကတော့ အမျိုးသမီး တစ်ယောက်ရဲ့ တင်ပါးပုံဖြစ် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပန်းပုထု တတ်တဲ့ ခင်ပွန်းသည် အတွက် ဂျီနာက သူတို့ အိမ်နောက်ဖေးမှာ စတူဒီယို တစ်ခု ဆောက်လုပ်ပေး ထားတယ် လို့ဆိုပါတယ်။

ချန်နင်းက တခြား ဘာသာစကား အနေနဲ့ စပိန်စကား တတ်တယ်လို့ ဆိုပါ တယ်။ ဒါကလည်း တစ်ခွန်းတည်း တတ်တာပါ။ “ဘီယာတစ်ခွက် လောက်” ဆိုတာကိုသာ ပြောတတ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ “ဟုတ်တယ် လေ၊ ကျွန်တော် လိုချင်တာနဲ့ ကျွန်တော် သွားချင်တဲ့ နေရာ ကိုတော့ ပြောတတ်ပါ တယ်။ စပိန်စကား က ဌာန်ကရိုဏ်း ကျအောင် ပြောတတ်ဖို့ တော်တော်ခက်ပါ တယ်”လို့လည်း ဆိုပါတယ်။

စနစ်တကျ နှိပ်တတ်တာနဲ့ ပတ် သက်ပြီးတော့ လည်း ချန်နင်းက “ကျွန်တော် အထက်တန်းကျောင်းမှာ တုန်းက စိတ်အ၀င်စားဆုံး ဘာသာရပ် က ခန္ဓာဗေဒ ဘာသာရပ်ပါ။ ဒါကြောင့်လည်း ကောင်းကောင်းနှိပ် တတ်တာ ထင်ပါတယ်”လို့ ရှင်းပြပါတယ်။
ဟင်းချက် ကျွမ်းကျင်သူ ဖြစ်ခြင်း နဲ့ပတ်သက်ပြီး တော့လည်း “ဆရာနဲ့ စနစ်တကျ သင်ထားတာတော့ မဟုတ် ပါဘူး။ ကျွန်တော် ဘာသာကျွန်တော် စမ်းချက်ရင်း တတ်မြောက် ခဲ့တာပါ” လို့ ရှင်းပြ ခဲ့ပါတယ်။

 

 



ဇာနည်ညိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)