|
Written by အောင်သန်းထွန်း
|
|
Tuesday, 01 January 2013 23:30 |
ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းခမ်းလှိုင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်တဲ့ ဒိတ်ဒိတ်ကြဲ စီးရီးနဲ့ ပတ်သက်ပြီး စာနယ်ဇင်း များနဲ့ တွေ့ဆုံတဲ့ အခမ်း အနား တစ်ခု ကို စိုင်းစိုင်းခမ်းလှိုင်က
argaiv1478
ဒီဇင်ဘာလ ၁၃ ရက် နေ့မှာ ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်း ပေါ်ရှိ ဆာကူရာ တာဝါ အထပ် ၂၀ မှာ ကျင်းပခဲ့ ပါတယ်။ ဒိတ်ဒိတ်ကြဲ က စိုင်းစိုင်း ခမ်းလှိုင်ရဲ့ ရှစ်ခွေမြောက် စီးရီး ဖြစ်ပြီး Excellent Creation က ဖြန့်ချိမှာ ဖြစ်ပါတယ်။ သီချင်း ၁၄ ပုဒ်ပါဝင်မှာ ဖြစ်ပြီး စိုင်းစိုင်းနဲ့ အတူ ငယ်ငယ်၊ သီရိဆွေ၊ အိမ့်ချစ်၊ ဗုံဗုံ၊ နန္ဒစိုင်း၊ ဂျွန်၊ ဘန်နီဖြိုး၊ စိုးကြီး၊ သအို အစရှိတဲ့ သူငယ်ချင်း များလည်း ပါဝင် သီဆို ထားကြပါတယ်။
ပြည်သူချစ်သော မာမာအေး ရသနှလုံးသားဖျော်ဖြေပွဲ တင်ဆက်မည် အမေရိကန် ပြည်ထောင်စုမှ ဒီဇင်ဘာလ ၇ ရက်နေ့က ပြန်လည် ရောက်ရှိ လာတဲ့ အဆိုတော်ကြီး ဒေါ်မာမာအေး သီဆို ဖျော်ဖြေမဲ့ ပွဲကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်နဲ့ လွှတ်တော်ကြား မှာရှိတဲ့ ပြည်သူ့ ရင်ပြင်မှာ Bo Bo Entertainment က စီစဉ် တင်ဆက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်မာမာအေးက ပွဲမတိုင်ခင်မှာ ပုဂံမြို့သို့ သွားရောက်ပြီး တရားစခန်း ၀င်ဦးမှာ ဖြစ်တယ် လို့လည်း သိရ ပါတယ်။
သီချင်းတွေပွင့်တဲ့ ချယ်ရီမြေ နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပပြီးစီး FM Bagan မိသားစုများက ဦးဆောင်ပြီး တေးရေး ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းများ အမြဲတမ်း ရှင်သန် နေဖို့ ရည်ရွယ်ချက်နဲ့ သီချင်းတွေ ပွင့်တဲ့ ချယ်ရီမြေ ခေါင်းစဉ်နဲ့ အဆိုရှင် ရွေးချယ်ပွဲ တစ်ရပ်ကို ကျင်းပခဲ့ ရာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညက ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံမှာ နောက်ဆုံး အဆင့် ပြိုင်ပွဲ ကျင်းပ ခဲ့ပါတယ်။ ပထမဆုကို ရှမ်းအမျိုးသား တစ်ဦး ဖြစ်တဲ့ စိုင်းဆမ်မောဝ်းက ဆွတ်ခူး ရရှိပြီး ဆရာ စိုင်းခမ်းလိတ် ကိုယ်တိုင် ကျပ် ၁၀ သိန်း နဲ့ အမှတ် တရဆုကို ဂုဏ်ပြု ချီးမြှင့်ခဲ့ ပါတယ်။ ဒုတိယဆုကို ထက်ပိုင်က ရရှိပြီး တေးရေးဆရာ သုခမိန်လှိုင် ကလည်းကောင်း၊ တတိယ ဆုရ စိုင်းငယ်ကို ဇော်ဝင်းထွဋ်က လည်းကောင်း ချီးမြှင့် ပေးခဲ့ ပါတယ်။
အလှူပွဲမှ ရငွေများကို ထွန်းအိန္ဒြာဗို လှူဒါန်း နိုဝင်ဘာလ ၂၈ ရက်(တန်ဆောင်မုန်း လပြည့် နေ့ည)က ကျင်းပခဲ့တဲ့ အလှူပွဲ ဖျော်ဖြေမှု အစီ အစဉ် မှ ရရှိတဲ့ ငွေများကို ထွန်းအိန္ဒြာဗို ကိုယ်တိုင် ကိုယ်ထိ လက်ရောက် လှူဒါန်းတဲ့ အစီ အစဉ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။
မနက်ပိုင်းမှာ ကချင် ပြည်နယ်မှ ဒုက္ခသည်များ အတွက် ကျပ်သိန်း ၁၀၀ ကို အဆိုတော် အယ်လ်ခွန်းရီ ဦးဆောင်တဲ့ မနောအလှ အဖွဲ့သို့ သွားရောက် လှူဒါန်းပြီး ရန်ကုန် ဆေးရုံကြီး ပြင်ဆင်ဖို့ အတွက် ကျပ်သိန်း ၁၀၀ ကို ဦးစီး ဆောင်ရွက်ေ နတဲ့ ဒေါ်အောင်ဆန်း စုကြည် လက်သို့ လှူဒါန်းခဲ့ ပါတယ်။ မွန်းလွဲ ၁ နာရီအချိန်မှာ ရန်ကုန်မြို့ ရွှေဂုံတိုင် မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးသို့ သွားရောက်ပြီး ပညာရေး ကွန်ရက် အတွက် သိန်း ၁၀၀၊ ဒေါ်ဖြူဖြူသင်း ဦးဆောင်နေတဲ့ AIDS ရောဂါ သည်များ ကူညီ စောင့်ရှောက်ရေး အတွက် သိန်း ၁၀၀၊ ရခိုင် ဒုက္ခသည် များအတွက် သိန်း ၁၀၀၊ ကလေး ဆေးရုံ အတွက် သိန်း ၁၀၀၊ ပုဂ္ဂလိက စာနယ်ဇင်း များ နာမကျန်း အတွက် ၁၅ သိန်း လှူဒါန်းပါတယ်။ အဲဒီနောက် ၈၈ မျိုးဆက် ကျောင်းသားများ အတွက် ကျပ် သိန်း ၁၀၀ ကိုလည်း သွားရောက် လှူဒါန်းခဲ့ ကြောင်း သိရ ပါတယ်။
ရန်အောင် မွေးနေ့အမှတ်တရ သိန်း ၁၀၀ လှူဒါန်း ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ အကယ်ဒမီများ ရှင် ရန်အောင်ရဲ့မွေးနေ့ အမှတ် တရအဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပံ့ပိုး လှူဒါန်းနေတဲ့ ကရုဏာ အသင်္ချေ အသင်း အတွက် ကျပ် သိန်း ၁၀၀ လှူဒါန်း ခဲ့ပါတယ်။ လှူဒါန်းငွေ သိန်း ၁၀၀ မှာ ရန်အောင်က ၄၃ သိန်း၊ ဦးသိုက်ထွန်းက ၁၀ သိန်း၊ မေသန်းနုက ၁၀ သိန်း၊ စိုးမြတ်သူဇာက ၅ သိန်း၊ Father Land ဆောက်လုပ်ရေးမှ ၁၀ သိန်း၊ ရဲအောင်က ၁ သိန်း၊ ချိုကြီး(Super Star) က ၂ သိန်းခွဲ၊ ရန်အောင့် မိခင်ကြီး ဒေါ်သိန်းသိန်းက ၃ သိန်း၊ အစ်မ မစိုးစိုးက ၅ သိန်း၊ အစ်မ မဌေးဌေးက ၅ သိန်း၊ ဂျွန်လွင်က ၂ သိန်း၊ မစန်းမြင့်က ၁ သိန်း၊ ကိုဘိုဇော်(BAK) က ၁ သိန်း၊ ကိုစန်းဝင်းက ၁ သိန်း၊ ကိုဝင်းမင်းထွန်းက ၅ သောင်း ပါဝင် လှူဒါန်း ကြတာ ဖြစ်ပါတယ်။
ခင်မောင်တိုး တစ်လပြည့်ပြီ စင်ကာပူ နိုင်ငံမှာ အသည်း ရောဂါနဲ့“ ကွယ်လွန် ခဲ့တဲ့ အဆိုတော်ကြီး ခင်မောင်တိုး ကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်း လမ်းရှိ မဟာဗောဓိ ပရိယတ္တိ စာသင်တိုက် မှာကျင်းပ ခဲ့ပါတယ်။ သံဃာတော် အရှင် သူမြတ်များကို ဇနီး ဒေါ်ဝေေ၀ခိုင်နဲ့ သားသမီး များက ဆွမ်းနဲ့ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး တက်ရောက် လာတဲ့ မိတ်ဆွေ များကို နေ့လယ်စာ တည်ခင်း ဧည့်ခံ ကျွေးမွေး ခဲ့ပါတယ်။ မြန်မာအသည်း ဖောင်ဒေးရှင်း ဖွဲ့စည်း မြန်မာ နိုင်ငံမှာ ဖြစ်ပွားမှုနှုန်း များပြားနေတဲ့ ဘီပိုး၊ စီပိုး၊ အသည်း ရောဂါများ ဖြစ်ပွားမှုနှုန်း ကျဆင်း ရေးကို ကြိုးပမ်းမဲ့ မြန်မာ အသည်း ဖောင်ဒေးရှင်းကို ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ မြရိပ်ညို ရွိုင်ရယ် ဟိုတယ်မှာ ဖွဲ့စည်း လိုက်ပါတယ်။ ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ် ဒေါက်တာ ဒေါ်ခင်ပြုံးကြည်က ဆောင်ရွက်မှာဖြစ်ပြီး အသည်းရောဂါနဲ့ ပတ်သက်တဲ့ ဆရာဝန်ကြီး များနဲ့ အတူ ကိုဇေသီဟ၊ နန္ဒာလှိုင်တို့လည်း ပါဝင် ဆောင်ရွက် ကြမှာဖြစ်ပါတယ်။ ညနေ ၃ နာရီခွဲ အချိန်မှာ ဖောင်ဒေးရှင်း အလုပ် အမှုဆောင် အဖွဲ့ဝင်များနဲ့ စာနယ်ဇင်းများ တွေ့ဆုံပွဲ ကိုလည်း တစ်ဆက်တည်း ကျင်းပခဲ့ပြီး စာနယ်ဇင်း များမှ သိလိုသည် များကို တာဝန်ရှိ ပုဂ္ဂိုလ်များက ဖြေကြား ခဲ့ကြ ပါတယ်။
အကယ်ဒမီ မြင့်မြင့်ခိုင် ဦးစီးတဲ့ အနုပညာသင်တန်းကျောင်းဖွင့်လှစ် ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခိုင် ဦးစီးတဲ့ Superme Broadway Institute ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ရန်ကုန်မြို့ YMCA International House မှာ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။ သင်တန်း ဖွင့်ပွဲမှာ ဒေါ်မြင့်မြင့်ခိုင်က အဖွင့် အမှာစကား ပြောကြားရာ ရုပ်ရှင် လောကမှာ မျိုးဆက် သစ် အနုပညာ ရှင်တွေ အများကြီး လိုအပ် နေကြောင်း၊ တချို့ ကလေးများက အောင်မြင်မှု အနည်းငယ် ရတာနဲ့ ကိုယ့်ကိုယ်ကို အရမ်း ထင်သွားပြီး အနုပညာ အသစ်တွေ ထပ်ထည့်ဖို့ မကြိုးစား ကြတော့ကြောင်း၊ မိမိ ဆိုလျှင် အခု အချိန်ထိ ပညာသင်ယူ နေဆဲဖြစ်ကြောင်း ထည့်သွင်း ပြောကြား သွားပါတယ်။




အောင်သန်းထွန်း (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၁၃)
|