|
Written by ခင်လေးမြင့်
|
|
Tuesday, 01 January 2013 23:25 |
ကြောင်ကမ္ဘာ ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် ရိုက်ကူးတဲ့ ၀ဋ်ကြွေး ရုပ်ရှင် ဇာတ်ကားမှာ ခန့်စည်သူ (စရိုက်နှစ်မျိုး)၊ ကျော်ဇောဟိန်း၊ ထူးခန့်ကျော်၊ ထွန်းအိန္ဒြာဗို၊
argaiv1965
သက်မွန်မြင့်(စရိုက်နှစ်မျိုး)၊ ခိုင်နှင်းဝေ၊ ထွန်းထွန်းဝင်း၊ အောင်ခိုင်၊ ၀ါဝါအောင်၊ ကိုကိုဦး စတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင် ထားကြ ပါတယ်။ ခင်ဆိုင်(ကြောင်ကမ္ဘာ)ရဲ့ ဇာတ်လမ်း ကို ခင်မောင်ဦး၊ စိုးသိမ်းထွဋ်က ဇာတ်ညွှန်း ရေးသား ထားပါတယ်။ ကားပွဲစားကို ဇော်ထွန်း(ခန့်စည်သူ)မှာ မိုးညို(ခ) အာကာဇော် ဆိုတဲ့ သားတစ်ယောက် ရှိတဲ့ မုဆိုးဖို တစ်ယောက်ပါ။ သူက ၈ နှစ် အရွယ် သမီးလေးရဲ့ မိခင် မုဆိုးမလေး မနှင်းပွင့် (သက် မွန်မြင့်)နဲ့ တွေ့ဆုံ ချစ်ကျွမ်း ၀င်ခဲ့ ပါတယ်။ ဒီအကြောင်း ကို ဇော်ထွန်းရဲ့ မိခင် ဒေါ်သူဇာ (ထွန်းအိန္ဒြာဗို)က မကြည် လင်၊ မကြိုက် နှစ်သက် ခဲ့ပါ ဘူး။ ဒေါ်သူဇာက တစ်ချိန် က ချမ်းသာခဲ့ ပေမဲ့ မောင်ဖြစ် သူ ဦးလှမိုး(အောင်ခိုင်)ရဲ့ လောင်းကစားမှုကြောင့် နေ ထိုင်တဲ့ တိုက်ကို အပေါင် ထားထားရာ အပေါင် ဆုံးခါ နီး အချိန်လည်း ဖြစ်နေပါ တယ်။ ကိုဇော်ထွန်းနဲ့ မနှင်း ပွင့်တို့ လက်ထပ် လိုက်ကြပြီး ဒေါ်သူဇာရဲ့ တိုက်မှာပဲ နေခဲ့ပါ တယ်။ ကိုဇော်ထွန်းရဲ့သား မိုးညို(ခ) အာကာဇော်ကို ဒေါ်သူဇာက မြှောက်ထိုးပင့် ကော် လုပ်ပေး တာကြောင့် အာကာဇော်က မနှင်းပွင့်တို့ သားအမိအပေါ် ဆိုးသွမ်း ခဲ့ ပါတယ်။ ဒါပေမဲ့ မနှင်းပွင့် တို့ သားအမိက သည်းခံ ခွင့်လွှတ် နိုင်ခဲ့ပါတယ်။
၆ လလောက် အကြာမှာ ကိုဇော်ထွန်း ကားမှောက်သေ ဆုံးသွား တာကြောင့် မနှင်းပွင့် တို့သားအမိ ဒေါ်သူဇာနဲ့ အာကာဇော် တို့နဲ့အတူ ဆက် လက် နေထိုင် ပါတယ်။ အဲဒီ အချိန်မှာ ဒေါ်သူဇာက တိုက် အပေါင် ဆုံး တော့မှာ ဖြစ်တဲ့ အတွက် မနှင်းပွင့်ကို ရယူဖို့ ကြိုးစား နေတဲ့ ဦးသာဟန်နဲ့ ပေးစားဖို့ ကြံစည် ခဲ့ပါတယ်။ ဦးသာဟန်နဲ့ လက်မထပ်လို ကြောင်း မနှင်းပွင့် တောင်းပန် တဲ့အခါ ဒေါ်သူဇာက အရှိန် လွန် တွန်းလိုက် တာကြောင့် ခုတင်စောင်းနဲ့ ခေါင်းတိုက်မိ ပြီး မနှင်းပွင့်က ရူးသလို ဖြစ် သွားပါတယ်။ ပုံမှန် ဦးနှောက် မရှိတဲ့ မနှင်းပွင့်နဲ့ ဦးသာဟန် တို့ လက်မထပ် ဖြစ်သလို ဒေါ်သူဇာရဲ့ အိမ်လည်း အပေါင်ဆုံး သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ မနှင်းပွင့် အရင် နေခဲ့တဲ့ အိမ်ကို ဒေါ်သူဇာနဲ့ အာကာဇော်တို့ လိုက်နေ ရပါ တော့တယ်။ မနှင်းပွင့်က ဒေါ်သူဇာကို ဂရုစိုက်သလို အာကာဇော် ကိုလည်း သား အရင်းလို ချစ်ခဲ့ ပါတယ်။ ဒေါ်သူဇာက ဆင်းရဲတဲ့ ဒဏ်၊ မနှင်းပွင့် သူ့အပေါ် ကောင်းခဲ့ တာတွေကို ကြည့်ပြီး စိတ် မကောင်းဖြစ်စွာ ဆုံးသွားခဲ့ ပါတယ်။ အာကာဇော်က တော့ ဒေါ်သူဇာ မရှိလည်း မနှင်းပွင့် အပေါ် ဆိုးမြဲဆိုးနေ ဆဲပါပဲ။ မနှင်းပွင့် ရဲ့ အဖြစ်ကို သနား တဲ့ ဦးသန်းနိုင်နဲ့ ဒေါ်ယုယုမော်တို့က နှင်း ဧကရီကို စာချုပ် စာတမ်းနဲ့ မွေးစားဖို့ တောင်းတဲ့ အခါ မနှင်းပွင့်က အာကာဇော်ကို ပြုစု စောင့်ရှောက်ဖို့ ရှိသေး တဲ့အတွက် မွေးစား ခွင့်ပေး လိုက်ပါတယ်။ အာကာဇော် က မနှင်းပွင့်ရဲ့မေတ္တာကို သဘောပေါက် လာပါတော့ တယ်။ အဲဒီ အချိန်မှာ မနှင်း ပွင့်ကို ရယူဖို့ ဦးသာဟန်က ကြိုးစား တာကြောင့် ရုန်းရင်း ဆန်ခတ် ဖြစ်ရင်း မနှင်းပွင့် သေဆုံး သွားခဲ့ ပါတယ်။ အဲဒီ အချိန်မှာ ဒေါ်သူဇာဆီ မှာတစ် ချိန်က ခြံစောင့် လုပ်ဖူးတဲ့ ဦး လေးက အာကာဇော်ကို ခေါ် ဆောင် သွားခဲ့ ပါတယ်။ ခြံ စောင့်ဦးလေး ကလည်း ရောဂါ နဲ့ဆုံးသွား တာကြောင့် အာကာ ဇော် ဘယ်သွားရ မှန်းမသိဖြစ် နေချိန်မှာ ဖိုးငို(ကျော်ဇော် ဟိန်း)နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီကစပြီး စုသက် (ခိုင်နှင်း ဝေ)နဲ့လည်းတွေ့ဆုံခဲ့တာပါ။
မိုးညို(ခ)အာကာဇော် အရွယ် ရောက်တဲ့ အချိန်မှာ သရုပ်ဆောင် တဲ့သူက ခန့်စည် သူဖြစ်ပြီး နှင်းဧကရီက သက်မွန်မြင့် ဖြစ်လာပါတယ်။ ကလေးဘ၀မှာတော့ အိစိကွေးနဲ့ အိာမိုးမြင့်တို့က သရုပ်ဆောင်ထားပါတယ်။ သက်မွန်မြင့် ကလေးဘ၀ သရုပ်ဆောင်တဲ့ အိန္ဒြာမိုးမြင့်က သရုပ်ဆောင် ကောင်း သလို အိစိကွေး ကလည်း ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်ပါတယ်။ သက်မွန်မြင့်က ယောက်ျား သေလို့ ခံစားနေရ ချိန်မှာ ယောက္ခမ ဖြစ်သူက တခြား ယောက်ျား တစ်ယောက် နဲ့ ပေးစားတာကြောင့် ဘာ လုပ်လို့ လုပ်ရမှန်း မသိချိန် ကြိုးဆွဲ ချသေဖို့ ကြိုးစားမှု အတွက် သရုပ်ဆောင်တာ ကောင်းသလို ခေါင်းကို အကြိမ်ကြိမ် ထိပြီး အရူးလို ဖြစ်သွားတဲ့ ပုံစံတွေ ကလည်း ပီပြင် ပါတယ်။ သမီးပုံစံ သရုပ်ဆောင် တော့လည်း သက်မွန်မြင့်က ပုံစံ နှစ်မျိုးကွဲ ထွက်အောင် သေချာပြင်ဆင် သရုပ်ဆောင် နိုင်တာ တွေ့ရ ပါတယ်။
ဝဋ်ကြွေး ရုပ်ရှင် ဇာတ်ကား က ၂၀၁၁ ခုနှစ် အကယ်ဒမီ စာရင်းဝင်တဲ့ ရုပ်ရှင် ဇာတ်ကား ဖြစ်ပေမဲ့ ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံ များမှာ ၂၀၁၃ ဖေဖော်ဝါရီ လဆန်းပိုင်းမှ ရုံတင် ပြသမှာ ဖြစ်ပါတယ်။ အကယ်ဒမီ ရသွားပြီ ဆိုရင် ဘယ်လို သရုပ်ဆောင် မှုတွေ ကြောင့် ရသွားတယ်၊ ဘယ်လို ဇာတ်လမ်း မျိုးဖြစ် တယ်ဆိုတာ ပရိသတ်တွေ သေချာသိမှာ မဟုတ်သေး ပါ ဘူး။ ၀ဋ်ကြွေး ရုပ်ရှင် ဇာတ် ကားက ကြောင်ကမ္ဘာ ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ လေးကား မြောက် ရုပ်ရှင် ဇာတ်ကား ဖြစ်ပါတယ်။


ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
ခင်လေးမြင့် |
| About the author: |
| | |