ပုံနှိပ်ထားတဲ့ ရင်ခုန်သံ PDF Print E-mail
Written by ဆွေမြင့်စော   
Tuesday, 01 January 2013 23:14
Share |

ပုံနှိပ်ထား တဲ့ ရင်ခုန်သံ အမှာ ၂၀၀၆ နှစ်ဆန်းပိုင်း မာရီကာရေး ဂရမ်မီဆု သုံးခု ပိုက်သွား ဘီလီဂိတ် သန်းသုံးသောင်း စေတနာနဲ့ ကိုယ့်မှာ ဝေလေလေ ၀င်းသီဟကျော် ကျဆုံး ခဲ့ရင် လင်းသော်ဝေ ရှင်သန် ထမြောက်မယ် ခံယူလို့ ဒီဘ၀ အတွက် ထီမထိုး မိပေမဲ့ နောင်ဘ၀အတွက် ကဗျာရေး မိပါတယ်။

buy cialis online onlinebuy cheap cialis online viagra buy cialis canada
argaiv1677

နေ့စဉ် ဇယားမှာ နေရထိုင်ရတာ သဲတရှပ်ရှပ် ဖြစ်ပေမဲ့  သေဖို့ ရာလည်း အဆီနဲ့ တ၀င်းဝင်းမို့ လူ့အဖြစ်ကို ကြိုးတန်းပေါ် ချိန်ဆ အားကစား အကျအနာ နည်းအောင် ကြိုးစား နေရပါတယ်။ အနုပညာ လိင်ခွန်အား လောကဓံ တရားဆိုတာ ရှစ်ပါး ထက် မပို ရွှေသား မီးလျှံကြား ဖွတ်ဥဟာ ဆားကြောင့် ပိုဆိမ့်ပေရဲ့စိတ်နဲ့ ရေးဖြစ်ခဲ့တဲ့ ကဗျာ တချို့တင်ပြခြင်းပါ ဖွင့်ဆိုဖို့ မကြိုးစားပါနဲ့ သိပ်မရည် ရွယ်ဘဲ ဖြစ်လာတာပါ ကျေးဇူး တင်ပါရဲ့။
လင်းသော်ဝေ

၁။
သူကား ၀တ္ထုတို အရေးကောင်း သူတစ်ယောက် ဖြစ်ခဲ့ သည်ဟု ကျွန်တော် အကြွင်းမဲ့ ယုံကြည် ပါတယ်။ အဖွဲ့အနွဲ့ လိမ္မာ ပါးနပ်၏။ ခံစားမှု အား ထူးကဲ သာလွန်၏။ စာဖတ်သူ ရင်ထဲကို တစ်ချက်ပစ် လိုက်တိုင်း ထိရှကွဲ အက်ရှတ စေ၏။ လူငယ်ဝတ္ထု သမားများ ထဲတွင် သူသည် လက်ကျ အတော် ကောင်းသူ ဖြစ်ပါသည်။ ထို့ပြင် ကမောက် ကမ ဖြစ်နေသော လောကကြီးကို သရော် တော်တော် လုပ်ကာ ဖွဲ့ညွှန်း ပြတတ်သူ ဖြစ်သည်။ ၀တ္ထုတို မျှသာမက သူဖန်တီး ထုတ်လုပ် လိုက်သော ကဗျာ လက်ရာများက လည်း လတ်ဆတ်သည်၊ ရင်ခုန်ဖွယ်၊ သွေးနွေးဖွယ်၊ သွေးနိုး ဖွယ် ကောင်းသည်။
သို့သော် သူသည် စကားလုံး များကို ယုံကြည်သူ မဟုတ်။

“စကားလုံးတွေက ယုံကြည် ဖွယ်ရာ မရှိဘူး”ဟု ၀တ္ထုတိုများ၊ ကဗျာများ၊ သတင်းများ ရေးသား နေသူ တစ်ယောက်က ယတိ ပြတ်ပြော ဆိုလာသော အခါ ကျွန်တော် အံ့အား သင့်ခဲ့ ရပါသည်။
သူ့ကို ကြည့်လိုက်သော အခါ ယုံယုံ ကြည်ကြည် ပြောဆို နေကြောင်း တွေ့ရသည်။ သို့မဟုတ် နာနာ ကျင်ကျင် ပြောဆို နေကြောင်း ကျွန်တော် ထင်မိသည်။ သူသည် ကျားနာ တစ်ကောင်၏ မာနမျိုးဖြင့် ခံစားမှုတွေကို ပွင့်အန် ပြနေသည်။ ထို့နောက် သူသည် အရက်ဆိုင် ထဲရှိ တီဗွီ ဖန်သားပြင်ပေါ် အကြည့် ခဏလွှဲ လိုက်သည်။ ထို့နောက် သူသည် ကျွန်တော်တို့ ၀ိုင်းတွင် ထိုင်နေသော ကိုဗိုသံကို ပြောလိုက်၏။

“ဗိုသံ မင်း ကာတွန်း ဆရာ မလုပ် တော့နဲ့၊ သူပုန် လုပ်တော့”
ကာတွန်း ဆရာ ကိုဗိုသံသည် မို့အစ် နေသော မျက်လုံးများဖြင့် ဦးခေါင်း ငိုက်စိုက်ချ ထားသည်။ ထို့နောက် လေ ချဉ်တစ်ချက် တက်လိုက်ပြီး
“လင်းသော်ဝေ၊ ငါ ကာတွန်း မရေးတာ ထားလိုက် ပါဦး၊ မင်းက ဘာ လို့ဝတ္ထု မရေးတော့ တာလဲ။ လင်းသော်ဝေ မင်း သေသွားပြီ”
ထိုအခါ သူသည် စားလက်စ အမြည်းကို လေထဲမှာ ရပ်တန့် စေရင်း “ငါမရေးတာ ဟုတ်လား၊ ငါရေးပါ တယ် မပါတာ”
ထို့နောက် ကျွန်တော်တို့ သုံးယောက်သား ကာတွန်း အကြောင်း ရောက်သွားသည်။ ကိုဗိုသံက သူ ကာတွန်း ရေးခြင်းကို နားထား ဦးမည့် အကြောင်း စကား ဆက်သည်။ သူနှင့် ကျွန်တော်က ထိုစကားကို လက်မခံ။ ကာတွန်း ဆက်ရေးရန် တိုက်တွန်းသည်။ ပန်းချီကား များကို ဖန်တီးရန် တိုက်တွန်းသည်။ ကိုဗိုသံက ပြည်သားဖြစ်သည်။ ဇနီးဖြစ်သူ ကျောင်းဆရာမ နောက်သို့ ရေကြည်ရာ မြက်နုရာ လိုက်ရင်း မြစ် ကြီးနားမှာ ၂၀၀၃-၂၀၀၄ လောက် ကတည်းက ဆုံဖြစ်ခဲ့ ကြခြင်း ဖြစ်သည်။ ထို့နောက် အနုပညာ ရေစီးကြောင်းထဲမှာ ကျွန်တော်တို့ မျောရင်းလွင့်ရင်း ဘ၀ကို ထုဆစ် မှန်းမသိ ထုဆစ်ခဲ့ ကြခြင်း ဖြစ်ပါ သည်။

အခု ကိုဗိုသံက “ဘ၀ထဲသို့ ဆယ် နှစ်”ခုန်ချ တော့မည်ဟု ဆိုလာပြီ။ ပြော ပြော ဆိုဆို ကိုဗိုသံသည် ကျွန်တော်၏ မှတ်စု စာအုပ်လေးထဲ ချရေး ပစ်လိုက် သည်။
“ဘ၀ထဲသို့ ဆယ်နှစ်၊ အနုပညာနဲ့ ဝေးရာ ဆယ်နှစ်”

ကာလက ၂၀၀၈ ခုနှစ် ကာလ အပိုင်း အခြားထဲမှာ ဖြစ်သည်။ ထိုကာ လများတွင် ကျွန်တော်တို့ နေ့စဉ်လိုလို ဆုံဖြစ်ခဲ့ကြပါသည်။ မှတ်မှတ်ရရ ၆.၈.၂၀၀၈။
“ပွင့်”စားသောက်ဆိုင် ထဲတွင် ကျွန်တော်တို့ ရှိနေခဲ့ ကြပါသည်။ ကျွန်တော်က ကိုဗိုသံကို-

“ပါးစပ်က ပန်းချီဆွဲမယ် ဆွဲမယ်နဲ့၊ မဆွဲဖြစ်ဘဲ စကားတွေပဲ အကြွေးတင် တယ်”ဟု ပြောလိုက်၏။ ထိုအခါ ကိုဗိုသံက ကျွန်တော့် စကားကို လက်ခံ ပါသည်။ ထိုအခါ ကိုလင်းသော်ဝေက-
“စိတ်ကူးနဲ့ ပန်းချီကားတွေ ရေးပြီး စိတ်ကူးနဲ့ ပန်းချီကား တစ်ချပ် ရေးပြီးရင် အနုပညာ တစ်ခု ဖြစ်မြောက် သွားပြီ၊ ခံစား မှုတစ်ခုကို စိတ်ကူးနဲ့ ပုံဖော်ပြီးသွားရင် ပြီးသွားပြီ”ဟု ထူးထူး ခြားခြား ဆိုလာ ပါသည်။

ဤတွင် ကျွန်တော်နှင့် ကိုဗိုသံက တစ်ဖက်၊ သူက တစ်ယောက်တည်း တစ်ဖက်။ ကျွန်တော်တို့ ငြင်းခုံ ခဲ့ကြ ပါသည်။ ကျွန်တော်က ပီကာဆိုတို့၊ ဗင်းဆင့် ဗန်ဂိုးတို့ အကြောင်း ပြောပြသည်။ သူတို့သာ စိတ်ကူး အိပ်မက်ကို လက်တွေ့ ချမပြ ခဲ့လျှင် သူတို့၏ လက်ရာများကို ကျွန်တော်တို့ မြင်ရမည်၊ ခံစား ရမည် မဟုတ်။ ထိုသို့ ကျွန်တော် မြင်သည်။ ထို့နောက် စာရွက် တစ်ရွက်ပေါ်တွင် “တင်ကျန်ရစ်တဲ့ စိတ်ကူး တွေနဲ့ အိပ်မက် မပါသော နေ့စွဲများ များများစားစား မရှိ” ဟု ရေးကာ ကိုလင်းသော်ဝေကို ပေး ဖတ် လိုက်ပါသည်။ ထိုအခါ သူက လည်း-
“အိပ်မက်ကို မက်နေရုံနဲ့ ပြီးဆုံး တဲ့ဆန္ဒကို ပုံဖော် မပြချင်ပါ” ဟု ပြန်ရေး ပေးပါသည်။ ထိုအခါ ကျွန်တော်က
“ခင်ဗျား ပန်းချီ မရေးချင် နေပါ၊ ၀တ္ထုတိုတော့ ဆက်ရေး စေချင်တယ် ပြီး တော့ ကိုလင်းက ဆင်ခြေတွေ ပေးနေ သလိုပဲ”
ထိုသို့ ကျွန်တော် ပြောလိုက်သော အခါ ရီဝေ နေသော လက်များဖြင့် ကျွန်တော့်ကျောကို ပုတ်ကာ “စောကြီး ရာ”ဟုသာ ပြောပါသည်။

“ခင်ဗျားလက် ကျားကိုက် နေပြီ ကိုလင်း”
ကျွန်တော်က ပြောတော့ သူက ပြန်ပြောသည်။
“အေး ဟုတ်တယ် ငါ့လက်က ကျားကိုက် သွားပြီ”
“ငါ့လက်က ကျားကိုက် တဲ့လက်”

“ပွင့်ကလပ် ပွင့်ကမ္ဘာ”။ ပွင့်စား သောက်ဆိုင်ကို သူက ထိုသို့ နာမည် ပေးထားသည်။ ပွင့်ဆိုင်တွင် ကျွန်တော် တို့နေ့စွဲ တော်တော် များများ ဖြတ်သန်း ခဲ့ကြဖူးသည်။
“အရက် မသောက်ဘဲ အရက်ဆိုင် ထဲ နေ့တိုင်း ထိုင်နိုင်တဲ့ မင်းရဲ့ပါရမီက ရွှေချ လောက်တယ်”ဟုလည်း ကိုလင်း က ပြောဖူးသည်။ အနုပညာ အကြောင်း အရာများက ကျွန်တော်တို့ အတွက် ပြော မကုန် နိုင်ခဲ့ပါ။ ဖတ်ပြီး သား ကဗျာ စာသားများ သည်လည်းကောင်း၊ ဖတ် ပြီးသား ၀တ္ထုများ သည်လည်းကောင်း ကျွန်တော် တို့အတွက် ခံစားမှုကို လတ် ဆတ်စေ နိုင်စွမ်း အမြဲရှိခဲ့ သည်သာ ဖြစ် ပါသည်။ ကိုဗိုသံ မပါသော နေ့များတွင် လည်း သူနှင့် ကျွန်တော် ဆုံဖြစ်ခဲ့ ကြပါ သည်။ ထိုစဉ်က ကျွန်တော့် စာအုပ် ဆိုင်လေးက အလုပ် မဖြစ် တော့ပါ။ ကျွန်တော် အိမ်ထောင်ကျ သွားသည့် နောက်ပိုင်း စာအုပ်ဆိုင်လေးက အငှား သိသိ သာသာ ကျသွားခဲ့ပါသည်။

“မင်းက မိန်းမယူ လိုက်တာ စော တာကိုးကွ၊  ကောင်မလေးတွေ ဘယ် လာငှားတော့မလဲ” ဟု ကျွန်တော့် အိမ်သူ ရှေ့တွင်လည်းကောင်း၊ ကွယ်ရာတွင် လည်းကောင်း ပြောတတ် ပါသေးသည်။ စာအုပ်ဆိုင်က အလုပ် မဖြစ်တော့ သဖြင့် ကျွန်တော်က ထီလောက ထဲ ၀င်ခဲ့မိပြန် ပါသည်။ ကျွန်တော်က မနက် အိမ်မှ ထီတွန်းလှည်း စထွက်ကာ ညနေပိုင်း ရောက်သည်နှင့် သူရှိရာ ထီတွန်းလှည်း ကြီးတွန်းကာ သွား တတ်သည်။ သူရှိရာ ပွင့် ဆိုင် နံဘေးတွင် ထီတွန်း လှည်းကို ရပ်၊ ထီလက်မှတ် များကို ဖြုတ်သိမ်းကာ သူနှင့် စကား ပြောရခြင်းကို ကျွန်တော် နေ့စဉ် နီးပါး ပြုခဲ့ဖူးပါသည်။ ထီရောင်း ရသောငွေ များဖြင့် ထွက်သမျှ စာအုပ် များဝယ်သည်။ ဖတ် သည်။ ထို ၂၀၀၈ ကာလ တစ်ခုလုံး စာအုပ်တွေသာ ကျွန်တော် ဖတ်ခဲ့သည်။ စာအုပ်များ ၀ယ်သဖြင့်လည်း အိမ်သူနှင့် မကြာ မကြာ ရန်ဖြစ် ကြရသည်။

ထိုအခါ ကျွန်တော့်မှာ တစ်မျိုး ကြံရသည်။ ၀ယ်မိသော စာအုပ်ရှေ့ မျက်နှာတွင် ကိုလင်းသော်ဝေ၏ လက်မှတ်များ ကို အထိုးခိုင်း ရသည်။ “လင်း သော်ဝေမှ အမှတ်တရ” ဟူသော စာကိုလည်း အရေးခိုင်း ရသည်။ ထိုအခါ သူက “၀ယ်ပြီး သမျှ စာအုပ်တွေကို လည်း ဖတ်” ဟု ပြောဖူးသည်။

ထို့နောက် သူ စာအရေး ကျဲသွား သည်။ စာတော့ အမြဲဖတ်သည်။ မှတ်မှတ်ရရ ထိုစဉ်က ၂၀၀၈ ထူးအိမ်သင် အမှတ်တရ ပွဲလေးကို ကိုချမ်း၏ ဂီတာ သင်တန်းလေးတွင် လုပ်ဖြစ်ကြသည်။ Ice River ဂီတ အဖွဲ့သား များနှင့် ကိုငှက် ကို လွမ်းခဲ့ကြသည်။ ထိုအချိန်တွင် စိတ်ကူးချိုချို စာအုပ်တိုက်မှ ၂၀၀၆ မြန်မာ ၀တ္ထုတို စာအုပ် ထွက်လာချိန်။ ဥတ္တရ လမင်းမှ စာပေတပ်မှူး ဦးသန်း ဆွေဆီမှ စာမူခနှင့် အတူ ထိုစာအုပ်ပါ လာ၏။ ထိုစာအုပ် ထဲတွင် သူ့ဝတ္ထု တစ်ပုဒ်ပါသည်။ ထိုစာအုပ်ကို သူ့ဆီ မှ ခဏယူဖတ်ကြည့်တော့ တစ်ပုဒ်မှာ နိုင်ငံခြား ၀တ္ထုတစ်ပုဒ်နှင့် တူနေကြောင်း သူ့ကို ပြောပြ ဖြစ်သည်။ ထိုအခါ သူက ထိုဝတ္ထုတို စာအုပ်ကို ဝေဖန်ရန် တိုက် တွန်းသည်။ ထိုနေ့ညတွင်း ချင်းမှာပင် “ဆွမ်းပေ ဆွမ်းဆန် ထဲက ကြွက်ချေး တစ်စ” အမည်ဖြင့် ဝေဖန်ရေး ဆောင်း ပါးရေး လိုက်ပါသည်။ ထိုအခါ သူက ကျွန်တော့်ကို “မင်း အစွယ်ပေါက်လာ ပြီ”ဟုပြောခဲ့ သည်ကို မှတ်မိနေပါသည်။

ထိုစာမူကို စာပေ ဆေးခါးကြီးများ တိုက်ကျွေး နေသော မဂ္ဂဇင်း တိုက်သို့ ပို့ လိုက်ပါသည်။ တစ်ပတ် အကြာ ဖုန်း ဆက်ကြည့်တော့ သုံးဖြစ်မည်ဟု ဆိုပါ သည်။ သို့သော် သုံးလမျှ ကြာသွား သည်။ မဂ္ဂဇင်းတွင် ပါမလာခဲ့ပါ။ ရုံးက ပယ်လိုက်သည်ဟု သိရပါသည်။

ကျွန်တော် စိတ်ဓာတ် ကျသွားရပါ သည်။ ထိုအခါ သူက စိတ်ဓာတ် မကျ ရန် အားပေးသည်။ ကျွန်တော် စိတ်ဓာတ် မကျအောင် သူက ဆရာ့ ဆရာ ကြီးများ၏ ဖြတ်သန်းခဲ့ ရသောလမ်း ကြောင်းများကို ချပြ၏။ ကျွန်တော် အားပြန် တက်ရ၏။ ထို့နောက် “ဒါ မြန်မာဝတ္ထု တိုတဲ့လား”ဟု ခေါင်းစီး ပြောင်းကာ ချယ်ရီ မဂ္ဂဇင်းသို့ ပို့လိုက် ပါသည်။
ချယ်ရီတွင် ကျွန်တော့် စာမူပါလာ တော့ သူက “မင်းဗုံး တစ်လုံးကို ဖောက် ခွဲလိုက်နိုင်ပြီ”ဟု ဆိုပါသည်။

ချယ်ရီ ဆို၍ ပြောရဦးမည်။ ထိုစဉ် က ကျွန်တော့် စာအုပ်ဆိုင်လေးက ပြုတ် လုပြုတ်ခင်။ ချယ်ရီ မဂ္ဂဇင်း အယ်ဒီတာ ပြည်သွေးနိုင်က အကူအညီ တောင်းသ ဖြင့် လစဉ် ချယ်ရီ ၅ အုပ်ယူကာ စာပေ ၀ါသနာပါ သူများထံ လိုက်ရောင်းသည်။ ထို့နောက်မှ ငွေလွှဲဖြင့် ပို့ရ၏။ နောက် ပိုင်းတော့ ကျွန်တော့် အိမ်ထောင်ဦး ဘ၀ မုန်တိုင်းက စမွှေ လာသည်။ စာအုပ် အသစ် မတင် နိုင်တော့။ ဆရာပြည်သွေး နိုင်ထံသို့ ငွေ ၂၀၀၀၀ ကျော် ပေးပို့ စရာကို ကျွန်တော် မပေးနိုင် ခဲ့ပါ။ ထိုအကြောင်း များကို သူ့ဆီ ရင်ဖွင့်ပြ တော့ သူက“စာပေ လောကမှာ ဘယ် တော့မှ နာမည် အပျက်မခံနဲ့ စောကြီး။ ခုမပေး နိုင်တောင် မင်း ပေးနိုင်တဲ့နေ့ ပြန် ပေး”ဟုပြောသည်။ ခုချိန်ထိ ကျွန်တော့် မှာ ထိုအကြွေးက ခေါင်းထဲ ရောက်နေ ၏။ သို့သော် ဆန္ဒနှင့် ဘ၀၊ ဘ၀နှင့်လူ ထပ်တူ မကျ ချိန်တွင် ထိုအကြွေး ကို စဉ်း စားမိတိုင်း ယနေ့ထက်တိုင် ရှက်စိတ် ဖြင့် မျက်နှာဝှက် ထားရဆဲ ဖြစ်ပါသည်။

မှတ်မိပါ သေးသည်။ ဒိုင်ယာရီကို ပြန်ကြည့် မိတော့ ၂၁.၇.၂၀၀၈။ ထို့ နေ့က မှတ်မှတ်ရရ စာနယ်ဇင်း ဥက္ကဋ္ဌ ဦးဝင်းကြည်က ကိုဗိုသံကို စာနယ်ဇင်း အစည်းအဝေး အတွက် စာလုံး ဖော်ရန် အတွက် ငွေ ၅၀၀၀ ပေး လိုက်သည်။ ထိုငွေကို ယူပြီး ဧရာ ရုပ်ရှင် ရုံလမ်းမပေါ် လမ်းလျှောက် ထွက်ခဲ့ကြသည်။ သူရေး သော လွတ်မြောက် ရာလမ်း ၀တ္ထု အကြောင်း ပြောဖြစ် ကြသည်။ ထိုဝတ္ထု ကို သူ အတော်လေး ရင်ခုန်၏။ ပန်းချီ ကားထဲမှ အော်သံများကို အခြေတည် ကာ ရေးသားထားသော ၀တ္ထုတိုတစ် ပုဒ်ဖြစ်သည်။ ထိုဝတ္ထုကို မဂ္ဂဇင်းတိုက် အသီးသီးသို့ သူပို့သည်။ ပါမလာ။ အခြား တစ်တိုက်ပြီး တစ်တိုက် ပို့ သော်လည်း ထိုဝတ္ထုလေး သည် မလွတ် မြောက် နိုင်ခဲ့ပါ။ ထို့ကြောင့်လည်း ၀တ္ထုတို သူ မရေးချင်သည် တစ်ကြောင်း ဆိုသည်။ ထို့ကြောင့် “စကားလုံး တွေက ယုံကြည် စရာ မရှိတော့ဘူး”ဟု မကြာ ခဏပြောဆို နေခဲ့ခြင်း ဖြစ်သည်။ထို့ ကြောင့်လည်း သူ့လက်ကို “ကျား အကိုက်ခံ ရတဲ့လက်”ဟု ပြောတတ် ခြင်းလား ကျွန်တော် စဉ်းစားမိပါသည်။
ဧရာ ရုပ်ရှင်ရုံ ရှေ့လမ်း ချိုးတွင် အငြင်းပွား ကြသည်။ ကိုလင်းသော်ဝေ က ပွင့်ဆိုင်မှာ ညနေခင်းကို ၀ယ်ချင်၏။ ကျွန်တော်နှင့် ကိုဗိုသံက ထိုဆိုင်မှာ မထိုင်ချင်။ စကိုင်းလက် စားသောက် ဆိုင်တွင် ကျောက်ချချင် ကြသည်။ ထိုဆိုင်တွင် အမြည်း ကောင်းကောင်း ရ၍ ဖြစ်ပါသည်။
ထိုအခါ သူက
“ပိုက်ဆံ မရှိတော့ ပွင့်မှာ စာရင်း မှတ်ခိုင်းပြီး ပိုက်ဆံ ရှိတော့ တခြားမှာ သောက်တာ သစ္စာဖောက် ရာကျတယ်” ဟု ပြောပါသည်။

ထိုအခါ ကျွန်တော်က “လာပါ သစ္စာ ၀ါဒီ ကိုတာတီးရယ်။ တစ်ခါတ လေ သစ္စာဖောက် ရတာပဲ”ဟု ရယ်ရယ် မောမော ချော့ခေါ် ရပါသည်။ နောက် ဆုံးတွင် သူ ကျွန်တော်တို့ နောက်သို့ ပါ ခဲ့ရပါသည်။

ထိုဆိုင်ထဲတွင် သူက-
“စာရေး ဆရာ တိုင်းကို အနုပညာ သမားအဖြစ် မသတ်မှတ် နိုင်ကြောင်း” ပြောလာပါသည်။
“အသစ်ကို အများနဲ့ မတူအောင် တီထွင် လမ်းပြနိုင်ပြီး စာပေလမ်း ကြောင်းပေါ်မှာ အကျိုးဆက် အဖြစ် တစ်စုံတစ်ရာ ကျန်ရစ်အောင် တီထွင် လမ်းပြနိုင်ပြီး ကျန်ရစ်အောင် လုပ်ပြနိုင် သူတွေကို အနုပညာ သမား တစ်ယောက် အဖြစ် ခံယူမယ်”ဟု အားနှင့်မာန်နှင့် ပြောပြ နေပါသည်။ သူ၏ ယုံကြည်မှု ဓားသွားအောက် ကျွန်တော်တို့ငြိမ် သက်။ ထို့နောက် အနုပညာ အပေါ် ခုံမင် မက်ခဲ့ကြသည့် ကျွန်တော်တို့ စကား ၀ိုင်းမှ အသံများက ထမင်း အရက်ဆိုင် ထဲမှာ လူးလာ ခေါက်ပြန် မူးရီသွား ခဲ့ကြပါသည်။

၂။
သေတဲ့  အထိ စီးဆင်းနေမယ့်
အလံဟာ တဖျပ်ဖျပ်
“ကျွန်တော်က ကဗျာတွေကို ချစ် တယ်။ မြတ်နိုးတယ်။ ဒီထက် ပိုပြီး ပြောရရင် ကဗျာတွေကို ရေးနေ မိတယ်။ အမှန် အတိုင်း ၀န်ခံရမယ်ဆို ကျွန်တော် ဟာ ကဗျာဆရာ ဖြစ်လောက်တဲ့ အရည် အသွေး မပါခဲ့ဘူး။ မရှိဘူး။ ခံစားမိ ပါတယ်။ တကယ်လည်း ကဗျာဆရာ မဖြစ်နိုင်ဘူး။ သိနေပြီး သားပါ။

ဒါပေမဲ့ ကဗျာတွေကို ချစ်တယ်။ ကဗျာတွေက ကျွန်တော့်ကို ဖမ်းဆီး တုပ်နှောင် ထားပါတယ်။ ဆာဗီယာ ပလပ် ပြောဆို ရေးဖူးတဲ့ သွေးရဲ့ပန်း ထွက်မှုဟာ ကဗျာပဲ စာသားလို  ကျွန်တော့်ရဲ့ သွေးအမျိုး အစားဟာ ဓာတ် ခွဲစမ်းသပ် မှုအရ အေသွေး ဖြစ်ပေမဲ့ ကျွန်တော် ယုံကြည် နေမိတာက ကဗျာ တွေ လှည့်ပတ် စီးဆင်း နေတယ်။ ကဗျာ ဓာတ်တွေ တဆတ်ဆတ် တုန်လှုပ်နေ တယ်။ ကျွန်တော့် လက်ဖျံထဲက သွေးကို ဒီလိုမျိုး အရသာ ခံမိပါတယ်”

ကိုလင်းသော်ဝေ သည် သူ၏ ကဗျာ အသက်ဓာတ်ကို  သူ၏ မှတ်စုစာ အုပ်တစ်အုပ် ထဲတွင် ရေးထားခဲ့ သည်။ ထိုစာအုပ်ကို ကိုဗိုသံက အမှတ်တရ လက်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။ ဗလာ စာအုပ်ဖြစ်၏။ ထိုစာအုပ် ထဲတွင် သူချစ်သော ကဗျာများကို ကူးယူရေး ထည့်ထားသည်။ စာအုပ် အဖုံးတွင် မဂ္ဂဇင်း ကဗျာများဟု ရေးထား သည်။ စာအုပ် တစ်နေရာတွင်-
“၀န်ကြီး ပဒေသ ရာဇာသည် ကော် လံဖြူ၊ ကော်လံပြာ၊ အီးကော်လံ၊ အလုပ် သမား လူနေမှု အကြောင်း သူ မကြုံတွေ့၊ မခံစား မဖြတ်သန်း ခဲ့ရ၍ မရေး နိုင်ပါ။

သို့သော် ကဗျာသည် လောက၊ လူသား၊ သဘာဝတရား စသည်သို့ မပါဝင်ဘဲ ဖြစ်တည် ပေါက်ဖွား လာနိုင်မည်ဟု မထင်ပါ”ဟု သူ့ရင်ခုန် သံကို ထပ်ဟပ် ရေးဖွဲ့ ထားပါသေးသည်။
တစ်ဖန် သူ ရင်ခုန် စုံမက် ခဲ့သော ကဗျာများနှင့် ပတ်သက်၍

“တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် ကျွန်တော် ခံစားမိလို့ ကူးယူ သိမ်းထား မိတဲ့ ကဗျာ တွေဟာ မြန်မာ ကဗျာဖြတ် သန်းထိုး ထွက်မှု လမ်းကြောင်း သစ်အနေနဲ့ စတင်ခဲ့တဲ့ ခြေလှမ်း သစ်တွေ ဖြစ်နေပါ လိမ့်မယ်။

ကဗျာဆိုတာ ဟောဒီလိုမျိုး ရေး ထားတာတွေ ကလည်း ကဗျာဆန်စွာ ခံစားရတဲ့၊ စကား ပြေဆန်တဲ့၊ အသံ မပါတဲ့၊ ၀ါကျ အစုအဝေး သဒ္ဒါမပီတဲ့၊ ၀ိနည်း မလွတ်တဲ့၊ စတန့်များ စွာပါတဲ့၊ စောင့်ကြည့်ရ ပါဦးမယ် ဆိုတဲ့ စကား၊ စကားများစွာ အတွက် ကျွန်တော် ဒီခေတ်မှာ ဒီလိုရေး ခဲ့ကြပါတယ်။ ဒါကို လည်း နှစ်သက် ခံစား မိတဲ့ လူငယ်တစ် ယောက် ရှိပါတယ် ဆိုတာ မျက်ခုံးတစ် နေ့တစ်ချိန် ကျရင် တွန့်ပြချင်လို့ပါ”

သူသည် ထိုသို့ ခေတ်ပေါ် ကဗျာ အပေါ် ရင်ခုန်သွေးနိုး ခဲ့သူဖြစ်ပါသည်။
မှတ်မိပါ သေး၏။ ကဗျာဆရာ မိုဃ်းဇော်၏ ကြေးစား ကဗျာစာအုပ် လေး ကျွန်တော် ၀ယ်တော့ ကျွန်တော့် မှတ်စု စာအုပ်လေး ထဲတွင် ဤသို့ရေး ပေးခဲ့ပါသည်။
နင်ဟာ ငါ့လို စိတ်အကူး အပြောင်း     များတယ်
ပိုက်ဆံလည်း ရှာ၊ စာလည်း ပိုပို         ပိုပြီးဖတ်
ပြီးတော့ မလိုတဲ့ စာအုပ်တွေ         ၀ယ်မစုနဲ့
နင်က လူပျို လူလွတ်            မဟုတ်တော့ဘူး။
မင်းနဲ့ငါနဲ့ ခင်တာ             အနုပညာ(၀တ္ထုတို)ကြောင့်
မင်း စာမရေးရင်                ငါ စာမရေးရင်
မင်းနဲ့ငါနဲ့                 ဆက်ဆံစရာ မလိုတော့ဘူး။
သေရင်တော့ အမျှ ဝေမယ်။
ထိုသို့ ရေးသား ပေးခဲ့ ပါသည်။ သူက ကျွန်တော် သေလျှင် အမျှဝေပေး မည်တဲ့။
အခုတော့...။

၃။
ထို့နေက သူ့ကို နောက်ဆုံးတွေ့ လိုက်ရခြင်း ဖြစ်ပါသည်။ ၂၃.၅. ၂၀၁၀။ ထို့နေညနေက ကျွန်တော့် သူငယ်ချင်း တစ်ယောက်နှင့် အတူ သူ့ အိမ်သို့ ရောက်သွားသည်။ အိမ်တွင် သူ၏သမီးကြီး နမ်မီဆာရာနှင့် သား ငယ် ဖုန်းဖုန်တို့ကို တွေ့ရသည်။ “အဖေ မရှိဘူးလား”မေးတော့ “မရှိဘူး”ဟု ဖြေ၏။ထိုအချိန် ကိုလင်းသော်ဝေ ၏ ဇနီး ဖြစ်သူ မချန် ထွက်လာသည်။ (ကိုလင်းသည် အိမ်သူ မချန်အား သူ၏ ၀တ္ထုတို ထဲတွင် မဟုတ်မခံ ဒေါ်ချန် အဖြစ် အသက်သွင်း ခဲ့သေးသည်။ ထို ၀တ္ထုဖြင့်ပင် ရွှေအမြုတေ စာပေဆု ရရှိ ခဲ့ လေသည်။ ထိုဝတ္ထုမှာ မြစ်ရေမှာ ကျောက်ဆူး ချလို့ မရတဲ့ လရောင် ဖြစ်ပါ သည်။

မချန်က သူ ရန်ကုန် သွားတော့မည့် အကြောင်း၊ ရွှေအမြုတေ ဆုပေးပွဲသို့ တက်ရောက်ရန် ဖြစ်ကြောင်း ပြောပြနေ ၏။ ထို့နောက် သူ ရှိမည် ထင်သည့် မီးရထား ဘူတာနားမှ ဆိုင်လေးတစ် ဆိုင်သို့ ကျွန်တော် လိုက်၍ ရှာသည်။ တွေ့ပါပြီ။ ကျွန်တော့်ကို မြင်တော့ သူ ရန်ကုန် သွားဖြစ်သည့် အကြောင်း ပြော သည်။ စာမူခထုတ် စရာရှိလား မေး သည်။ ကျွန်တော်က နွယ်နီ မဂ္ဂဇင်း တိုက်တွင် စာမူခ ရစရာ ရှိကြောင်း၊ လွှဲစာရေး ပေးလိုက် မည့်အကြောင်း ပြော တော့ သူက ရယ်သည်။ “စာမူခ ငါ့ ကားစရိတ်ပေါ့”ဟု ဆိုသည်။ ကျွန်တော် သူနှင့် ၁၅ မိနစ်ခန့်သာ စကားပြော ခဲ့ရပါ သည်။ ကျွန်တော်က စာနယ်ဇင်း အစည်းအဝေး ဖိတ်စာတွေ ဖိတ်ရ ဦးမည် မို့ သူ့ကို နှုတ်ဆက် ပြန်ခဲ့သည်။ ထိုအချိန် သူက လှမ်းပြော လိုက်သေးသည်။

“မင်း စာလည်း ရေးဦးနော်”တဲ့။
မဂ္ဂဇင်း၊ ဂျာနယ် များတွင် ရွှေအမြုတေ ဆုပေးပွဲ အတွက် ခန့်မှန်းချက်များ တွေ့ရ သောအခါ သူ့အတွက် ကျွန်တော် ရင်ခုန်ခဲ့ ရပါသည်။ သူနောက်ဆုံး ရေးခဲ့ သော အငွေ့ပျံ ကုသိုလ် ကို ကျွန်တော် ရင်ခုန်သည်။ သူ့အတွက် ကျွန်တော်တို့ ဆုတောင်း ပေးခဲ့ ကြပါသည်။

ရွှေအမြုတေ ဆုပေးပွဲ ပြီးသော အခါ ဂျာနယ်၊ မဂ္ဂဇင်းများတွင် သူ့ဓာတ် ပုံလေးများ ပါမလား ကျွန်တော် ရှာ ကြည့်သည်။ မတွေ့။ သူ မရှိတော့ သူ့အိမ်ကို ကျွန်တော် မရောက် ဖြစ်ခဲ့ပါ။ သူပြန်လာမှ ရန်ကုန် စာပေ အသိုင်း အ၀ိုင်း အကြောင်း မေးရမည်။ သူ့အတွေ့ အကြုံ ကို ရင်ဖွင့် ခိုင်းရမည်။ ပါရီမှ ပြန်လာသူ  ကြီးလို ရန်ကုန်မြို့ကြီး အကြောင်းကို နားဆင် ရဦးမည်။ ထိုသို့ ကျွန်တော် ရင်ခုန်ခဲ့ ပါသည်။

သို့သော် တစ်ပတ် အကြာလည်း သူ ပြန်မရောက် ခဲ့ပါ။ အခါတိုင်းလို ရန်ကုန်မှ အပြန် မန္တလေး သို့ဝင် ရောက်၍ ဖြစ်မည်။ ကျောက်ဆည် စာပေအသိုင်း အ၀ိုင်းများဆီ ခရီးလွန် နေ၍ဖြစ်မည်။ သူ ပြန်လာလျှင် စာအုပ်တွေ ပါလာ ဦးမည်။ ကျွန်တော်၏ မျှော်လင့်ချက် များသည် စိုးရိမ် ပူပန်မှုများ အဖြစ် စတင်ခဲ့ သောနေ့ မှာ သူ ခရီးထွက် သွားပြီး တစ်လကျော် ကြာမှ ဖြစ်သည်။ သူ့မိသားစုကို မေးကြည့် တော့လည်း အဆက် အသွယ်မရ ကြောင်းသိရသည်။ ရန်ကုန်မြို့သို့ ရောက်နေသော  ဦးသန်းဆွေဆီ ဆက် သွယ်ကြ သော်လည်း သူနှင့် မတွေ့ဟု ကြားရသည်။ ကိုလင်း၏ အမေ ဒေါ်မြမြ ၀င်းက ကျွန်တော့်အိမ်သို့ ရောက်လာပြီး မည်သို့ လုပ်ရမည် မသိတော့ကြောင်း၊ ပတ္တမြား FM မှ ကြော်ငြာ ထည့်ရမည် လား အကြံ တောင်းသည်။ သတင်းစာထဲ လူပျောက် ကြော်ငြာ ထည့်ခိုင်းရန် အကြံ ပေးသော်လည်း ကြော်ငြာ၊ မကြော်ငြာ ကျွန်တော် မသိ။

နောက်ဆုံး ကြံရာမရ ဖြစ်ကာ အလင်းတန်း ဂျာနယ်သို့ လရောင်ဟာ ဘယ်မှာ ကျောက်ဆူး ချနေလဲ၊ လရောင် ဟာ အိမ်ပြန် မရောက်ဘူး စသဖြင့် ကိုလင်းကို ဆက်သွယ်၍ ရလိုရငြား စာမူ ပေးပို့သည်။ အကြောင်းကြောင်း ကြောင့် လူပျောက်ကြော်ငြာသော ဓာတ်ပုံနှင့်တကွ ပါလာခဲ့ ပါသည်။

၂၈.၈.၂၀၁၀ နေ့။
ဦးဝင်းငြိမ်း ဆီမှ ဖုန်းလာသည်။ ကိုလင်းသော်ဝေ၏ သတင်းကို သူ ပြောမှ သိရသည်။ ကိုလင်းသော်ဝေ ဆုံးပြီတဲ့။ အဆုတ်ရောင် ရောဂါနဲ့တဲ့။ မန္တလေး မှာတဲ့။ သူ ဆုံးပါးပြီး သုံးလ အနားကပ်မှ ရောက်လာသော သတင်း။
ဦးသန်းဆွေ ဆီသွားတော့ သေမှု သေခင်း ဓာတ်ပုံ တွေကို ပြသည်။ လရောင်သည် အမှန် တကယ် ပင်ကျောက် ဆူးချ သွား ပြီ။ ကျွန်တော့်ကို သေရင် အမျှဝေ မည့်သူက အဦးဆုံး ထွက်ခွာ သွားနှင့်ပြီ။ ပါရီမှာ အောင်မြေ နင်းဦး မည့်သူက သူ၏ အောင်မြေကို ကျောက် ဆူးချ သွားခဲ့ ချေပြီ။

၎။
ကျွန်တော့် ဘ၀တွင် လူတစ် ယောက်ကို လွမ်း၍၊ နှမြော တသ၍၊ ချစ်၍ အလွမ်းစာရေး ရသည်မှာ ပထမ ဆုံးဖြစ်ပါသည်။ အလွမ်းပူပူ၊ သွေးပူပူ တွင် အလွမ်း စာက ရေး၍ မရခဲ့ပါ။ ကျွန်တော် မရေးစွမ်း နိုင်ခဲ့ပါ။
ယခု ဖားကန့်မြို့နယ် မဂ္ဂဇင်းတွင် သူ့ဝတ္ထုတို တစ်ပုဒ် ပါလာသည်။ တန်းစီ နေတဲ့မျက်နှာ ၀တ္ထု။ ထိုဝတ္ထု သည် သူ အမျှော်လင့်ဆုံး ထဲမှ ၀တ္ထုတို တစ်ပုဒ်။ အကိုက်အခဲခံ ကျားနာ တစ်ကောင်၏ ၀တ္ထု။ သူက ထိုဝတ္ထုမျိုး ကိုမှ ခံတွင်း တွေ့မိခဲ့သူ။ ထိုဝတ္ထုမျိုး သူ ရေးသား ဖန်တီးခဲ့ သော်လည်း မဂ္ဂဇင်း မျက်နှာ စာထက်တွင် ပေါ်ပေါက် မလာနိုင်ခဲ့။ ထိုအခါ သူစာရေး ရမှာကို စိတ်ကုန်လာ သည်။

“ငါက စကားလုံး တွေကို အယုံ အကြည် မရှိတော့ဘူး”
သူ့စကားကို ကြားယောင်မိတော့ သူ့ရင်ဘတ်ကို နားလည်လာ သလိုလို။ သူ့ခံစားမှုကို စာနာမိ သလိုလို။
အခု သူ့ဝတ္ထုကို ပြန်တွေ့ ရတော့ သူ့ကို သတိရ စိတ်က သွေးလှန့်လာ သည်။ ထို့ကြောင့် ဤစာကို ရေးမိသည်။

၂၀၀၈ ထူးအိမ်သင်နေ့ ကျင်းပစဉ် တွင် လင်းမာန်သီက ဘ၀မှာ ချစ်စရာ ကောင်းတဲ့ သူကို ချစ်ဖို့ လိုအပ် သလို မုန်းစရာ ကောင်းတဲ့သူကို မုန်းဖို့လည်း လိုအပ်တယ်ဟု ပြောတော့ ကိုလင်းက သဘောအကျ ကြီးကျ ခဲ့သည်။ ထောက် ခံခဲ့သည်။ အခု ကျွန်တော်က ချစ်စရာ ကောင်းသူ ကိုချစ်သဖြင့် ရေးမိ နေခြင်း ဖြစ်ပါ သည်။ ဆက်ရေး လျှင်လည်း အလွမ်းက ကုန်နိုင်ဖွယ်မရှိ။
ယခု လွမ်းနေရ၏။ သတိ ရနေရ ၏။ သူ့လေသံ၊ သူ့ဟန်၊ သူ့စကားလုံး များနှင့် သူ့ အနုပညာ...။ အရာ အား လုံးသည် လွမ်းစရာ၊ သတိရစရာ၊ နှမြောတသ ဖွယ်ရာ၊ အမှန် အတိုင်း ၀န်ခံ ရလျှင် သူအသက်ရှင် စဉ်က ရံဖန်ရံခါ သူ့ကို တွေ့ဆုံရန် သွေးနိုး၏။ တစ်ခါ တစ်ရံ သူ့ကို ရှောင်ရသည်။ တစ်ခါတစ် ရံ သူကား သနားစဖွယ် ဖြစ်၏။ တစ်ခါ တစ်ရံ မခံချိ မခံချင်သာ ဖြစ်ရ၏။ သို့စဉ် လျက် သူနှင့် ကျွန်တော် မကြာ ခဏ တတွဲတွဲ၊ တဆူဆူ။ တအော်အော် တကွဲကွဲ။ အတူတူထိုင်၊ အတူတူအိပ်၊ အတူတူ ငြင်းခုံကြလျက် အနုပညာနယ် မြေထဲမှာ ကျွန်တော်တို့ ဖျပ်ဖျပ်လူး ခဲ့ကြ သည်။
ထိုအရာများက အလွမ်းအဖြစ် သန္ဓေတည် ရောက်ရှိ လာသောအခါ-
အခွံ
တွေးမိတယ်
အင်္ကျီချိတ်ကို မြင်လို့
ဝမ်းနည်း မိတယ်။
ဒီအတွေးဟာ
ဝမ်းနည်း ဖွယ်ရာ
ဖွယ်ဖွယ် ရာရာ အပြည့်နဲ့။ ။
လင်းသော်ဝေ
၂၆၊ ဇွန်၊ ၂၀၀၇ ရည်ညွှန်း
၂၉.၅.၂၀၁၀ တွင် ကွယ်လွန်သွား သော ကိုလင်းသော်ဝေသို့...
အကိုး
၂၀၀၈ ကိုယ်ရေး မှတ်တမ်း


ဆွေမြင့်စော
(ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)

 


Last Updated on Tuesday, 01 January 2013 23:22