|
Written by ရွှေကိုယ်နတ်(UCSM)
|
|
Tuesday, 01 January 2013 22:57 |
ကျွန်မသည် သူ ထင်သလို ခံစားမှု မရှိသော စက်တစ်ခု၊ ဒါမှမဟုတ် စက်ရုပ် တစ်ရုပ် မဟုတ်ခဲ့ သလို ကျွန်မ သူ့ကို မှားယွင်းစွာ ချစ်ခဲ့မိခြင်း မဟုတ်သည် မှာလည်း သေချာ ပါသည်။
argaiv1530
argaiv1756
ကျွန်မ၏ စိတ်တွင် စွဲထင် လျက်ရှိခဲ့သော ထိုနေ့သည် ပူပြင်း ခြောက်သွေ့ လှသည့် မန္တလေး နွေရာသီ၏ နေ့လယ်ခင်း အချိန် ဖြစ်သည်။ နွေရာသီ၏ အပူဒဏ် ပြင်းထန် တာရော၊ အပြင်ထွက် လေ့ထွက်ထ နည်းပါးသည့် ကျွန်မ၏ ပင်ကို ဗီဇကြောင့်ပင် နှစ်သက် လှသည့် စာရေး ဆရာမ၏ ၀တ္ထု စာအုပ်ထဲမှ ဇာတ်ကောင် များနှင့် အစီအစဉ်တကျ စိတ်ကူး ယဉ်ရင်း အတွေး နယ်ချဲ့နေခဲ့၏။ သို့သော် အပြင် မထွက်လျှင် မရသော အခြေအနေ ကြောင့် ကျွန်မ အပြင်သို့ ထွက်ခဲ့ ရတော့သည်။ အိမ်မှ အမေမှာလိုက်သော မီးဖိုချောင်သုံး ပစ္စည်း တချို့ဝယ်ရန်၊ ငှားနေကျ စာအုပ်ဆိုင်တွင် စာအုပ် အပ်ရန်၊ သီချင်းခွေ ၀ယ်ရန် စသည့် လိုအပ်ချက် များနှင့် အိမ်မှ ထွက်လာ ခဲ့သော ကျွန်မ၏ စိတ်အခြေ အနေသည် ပကတိ အဖြူ သက်သက်ပင်။
ပထမ ဦးစွာ သီချင်းခွေ ၀ယ်ရန် စိတ်ကူး လိုက်ပြီး အတန်အသင့် နာမည်ရသော စီဒီများ၊ ဒီဗီဒီများ ရောင်းချ သည့်ဆိုင်လေး ရှိရာသို့ ကျွန်မ ၏ ဆိုင်ကယ်ကို ဦးတည် လိုက်သည်။ ရပ်ချင် သလို ရပ်ထား ကြသော ဆိုင်ကယ် များကြားတွင် ကျွန်မဆိုင် ကယ်ကို သေချာစွာ ရပ်ရင်း ဆိုင်ထဲသို့ ကပို ကရိုဝင်လိုက် မိ၏။ လေး ယောက်မျှ သာရှိ သော ဈေးဝယ်သူ များတွင် လိုချင်သည့် သီချင်းခွေ တချို့ ကို ရှာရင်း၊ ဟိုခွေစပ်စပ် သည် ခွေစပ်စပ် ကြည့်ရင်းနှင့် ကျွန်မ အချိန်ဖြုန်း နေသည်မှာ အချိန် မည်မျှ ကြာသွားသည် မသိ။ ကျွန်မ လိုချင် လှသော သီချင်းခွေကို ရှာမရ ဖြစ်မိမှ ဆိုင်ရှင်ကို မေးရန် သတိရမိ သည်။ ကောင်တာသို့ လျှောက်၍ စကား တစ်ခွန်း ပြောပြီးချိန် အထိ ထိုင်ခုံ၌ ထိုင်နေခဲ့သော ထိုသက်ရှိ လူသားကို ကျွန်မ နည်းနည်း လေးမှ စိတ်မ၀င် စားခဲ့သေး ပါ။
“Right Here Waiting သီချင်းပါတဲ့ အဆိုတော် Richard Marx ရဲ့ အယ်လ် ဘမ် လိုချင်လို့ပါ” ကျွန်မ၏ စကားသံ အဆုံးတွင် မော့ကြည့်လာခဲ့ သော သူ့မျက်ဝန်းများ သည် ရိုးရိုး ရှင်းရှင်းပင် အသက် ၀င် နေခဲ့၏။ ကျွန်မကို ကြည့်ပြီး နှုတ်ခမ်း ထောင့်ကွေးသည် ဆိုရုံလေး သူ ပြုံးပါသည်။ ထို့နောက် သူ့နှုတ် ဖျားမှ မတိုးမကျယ် ခပ်ရှရှ စကား သံတစ်ခု ထွက်ကျ လာခဲ့သည်။
“စိတ်မကောင်း စရာဘဲ မင်းလို ချင်တဲ့ အဲဒီ သီချင်းခွေက မူရင်း ရှာဖို့ မလွယ်တော့ဘူး၊ ထပ်လည်း မဖြန့် တော့ဘူးလေ။ လိုအပ်မယ်ဆိုရင် တော့ ကိုယ်တစ်ခု ကူညီ နိုင်ပါတယ်”
သူသည် ရာသီဥတု ဒဏ်၏ တိုက်စားခြင်းနှင့် ဝေးကွာခဲ့ ဟန်ရှိသည့် ငေးမောဖွယ် ကောက်ကြောင်း တစ်ခု ပင်။ ရင်အုပ်ခပ် ကျယ်ကျယ်၊ ဖြူဝင်းသော အသားအရေ နှင့် ရှင်းသန့် လှသည့် သူ့အသွင် အပြင်သည် မိန်းကလေး များစွာ၏ စိတ်ဝင်စား ခံရ ခြင်းနှင့် အနည်းငယ် မျှ စိမ်း သက်လိမ့်မည် မဟုတ်ပါ။ ပန်းသွေး ရောင် ပြေပြေနှင့် ကြွေရောင် ရောစပ် ထားသော မိန်းမောဖွယ် သူ့နှုတ်ခမ်း တစ်စုံကိုတော့ ကျွန်မ၏ အိပ် မက်ထဲအထိ ရောက်ရှိ မလာ စေရန် ခက်ခဲစွာ ထိန်းချုပ် ထားရသည်။ ကျွန်မကိုယ် ကျွန်မ ရှည်လျား လှပြီဟု ယူဆထားသော အရပ်သည် သူနှင့် ယှဉ်တွဲ လိုက်မိသော အခါမှ ရှုံးနိမ့်ခဲ့သည့် စစ်သူ ကြီး တစ်ယောက်လို သိမ်ငယ်စွာ ခံစားရ သည်။ သူ့ကိုယ် ထက်မှ ရရှိသည့် ကိုယ်ရနံ့ သည် ကျွန်မ မုန်းတီး လှသော ဆန့်ကျင် ဘက်လိင်ကို ဆွဲ ဆောင် နေကျ မွှေးရနံ့တ ချို့ မဟုတ်သည်မှာ ၀မ်းသာစရာ ကောင်းလှ၏။
“ဒီလိုလုပ်ပါလား၊ ကိုယ့်ဆီမှာ ရှိတဲ့အခွေ မင်းကို ခဏငှား လိုက်မယ်။ ကော်ပီ ကူးပြီးမှ ကိုယ့်ကို ပြန်လာ ပေးပါ။ မင်း စိတ်ဝင် စားမယ် ဆိုရင်ပေါ့” “မင်း စိတ်ဝင်စားမယ် ဆိုရင်ပေါ့” တဲ့။ ဆိုင်အတွင်း ၌ ဈေးဝယ်သူ များသာ ရှိမနေ ခဲ့လျှင် သူ့စကား ကြောင့် ကျွန်မ သဘောကျစွာ ရယ် မောမိ ပါလိမ့်မည်။ တကယ် တမ်းတော့ ကျွန်မ ယောင်လို့ တောင် မရယ် မောဖြစ်ပါ။ လူ့ ယဉ်ကျေးမှု ၀တ္တရားအရ “ကျေးဇူးတင် ပါတယ်”ဟူ သော သူ့အတွက် စကားတစ် ခွန်းအား ပြောကြားပြီး ကျော ခိုင်းထွက်ခွာ ခဲ့ပါသည်။ ဆိုင်အပြင် ဘက်သို့ ရောက်ရှိချိန်၊ သူ၏ ဆိုင်နာမည်ကို ကြည့်မိ လိုက်သော အခါ ကျွန်မ၏ သိလိုစိတ်တို့ နွေဦး ရာသီ၏ သစ်ရွက် တချို့လို ရုတ်ခြည်း ကြွေဆင်းကုန် ပါ၏။ “Love U” တဲ့။ ထိုနေ့ည အိပ်မက်ထဲ တွင် ရင်အုပ် ခပ်ကျယ်ကျယ်၊ ရာသီဥတု ဒဏ်၏ တိုက်စား ခြင်းနှင့် ဝေးကွာ ခဲ့ဟန်ရှိ သည့် ရင်ခုန် ဖွယ်ကောက်ကြောင်း တစ်ခုအား ကျွန်မ အိပ်မက်ထဲ တွင် မြင်တွေ့ ရပါ သည်။
ဒုတိယ အကြိမ် ပြန်လည် တွေ့ဆုံခြင်း ကိုတော့ မည်သည့် ပယောဂမျှ မပါဝင် သော တိုက်ဆိုင်မှု သက်သက် ဟုသာ ကျွန်မ အမည်တပ် လိုပါသည်။ မဖြစ်နိုင် ဘူးဆို လျှင်တောင် အတတ်နိုင်ဆုံး ကြိုးစားချင် သေးသော ကျွန်မ အကျင့် အတိုင်း နာမည်ကြီး ရှော့ပင်း စင်တာကြီး၏ မြေညီထပ်ရှိ Music Store တစ်ခုတွင် Right Here Waiting သီချင်း ပါဝင်သည့် Richard Marx ၏ သီချင်း အယ်လ်ဘမ် ကို မရမက ရှာဖွေ နေခဲ့သည်။
“မင်း Richard Marx ရဲ့ သီချင်းခွေကို လိုက်ရှာ နေတုန်းလား” သူ့စကားသံကို ချက်ချင်း တုံ့ပြန် ရမည့်အစား သူ ၀တ်ဆင် ထားသော အပွင့် သေးသေးနှင့် အခက်ဆင် အော်လ်တာ ရှပ်အင်္ကျီ လက် ရှည်သည် ပုံစံကျ လှသည့် သူ့ကိုယ်လုံး ထက်၌ ကြည့် မကောင်းဖွယ် သေးငယ် လွန်းသလားဟု ကျွန်မစိတ် တွက်ဖြင့် တိုင်းတာ နေမိ သည်။ သူ့ဖိတ်ခေါ် ချက်နှင့် လိုက်ပါ ခဲ့သော စင်တာ အပေါ်ဆုံး ထပ်ရှိ နာမည်ဆန်း ဆန်းလေးနှင့် ကော်ဖီဆိုင်ထဲ တွင် ထိုင်ရင်း သူနှင့် ကျွန်မ စကားမပြော ဖြစ်ကြ သေးဘဲ အခြားစားပွဲများမှ ဆယ်ကျော် သက်စုံတွဲများ၊ မှန်၏ အပြင် ဘက် ဖြတ်သွားဖြတ်လာ လူများကို ငေးမော နေမိကြ၏။ “ကြည်ပြာမေက ကဗျာ နဲ့ ၀တ္ထုတိုတွေ ရေးတဲ့ စာရေး ဆရာမဆိုတာ ကိုယ် မထင် ထားခဲ့ဘူး”
သူ အံ့သြ သည်မှာ ကျွန်မ၏ ပုံစံနှင့် လိုက်ဖက်မှု မရှိစွာ ကဗျာများ၊ စာများ ရေးဖွဲ့သူ အဖြစ်နှင့် ကျွန်မကို သိရှိလိုက် ရ၍ ပင်လား။ ကျွန်မ အံ့သြ သည်မှာတော့ ကျွန်မ၏ ကဗျာနှင့် ၀တ္ထုတို များ လစဉ်ပို့ ဖြစ်နေကျ မဂ္ဂဇင်း တစ်စောင်မှ အယ်ဒီ တာသည် သူ့သူငယ်ချင်း အရင်း ခေါက်ခေါက် ဖြစ်နေ သည်ဆိုတာ ကိုပင်။
“ကိုယ့်နာမည် မိုးတိမ် ပါ” လှပဖွယ် သူ့နာမည်ကို ကြားရ ချိန်တွင် ရင်ထဲမှ လာ သော ရိုးသားသည့် ပျော်ရွှင်မှု ဖြင့် ကျွန်မ လှိုက်လှိုက် လှဲလှဲ ပြုံးလိုက် မိပါသည်။ ချက် ချင်းလက်ငင်း ပြောင်းလဲ သွားသော ကျွန်မ မျက်နှာ ပြင်အနေ အထားကို ကြည့် ရင်း သူသည် “ဘယ်လိုပါ လိမ့်”ဟု ဇဝေ ဇ၀ါ တွေးနေခဲ့ ပါလိမ့်မည်။ ငယ်စဉ် အခါက ကောင်း ကင်ပေါ်ရှိ မိုးတိမ် များ ပြေးလွှား နေသည်ကို မြင်ရလျှင် “တိမ်တွေရေ သမီးဆီကို ပြုတ်ကျ လာခဲ့ပါ” ဟု ကျယ် လောင်စွာ အော်ဟစ် ရင်း မြေပြင်မှ မိုးသားထုကြီး ဆီသို့ ခုန်ပေါက်၍ ဖမ်းယူ ဟန်ပြုခဲ့ သည်ကို သတိရပြီး ပြုံး ရယ်မိကြောင်း ကျွန်မ သူ့ကို အသိ မပေးတော့ပါ။
သူ၏ အခွေဆိုင် လေးသို့ ကျွန်မ နောက်တစ်ကြိမ် ရောက်ရှိ သွားသော အခါ ကုလားထိုင် ထက်တွင် ထိုင် လျက် သူ၏ ရှေ့မှ စာအုပ် တချို့၊ စာရေးစက္ကူ တစ်ထပ် နှင့် သူ အလုပ်ရှုပ် နေခဲ့ လေသည်။ သူ၏ သူငယ်ချင်း အယ်ဒီတာ ဆီမှ သတင်း ကြားမှုဖြင့် ကျွန်မ သူ့ဆီတွင် ဂစ်တာတီး သင်ရန် ရောက်ရှိ လာရခြင်း အား သူ့အတွက် ကိုယ်ပိုင် သံစဉ်နှင့် သီချင်း တစ်ပုဒ် ဖန်တီး နိုင်ခဲ့သလို ပျော်ရွှင်စရာ ကောင်းလိမ့်မည် ထင်ပါသည်။
“ကျွန်မ...မိုး... အဲ... ကိုမိုးတိမ် ဆီမှာ ဂစ်တာ တီး နည်းနည်း သင်ချင် လို့ပါ” “ဟိုကောင် ငပြည့်က တော့ ချွန်လိုက်ပြီ ထင်တယ်။ ဒါနဲ့ ကြည်ပြာမေ အသက်က ဘယ်လောက်လဲ၊ ကိုယ်တို့ အခေါ်အဝေါ် အတွက် ညှိနှိုင်း ကြရအောင်” “ကျွန်မ အသက် ၂၁ နှစ်ထဲ ၀င်ပါပြီ” ကျွန်မနှင့် သူ ဇရာဟူ သောအရာအား သက္ကရာဇ် ပေတံဖြင့် တွက်ချက်ကြည့် ကြပါသည်။ ကျွန်မ စိတ်ထဲ တွင် ပြေပြစ်လှသော သူ့ရုပ် သွင်အား မည်သို့ပင်ဖြစ်စေ ၂၄ နှစ်ထက် မကျော်ဟု ခန့် မှန်း ထားခဲ့၏။ အကြီး အကျယ်ပင် ကျွန်မ အတွေး မှားယွင်း သွားပါသည်။ လာ မည့် စက်တင် ဘာလတွင် အသက် ၃၀ ပြည့် မည်ဖြစ် သော သူသည် လတ်ဆတ် မွှေးမြဖွယ် အရည်အသွေးမီ သစ်သီး တစ်လုံး လိုပင်။ သူ ၏အသက်အား ၂၄ ဟုသာ ခန့်မှန်းကြောင်း ကျွန်မ ဖွင့် ပြောသည့် အချိန်၊ ကျွန်မ ခေါင်းကို တစ်ချက်ပုတ်လျက် “ကျော်ပြီ ကလေးရဲ့” ဟုဆိုကာ သူ တအံ့ တသြ ရယ်မော ပါသည်။
တိုတောင်း လှသော အချိန် ကာလ တစ်ခု အတွင်းမှာ ပင် သူနှင့် ကျွန်မ လျင်မြန်စွာ ရင်းနှီး ခဲ့ကြ၏။ သူ့ထံတွင် ဂစ်တာတီး သင်ရင်း၊ သူရေး ဖွဲ့သော ဂီတနှင့် ပတ်သက် ရာ ဆောင်းပါး များတွင် ကျွန်မ စိတ်ကူး တချို့အရောင် တောက်ပျော် ၀င်ခဲ့သည်။ သူ သဘောကျ နှစ်ခြိုက် လှသည့် James Blunt ၏ သီချင်း တချို့အား သူလိုပင် ကျွန်မ လည်း နှစ်သက် လာခဲ့၏။ ကျွန်မ စိတ်မပါ၍၊ သူ့ထံသို့ ဂစ်တာတီး သင်ရန် မရောက် ဖြစ် သောနေ့ များတွင် ကျွန်မ ဆီ ဖုန်းဆက်ရင်း မေးမြန်း သည့် သူ့ပူပန်မှု အတွက် “ပျင်းလို့”ဟူသော အကြောင်း ပြချက်နှင့် တုံ့ပြန်နေကျ ကျွန်မအား မည်သို့ ထင်မြင် ယူဆမည်လဲ မသိပါ။
နှစ်ယောက် အတူ စကားပြောသည့် အခါ ပန်း သွေးရောင် သူ့နှုတ်ခမ်းများ အား တိတ်တခိုး ငေးမော ရင်း၊ သူ၏နောက် ဆိုင်ကယ် ထက်တွင် ထိုင်ကာ ယစ်မူး ဖွယ် ကိုယ်ရနံ့အား အရသာခံ သရုပ် ခွဲရင်းဖြင့် ကျွန်မ၏ အိပ်မက် များတွင် စိတ်ကူး ယဉ်ဖွယ် ကောက်ကြောင်း တစ်ခု အရှိန်အဟုန် ပြင်းပြင်း နှင့် အသက်ဝင် လာခဲ့သည်။
သက်ရှိ လူသား နှစ်ယာက် အတွက် စည်းတစ်ခု အဖြစ် သတ်မှတ် ပိုင်းခြား ပေးမည့် ၀မ်းနည်းဖွယ် အခြေ အနေသည် သူနှင့်ကျွန်မ သောက်နေကျ ဖြစ်သော ကော်ဖီဆိုင် လေးထဲတွင် ဆိုင်း မဆင့် ဗုံမဆင့်ပင် ထင်မှတ် မထားသည့် အချိန် အခါ၌ ချိန် ကိုက်ဗုံး တစ်လုံးလို ထွက်ပေါ် လာခဲ့သည်။
“ကလေးကို ကိုယ် အမှန် အတိုင်းလည်း ဖွင့်ပြော ချင်တယ်၊ ပြောလည်း မပြော ရက်ပြန်ဘူး။ ကိုယ့်ကြောင့် ကလေးကို မနာကျင် စေချင် ဘူး။ တကယ်တော့ ကိုယ်က အိမ်ထောင်ကွဲ (Divorce) တစ်ယောက်ပါ”
သူ့ရှေ့မှောက်တွင် ရုပ် ပျက်ဆင်းပျက် မဖြစ်အောင် အတတ် နိုင်ဆုံး ဟန်ဆောင် အားတင်း ထားရ သော်လည်း ဖြစ်နိုင်လျှင်တော့ လက်ရှိ အခြေအနေမှ ကျွန်မ အငွေ့ပြန် ပျောက်ကွယ် သွားလို လှသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော် ကာလများ ဆီမှ သူသည် ဂီတ လောကတွင် နာမည် တစ်လုံးနှင့် ထင်ရှား ကျော်ကြားသော တေးရေး ဆရာ၊ ဂစ်တာ အတီးသမား တစ်ယောက် ဖြစ်ခဲ့၏။ မိဘ များ စီစဉ် ပေးမှုဖြင့် သူ့ကို နှစ်သက် သော်လည်း သူ သဘောကျခြင်း မရှိသော အမျိုးသမီး တစ်ယောက်နှင့် လက်ထပ် ခဲ့သည်။ အချစ် မပါသော အိမ်ထောင်ရေး သည် အချိန် ကာလ တစ်ခုမှာ ပင် နားလည်မှု လွဲရင်း လမ်းခွဲခဲ့ ကြသည် မှာလည်း မဆန်း။
ထိုအဖြစ် အပျက်၏ နောက်ပိုင်း ကာလများသည် ကျွန်မအတွက် ချောက်ချား ဖွယ် အိပ်မက် ဆိုးပင်။ မနက် ခင်းတိုင်းတွင် သူ့ဂစ်တာ သင်တန်းကျောင်းသို့ မသွားဖြစ် အောင် ထိန်းချုပ်ရင်း၊ သူ့ဖုန်း နံပါတ်ကို မဆက် ဖြစ်အောင် ကြိုးစားရင်း၊ သီချင်း တစ်ပုဒ် ကို ခက်ခဲ သည့်တိုင် အပြင်း အထန် လေ့ကျင့် ရင်းဖြင့် ကျွန်မ၏ ကမ္ဘာအား တည့် မတ်စွာ လည်ပတ် နေခဲ့သည် မှာ ပြက္ခဒိန်မှ စာရွက် များပင် တဖြုတ်ဖြုတ် ကြွေဆင်း ကုန် ခဲ့ပြီ။
သူ၏ မွေးနေ့ ဖြစ်သော စက်တင်ဘာလ ၃ ရက်နေ့ မနက်ခင်းတွင် သူ့ထံမှ ငှား ရမ်းထားသည့် သီချင်း စီဒီ တချို့၊ မွေးနေ့ လက်ဆောင် တစ်ပွေ့ တစ်ပိုက်နှင့် သူနေ ထိုင်ရာ တစ်ထပ် တိုက်ပုလေး ဆီသို့ ကျွန်မ ရောက်ရှိ သွားပါသည်။ မွေးနေ့ လက်ဆောင် အဖြစ် သူနှစ်သက် လှသော ရေမွှေး နှင်းဆီ တစ်စည်း၊ Giordano တံဆိပ် သခွား ရောင် ရှပ်အင်္ကျီ လက်ရှည်နှင့် အမျိုးသား ၀တ် လက်ပတ်နာရီ တစ်လုံးအား ကျွန်မ ပေးအပ် သည့် အခါ သူယဉ်ကျေးစွာ ပင် ငြင်းပယ်၏။
“ဦးမိုးက ကျွန်မကို စိတ်မကောင်း ဖြစ်စေချင် သလား။ ကျွန်မကို ဂစ်တာ တီးတဲ့ ပညာရယ်၊ အဆိုနဲ့ ပတ်သက်တဲ့ ဗဟု သုတတွေ သင်ပေး ခဲ့တဲ့ ဦးမိုးက ကျွန်မ ရဲ့ ဆရာလည်း ဖြစ်တယ်။ သူငယ်ချင်း တစ်ယောက် ဆိုလည်း ဟုတ်ပါတယ်။ ကျွန်မကို ၀မ်းမနည်း စေချင်ဘူး မလား။ ဦးမိုး ကျေးဇူးပြုပြီး လက်ခံ လိုက်ပါ”
အဖျားခတ် တုန်ယင် သွားသော ကျွန်မ စကားသံ အဆုံးတွင် “ကောင်းပါပြီ” ဟု သူ စိတ်မသက် မသာ ရေရွတ် ပါသည်။ သူထိုင် နေသည့် ကုလားထိုင်၏ ဘေးနံရံ ထက် ၌ ချိတ်ဆွဲ ထားသည့် ကျွန်မ တီးနေကျ ဂစ်တာလေး အား ဖြုတ်ယူ လိုက်ပါသည်။
“ဦးမိုးနဲ့ မတွေ့တဲ့ ကာလ တစ်လျှောက်လုံး မွေးနေ့မှာ အမှတ်တရ အဖြစ် တီးပြနိုင်ဖို့ သီချင်း တစ်ပုဒ် ကို အသည်း အသန် လေ့ကျင့် နေခဲ့ ပါတယ်။ သီချင်း နာမည်က Wanted ရဲ့ အခု လောလောဆယ် တဲ့ ဂစ်တာ ကြိုးများကို ခပ်သာသာ တီးခတ်ရင်း သီချင်းလေးကို ဆွေးမြည့် ကြေကွဲစွာ ကျွန်မ စတင် သီဆို လိုက်ပါသည်။ သူ့မျက်ဝန်းများဆီ ငေး ကြည့်ရင်း၊ ဂစ်တာကို အသံ မှန်အောင် ထိန်းခတ်ရင်း နှင့်ပင် သူ့မျက်ဝန်းမှ စိုလက် လှသည့် မျက်ရည်စ တချို့ ကို မြင်ရချိန်၌ တိုးတိတ်စွာ ရှိုက်ငင်လျက် သူ့ရင်ခွင်တွင်း သို့ ကျွန်မ တိုးဝင်လိုက် မိ၏။
“ကလေးရယ် ကိုယ် ကလေးကို” “ဟင့်အင်း” “ကိုယ့်ပါးစပ်က တစ်ခုခု ပြောခွင့် မရအောင် အမြဲတမ်း ထိန်းသိမ်း နေထိုင် တတ်ခဲ့တဲ့၊ ထိန်းချုပ် မှုအား ကောင်းလှတဲ့ ကလေးဆို တာက ခံစားမှု မရှိတဲ့ စက် တစ်ခု၊ ဒါမှမဟုတ် စက်ရုပ် တစ်ရုပ် ဖြစ်ခဲ့ ဖို့ကောင်း တာပါ။ အခုတော့ ကိုယ်တို့ နှစ်ယောက်လုံး နာကျင်ရ တော့မယ်”
ကျွန်မခေါင်းကို ခပ်ဖွဖွ သပ်လျက်ရှိသော သူ့လက် များသည် လမ်းမဆီမှ ထီ သည်၏ သီချင်းသံ ကြောင့်ပင် ရုပ်သိမ်းလျက် နောက် သို့ ခြေတစ်လှမ်း ဆုတ်ကာ ကျွန်မအား အသာ အယာ တွန်းဖယ် ပါသည်။ ကျွန်မ နှစ်သက် လှသော သူ၏ ပန်း ရောင် နှုတ်ခမ်း တစ်စုံအား နောက်ဆုံးအကြိမ်အဖြစ် ထို နေ့က ရင်းနှီး ခွင့်ရခဲ့ခြင်း ဖြစ်၏။
နောက်ဆုံးတွင် သူနှင့် ကျွန်မ အကြား၌ အမှတ်တရ များစွာ ကျန်နေရစ် ခဲ့ပါ သည်။ သူနှစ်သက် လှသည် ဆိုသော James Blunt ၏ သီချင်း တချို့ ကျန်နေရစ် သည်။ ကျွန်မတို့ နှစ်ယောက် တွေ့ဆုံမှု၏ မြစ်ဖျားခံရာ Right Here Waiting ဟူသော သီချင်း တစ်ပုဒ် ကျန်နေရစ်ခဲ့ သည်။
မန္တလေး တက္ကသိုလ် အနီး ၇၃ လမ်းပေါ်ရှိ “ရွှေ လက်ရာ” မုန့်ဟင်းခါး ဆိုင် တွင် နှစ်ယောက် အတူ စားခဲ့ ဖူးသော မုန့်ဟင်းခါး အစုံတစ်ပွဲ ကျန်နေ ခဲ့သည်။ ကျွန်မ၏ အခန်းထောင့် စားပွဲပေါ်တွင် ကြိုးမညှိ သည်မှာ ကြာပြီ ဖြစ် ၍ အသံကြောင် ဘက်သို့ ယိုင်နေသော သူ၏ အမှတ် တရ လက်ဆောင် ဂစ်တာတစ် လက် ရှိနေပါသည်။ သူ့ကို သတိရ တိုင်း Richard Marx ၏ Right Here Waiting သီချင်းကို ကျွန်မ ဆိုညည်းမိ သောအခါ သူ၏ ထိုဂစ်တာ လေးသည် ကျွန်မအတွက် ၀မ်းနည်း စိတ်ဖြင့် အိပ်မက် တစ်ပုဒ်ကို အသက်ဝင် နေစေ ခဲ့ပါသည်။
ရွှေကိုယ်နတ်၊UCSM၊ (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|