ဒကာငြိမ်း ဘယာ တိမ်း၍ ရတနာကိန်း ဇောတိက မနော ပြည့်သမျှ သိမ်းနိုင် ပါစေဟု ပတ္ထနာ ပြုပါတယ်။
argaiv1793
ရွှေကို စွဲနစ်စိတ်နှင့် အစဉ်ဖတ် နေသည့် ဦးဇင်းပါ။ ပြောရရင် ကျုပ်က ရွှေဘို နယ်မှ ကိုရင် ဘ၀နဲ့ ရန်ကုန်ကို စာသင်ရောက်တော့ ၁၉၇၉ ခုနှစ်ပေါ့။ ဘာသာရေး စာသင်အား တဲ့ရက်ဆို အဲ့သည် အခါက မြ၀တီ၊ ရှုမ၀၊ သပြေ၊ ပေဖူးလွှာ မဂ္ဂဇင်း တစ်အုပ် ကျတော့ ပြင်ပ လောကရဲ့ ဗဟုသုတ ကို ရှာစမြဲပါ။
အကြိုက်ဆုံး ပေဖူးလွှာ ပဲဗျာ့။ (၁)အကြောင်း အရာ စုံ တယ်၊ (၂) ၀တ္ထုတွေက တုလွတ် ကင်းရသ ရှိတယ်၊ (၃) လူငယ် ကဏ္ဍဖွင့်ထားတယ်၊ (၄) မြန်မာ့ စာပေ အပေါ် အမြင် ကြည်တယ်။ သည်အချက် တွေကြောင့် ဆိုပါတော့။ အင်း နောက်တော့ ကောင်းပြီ ဆိုရင် ခံရပြီ သာမှတ်လို့ ညည်းရမ လား မသိဘူး။ ဝေးခဲ့ ရရှာပါတယ်။ ကျုပ်က ၀တ္ထုတို Crazy ပါ။ စင်တင်ခံ မှန်သမျှ မြန်မာရော ကမ္ဘာပါ ရှာရသမျှ ဖတ်ခဲ့ တယ်ဗျာ။ ၁၉၈၈ နောက်ပိုင်းမှာ မဂ္ဂဇင်းတွေ မကိုင်ရဲတော့ ဘူးဗျို့။ ၀ါကျ အမှား၊ မပီပြင်တဲ့ သရုပ်၊ မရေရာတဲ့ Message, Deep Seated Emotion မရတော့ဘဲ ဖတ်မိရင် ဒေါသရသ၊ အက္ကောသ ရသ စတဲ့ ရသ၀တ္ထု တွေမို့ ဖြတ်လိုက် ရပါတော့ တယ်။
မဂ္ဂဇင်း တစ်အုပ်ရဲ့ ဂုဏ်ကို ရှေ့စာမျက်နှာ ဦးစားပေးတတ် ကြတဲ့ ရှင်သန် တည်မြဲခြင်း အပေါ် ကျုပ် မဝေဖန် ချင်ပါဘူး။ ထားပါ တော့လေ။ ဒကာငြိမ်း ဦးစီးတဲ့ ရွှေကို ၂၀၀၃ ခုကစပြီး စွဲစွဲမြဲမြဲ ဖတ်ဖြစ် ခဲ့ပါတယ်။ ပေဖူးလွှာ တုန်းကတည်းက ဒကာ ငြိမ်းရဲ့ လက်ဆ အတွင်းအားကို သိထားတော့ ကိုင်ရဲ တယ်ဆို ပါစို့။ ရွှေဟာ တစ်နှစ်ထက် တစ်နှစ် အနှစ် ပြည့်ပြည့်နေတာက ပင် ကျုပ် သဘောကျ မိတာပါ။
မိုးကုတ်က ကျုပ်သိကျွမ်းတဲ့ ဘုတ်ဆုံမ(ငွေဇင်ယော် ဦး၊ မိုးကုတ်)တို့လို လူငယ် ဉာဏ်သစ် စာပန်းချီရှင် တွေရဲ့ လက်ရာ တွေကလည်း Globel တန်းဝင်တွေ ချည်းမို့ အတော့်ကို မုဒိတာ ပွားရပါ တော့တယ်။ ပြီးတော့ ဒကာငြိမ်းရဲ့ စာပေ ဆုချီး မြှင့်မှုကလည်း မြန်မာ့ စာပေ သမိုင်း အပေါ် တာဝန်ကျေတာ ထက် ပိုပြီး သတ္တိ ရှိရှိ လုပ်ရဲ တာ၊ ဖြောင့်မတ် မှန်မှန် သစ္စာထား ရဲတာ၊ ယုံကြည်ရာကို ရိုးဂုဏ်နှင့် သိက္ခာ ရှိရဲတာတွေ ကျုပ် သိပ်လေးစား မိပါပြီ။ IT ခေတ်မှာ Paper ဟာ နေရာသိပ်ကျဉ်း သွားပြီ မဟုတ်ပါလား။ သည်အချိန်မှာ စာပေရဲ့ နေရာ စား ကျက်ရွှေ့မှုကို ဒကာငြိမ်း တို့လို့ ပုဂ္ဂိုလ်တွေ သိပ်ပင်ပန်းမည် ဆိုတာ နားလည် ပါရဲ့။
ရွှေရဲ့ ကဏ္ဍတွေ အကုန် ၂၄ ကာရက် ကြီးမို့ ပြောစရာ မရှိပါ။ တစ်ခုပေါ့။ မြန်မာရွှေ တင်မကဘဲ ကမ္ဘာ့ ရွှေတွေထဲ က ဘာသာပြန် ၀တ္ထုတို တစ်ပုဒ် လောက်များ ဗဟုသုတ ပွားရန် အတွက် နှစ်လမှာ တစ်ပုဒ်ခန့် ဖြစ်ဖြစ် ထည့်ရင် မကောင်း ဘူးလား။ ဒကာငြိမ်းအတွက် ခေါင်းမစား ခဲ့ရင် ပေါ့ဗျာ။
နောက်တစ်ခု ကဖြင့် မသီတာ(စမ်းချောင်း)နှင့် ဒကာငြိမ်း တို့နှစ်ဦး ထံသို့ ဦးနှောက်နှင့် စာမဖတ်၊ စာမရေး ကြဘဲ မျက် စိထဲ မြင်တာ အားကျသူ ရွှေအသစ် စာမူတွေကို စိစစ်ဖတ် ပေးနေတာ အပေါ် စိတ်ရှည်၊ သည်းခံ၊ ချိန်ကုန်ခံ မှုအတွက် သိပ်ကို ဂုဏ်ယူ မိပါရဲ့။ မလွယ် ဘူးဗျို့၊ ကျုပ်သာဆိုရင်... ငြိမ်းတိုင်း ရွှေပေါ၍ ရွှေတိုင်းလည်း ငြိမ်းချမ်း တည်ပါစေ။
(ကျုပ်လည်း ဘာသာရေးနဲ့ တခြားဘက်မှာ စာရေးပါ ရဲ့၊ ၀တ္ထုတို ဘက်တော့ အားမလိုက်ပါဘူး။ ဖတ်ဖို့သာ အား သန်ပါတယ်) နေ၀ိဇ္ဇာ၊ ပုလောမြို့ ဦးဝိဇ္ဇာလင်္ကာရ အရှေ့ကျောင်း၊ ပုလောမြို့၊ တနင်္သာရီတိုင်း ကျေးဇူး တင်ပါတယ် ဘုန်းဘုန်း။ မြန်မာ စာပေတိုးတက် ရေး တစ်ထောင့် တစ်နေရာက ဆောင်ရွက်တဲ့ အနေနဲ့ ရွှေအမြု တေ စာပေဆုကို တည်ထောင် ခဲ့ပြီး ဆုရွေးချယ်ရေး အဖွဲ့ကို လည်း ဖွဲ့စည်း ရွေးချယ် ခဲ့ပါတယ်။ ဆုရဲ့သဘောတရား အတိုင်း သဘော ကိုက်ညီ သူတွေ ရှိသလို မကိုက်ညီ သူတွေ လည်း ရှိပါတယ်။ သဘောတူ သည်ဖြစ်စေ၊ မတူသည် ဖြစ် စေ တပည့်တော် ကတော့ နောက်ဆုံး ထွက်သက် အထိ လုပ် စရာ ရှိတာကို လုပ်သွား မှာပါ။
ဦးဝင်းငြိမ်း မင်္ဂလာပါ ဆရာ ခင်ဗျား ပြေတီဦး၊ ထွန်းအိန္ဒြာဗိုတို့ သရုပ်ဆောင် ထားတဲ့ ဗီဒီယို ခွေနဲ့ ပတ်သက်ပြီး ပြောချင်တာ ကလေးတွေ ရှိလို့ ရေးလိုက် တာပါ။ ချစ်ခြင်း၏ အခြား တစ်ဘက်၌ ဆိုတဲ့ ဇာတ်ကားပါ။ ဒီကားက ဟောလိဝုဒ်က ရိုက်ခဲ့ပြီး James Caan နဲ့ Kathy Bates တို့ပါဝင် သရုပ်ဆောင် ခဲ့တဲ့ Misery ဆိုတဲ့ ဇာတ်ကားကို မြန်မာမှု ပြုထား တာပါ။ မြန်မာ ဒါရိုက်တာ ကိုယ်တိုင် ဒီကား ကို ကြည့်ဖူးတယ် ဆိုတာ ဇာတ်ဝင်ခန်း ရိုက်ချက်တွေ ကြည့် ရုံနဲ့ သိသာ ပါတယ်။ စိတ္တဇ ဇာတ်ရုပ်ကို အပီ အပြင် သရုပ်ဆောင် နိုင်ခဲ့လို့ Kathy Bates လည်း အော်စကာ ရခဲ့တဲ့ ကားပါ။
မူရင်း ဇာတ်ကား ကတော့ ဆရာရယ်၊ ပြောစရာကို မလို တဲ့ကားပါ။ ဆိုးရွားတဲ့ ရာသီဥတု (နှင်းခဲချိန်)နောက်ခံမှာ ပြင်ပ ဆက်သွယ်မှုနဲ့ အချိန် အဆက် မရနိုင်ပုံ တွေနဲ့ ကယ်တင်ခဲ့ တဲ့ အမျိုးသမီးရဲ့ စိတ္တဇ ရုပ်ပုံလွှာ တွေကို ဇာတ်ရှိန် (Tempo) နဲ့အတူ စီးမျော သွားအောင် တင်ပြနိုင် ခဲ့တဲ့ ကားပါပဲ။ အဲဒီ ကားမှာ အဓိက ဇာတ်ဆောင် ကလည်း နှစ်ယောက် တည်းပါ။ ဘာနည်းပညာ ပြုလုပ်ချက်မှ မပါဘဲ ဒါရိုက်တာရဲ့ တင်ပြချက် နဲ့ မင်းသမီးရဲ့ အနုပညာ စွမ်းဆောင်မှု ကောင်းခဲ့လို့ ကမ္ဘာကျော် ခဲ့ရတာပါ။
ဒီက ရုပ်ရှင် လောကသား အတော် များများ ပြောဆိုနေ ကြ(ဆင်ခြေ)တဲ့ လွတ်လပ်မှုတို့၊ နည်းပညာ၊ အတတ်ပညာ တို့(လိုတာတော့လည်း လိုတာပေါ့ ခင်ဗျာ)ဆိုတဲ့ ပံ့ပိုးမှု မရှိသလောက် သက်သက်နဲ့ အနုပညာ ဆန်ဆန် လုပ်ပြနိုင် ခဲ့တဲ့ကား ပါ။ ပြေတီဦးက သာမန် ပါပဲ။ မိုးသည်းလို့ ကားကို ဂရုစိုက် ပြီး မောင်းနေပုံက အသက် မ၀င်ပါဘူး။ ရာသီဥတု ဆိုးရွားတာ လည်း ပီပီ ပြင်ပြင် မရှိပါဘူး။ ဇော်ဦးရဲ့ ဇာတ်ရုပ် ကလည်း ဇာတ်ကို မပံ့ပိုး နိုင်ပါဘူး။ ထုတ်ဝေသူ (Publisher) အမျိုးသမီး နေရာကလည်း ပြီးစလွယ်နိုင် လှပါတယ်။ မခိုင်ကြီး တော်လို့ သာ ဇာတ်ကားက ခံသာ တာပါလို့ ပြောချင်ပါတယ်။
ဇာတ်ကား တွေမှာ ဇာတ်ဝင် တေးတွေ မသုံးတာ အစ ဟို ဟာချွေတာ၊ ဒီဟာချွေ တာကြတဲ့ ချို့ယွင်းချက် ကြီးရယ်၊ အနု ပညာရှင်တွေ အနုပညာကို ပီပီပြင်ပြင် လုပ်ပြ ကြဖို့လည်း အများကြီး လိုအပ် နေပါ သေးတယ် ဆိုတာလည်း သတိပြုကြ ပါ ဦး။ ကိုယ့်အနုပညာ အားနည်း တာကိုကျတော့ ၀န်မခံကြ ဘဲ ဟိုဟာကို အပြစ်ပုံ၊ ဒီဟာကို အပြစ်ပုံပြီး ပြောကြ၊ တောင်း ဆိုကြ၊ လုပ်နေကြတာ လေးလည်း သတိပြု ကြပါဦး။ ပြီးတော့ သရုပ်ဆောင် လူကြီး ပိုင်းတွေ အ၀လွန် နေကြတာလည်း ကြည့် ရတာ အတော့်ကို ရုပ်ဆိုး လွန်းနေပါပြီ။ ကျန်းမာရေး မလိုက် စားကြတာ စိတ်မကောင်း စရာပါ။
ရွှေမှာသာ ရုပ်ရှင် ဝေဖန်ရေး ကဏ္ဍပါရင် ရေးခွင့်ရ ရချင် ပါဘိ ဆရာရယ်။ ကလောင်ကတော့ ဟိုတစ်ခါ လည်း ရေးခဲ့ ဖူးပါတယ်။ “စိန်ချဉ်ပေါင်ရည်”ပေါ့ ဆရာ။ ဆရာ၊ ရွှေဝိုင်းတော် သားများ၊ အနုပညာရှင်များ၊ ပရိသတ်များ ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ။ လမင်းမောင်မောင်(ပြင်ဦးလွင်) မြန်မာ ဗီဒီယို ဇာတ်ကား ရိုက်ကူးနေ ကြတဲ့သူများ ပြော ပြောနေကြတဲ့ ဆင်ဆာ ကန့်သတ်မှု ကြောင့် ဆိုတာကို အခု ဆင်ဆာ အဖွဲ့က ဖြေလျှော့ သင့်တာတွေ ဖြေလျှော့ ပေးလိုက် ပါပြီ။ နဖူးနမ်းတာ၊ ပါးနမ်းတာကို ခွင့်လည်းပြုလိုက်ရော နမ်းလိုက် ကြတာဗျာ။ ဇာတ်လမ်း ဇာတ်ကွက် ဆန်းသစ်ဖို့ ပရိသတ်ကို ဖမ်းစားနိုင်ဖို့ ကြိုးစား ရမှာထက် နမ်းခွင့် ရတာနဲ့ တင် ကျေနပ်ပြီး ရပ်နေ ကြဖို့တော့ မသင့်ဘူးပေါ့။
ဆရာ ဦးဝင်းငြိမ်းခင်ဗျာ ၂၃ နှစ်လုံးလုံး အားပေးနေတဲ့ ရွှေချစ်သူ ဖြစ်ပါတယ် ခင်ဗျာ။ မာမာအေး ပြန်လာမဲ့ သတင်းကို ရွှေမှာ ဖတ်ရလို့ အလွန် ၀မ်းသာ နေရပါတယ်။ မာမာအေးရဲ့ တစ်ကိုယ်တော် ပွဲကို ကျွန်တော်တို့ ကချင်ပြည်နယ် က ကိုယ်တိုင် လာရောက် အားပေးဖို့ အခက်အခဲ ရှိပါတယ်။ မာမာအေးရဲ့ သီချင်းတွေ စုထားတာ အပုဒ်ရေ တစ်ရာ ကျော် ရှိပါတယ်။ CD နဲ့ပါ။ ဦးဝင်းငြိမ်း ပြောတာက အပုဒ်ရေ တစ်ထောင် ကျော်မယ်လို့ သိ ရပါတယ်။ အဲဒီ အပုဒ်ရေ တွေက အရင်က တိတ်ခွေနဲ့ ထွက် ထားတာတွေ ဖြစ်ပါလိမ့်မယ်။ အဲဒီ အပုဒ်ရေ တစ်ထောင်ကျော် စုပြီး သိမ်းထား လိုပါတယ်။ CD နဲ့ ထုတ်ဝေ ပေးပါလို့ မာမာ အေးကို တောင်းဆို ချင်ပါတယ်။ အကုန်မဖြစ် နိုင်တောင် အတော် များများကို CD အဖြစ် ထုတ်ပေး စေလိုပါတယ်။ CD ဆိုတာ MP 3 CD ကို ဆိုလိုပါတယ်။ အထူး သဖြင့် နိုင်မြန်မာ တစ်ကိုယ်တော် ရေးတဲ့ ရွှေဘုံ နိဒါန်း ခွေကို ထုတ်ဖြစ်အောင် ထုတ်စေ လိုပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ရုပ်ရှင်အစည်း အရုံးမှာ မာမာအေး ဟောပြောတဲ့ အသံဖြင့် သရုပ်ဆောင် ခြင်း ကို ယခုတိုင် အမှတ်ရ နေဆဲဆိုတာ မာမာအေးကို ပြော ပေးပါခင်ဗျာ။ ဦးဝင်းငြိမ်းနှင့် ရွှေအဖွဲ့ သားများ ကျန်းမာ ကြပါစေ။ ဒီဇင်မိုး(မိုးညှင်း)
ဒေါ်မာမာအေး ပြန်ရောက် နေပါ ပြီဗျာ။ ဒီဇင်ဘာလ ၇ ရက်နေ့က ရောက်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်မှာ “ပြည်သူ ချစ်သော မာမာအေး၏ ရသနှလုံးသား ဖျော်ဖြေပွဲ”ကို ကျင်းပ ပါလိမ့် မယ်။ ဒေါ်မာမာအေး ကလည်း ဒီပွဲမှာတော့ နိုင်မြန်မာ သီချင်း ဆိုဖြစ်အောင် ဆိုမယ်လို့ ပြောထား ပါတယ်။ ဒေါ်မာမာအေးရဲ့ သီချင်းများ တိတ်ခွေမှာ ရှိတာ မှန်သမျှ တေးသံသွင်း ဆိုင်တွေမှာ MP 3 အဖြစ် ကူးယူလို့ ရနိုင်တာ ကြောင့် သီးခြား CD အဖြစ် ထုတ်ဖို့ မလိုတော့ ပါဘူး။ တစ် ထောင်ကျော် ဆိုတာ ကျွန်တော့် ဆီမှာ ရှိတာကို ပြောတာပါ။ ဒီထက် မက ရှိနိုင်ပါတယ်။

မင်္ဂလာပါ ဆရာ ဦးဝင်းငြိမ်း ခင်ဗျာ... ရွှေအမြုတေ မဂ္ဂဇင်းဟာ စာပေလောက အလယ်မှာ ၀င့် ၀င့်ထည်ထည်၊ အဆင့် မြင့်မြင့် ရပ်တည် နေတဲ့ မဂ္ဂဇင်းပါ။ လူအမျိုးမျိုး၊ အသိုင်းအ၀ိုင်း အလွှာစုံမှ အစဉ် တစိုက် ဖတ်ရှု နေကြတဲ့ မဂ္ဂဇင်းပါ။ ကဏ္ဍစုံ လည်း ပါဝင်သလို စာဖတ်ပရိ သတ် ကျောထောက် နောက်ခံ အများဆုံး ရရှိထားတဲ့ မဂ္ဂဇင်း ပါ။ မဂ္ဂဇင်း တစ်အုပ် တန်ဖိုး သုံးထောင်ကျပ်(၃၀၀၀ိ/-) ၀န်း ကျင် ရှိပေမဲ့ ရွှေရဲ့ အရည်အသွေး အရည်အချင်း တွေကြောင့် အားပေးဖတ်ရှုသူ ပရိသတ် အင်အား တောင့်တင်း နေဆဲပါ။
ကျွန်တော် ရွှေအမြုတေကို ၂၀၀၂ ခုနှစ်မှာ စတင်ထိ တွေ့ခဲ့တယ်။ ရွှေချစ်သူ ပရိသတ် တစ်ယောက်လို့ မိမိကိုယ် ကို ခံယူဖြစ်ခဲ့တာ ၂၀၁၀ ခုနှစ်ရောက်မှ ဖြစ်ပါတယ်။ ပြောရ ရင် ရှင်းရှင်းလေးပါ။ ၂၀၁၀ ခုနှစ်မှစလို့ ရွှေကို နှစ်နှစ်ခြိုက် ခြိုက် ဖတ်ရှု အားပေးခဲ့ သူတစ်ယောက်လို့ ဆိုရမှာပေါ့။ ဖတ်ရှု အားပေးတယ် ဆိုရာမှာ ရွှေကလည်း ပရိသတ်အပေါ် အတော့် ကို ဆွဲဆောင်မှု ရှိတာကိုတော့ ၀န်ခံ ပါရစေ။ ရွှေချစ်သူ တစ်ယောက် အနေနဲ့ အစောပိုင်း ကာလတွေ ကတည်းက မိတ်ဆက် စာ ရေးမလို့ပါ။ ရွှေချစ်သူမှ ရွှေချစ်သူသို့ ဆိုတဲ့ ကဏ္ဍ ကနေ အများသူငါ ရေးသား နေကြတာတွေ တွေ့နေရတော့ ကိုယ် လည်း ရေးချင် မိပါတယ်။ ရေးရမဲ့ အကြောင်းအရာ ထွေ ထွေထူးထူး မရှိသလို ရွှေရဲ့ အဖိုးတန် စာမျက်နှာတွေ ကိုယ့် ကြောင့် အလဟဿ ဖြစ်သွားမှာကို နှမြော မိတာကြောင့်လည်း ပါပါတယ်။
ဒါပေမဲ့ ဦးလှမြင့်ရဲ့ပေးစာပါ မြန်မာ စာသတ်ပုံ ကိစ္စနဲ့ ပတ်သက်တဲ့ (ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း၊ အမှတ် ၂၇၆၊ နို ၀င်ဘာ ၂၀၁၂၊ ရွှေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍပါ...) အကြောင်းအရာ တွေကြောင့်သာ စိတ်ဝင်စားပြီး ရေးဖြစ်ခဲ့ တာပါ။ ၂၀၁၁ ခုနှစ် ၅ လပိုင်းမှာ ကျွန်တော် ရွှေအမြုတေ မဂ္ဂဇင်း ရွှေအသစ် ကဏ္ဍသို့ ပထမဆုံး အနေနဲ့ ၀တ္ထုတို တစ်ပုဒ် ပို့ခဲ့ဖူး ပါတယ်။ (လက်ရှိ အချိန်မှာ ဆရာမ မသီတာ(စမ်း ချောင်း)ထံမှ ကောက်နုတ် ချက်ပေးစာ ဖတ်ပြီး သွားပါပြီ။ ကျွန်တော့်ရဲ့ အားနည်းချက်၊ အားသာချက် တွေအပေါ် ထိထိမိမိ ဝေဖန် အကြံပြု ပေးတဲ့ ဆရာမ မသီတာ(စမ်းချောင်း)ကိုလည်း အရမ်းကို ကျေးဇူး တင်ပါတယ် ဆရာမ ခင်ဗျား) နောက်လ ထုတ် မဂ္ဂဇင်းမှာ ရွှေအသစ် ကဏ္ဍသို့ စာမူပေးပို့ သူများစာရင်း တွေ ပါလာတော့ ကျွန်တော့်ကလောင် နာမည်ကို ဖတ်ခဲ့ ရပါ တယ်။ သတ်ပုံ မှားနေလို့ အဓိပ္ပာယ်ပါ လွဲနေတာ တွေ့ခဲ့ရပါ တယ်။ ပထမ ဆရာ ဦးဝင်းငြိမ်းတို့ထံ ဖုန်း (သို့မဟုတ်) ပေးစာ အနေနဲ့ ပဲဖြစ်ဖြစ် ကလောင် နာမည် အမှား ကိစ္စ အတွက် ပြောဦး မလို့ပါ။ နောက်ပိုင်း အရေးကြီးတဲ့ အရာ မဟုတ်လို့ မိမိဘာသာ နားလည် ပေးခဲ့ပါတယ်။ “စာစီအမှား ဖြစ်မှာပါ” လို့။ ဦးလှမြင့်ရဲ့ ပေးစာ ကတော့ တကယ့်ကို စိတ်ဝင်စား ဖို့ကောင်းတယ်။ စိတ်ဝင်စားလေ အထပ်ထပ် အခါခါ ပြန် ဖတ်မိလေ ဖြစ်သွားတယ်။ ဆရာ ပြောသလို “လူနဲ့အလုပ် မှန်သမျှမှာ အမှားကင်း ဖို့ဆိုတာ ခဲယဉ်းတယ်” ဆိုတာ လက် ခံပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ပို့ခဲ့တဲ့ စာမူမှာ လည်း သေသေချာချာ စိစစ်နေတဲ့ ကြားက သတ်ပုံ အမှားတွေ ပါသွား လို့ပါပဲ။ ဆရာ ပြောသလို ကျွန်တော် နားလည်ပေး ပါတယ်ဆရာ။ ကျွန်တော်လည်း ကြုံခဲ့ ဖူးတာကိုး။ အထက် မှာ ဖော်ပြခဲ့ သလိုပေါ့။ ကျွန်တော် ဆရာ့အပေါ် နားလည် ပေးသလို ဆရာ့ အနေနဲ့ လည်း ကျွန်တော့်အပေါ် နားလည်ပေး စေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာပြောသလို “မှန်ဘီ လူးတစ်လက်နဲ့ အမှားရှာ နေတာမျိုး” မဟုတ် သလို ကိုယ့်လူ မျိုးရဲ့ အဓိက စာပေဖြစ်တဲ့ မြန်မာ စာပေ၊ မြန်မာ စကားကို အမှန် တကယ် တိုးတက် စေချင်တဲ့ ဆန္ဒမျိုး ထားပြီး စိတ်သန့်သန့်၊ စေတနာ သန့်သန့်နဲ့ ထောက်ပြ လိုက်ခြင်းသာ ဖြစ်ပါတယ်။ ခုနင်က ပြောသလိုပေါ့ ဆရာရယ်။ စိတ်ဝင်စားလို့ အထပ် ထပ်အခါခါ ဖတ်မိသွားတော့ စာလုံးပေါင်း အမှားကို သွား တွေ့ရတယ်။ တကယ့်ကို စိတ်ဝင်စား ဖို့ကောင်းတဲ့ အကြောင်း အရာတွေကို ရေးသားထားတဲ့ နေရာကျမှ စာလုံးပို၊ သတ်ပုံ အမှားတွေ သွားတွေ့ လိုက်ရလို့ စာပေ အရသာ မပျက်ရလေ အောင် ထောက်ပြတာပါ ဆရာ။ ပထမတော့ စဉ်းစားပါသေး တယ်။ စာထဲ ထည့်ရေးသင့်၊ မသင့်ကိုပေါ့။ နောက်မှ သေချာ ပြန်စဉ်းစားရင်း မြန်မာစာကို အမှန်တကယ် တိုးတက်စေ ချင်သူ ရွှေချစ်သူ ပရိသတ် တစ်ယောက် ပီပီ စာစီ အမှား ကိစ္စ ကို အပြု သဘောဆောင် တင်ပြခဲ့ မိတာပါ။ ဒါပေမဲ့ ရွှေအမြု တေရုပ်စုံ မဂ္ဂဇင်း (အမှတ် ၂၇၇၊ ဒီဇင်ဘာ ၂၀၁၂)မှာ ဆရာ ပေးတဲ့ မှတ်ချက်ကို ဖတ်လိုက်ရတော့ အတော့်ကို စိတ်မကောင်း ဖြစ်မိတယ်။ ကြုံတုန်း ပြောပါ ရစေဦး ဆရာ။ ကျွန်တော့် အနေနဲ့ မြန်မာစာကို တိုးတက် စေချင် လွန်းလို့ ဘယ်အတိုင်း အတာ အထိ တွေးမိတယ် ဆိုတာကိုပါ။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ ရဲ့ အဓိက စာပေ ဖြစ်တဲ့ မြန်မာ စာဟာ သူငယ်တန်း မြန်မာ သင်ပုန်းကြီး ဖတ်စာမှာ ပါတဲ့ “က”မှ “အ”အထိ အက္ခရာစဉ် ၃၃ လုံးက စတယ်လို့ ပြောရမှာပါ ဆရာ။ မြန်မာ စာပေ၊ မြန်မာ စကား အခြေခံ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ကျွန်တော် ပြောချင်တာက အဲဒီ “က”မှ “အ”အထိ အက္ခရာ စဉ် ၃၃ လုံးကို ရုတ်တရက် ချရေး ခိုင်းရင် ပြည့်ပြည့် စုံစုံ ရေးနိုင်မဲ့သူ ရှားမယ် ထင်ပါတယ်။ အဓိက အခက်တွေ့မဲ့ အက္ခရာ တွေကတော့ “ဋ၊ ဌ၊ ဍ၊ ဎ”တို့လို အက္ခရာတွေ ထင်ပါတယ်။ လူအတော် များများ အဲဒီ အက္ခရာ တွေကို မမှား အောင် ရွတ်ဆိုနိုင် ပေမဲ့ လက်က နေပြီး ချရေးတတ်ဖို့ဆိုတာ ကတော့ အနည်းနဲ့ အများ ဆိုသလို အခက် အခဲ ရှိနိုင်ကြမယ် ထင်ပါတယ်။ မြန်မာစာပေ လောက တိုးတက်ဖို့ အကြောင်း အရာ တွေထဲမှာ ကျွန်တော် ယခု တင်ပြလိုက်တဲ့ အချက်တစ် ချက်ကလည်း လူတိုင်း နီးပါးအတွက် အားနည်းချက် တစ်ချက် လို့ ဆိုနိုင်မယ် ထင်ပါတယ် ဆရာ။ ကျွန်တော့် အတွေးသက် သက်ကို အပြု သဘောဆောင် တင်ပြလိုက်တာပါ ဆရာ။ လော ကကြီးရဲ့ နိယာမ သဘော အရ အကောင်း ရှိရင် အဆိုး ရှိတာက တော့ ဓမ္မတာပါ။ နိဂုံးချုပ် အနေနဲ့ ကျွန်တော့် ပေးစာမှာ အမှား ပါခဲ့ပါကလည်း ခွင့်လွှတ် ပေးဖို့ တစ်ဆက်တည်း ပြောကြား လိုပါတယ် ဆရာ။ ဆရာ ဦးဝင်းငြိမ်းနှင့် ရွှေဝိုင်းတော်သား များအားလုံး စာပေ အလုပ်များကို ဆတက် ထမ်းပိုး လုပ်ဆောင် နိုင်ကြပါစေ လို့ ဆန္ဒပြုရင်း... လေးစားစွာဖြင့် ကျော်ဇောဟိန်း(ရွှေပြည်သာ)
မြန်မာပြည်မှာ ထုတ်ဝေခွင့် ရထားတဲ့ မဂ္ဂဇင်း အမျိုးအစား ပေါင်း ၂၀၀ လောက်ရှိပါလိမ့်မယ်။ ဘာကြောင့် မှန်းမသိ ရွှေအမြုတေက သတ်ပုံ အမှားကိုသာ ထောက်ပြချင် ကြပါ တယ်။ ကျွန်တော့် မဂ္ဂဇင်းမှာ စာပြင် ဆရာဆိုတာ သီးခြားခန့် ထားပါတယ်။ အယ်ဒီတာက တစ်အုပ်လုံးကို တာဝန်ခံ ရတယ် ဆိုပေမဲ့ သတ်ပုံ တစ်လုံးစ နှစ်လုံးစ မှားတာမျိုး၊ စာလုံး တစ်လုံးတလေ ပိုသွားတာမျိုး(အဓိပ္ပာယ် ပျက်လောက်အောင် ပိုတာတော့ မရှိပါ)ရှိနေ မှပါပဲ။ မြန်မာစာပေ တိုးတက်ရေးကို ကိုယ့်နှလုံးသားမှာ အစစ်အမှန် ကိန်းအောင်း နေတဲ့ အတွက် ရေးတာ ပါဆိုရင် Welcome ပါ။
ပထမဦးစွာ လေးလေးဦးဝင်းငြိမ်း၊ ရွှေအဖွဲ့သားများ နှင့်တကွ ရွှေချစ်သူ များကို မင်္ဂလာ ပါလို့ နှုတ်ခွန်း ဆက်သ ပါတယ်။ ရွှေမှာ မပါဝင်ဖူး ပေမဲ့ ရွှေ၏ စာပေ အနှစ်သာရ များကို (မိတ်ဆွေ အပေါင်း များနှင့် မိသားစု လိုက်) လစဉ် ဖက်ရင်း အားပေး လျက်ပါ။ ရွှေရဲ့ မျက်နှာဖုံးရှင် ဘယ်သူဖြစ် မလဲဆိုတဲ့ အတွေး၊ ဘယ် ကလောင်ရှင် တွေရဲ့ လက်ယာတွေ ပါလာမလဲ ဆိုတဲ့ ခံစားမှု များနဲ့ လကုန် ရက်တိုင်း ရင်ခုန်ရပါ တယ် ဆရာ။ ကျွန်မအိမ်က စက်မှုမှာ ဆိုတော့ မြို့ထဲနဲ့ အလှမ်း ဝေးပေမဲ့ တကူးတက သွားပြီး ရွှေကို ၀ယ်ဖြစ်ပါတယ်။ ခေတ် အလိုက် ၀တ်စား ဆင်ယဉ်မှုတွေ ပြောင်းလဲလာ ပေမဲ့ ရွှေရဲက မျက်နှာဖုံးမှာ ခန္ဓာကိုယ် အလှကို အသားပေးပြီး အတို အဟိုက် များနဲ့ ဗိုက်ဖော် ထားတဲ့ ပုံများကို ဖော်ပြ ပေးခြင်း မရှိတာကို ကျေးဇူးတင် ပါတယ် ဆရာ။ ချစ်စရာ ကောင်းတဲ့ ရွှေရဲ့ မျက်နှာ ဖုံးရှင်များကို မြင်ရတာ အတော်လေး စိတ်ချမ်းသာ ရပါတယ်။ ဒီဇင်ဘာလ ထုတ်မှာ ဂျူးရဲ့ ၀တ္ထုကို ဖော်ပြပေးတဲ့ အတွက် လည်း ကျေးဇူးပါ ဆရာ။ တဆက်တည်း မေးချင်တာက ဆရာမ ဂျူးရဲ့ နောက်ဆုံး ထွက်ထားတဲ့ စာအုပ်ဟာ အစိမ်း ရောင် အမွေနှစ် ဆိုတာ ဟုတ်ပါသလား ဆရာ။ မန္တလေးမြို့ မှာရှိတဲ့ စာအုပ်တိုက်တွေမှာ မေးကြည့်တော့ မှာထားတုန်းလို့ ပြောပါတယ်။ စာအုပ်ဆိုင်ကို တစ်လ တစ်ခေါက် ရွှေကိုဝယ် ရင်း ပုံမှန် ရောက်ပေမဲ့ ဆရာမရဲ့ စာအုပ် ဘယ်အချိန်ထွက် လိုက်တယ်ဆိုတာကို မသိလိုက် ရပါဘူး။ နောက်တစ်ခါ စာအုပ် ထုတ်တဲ့အခါ စောင်ရေများ များရိုက်ဖို့ ပြောပေးပါဆရာ။ အဆင်ပြေမယ် ဆိုရင် ဆရာမ ဂျူးနဲ့ တွေ့ဆုံပြီး ဖော်ပြ ပေးစေ ချင်ပါတယ် ဆရာ။ ရွှေမှာ ဖော်ပြပေး နေတဲ့ ဆရာများ အားလုံး နှင့်တကွ ရွှေ၏ စဉ်တင် ကလောင်ရှင်များ၏ လက်ယာတွေ ကတော့ ဒေါင်ဒေါင် မြည်ပါပဲလို့ မပြောတော့ ပါဘူး။ ပင်ကိုယ် အရည် အချင်း ရှိပြီးသား အရာတစ်ခုကို တော်ပါပေတယ်လို့ ဝေဖန်မိရင် ချီးမွမ်းသူရဲ့ လိုအပ်ချက် ဖြစ်သွားမှာ စိုးတယ် ဆရာ။ ဒီထက်မကတဲ့ ဖန်တီး မှုများနှင့် ရေးသား တင်ပြနိုင်ပါ စေလို့ မျှော်လင့်လျက်ပါ။ ပြီးပြည့်စုံသော ရွှေ၏ တင်ဆက်မှု များကို ကျေနပ် အားရခြင်းများနှင့် တိတ်တဆိတ် လစဉ်အား ပေးဖတ်ရှု နေကြသူတွေ များစွာရှိနေ တယ်ဆိုတာကို ကျွန်မ ယုံကြည်သလို ဆရာလည်း ယုံကြည်ပေးပါ ဆရာ။
နောက်ဆုံး ပြောချင် တာက ရွှေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍကို ရေးသား ပေးပို့ကြတဲ့ စာချစ်သူ များကို မေတ္တာ ရပ်ခံ ချင်တာပါ။ တချို့ ရေးသား ပေးပို့ကြသူ တွေရဲ့ အရေးအသား တွေကို ဘ၀င် မကျ နိုင်လွန်းလို့ပါ။ ဥပမာ ကျွန်တော်၊ ကျွန်မက တော့ ရွှေရဲ့ ပရိသတ် မဟုတ်ပါဘူး ဆိုတဲ့ အရေး အသားမျိုး ပါ။ ရွှေချစ်သူများ အတွက်ကတော့ အထုအထောင်း ခံရတာ ထက် ဆိုးလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက စာပေ ဆိုတာ ဝေဖန်မှုရှိမှ တိုးတက် နိုင်တာ ဆိုပေမဲ့ အပြု သဘော ဆောင်တဲ့ ဝေဖန်မှု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ တစ်စုံ တစ်ဦး အတွက် အကျိုးမရှိ နိုင်သလို စိတ်အနှောင့် အယှက်ဖြစ်စေ သော ပေးစာများကို ဆင်ခြင် သုံးသပ်ပြီးမှ ပေးပို့ကြဖို့ မေတ္တာ ရပ်ခံ ပါတယ်ရှင်။ ဆရာဦးဝင်းငြိမ်းကို ကျန်းမာရေး ကောင်းမွန် စွာနဲ့ နှစ်များစွာ တိုင်အောင် စာပေ တာဝန်များကို ဆက်လျက် ထမ်းဆောင် နေတာကို မြင်ချင် ပါတယ်ရှင်။
အားလုံးသော စာချစ်သူများ ကျန်းမာ ချမ်းသာ ဆန္ဒပြည့်ဝ နိုင်ပါစေ။ လင်းရိပ်ဖြူ ဟုတ်ကဲ့ ဆရာမ ဂျူးကို ပြောလိုက်ပါမယ်။ ၀င်းငြိမ်း
ဆရာ ဦးဝင်းငြိမ်းခင်ဗျား... အမှတ် ၂၇၅၊ အောက်တိုဘာလ ၂၀၁၂ ခုထုတ် ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်းမှ မြင့်မိုရ်ကျော်လင်း (မြန်မာ စာ၊ မိုးမိတ်) ဆိုသူ၏ မေးခွန်း ၃ ခုနှင့် ပတ်သက်၍ ကျွန်တော့် မှာ တာ ၀န်ရှိပါ သဖြင့် ဖြေဆို လိုက်ပါသည်။
၁။ ကောလင်း မင်းသားသည် သက္ကရာဇ် ၁၂၂၈ ခုနှစ် တွင် မွေးဖွား ခဲ့ပါသည်။ ထားဝယ်၌ ခရစ်နှစ် ၁၈၈၈ ခုနှစ် ဦးပိုင်းတွင် ရှမ်းငနီ(ထိုင်းလူမျိုး ငနီ)ဆိုသူ သူပုန်ထသည်။ ဆင်ဖြူမရှင် မိဖုရားကြီးကို ဗြိတိသျှ အစိုးရက သူပုန်ငနီနှင့် အဆက်အသွယ် ရှိခဲ့သည်ဟု စွပ်စွဲကာ သမီးတော် မိုင်းနောင်စု ဖုရားကြီးနှင့်အတူ အိန္ဒိယသို့ ပို့လိုက်သည်။ သနဇရစ် မိဖုရား မှ မွေးသောသားတော် ကောလင်း မင်းသားကို ဆင်ဖြူမရှင် မိဖုရား ကြီးနှင့် အတူ အိန္ဒိယသို့ ပို့လိုက်သည်မှာ ထားဝယ်နယ် မှ သူပုန် ကိစ္စနှင့် မည်သို့မျှ မပတ်သက်ပါ။ ပညာသင်ရန် သက်သက် ပို့လိုက်ခြင်း ဖြစ်သည်။ ဆင်ဖြူမရှင် မိဖုရားကြီးနှင့် အတူ ပါသွားခြင်းသာ ဖြစ်ပါသည်။ ၎င်းနှစ်တွင်ပင် အခြား သားတော် တစ်ပါးဖြစ်သော ပျဉ်းမနား မင်းသားကိုလည်း အိန္ဒိယသို့ ပညာ သင်ကြားရန် ပို့လိုက် ပါသည်။ ဆင်ဖြူမရှင် ကို ရတနာ ဂီရိသို့ ပို့ရာ၌ ကောလင်းမင်းသား မပါပါ။
၂။ကောလင်း မင်းသား မြန်မာပြည်သို့ ပြန်လာသည်မှာ ဆင်ဖြူမရှင် မိဖုရားကြီးနှင့် အတူ မဟုတ်ပါ။ သနဇရစ် မိဖုရားနှင့် သားတော် ကောလင်း မင်းသား တို့သည် ရန်ကုန်မြို့ တွင်ပင် ပြန်လည် နေထိုင် ခဲ့ကြပါသည်။
၃။ကောလင်း မင်းသားသည် ကံတော် မကုန်မီ အချိန်အထိ ရန်ကုန်မြို့တွင် နေထိုင် ပါသည်။ သက္ကရာဇ် ၁၂၈၅ ခုနှစ်တွင် ရန်ကုန်မြို့ လန်ကစ်စတာလမ်း(ယခု န၀ဒေးလမ်း)စံအိမ်တော် ၌ပင် ကံကုန်တော် မူသွားပါ သည်။ မယ်တော် သနဇရစ် မိဖုရား မှာ သက္ကရာဇ် ၁၂၆၉ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၁၁ ရက်နေ့ ကတည်းက ကံတော်ကုန် သွားခဲ့ ပြီဖြစ်ရာ သားမယ် တော် ၂ ပါးလုံး၏ အလောင်းတော် များကို ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ ငါးထပ်ကြီး အနောက် ရပ်ကွက်၊ တောင်ကုန်း ပေါ်ရှိ ၀င်္ဂဘာ ရေလည် ကျောင်းတိုက်၊ သမုတ် သိမ်ဘေးတွင် အုတ် နန်းပြဿဒ်ဖြင့် သင်္ဂြိုဟ် တော်မူ ထားပါသည်။ မောင်သန်းဆွေ၊ထားဝယ်၊


ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|