|
Written by ပိုင်ဒွေး၊သင်္ချာ၊
|
|
Tuesday, 01 January 2013 22:26 |
ပညာ အရည် အချင်း တူရင် စေတနာ သာရ မည်တဲ့။ စေတ နာချင်း တူနေပါက အတွေးအခေါ် သာရမည် တဲ့လေ။
argaiv1162
ပြီးတော့ အတွေးအခေါ် တူနေမယ် ဆိုရင်တောင်မှ ရိုးသားမှု၊ အနစ်နာ ခံမှုသာ ရမည် ဆိုတဲ့ စကား။ ကောင်းလိုက်တဲ့ စကားဗျာ။ ဒဿန တစ်ခုလို့ မတွေးတတ် ပေမဲ့ ကျုပ်နားထဲ စွဲသွား သလို ကျုပ်ရဲ့ မှတ်စု စာအုပ် ထဲမှာ စာလုံး ကြီးကြီးနဲ့ ရေးဖြစ်မိ သွားတယ်။ နောက်တစ်မျိုး ကြားရ ပြန်ရော။ ဘာတဲ့။ အချိန် အတိုင်း အတာအတွင်းမှာ ခိုင်းထားတဲ့ ကိစ္စတွေ မပြီးပြတ် သေးတာက အပြစ် မဟုတ်ဘူးတဲ့။ မပြီးတာကို ပြီးတယ်ဆိုပြီး လိမ်လည်တင် ပြခြင်း သည်ကသာ ကြီးမားတဲ့ အပြစ် ဖြစ်သတဲ့။ ကျုပ် လေးစား သွားတဲ့အပြင် အထင်လည်း ကြီးသွားမိတယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်။ ကျုပ်ရဲ့ ညီအငယ်ဆုံး သာသာ၊ ကျုပ်သမီးကြီး ထက် ငါးနှစ် စွန်းစွန်း အရွယ် လူငယ် တစ်ဦးရဲ့ စကားဟာ ဘယ် လောက်တာ သွားသလဲ။ အဲဒီ လူငယ်လေးက ခုမှ ကျုပ်တို့ ကုမ္ပဏီကို အမွေ ဆက်ခံတဲ့ မန်နေဂျင်း ဒါရိုက်တာ၊ ပိုင်ရှင်၊ သူဌေးသား လူပျို။ ရုပ်ရည်က သန့်သန့်။ နိုင်ငံခြား ကနေ စီးပွားရေး ဆိုင်ရာ ဘွဲ့တွေ တသီ တတန်းနဲ့ ပြန်လာ တဲ့သူ။ ကျုပ် တောင် စဉ်းစား မိသေးတယ်။ မြန်မာပြည် မှာရော ပညာသင် ဖူးရဲ့လားပေါ့ဗျာ။ ပြီးတော့ ဘွဲ့တွေက အစစ်တွေ လားဆို ပြီးပေါ့လေ။
အစည်းအဝေး ပြီးသွား တဲ့ မနက်ခင်း မှာပဲ ကျုပ်တို့ရဲ့ ကုမ္ပဏီ ရုံးခန်း အ၀န်းအ၀ိုင်း လေးမှာ သူဌေး သတင်းဟာ ဂျာနယ် တွေထဲ မပါခင် ဟစ် ဖြစ်သွားတယ်။ အထူးသဖြင့် မိန်းကလေး ၀န်ထမ်း နှစ် ဆယ်ကျော် သက်တွေရဲ့ နှုတ် ဖျားမှာပေါ့ဗျာ။ ဘော့စ်က တော့ လန်ထွက် နေတာပဲတဲ့။ နောက်ဆုံးပေါ် ကားနက်ကြီး ကို စိတ်ဝင်စား နေကြသလို၊ ပလက်တီနံ လက်စွပ် ပေါ်က စွန်ကုပ် မပါဘဲ မြှုပ်ထားတဲ့ စိန်ပွင့်ကြီးကြီး ကိုလည်း ငေး နေကြတယ်။ ဆမ်ဆိုးနစ်လို့ အမည်ရတဲ့ ဥရောပ လက်ဆွဲ သေတ္တာနက် ထဲက ပိုင်ဆိုင်မှု တွေကိုလည်း စိတ်ကူးနဲ့ ပုံ ဖော်နေလေရဲ့။ ကျုပ်ကတော့ သူဌေးရဲ့ ဦးနှောက်ထဲက အချိုင့် တွေကို ရေတွက်နေမိ တယ်။ ကျုပ်ထက်သာ လို့ သာ ဒီနေရာ ရောက်တာပေါ့။ သူဌေးရဲ့ နောက်ဆက်တွဲ သတင်းကတော့ မိန်းကလေး တွေအတွက် နှာခေါင်း ရှုံ့စရာပါ။ ကျုပ်တောင် မထင်ရက် ဘူး။ သူဌေးက ငါးပိရည် ကြိုက် သတဲ့လေ။ တို့စရာဆို ချဉ်ဖတ်စုံနဲ့ မှဆိုပဲ။ လှချင်းတိုင်းလှ၊ အလှ ချင်းပြိုင်နေတဲ့ မမတွေနဲ့ မသက်ဆိုင်တဲ့ ခြွင်းချက်တစ် ခုလို့ ဆိုရမယ်။ ဟမ်ဘာ ဂါ၊ ဂျေဒိုးနတ်၊ ဟော့ပေါ့ပ်၊ ဟော့ရှော့ခ်၊ တစ်တော့ပ်နဲ့ ဟစ်ဟော့ ဖြစ်နေသူများ အတွက် သတိထား စရာ တစ်ခုပဲ မဟုတ်လား။ ဇော်ဝင်းရှိန် သီချင်းထဲကလို အင်္ဂလိပ်က ဖခင် မန္တလေးက မိခင် များ ဖြစ်နေ မလား။ ဒါမှမဟုတ် ငါးပိတော ထဲမှာ မွေးပြီး ပေါင်မုန့် ကြားမှာ ကြီးပြင်းခဲ့ သလား။ သို့တည်း မဟုတ် မြန်မာရဲ့ အခြေခံ စားသောက်မှု ကိုပဲ နှစ်ခြိုက် လို့လား တွေး နေကြမှာ အမှန်ပဲ။ “သူဌေး အာဘွား ပေးရင် ငါးပိရည်နံ့ သင်းနေမှာ ပဲနော်” ဆိုပြီး အပျိုကြီး မမ တစ်စုရဲ့ ကျိတ် ပြီး ပြောသံကို ကျုပ်ကြား လိုက်မိတယ်။ တကယ်တတ် နိုင်တဲ့ မိန်းမတွေ။ ငါးပိရည် ဟာ ထမင်းမြိန် စရာ အရံ အစားအသောက် တစ်ခုပဲ။ ကျုပ်လည်း ကြိုက်တယ်လေ။
ကျုပ် တက္ကသိုလ်တက် တုန်းက လေးနှစ် လုံးလုံး မော်လမြိုင်မှာ။ အဘိုးအဘွား အဒေါ်တွေ ရှိကြပေမဲ့ အဆောင်မှာပဲ နေဖြစ်တယ်။ ကျုပ်တို့ဘက်က နောင် ကုလား ငါးပိဟာ နာမည်ကြီး။ အိမ်ကလည်း မော်လမြိုင် သွားတိုင်း အမျိုးတွေ အတွက် ငါးပိရည်ကျို ၀ယ်ထည့်ပေး တယ်။ ကျောင်းသားဘ၀ စိတ်အညစ်ဆုံး အချိန်ပြော ရင် ငါးပိသယ် ပေးရတဲ့ အချိန်ပဲ။ ကိုယ်ကြိုက်တဲ့ ကောင်မလေး ပြန်မကြိုက် ရင်တောင် ဒီ လောက် စိတ်မညစ်ရ ဘူး။ ရထားကို ရှစ်ကျပ်နဲ့ ရိုးရိုး တန်းစီ၊ လှတပတ ကျောင်းသူ တွေကြားမှာ ငါးပိအိတ် တကိုင်ကိုင်နဲ့။ တစ်ခါ တစ်ခါ အနံ့ရ တာတွေ အရည်စိမ့် ထွက်တာ တွေက ရှိသေး။ အရင်တုန်းက သံလွင် တံတား မရှိသေးဘူးလေ။ မုတ္တမ ဘူတာရောက် ရထားပေါ်က အပြေးအလွှား ဆင်း၊ သင်္ဘော ပေါ်မှာ တစ်နေရာ စာရဖို့ လုပ် ရတာလည်း တစ်ဒုက္ခ။ တချို့ ကျောင်းသူ တွေရဲ့ပစ္စည်း တွေ ၀ိုင်းသယ်ပေးရ စောင့် ရတာလည်း တစ်ဒုက္ခပေါ့။ တချို့ကျောင်း သားတွေကတော့ သုခ အဖြစ် ခံယူရင်းနဲ့ သံလွင် မြစ်ပေါ်မှာ လေညင်း ပါခံလိုက် ကြသေးတယ်။ သံလွင်ချောင်း ခြားမှပဲ အနာ တရရ သွားတဲ့ အသည်းနှလုံးကို ဆေးပူ ပါးပါးလိမ်းပေါ့။
ငါးပိအိတ်ကို လွှင့်ပစ် ချင်လောက်တဲ့ အချိန်ဟာ ကျောင်းကား တိုးစီး ရချိန်ပဲ။ ကားစပယ်ယာက “ကျောင်း ကားမှာ ငါးစိမ်းသည် ပါလာ တယ် ဆရာရေ ဆွဲသာဆွဲ” လို့ ပြောတဲ့အခါ ကျုပ်မှာ မလုံမလဲ။ ကျောင်းသူ အချင်း ချင်း ဟိုကြည့် သည်ကြည့်နဲ့။ သူတို့လည်း ပါလာကြလား မသိဘူး။ လေးနှစ်တာ ကာလ မှာ ကျုပ်ရည်းစား တစ်ယောက်မှ မရခဲ့ တာလည်း တစ်မျိုးတော့ ကောင်းပါရဲ့။ အပျော်မရှိ ငွေမရွှင်တဲ့ ကျောင်းသား ဘ၀မှာ ဘယ် သူက ကျုပ်အပေါ် ကြည်နူး ချင်ပါ့မလဲ။ နောက်ပြီး ကျုပ် က ငါးပိ ကိုင်ရမှာ ပျင်းပေ မဲ့ ငါးပိရည် ပျစ်ပျစ်လေးထဲ ပုစွန် ခြောက်ထောင်းထည့်၊ ငရုတ်သီး စိမ်းလှော်ထောင်း ထည့်တဲ့ အရသာကို ကြိုက် တတ်သူ လေ။ ကာနေးရှင်း၊ ရှယ်နယ်ဖိုက်နဲ့ ကျုပ်ဆန့်ကျင် နေသူပဲ။
ကျောင်းပြီး ဘွဲ့ရ သင့် တော်ရာ ရဖို့ ရန်ကုန်ကို စွန့် ထွက်လာပြီး ကြုံရာ အလုပ် တွေလုပ်၊ နောက်ဆုံး ဒီကုမ္ပဏီ မှာ အခြေမြဲ ခဲ့တယ်။ အဘိုး အဘွားတွေ မရှိတော့လို့ မော် လမြိုင်ဟာ အိပ်မက် ဖြစ်သွား သလို အမျိုးတွေ အဆွေတွေ နဲ့လည်း သည်းခြေကြိုက်ငွေ ကြောင့် အဆက် အသွယ်ပြတ် ပေါ့။ အမျိုးတွေကို စိတ်နာ တဲ့ အထဲမှာ ငွေကြေး မပြည့်စုံတဲ့ မိဘရဲ့အဖြစ်ကို ခံပြင်း ခဲ့လို့ ပဲ။ ကျုပ်တို့ ကျောင်းသား ဘ၀ မှာ ယိုးဒယားဘက် က ၀င်တဲ့ ဂျင်းကျောပိုးအိတ် တွေ ပေါ် တယ်။ ကျုပ်လည်း ၀ယ်မိ တာပေါ့ဗျာ။ အဖေနဲ့ အဒေါ့် ဆိုင်သွား ခဲ့စဉ် ကပါ။ ကျုပ် မသိအောင် အဖေက အဒေါ့် ဆီမှာ ငွေငါးထောင်ချေး တယ်။ အဖေဟာ ငွေမရတဲ့ အပြင် ရင်နာ စရာကြုံ ခဲ့ရတယ် လေ။ သားကတော့ ဂျင်း အိတ်တပြောင် ပြောင်နဲ့ အဖေ ကတော့ ပိုက်ဆံ လာချေး သတဲ့။ အဲဒီစကားကို အဒေါ့် ယောက်ျားကပြောတာ။ ကျုပ် ရင်ကို တစ်သက်တာ အတွက် စွဲမြဲစေ ခဲ့တဲ့စကား။ ခုထက် ထိ ကျုပ်ရင်မှာ ဒဏ်ရာရနေ တုန်း။ အဒေါ့် အရှိန် အ၀ါနဲ့ ခုမှ ပါးပြောင် လာသူကို ကျုပ်မုန်း သွားသလို အမျိုးတွေ အားလုံးရဲ့ စိတ်ထားကြောင့် ကျုပ် အဆက်ပြတ် ခဲ့ရတာ။ ပွဲရုံ အလီလီ၊ ကားတ၀ီဝီနဲ့ အမျိုး တွေကြား ငွေ ငါးထောင်ဟာ စဉ်းစားကြည့် ပေါ့ဗျာ။
ကျုပ်လက်ခံ ယုံကြည် တဲ့ အသိုင်းအ၀ိုင်း၊ အမျိုး အဆွေဆိုတာ ဒီလိုမှ မဟုတ်ဘဲ လေ။ မြင့်သူက နိမ့်သူကို ကူညီမယ်။ ဖေးမမယ်။ ၀ိုင်းဝန်း စောင့်ရှောက်မယ်၊ လိုအပ် တာတွေကို ပင်ကို အသိနဲ့ ဖြည့်ဆည်း ကြမယ်။ ဒါပဲ လေ။ ဘာသာကွဲ သွေးမတော် သားမစပ်သူ တွေမှာတောင် ရိုင်းပင်းမှု ရှိကြတာပဲ။ ကျုပ် ကုမ္ပဏီ ကိစ္စနဲ့ ပဲခူးတိုင်းဘက် မြို့ကလေးမှာ တွေ့ခဲ့ ရတာ။ “မောင်ချစ် နှမချစ်” နေ့တဲ့။ အဲဒီနေ့မှာ ဘုရား ကျောင်းဝင်း တစ်ခုထဲ အနယ်နယ် အရပ် ရပ်က လူတွေ ဆုံကြတယ်။ လက်ကောက်ဝတ် နေရာမှာ လက်ပတ်ပန်း စက္ကူတွေ တချို့မှာ နှစ်ခု သုံးခုနဲ့။ယောက်ျားလေး ကပဲဖြစ်ဖြစ်၊ မိန်းကလေးတွေ ကပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် ၀တ်ဆင် ပေးခွင့် ရှိတယ်။ ယောက်ျားလေးက မိန်း ကလေးကို ပတ်ပေး လိုက်ရင် နှမ တစ်ယောက်လို တစ် သက်လုံး စောင့်ရှောက် မယ်ဆို တဲ့ သဘောတဲ့။ မိန်းကလေး က ယောက်ျားလေးကို ၀တ် ပေးခဲ့ရင်တော့ ကျွန်မကို နှမ လိုစောင့်ရှောက်ပါ။ ကူညီပါ ဆိုတဲ့သဘော သက်ရောက် သတဲ့။ တစ်ဦးနဲ့တစ်ဦး မခင် မင် မတော် စပ် ဘဲနဲ့ မောင်နှမ တွေဖြစ်သွားပြီး တစ်သက် လုံးစောင့်ရှောက်မှု တွေရတယ် ဆိုပဲလေ။
ကျုပ်အမျိုး တွေက တော့ တစ်သိန်းထဲ ကနေ ငါး ထောင် ပေးလိုက်ရ တာနဲ့ပဲ ထိ ခိုက်သွား သလိုမျိုး၊ သတိရလို့ ကိုယ့်အဘိုး အဘွားဆီ သွား လည်ရင်ပဲ ပိုက်ဆံ လိုချင်လို့ လာတဲ့ ပုံစံမျိုးနဲ့။ အမြင်မရှင်း ကြသလို သံသယ စိတ်က ကျုပ်အမျိုးတွေ ဆီမှာ ချေး ကပ်နေတယ်။ ကိုယ်ပို့ ပေးတဲ့ ငါးပိရည်နဲ့ အဘွားအိမ်မှာ ထမင်း မစား ဖြစ်ခဲ့တာ အခါခါ ပဲ။ အမျိုးတွေနဲ့ ပြတ်သွား တာ ခပ်ကောင်းကောင်း ပေါ့ ဗျာ။ ငွေဂုဏ်နဲ့ ငွေပုံပေါ် ဖိထိုင် တတ်တဲ့အကျင့် တစ်နေရာနဲ့ ဝေးရာမှ ကျုပ်ဘ၀ ကို တည်ဆောက် နိုင်ခဲ့ပြီပဲ လေ။ စိတ်မနာ တတ်တာက ကျုပ်အစ်မနဲ့ ညီမတွေ။ တူမတွေ ဆိုပြီး ချစ်ယောင်ဆောင် အလိုရှိရင် အားမနာတမ်း အခိုင်းခံ နေရတာ ကို ခုထက်ထိ နားမလည် သေးတော့ ၀င်ထွက်မြဲပဲ။ သူတို့ဆီက တုံ့ပြန် မှုနဲ့ ကျုပ်တို့ဘ၀ မပြောင်းနိုင် ဘူးလေ။ ကျုပ်ကလည်း အမှတ် ဆိုရင် ရင်ထဲ စိုက်ဝင် နေတတ်တဲ့လူ။
“ဦးမျိုး ထမင်းစားနေ တာလား” သူဌေးလေးက မေးရင်း ကျုပ်နား ရောက်လာတယ်။ ထမင်းချိုင့် ကိုလည်း လှမ်း ကြည့်တယ်။ ကျုပ်ကိုယ် လေး ဟာ သိမ်ငယ်စွာနဲ့ ကြုံလှီ သွားသလိုပဲ။ တညင်းသီး ဆားရည်စိမ် သုံးလုံး၊ ငါးပိ ရည်တစ်ခွက်၊ ဘဲဥဟင်း တစ်လုံးနဲ့ ကျုပ်ရဲ့ ထမင်းချိုင့် ကလေးက ဘယ်ဖွယ် ရာပါ့ မလဲ။
“ငါးပိရည်က ကောင်း လှချည်လား ဘယ်ကလဲ” “ကျွန်တော့် ဇာတိဘက် ကပါ နောင်ကုလား ငါးပိ၊ ရန်ကုန် မှာတော့ မရှိလောက် ဘူး သူဌေး” “စားပါဦးလား” လို့ ကျုပ် မခေါ်ရက်ဘူး။ သူဌေးလည်း ဘာမှ ဆက်မပြောဘဲ လှည့်ထွက် သွားတော့ ကျုပ် လည်း ဆက်စား တာပေါ့။ ကုမ္ပဏီဝန်ထမ်းတွေက ကျုပ်မှာ လောက၀တ် မရှိဘူးဆိုပြီး အပြစ်ဆို ကြတယ်။ ကျုပ် ဆို တဲ့ကောင် ကလည်း ငထူ ငအ။ အထူအပါး နားမလည် ဘူး။ တခုတ်တရ မေးလာသူ ကို ဂရု တစိုက်နဲ့ အဖြေ မပေး နိုင်တဲ့ကောင်။ တုံ့ပြန်မှုအေး စက်တတ်တာ ကျုပ်အား နည်းချက်ပဲ ထင်ပါရဲ့။ ကျုပ် အိမ်ပြန်ရောက် မိန်းမနဲ့သမီး ကို ပြောပြတော့ လေဆာ သွားတိုက်ဆေး ကြော်ငြာထဲက ချာတိတ်လေး ပြောသလိုပဲ။ ပိန်းလိုက် တာတဲ့။ နောက်နေ့ ကျုပ်မိန်းမက ငါးပိထဲ မှာပါ တဲ့ ငါးမြွေထိုး၊ ငါးစင်ရိုင်း တွေကို ထုတ်ပြီး သူဌေး အတွက် ငါးငပိချက် လုပ်ပေး လိုက်တယ်။
အဲဒီ နောက်ပိုင်း သူဌေး နဲ့ ကျုပ်ဆက် ဆံရေးဟာ ၀န်ထမ်း အားလုံးထက် ပိုသာ သွားတယ်။ ကျုပ်ရဲ့လုပ် သက်၊ အတွေ့အကြုံ၊ အထောက်အပံ့ တွေကြောင့် လည်း ပါမှာ ပေါ့ဗျာ။ ကျုပ် လေ လူတကာရဲ့အကြိုက် ဆောင်မှုကို မလုပ် ချင်ဘူး။ တန်ဖိုး မရှိတဲ့ ဟင်းတစ်ခွက် က လူတစ်ယောက် အတွက် အာသာ ဘယ်ပြေ စေပါ့ မလဲ။ ကျုပ်သူဌေးကို စေတနာ ထားချင်ပါရဲ့။ လုပ်ပေး ချင်ပါရဲ့။ ဒါပေမဲ့ မျက်နှာသာ ပေးမှုကို ကျုပ် မလိုချင်ဘူး။ အနေ ချောင်ရင်းနဲ့ ကျုပ်ရဲ့စိတ်တွေ ပေါ့သွားရင် ကျုပ်ရဲ့ကောက် ကြောင်းဟာ အရိပ်စွန်း လာမှာ ကိုလည်း မလို လားဘူးလေ။ ကျုပ်အလုပ် ကိုပဲ ကျုပ်တန်ဖိုး ထားချင်တာ အမှန်ပါ။ အလွယ်လိုက် ခြင်းဟာ မခဲ ယဉ်းပေမဲ့ ကြာလာတာနဲ့ အမျှ ကိုယ့်အတွက် အန္တရာယ် ဖြစ်လာမှာကို ကျုပ်သိတာ ပေါ့။ ကိုယ့်အခက် အခဲကို ခေတ္တ ဖြေရှင်းဖို့ သူများထဲက ငွေတို ငွေစ တောင်းရင်း လွယ် လွယ် ကူကူရတဲ့ အရသာတွေ့ သွားတဲ့ ကလေးတွေ၊ လူငယ် တွေရဲ့ဘ၀၊ တချို့အသက် ကြီးပိုင်းတွေရဲ့ဘ၀ကို ကျုပ် သင်ခန်းစာ ဖော်ထုတ်နေမိ တယ်။ တောင်း တဲ့သူက နေရာ မရွေး၊ လူမရွေးဘဲ အခြေအနေ ကိုလည်း မရွေး ကြတော့ဘူး။ တစ်ခါ အသက်လေး ဆယ်ဝန်း ကျင် ယောက်ျား တစ်ဦးက နိုင်ငံ ခြားသား ထိုင်နေတဲ့ စားပွဲဝိုင်း နား ပိုက်ဆံ သွားတောင်းတာ ကျုပ်မြင် ခဲ့ဖူးတယ်။ နိုင်ငံခြား သားက သူ့စကားပြန်ကို ကိုယ့်ခွန်အားကိုယ် အသုံးမချ တဲ့သူ ဆိုပြီး ပြောနေလေရဲ့။ ဘယ်လောက် ရှက်ဖို့ကောင်း သလဲဗျာ။ ဒါပေမဲ့ ဗမာ့စိတ် ဓာတ်နဲ့ ကျုပ်ရင်ထဲ ပြောနေမိ တယ်။ မင်းတို့ နိုင်ငံမှာလည်း ကိုယ့်ခွန် အား အသုံး မချတဲ့သူ တွေ အများကြီးလို့။ ဟုတ် တယ်လေဗျာ။ ကျုပ်ဘ၀ကို လွယ်ရာ ကနေ အစ မပျိုးချင်လို့ သူဌေး နဲ့ အလုပ် ကိစ္စမှ တစ်ပါး တခြား အချိန်တွေမှာ စကား မပြောဖြစ်ဘူး။ စည်းစနစ်ကျ တဲ့ သူဌေးရဲ့ လုပ်ငန်းခွင်ထဲ မှာ ကျုပ်ပျော်မွေ့မိတာ အမှန် ပါ။ လုပ်အား နဲ့ ညီမျှတဲ့ သက် ရောက်မှုကိုလည်း ကျုပ် ကျေးဇူးတင် မိတယ်။ ကျုပ်ရဲ့ မိသားစု ကိစ္စတွေ ရှိသေးတယ် မဟုတ် လား။ ရန်ကုန်လို နေရာ မျိုးမှာ ခြေချနိုင်ဖို့၊ မိသားစု စားဝတ်နေရေး မခက်ခဲ ဖို့ အတွက် ကျုပ် ခြေလက် တွေ အမြဲလှုပ် မှရမှာ။ ပြီးတော့ လမ်းလွှဲတွေ အများကြီး ရှိနေတဲ့ မြို့မှာ လမ်းမှန် အမှတ်အသား တွေ မြင်နိုင် တွေ့နိုင်ဖို့ ကျုပ် မျက်လုံးတွေကို အားကုန်ဖွင့် ထားရတာ။ ကျုပ်မှာ သမီး မိန်းကလေး မွေးထားရတာ လေ။ ခုထက် ထိတော့ ကျုပ် မိသားစုဟာ လမ်းမှန် နေဆဲ ပါပဲ။
“ဘော့စ် မင်္ဂလာဆောင် တော့မယ်” တဲ့။ မှန်းချက်နဲ့ နှမ်းထွက် မကိုက် သူတွေ၊ တစ်ဖက်သတ် ရင်ခုန်သူတွေ၊ လက်မှိုင် ချသူ တွေနဲ့ ရုံးဟာ တိတ် ဆိတ်လို့။ ကြည့်ရ ခက်နေတဲ့ ယောက်ျားလေး တွေကတော့ သည်းသည်းလှုပ် သူတွေအပေါ် သြဘာ ပေးနေကြပြီ။ အတွင်း ရေးမှူးမ ကလေးက ရုပ်ရှင်၊ ဗီဒီယို ဇာတ်ညွှန်း အတိုင်း ဖြစ် မလာလို့ ဒါရိုက်တာ၊ ထုတ် ဝေသူ၊ စီစဉ်သူ၊ ဇာတ်ပို့၊ ဇာတ်ရံတွေကို အပြစ်ရှာရ ကောင်းနိုးနိုးနဲ့ ရမယ် ရှာနေ လေရဲ့။ ရိုးသားမှု မရှိတဲ့ အတွင်း ကလီစာ တွေရဲ့အပူက တော့ ကြီး ရှာသားဗျာ။ သူဌေးက ကြိုတင်ပြောထား တာပဲ။ ရိုးသား ရမယ်လို့။ မလိုက် နာနိုင် သူရဲ့ဝေဒနာတွေ ပေါ့။ ဟိုဘက်က ဘာတစ်ခု မျှ အစွန်းအတက် မထွက်ဘဲ သည်ဘက်က ဘာကြောင့် မျက်နှာ တွေပျက်နေ ကြပါလိမ့်။ ရယ်စရာတော့ ကောင်းသား နော်။ ဖိတ်စာလှလှ လေးကို ရင်ဝယ် ပိုက်ပြီး မျက်ရည် ပေါက်ပေါက် ကျနေမဲ့ သူများ တောင် ရှိမလား မသိဘူး။
ရန်ကုန်မြို့ရဲ့ အကြီး အကျယ်ဆုံး ဟိုတယ်ရဲ့ မင်္ဂလာ ခန်းမ။ လူတစ်ယောက်ကို ဒေါ်လာနှုန်းနဲ့ တွက် ချက်တဲ့ ဧည့်ခံ ကျွေးမွေး စရိတ်။ မင်္ဂလာ ၀တ်စုံနဲ့ တွဲဖက် ညီတဲ့ လက်နှစ်စုံ။ သူတို့က ဘ၀ အစ ပြုခြင်းလား၊ သာမန် အခြေ အနေကိုပဲ ပုံမှန်ဖြတ် သန်းခြင်းလား ကျုပ်တွေးနေ မိတယ်။ တဖိတ်ဖိတ် လက်နေ တဲ့ အလင်း တန်းတွေ ကြားမှာ ကျုပ်တို့က ချောင်ကျကျတစ် နေရာမှာ။ နှစ်ဖက် ဆွေမျိုး အသိုင်း အ၀ိုင်းတွေ ၀င်လာ တော့ ကျုပ် မျက်လုံး ပြူးရ ပြီ။ ကျုပ်စိတ်ထဲ ထင်နေတာ မှန်ပြီ။ သတို့သမီး ရဲ့မိဘ အမည်ကို ဖိတ်စာထဲတွေ့ရ တော့ ကျုပ်စိတ်ထင့် နေခဲ့ တာ။ လိပ်စာ အပြောင်းအလဲ ကြောင့်သာ ကျုပ်မစပ်စုဖြစ် ခဲ့ဘူး။ ရန်ကုန် လိပ်စာနဲ့ကိုး။ နာမည်တူ လည်း ရှားမှမရှား ဘဲလေ။ မော်လမြိုင်က ကျုပ် အဖေ ပိုက်ဆံချေး ဖူးခဲ့တဲ့ မရခဲ့ တဲ့ အဒေါ်ရဲ့ သမီးက ကျုပ် သူဌေးရဲ့ ဇနီး လောင်းဖြစ်နေပြီ လေ။ ကျုပ်အဒေါ် ကိုရော အဖေ့ ယောက်ဖ နောက်ပြီး ကျုပ်ညီမ ၀မ်းကွဲကို ရင်ဆိုင် ရတော့ မလား။ ကျုပ်အဆက် အသွယ်တွေ ဖြတ်လိုက်တာ ကိုယ့်နှမ ၀မ်းကွဲ ကိုတောင် မသိနိုင်တော့ တဲ့အခြေအနေ။ တစ်ဝိုင်းပြီး တစ်ဝိုင်း လိုက်လံ နှုတ်ဆက် ရင်းနဲ့ ကျုပ်တို့ ၀ိုင်း ရောက်လာမှာပဲ။ အဒေါ် လည်း ပါလာမှာပဲ။ ဟို မကြည့်ချင် တဲ့သူ မျက်နှာက ရော အရင်လို ပဲလား မသိနိုင် ဘူး။ လေအေး ပေးစက် အပြည့်အ၀ ရှိတဲ့ အခန်းထဲမှာ ကျုပ်ချွေး ပြန်နေ ရပြီ။ ကျုပ် နောက်တစ်ကြိမ် ရှုံးနိမ့်မှုကို မလိုလား ချင်တော့ ဘူးဗျာ။ ဘယ်အမျိုး အဆွေရှေ့မှာ ကျုပ် မသိမ်ငယ် ချင်ဘူး။ ကျုပ်ဘာလုပ် ရမလဲ။ မျက်နှာ ကို အုပ်ထား ရမလား၊ ထွက် ပြေးရ မလား၊ ဒါမှမဟုတ် ရင်ဆိုင်ရ မလား၊ အဲဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီ ကနေ့ မင်္ဂလာဆောင်၊ မနက် ဖြန် ကုမ္ပဏီ ရဲ့သူဌေးမ ဖြစ် လာ မဲ့ ကျုပ်ညီမ အဒေါ့် သမီးကို ကျုပ် ဘယ်လို ဆက်ဆံရ မလဲ။ ခေါင်းထဲမှာ ရမ်းချာ နေတာပဲ။
“ဦးမျိုး ခင်ဗျား တော် တော်ရိုင်းတာပဲ၊ မင်္ဂလာ အခမ်းအနားတောင် မပြီး သေးဘူး ပြန်သွားတယ်” သူဌေးက သူ့မိန်းမရှေ့ မှာ ၀န်ထမ်း တွေကို နိုင်နင်း ကြောင်း ပြချင်တာလား ဒါမှ မဟုတ် ပကတိ စိတ်ဆိုးနေ တာလား ကျုပ်မတွေးချင် တော့ဘူး။ ကျုပ်နှမကတော့ ကျုပ်ကို မမှတ်မိ ရှာဘူး။ ဘယ်မှတ်မိ ပါ့မလဲ။ ကျုပ်နဲ့ သူ့ကြားမှာ ငွေမျက်နှာက ကာထားတာ ကြာနေပြီ မဟုတ် လား။ သူက ကျုပ်ကို အသက်အရွယ် အရ အားနာ စွာကြည့်ရှာတယ်။ ကျုပ်ရိုင်း ခဲ့တာ မဟုတ်ဘူးလေ။ သူဌေးရဲ့ ယောက္ခမက စရိုင်းခဲ့ တာ။ ဘ၀နဲ့ ချီပြီး အရိုင်းခံခဲ့ ရတာ သူဌေး သိနိုင်မယ် မထင်ဘူး။ ကျုပ်အဖေ ဆေးကုဖို့ ငွေငါးထောင်ကို အဖေ ကိုယ်တိုင် အောက် ကျခံ ပြီး သူ့နှမ ဆီမှာ ချေးခဲ့တာ လေ။ အဲဒီ ငါးထောင်ဟာ သူဌေးရဲ့ မင်္ဂလာကိတ် မုန့်အထပ် ထပ်ရဲ့ အောက် တစ်ဆင့်စာ တောင် မရှိဘူးဆိုတာ သိပါ လေစ။
“သူဌေး သူဌေးစကား ကို ကျွန်တော် စိတ်မဆိုးပါ ဘူး။ ဒါက ကျွန်တော့်ရဲ့ အလုပ် ထွက်စာပါ။ သူဌေး ဒီ ကုမ္ပဏီကို စရောက်တုန်းက ပြောခဲ့တဲ့စကားကို ကျွန်တော် မှတ်ထား ပါတယ်။ အဲဒီ စကားတွေနဲ့ ဆန့်ကျင် နေတဲ့ မျိုးဆက်က ဒီကို ရောက်နေပြီ။ ကျွန်တော် မနေသင့် ဘူးထင် လို့ထွက်တာ ကိုယ့်ဆန္ဒ အရ ထွက်တာမို့ နစ်နာ ကြေးမပေး ပါနဲ့” သူဌေး အံ့သြသွား သလို သူ့မိန်းမ ကလည်း ပါးစပ် အဟောင်းသားနဲ့။ မျက်နှာပျက် သွားတဲ့ သူဌေး။ တည်ငြိမ်မှု လျော့ပါး သွားတယ်။ ဒီကုမ္ပဏီမှာ ကျုပ်မရှိ မဖြစ်လို့ မယူဆ ပါဘူး။ ဒါပေမဲ့ ခရေ စေ့တွင်းကျ သိတဲ့ လူတစ် ယောက် ဆုံးရှုံးရမဲ့ အဖြစ်တော့ ဘယ်လက်ခံ ချင်ပါ့မလဲ။ အားကိုးမှုကို လိုလား မှာပေါ့လေ။
“ကျွန်တော် မှားသွားရင် တောင်းပန်ပါတယ် ဦးမျိုး၊ အလုပ်တော့ မထွက် ပါနဲ့ဗျာ” “ကျွန်တော့် အလုပ် လျှောက်လွှာ မှာပါတဲ့ ကိုယ် ရေးရာဇ၀င်နဲ့ ဓာတ်ပုံကိုယူပြီး သူဌေး ယောက္ခမ ဒေါ်အေး အေးတင့် ကို ပြလိုက်ပါ။ ကျွန်တော် အလုပ်ထွက်ရ ခြင်းအကြောင်း သိလာပါ လိမ့်မယ်” ကျုပ်မှား သလား မှန် သလား မဝေခွဲ တော့ဘူး။ တစ်ရုံးလုံးက ကျုပ်ကို တား ပေမဲ့ ကျုပ်ရင်ထဲက အနာ ကို ဘယ်သူက ကုပေးနိုင်ပါ့ မလဲ။ စိတ်ဒဏ်ရာ ရသွားတဲ့ ကလေးတစ်ယောက် ရဲ့အစွဲကို ဘယ်သူက ပြုပြင်နိုင် စွမ်းရှိ လို့လဲ။ အသိဉဏ်ရှိ လူအနေ ဖြင့် ပို၍ ပို၍ပင် ကုစားရန် ခက်တာပဲလေ။
နေရာသစ်မှာ ကျုပ် လန်းဆန်း နေပြီ။ တက်ကြွစွာ နဲ့ပဲ လုပ်ငန်းတွေ လိပ့်ပတ် လည်နေပြီ။ တစ်ခါတစ်ရံ ရှောင်ကာမှ ပက်ပင်းတိုးရ ခြင်းအဖြစ်ကို ကျုပ်ထပ်မံ ရှောင်လွှဲ နိုင်ခဲ့ပြီလေ။ အမှီအခို ကင်းစွာနဲ့ ကျုပ်ဘ၀ကို ကျုပ် လျှောက်လှမ်း ရတာကိုပဲ ဂုဏ် ယူမဆုံး။ စည်းလုံး ညီညွတ် စွာရှိနေ ကြတဲ့ အသိုင်းအ၀ိုင်း တွေမြင်တိုင်း ကျုပ်ဝမ်းနည်း စွာခံစား ရတယ်။ ကျုပ်ဖြစ် ချင်တဲ့အရာတွေ အထောက် အပံ့ မရခဲ့တာ တွေလည်း ပါ တယ်။ အရင် ကုမ္ပဏီက လူ တွေနဲ့ တွေ့ပြန် တော့လည်း အသစ် ဖြစ်ပြန်ရော။ ကျုပ်ရဲ့ စိတ်ထား နာကြည်းမှုကို သူဌေးက လက်ခံ သတဲ့။ ရှက်ဖွယ် ကောင်းတဲ့ ကျုပ် အမျိုး တွေရဲ့လုပ်ရပ်ကို ရှုတ် ချသတဲ့။ ငါးပိရည် မြင်တိုင်း ကျုပ်ကို သတိရ သတဲ့လေ။ ကျုပ်နှမ ကလည်း တောင်း ပန်စကား ဆိုချင်တယ် လို့ ကြားသတင်း ရတယ်။ ကျုပ်ယောက်ဖ ၀မ်းကွဲ သူဌေးက နောင်ကုလား ငါးပိ ကို တော်တော် ကြိုက်တယ်ဆို ပဲ။ ဘယ်က ရလို့လဲ။ ကျုပ် သိပ်သိ တာပေါ့ဗျာ။ ကျုပ် အစ်မညီမ တွေမှ မပို့ရင် ဘယ် သူက ရန်ကုန်ကို ပို့ပေး မလဲ။ သူတို့က စိတ်ကို မနာနိုင်ကြ ဘူး။ ခံမှ မခံခဲ့ ရတာကိုး။ ပြီး တော့ နည်းနည်းတောင် စံရ သေးတယ်။ ကျုပ်က ခံခဲ့ရ တာ။ ဒီလိုပါပဲ။ လောကမှာ ဆွေမျိုးနဲ့ မကင်းနိုင် ကြသလို ကင်းအောင် နေနိုင်ကြ တဲ့လူ လည်း ရှိကြဦး မပေါ့။ ပြီး တော့ လူ့စကား တစ်ခွန်းရဲ့ တာသွားမှုက အလျား အနံမှ မရှိတတ်တာ။ စကားကို ပြန် ရုပ်သိမ်းခွင့် ရှိတတ်ကြ ပေမဲ့ ရင်ထဲနစ် သွားရင်တော့ နုတ် ရခက်တယ်လေ။ ငယ်စဉ်က ကလေးတွေ ကြောက်အောင် သရဲဆိုပြီး ခြောက်ခဲ့လို့ ကြီး လာ တော့ သရဲကို မမြင်ရဘဲ ကြောက်နေခဲ့တာ။ ကျုပ် အမျိုးတွေက ငွေနဲ့ ခြောက်ခဲ့ တယ်။ ကြီးလာတော့ ကျုပ် တကယ်ကို မကြောက်ဘူး။ အဲဒါ အံ့သြ စရာပဲ။
ကျုပ်အဖြစ်က ကျုပ်တို့ မြို့လေးမှာ နည်းနည်းကြီး တာပေါ့။ ရန်ကုန်မှာ သေး လာပြီ။ မြန်မာပြည် ထဲက အဖြစ် သနစ် ပေါင်းစုံနဲ့ ယှဉ် ရင် ပျောက်ချင် လာပြီ။ ကမ္ဘာ ထဲမှာတော့ မှုန်ဝါးဝါး။ ကျုပ် ကို ဆွေမျိုးတွေ အသိ အမှတ် ပြုတာ တစ်ခုနဲ့တင် သေပျော် ပြီ။ “အမှတ် သညာကြီးတဲ့ ကောင်” တဲ့။ မရ ခဲ့တဲ့ ငွေငါး ထောင်က ပေး လိုက် တဲ့အသိ ဟာ ကျုပ်ဘ၀ အတွက် အား ဆေးနဲ့ အဖော်မွန် ပဲလေ။ အဲဒီ အသိ မရှိခဲ့ရင် ကျုပ်မှာ ကား ဆိုတာ ရှိလာမှာ မဟုတ်ဘူး၊ တိုက်ဆို ဝေလာ ဝေးပေါ့။ သားသမီး ကိုလည်း ညွှန်ပြ နိုင်စွမ်း ရှိလာမှာလည်း မဟုတ်ဘူး။ ဒီအတွက် အမျိုး တွေကို ဒီနေရာ ကနေ ကျေး ဇူးတင် ကြောင်း ပြောပါရစေ။ “အရမ်း အရမ်း ကျေးဇူးတင် ပါတယ်” လို့။
ပိုင်ဒွေး၊သင်္ချာ၊ (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Last Updated on Monday, 07 January 2013 17:23 |