အကယ်ဒမီနဲ့ ဦးကြည်စိုးထွန်း PDF Print E-mail
Written by ဘို   
Tuesday, 01 January 2013 22:21
Share |

အကယ်ဒမီ များရှင် ဒါ ရိုက်တာ စည်သူ ကြည်စိုး ထွန်းနဲ့ သူ ကျောင်းအုပ် အဖြစ် ဆောင်ရွက် နေတဲ့ Laurel Art Academy မှာ ရုပ်ရှင် ချစ်သူ များ စိတ်ဝင်စား နေတဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုနဲ့ ပတ်သက် ပြီး တွေ့ဆုံ မေးမြန်းခဲ့ ပါတယ်။

50mg tadalafilfree cialis samples discount generic viagra cialis 20mg
argaiv1322

ဦးကြည်စိုးထွန်းက မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ရွေး ချယ်ရေး အဖွဲ့မှာ ပါဝင်တယ် လို့ သိရပါတယ်။
ဟုတ်ပါတယ်။ ကျွန် တော်က နောက်ဆုံး အဆင့် ၁၅ ယောက်ထဲမှာ တစ်ဦး အပါအ၀င် ဖြစ်ပါတယ်။ ထူး ချွန်ဆု စိစစ်တဲ့ နေရာမှာ အဆင့် ၃ ဆင့် စိစစ်ကြပါ တယ်။ ပထမအဆင့်က တင် ပေးလိုက် တာကို ဒုတိယ အဆင့်က ဆက်ကြည့်ပြီး ဒုတိယ အဆင့်က တင်ပေး လိုက်တာကို ကျွန်တော်တို့ အဖွဲ့က ဆက်ကြည့် ပါတယ်။

နောက်ဆုံး အဆင့်ထိ ရောက်လာတဲ့ ရုပ်ရှင်ကား ဘယ်နှကား ရှိပါသလဲ။
၅ ကား ရှိပါတယ်။

အဲဒီ ၅ ကား စာရင်းကို သိခွင့် ရှိရင် သိပါ ရစေ။
ဒါကတော့ အားလုံး လည်း သိပြီး သလောက် ရှိနေ ပါပြီ။ ထာဝရ အလင်းတန်း များ၊ ပန်းကြာ ၀တ်မှုန်၊ ရင်ကွဲ နာ၊ ၀ဋ်ကြွေး နဲ့ အမွှေဇယား တို့ဖြစ်ပါတယ်။

ဦးကြည်စိုးထွန်း တို့ အဖွဲ့က ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေး ဆရာတွေ၊ သ ရုပ်ဆောင်တွေ၊ ဓာတ်ပုံဆရာ တွေစတဲ့ ပညာရှင် တွေပါ တော့ ဒီပညာရှင် တွေက ကိုယ်နဲ့ဆိုင်တဲ့ အပိုင်းပဲ သုံး သပ် ရွေးချယ် ပေးတာလား။
ကိုယ်နဲ့ဆိုင်တဲ့ အပိုင်း ကတော့ အဓိကပေါ့။ ဒါပေမဲ့ အချင်းချင်း တိုင်ပင် ဆွေးနွေးပြီး တော့ အကြံပေး တာလေးတွေ လည်း ရှိပါတယ်။ အဲဒါ အပြင် ကိုယ့်အပိုင်းကို ကိုယ်  ရွေးချယ် သုံးသပ်ချက် တင်ပြ တဲ့အခါမှာ လည်း တခြား ပညာရပ်များနဲ့ ပတ်သက်ပြီး အကြံပေး တင်ပြတာ တွေ လုပ် နိုင်ပါတယ်။

နောက်ဆုံး အဖွဲ့က တင် ပြပြီးပြီ ဆိုတော့ ဒီတင်ပြချက် အတိုင်း ထူးချွန်ဆု ပေးမှာလား။ ဒါမှမဟုတ် ဆုံးဖြတ်ခွင့် ရှိတဲ့ တစ်ယောက်ယောက်က ကြိုက် တာကို ရွေးပြီး ပေးမှာလား။
ဒီနှစ်ကတော့ မူတွေ လည်း ပြောင်းပြီ ဖြစ်တဲ့ အတွက် ရွေးချယ်ရေး အဖွဲ့က တင်ပြ တဲ့ ပညာရှင်တွေ သာလျှင် ဆုရ သူတွေ ဖြစ်မယ် ထင်ပါတယ်။ အပေါ်က တစ်စုံ တစ်ယောက် ကမှ စွက်ဖက်မှု ရှိလိမ့်မယ်လို့ ကျွန်တော် မထင် ပါဘူး။

ရုပ်ရှင် ထူးချွန်ဆု ဆိုတာ တစ်နှစ် အတွင်းမှာ အကောင်းဆုံး ကို ရွေးတာ ဖြစ်တဲ့ အတွက် အဆင့် မမီဘူး ဆိုပြီး မပေးတဲ့ ဆုအမျိုး အစားတွေ ရှိသင့် ပါသလား။

ထူးချွန်ဆု ဆိုကတည်း က ထူးချွန်လို့ ပေးတာပါ။ သရုပ်ဆောင်များ အနေနဲ့ ဆိုရင် ဒီဆု ရပြီးတာနဲ့ သူ့သရုပ်ဆောင် မှုက အရင်နဲ့ မတူတော့ဘဲ ပိုပြီး ကောင်းလာ တယ်လို့ တွေ့ နိုင်ပါတယ်။ ရုပ်ရှင် ဇာတ်ကား အနေနဲ့ ပြောမယ် ဆိုရင်တော့ “ရုပ်ရှင် အဆင့် အတန်းမြှင့်တင် ရေး”လို့ ပြောထားတာ ဖြစ်လို့ တစ်နှစ် အတွင်း အကောင်းဆုံး ရွေးတာ မှန်ပေမဲ့ စိတ်ကြိုက် လောက်အောင် ကောင်းတဲ့ကား မရှိဘူး ဆိုရင်တော့ မပေးဘဲ ထားတာကို လက်ခံ ပါတယ်။ ညံ့တဲ့ ကားတွေကို ပေးလိုက် ရင် ခပ်ညံ့ညံ့ ကားတွေပဲ ထွက် လာမှာကို စိုးရပါတယ်။

အရင်အစိုးရ လက်ထက် တုန်းကတော့ နှစ်ယောက်ပူး တွဲဆု ပေးခဲ့တာ တွေရှိတယ်။ အခုရော ရှိနိုင် သေးလား။
အခုတော့ မရှိနိုင် ဘူးလို့ ထင်ပါတယ်။ အကောင်းဆုံး ဆိုတာ တစ်ယောက်ပဲ ဖြစ်နိုင် တာကိုး။

ကျေးဇူး ပါပဲ ဦးကြည် စိုးထွန်း။


ဘို
(ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)