|
Written by ခင်လေးမြင့်
|
|
Tuesday, 01 January 2013 22:14 |
မိုးမမြင် လေမမြင် ဆိုတဲ့ တစ်ကိုယ်တော် စီးရီး ထွက်ရှိ ထားပေမဲ့ စီးရီးနဲ့ အဆက်အသွယ် အနည်းငယ် ပြတ်နေသူက နန်းဆု ရတီစိုး ပါ။ နန်းဆု ရတီစိုးက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် စီးရီး အတွက်တော့ ပြင်ဆင် နေတယ်လို့ သိရ ပါတယ်။
argaiv1811
ပထမဆုံး စီးရီးထွက် ထားတာ နည်းနည်း ကြာနေပြီ ဆိုတော့ ဒုတိယ စီးရီး အခြေ အနေ ဘယ်လောက် ရောက် နေပြီလဲ။ တချို့ သီချင်းတွေ ရထားတော့ ရတဲ့ သီချင်းတွေ အတွက် တီးထားတယ်။ နောက်ရ လာရင် ရလာ သလို တီးထားမယ်။ သီချင်းတွေကို တီးတာရော၊ ရေးတာရော၊ ဆိုတာရော အကောင်းဆုံး ရ ချင်တယ်။ အဲဒီတော့ သေ သေချာချာလေး လုပ်ပြီး အချိန် ယူပါ ဦးမယ်။ အတီးပိုင်းကို Metal Zone တီးဝိုင်းနဲ့ တီး မယ်။ ပရိုဂရမ်နဲ့ တီးတာ လည်း ပါမယ်။ Lazy Club က ကိုမျိုးဇော်က ဆိုတေးရဲ့ သီချင်းကို တီးထားတယ်။ Music ပုံစံ အမျိုးမျိုး ထည့်မှာ။
Metal Zone တီးဝိုင်းနဲ့ ဒုတိယ စီးရီး အတွက် လက်တွဲ ဖြစ်တာက ဘယ်လိုကြောင့် လဲ။ Metal Zone တီးဝိုင်းနဲ့ လက်တွဲ ဖြစ်တာက သူတို့ တီးတာ ကိုလည်း ကြိုက် တယ်။ နန်းဆု သီချင်းကို ၀ိုင်းပြီး စီစဉ် ပေးတဲ့ သူတွေ ကလည်း အကြံဉဏ်ပေး တယ်၊ မိတ်ဆက် ပေးတယ်။ အဲဒါကြောင့်ပါ။
တေးရေး ဘယ်သူ တွေ ပါမလဲ။ တေးရေးတွေက အရိုး၊ စောခူဆဲ၊ မြင့်မိုးအောင်၊ ဟဲ လေး၊ မိုးမိုး၊ ဆိုတေး တို့ ပါမယ်။ တေးရေးလည်း စုံတယ်။ သီချင်း ပုံစံလည်း စုံမယ်။ အခုပြောတဲ့ တေးရေး တွေက ရေးပြီးတဲ့ တေးရေး ဆရာတွေ၊ မပြီးသေးတဲ့ တေးရေး ဆရာ တွေလည်း ရှိ သေးတယ်။
သီချင်းပုံစံ အစုံကို ဘယ်လို စိတ်ကူးနဲ့ ထည့်မှာ လဲ။ ပထမ စီးရီးနဲ့ ပုံစံကွဲ ထွက်ချင်လို့၊ သီချင်း ပုံစံကို ပြောင်းချင် တာပါ။ ပထမ အခွေကို နားထောင် ပြီးတဲ့ ပရိသတ် တွေရဲ့ ဝေဖန်သံ လေးတွေ လည်းရှိတယ်။ ဘယ်လို ပုံစံဆိုရင် အဆင် ပြေတယ်ဆိုတဲ့ ပရိသတ်ရဲ့ မှတ်ချက်ကို ယူထားပြီး အား နည်းချက်၊ အားသာချက် တွေ ရှာတယ်။ အဲဒီလို ရှာပြီး အား နည်းချက် ရှိရင် နည်းနည်း ပြင်၊ အားသာချက် လေး လည်း ပြန်ထည့်။ အဲဒီလို မျိုးနဲ့ ဒုတိယ အခွေကို လုပ် တာ။ ပထမ အခွေ ထွက်ထား ပြီးပြီ ဆိုတော့ နည်းနည်း အတွေ့အကြုံ ရသွားတာ။
Rapping ပိုင်း သီဆိုမှု တွေရော ပါဦး မလား။ Rapping က ပါတော့ ပါတယ်။ တစ်ပုဒ်စ၊ နှစ်ပုဒ် စလောက်ပဲ ပါလိမ့်မယ်။ အခု ရေးနေတဲ့ တေးရေး နှစ် ယောက်က Hip Hop ပုံစံရေး မှာ၊ သူတို့ဆီက ထွက်လာ တဲ့ သီချင်းပေါ် မူတည်ပြီး နန်းဆု ဆိုရတဲ့ အပိုဒ်ဆို နန်းဆု ဆိုမယ်။ လောလောဆယ် တော့ မသိသေးဘူး။ ဂီတ ပုံစံကို ပထမ အခွေနဲ့ မဟ သွားအောင်လို့ လုပ် ထား တယ်။ တချို့ သီချင်းတွေ ရှေ့က အခွေရဲ့ အရသာ နည်းနည်း ရှိအောင် ပြန်ထည့် ထား တာ နှစ်ပုဒ် သုံးပုဒ် ပါတယ်” လို့ ဆိုပါတယ်။
နန်းဆု ရတီစိုးက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ် တော်စီးရီးမှာ တေးရေး အစုံ ရဲ့ သီချင်း ပုံစံအစုံ ထည့်မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေ နှစ်သက်နိုင် မယ်လို့ ယုံကြည် ထားပါတယ်။

ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၄)
|
ခင်လေးမြင့် |
| About the author: |
| | |