|
Written by လူထိုက်
|
|
Tuesday, 01 January 2013 21:24 |
(က) “မသာမ ဗိုင်းတာမ ငါ အမေကြီး စကား နားမထောင် တဲ့ဟာမ ဒင်းဘ၀နဲ့ ဒင်းရှိ ပလေ့စေ အအပ် မခံဘူး လုံးဝ အအပ် မခံဘူး။ ဘယ်သူမှ မလာကြနဲ့ သွားကြ သိန်းရှင် တဲ့ ဟွန်း တစ်ရှင်တည်း ရှိတယ်။ အီး ဟီး ဟီး ဟီး”
argaiv1312
argaiv1290
ကြားရ၊ မြင်ရတဲ့ ရှုခင်း က ရယ်ရ အခက် ငိုရ အခက်။ ဒါပေမဲ့ ခံစားတတ်တဲ့ နှလုံးသား ရှိနေလို့ လားတော့ မသိဘူး။ စိတ်က အနည်းငယ် နွမ်းဟိုက် သွားတာတော့ အမှန်။
အမှန်ဆို။ ဒီပြဿနာက အိမ်ထဲမှာတင် တိုးတိုးတိတ် တိတ်နဲ့ ပြောရမဲ့ ကိစ္စ။ ဒီလို မဟုတ်ရင် တောင်မှ အသံ ကျယ်တော့ကော၊ ပြဿနာ သိပ်မဟုတ် လှဘူး။ အခုတော့။ အိမ်ရှေ့ ခြံစည်းရိုးဘေး ရေမြောင်း အထက်က ထိုင်ခုံ ပေါ်မှာ။ ဘေးက ဖြတ်သွား ဖြတ်လာ လူအချို့ကလည်း ငဲ့ကြည့် ငဲ့ကြည့်နဲ့ လုပ်သွား ကြတယ်။ ဘေးမှာ လည်း ဆယ်အိမ်မှူး ဦးကျော်နဲ့ မျက်စောင်းထိုး အိမ်က ဒေါ်ဝင်းအေး တို့က ဖျောင်းဖျ ပြောဆို နေကြတယ်။ ဒေါ်သိန်းရှင်ကတော့ ဒေါသ တကြီးနဲ့ ငိုယိုပြီး ငြင်းဆန် ပြောဆို နေတုန်း။ တကယ်တွေး ကြည့်ပြန်တော့ လည်း သနားစရာ။ ခက်တာ က ဒီအဘွားကြီး။ ဒေါသက လည်း ကြီး။ စိတ်ကလည်း ဆတ်။ အပြောအဆို ကလည်း ကြမ်း၊ နေရာတကာ လည်းပါ။
ဟော အခု။ အငယ်ဆုံး သမီးဖြစ်တဲ့ ခင်မေသိန်း၊ ယောက်ျား နောက်လိုက်ပြေး တယ်လေ။ အဲဒါ။ ယောက်ျား လေးရှင်ဘက်က မိသား ဖသားပီပီ ပြန်အပ်ဖို့ ကြိုတင် သတင်း လာမေးတာ။ ဒါကို ဒေါ်သိန်းရှင်က ငြင်းနေတာ လေ။ ငြင်းလို့သာ ငြင်းနေ တာပါ။ သူ့သမီး ခင်မေသိန်း ဆိုတာက အသက်က နှစ်ဆယ့်နှစ် နှစ်ထဲမှာ ရှိနေပြီ။ အိမ်ထောင် ပြုဖို့ အသင့်တော် ဆုံးအချိန် ဆိုတာကိုတောင် လွန်လုလု လို့ ပြောရ တော့မှာ ရယ်။
“ဟဲ့ ငါ ပြောပြီး ပါပ ကော မောင်ကျော်။ လက်မခံ ပါဘူးလို့ဆို။ အီး ဟီး ဟီး ဟီး။ အလကား ဟာတွေ။ ငါ့ ကို မညှာတဲ့ ဟာတွေ။ မွေးရ ကျိုးမနပ်တဲ့ ဟာတွေ ဟီး ဟီး ဟီး” “သြော် ဒေါ်သိန်းရယ် ခေါင်းမမာ ပါနဲ့ဗျာ။ ဟိုဘက် က တင့်တောင့် တင့်တယ်နဲ့ မင်္ဂလာဆောင် ပေးကြ မှာပဲဟာ စိတ်လျှော့ပါ ဒေါ်သိန်းရယ် နော်” “အို မလျှော့ဘူး မလျှော့ဘူး။ မောင်ကျော် သိန်းရှင် အကြောင်း မသိသေး ဘူးလား ဟင် ဟီး ဟီး ဟီး” “စိတ်ကို လျှော့ထားပါ သိန်းရှင်ရယ် ဒီလို ပဲပေါ့” “ဘာကို ဒီလို လုပ်ရမှာ လဲ မ၀င်းအေးရယ်။ ကျွန်မ ရင်နာလွန်း လို့ပါ မွေးရကျိုး မနပ် လွန်းလို့ပါ အင့် ဟီး ဟီး ရွှတ်” ဒေါ်သိန်းရှင် ကတော့ နှာရည်တွေ ထွက်ပြီးတော့ကို ငိုရင်း၊ ပြောရင်း၊ ငြင်းဆန် နေဆဲ။
ကျွန်တော်လည်း ဆက်ပြီး မကြည့်ချင် တော့တာ ကြောင့် ခြံထဲ ပြန်ဝင်ပြီး အိမ် အပေါ်ထပ်ကို တက် လိုက်တယ်။ အပေါ်ထပ်ရောက် တာနဲ့ စာရေး စားပွဲမှာ ထိုင်ပြီး မဂ္ဂဇင်း တစ်အုပ်ကို လှန်လှော ကြည့်နေ မိလိုက် တယ်။ စိတ် က မပါသလိုကြီး။ ဒါ ကြောင့် စာအုပ်ကို ပြန်ချ လိုက်ပြီး။ ဟိုဟိုဒီဒီ တွေးမိ သွားလိုက်တယ်။ ဒီအခါ မှာတော့။ ဒေါ် သိန်းရှင်ရဲ့ မျက်နှာကြီးက အာရုံထဲမှာ ဘွားခနဲ ပေါ်လာတယ်။ ဒီအဘွားကြီး သနား ဖို့တော့ ကောင်းသားလား။ ပြီးတော့ ပြီးတော့။
(ခ) ဒေါ်သိန်းရှင်နဲ့ ကျွန် တော်နဲ့က ခြေရင်း ခေါင်းရင်း နေကြတာ။ သူ့အိမ်က ကျွန်တော့်အိမ် ခေါင်းရင်း မှာပေါ့။ ခြံအကျယ်က လည်း ဆယ့်ငါးပေစီ ရှိကြတာရယ်။ သူတို့အိမ်က ပျဉ်ထောင်ပျဉ် ခင်း သွပ်မိုး နှစ်ထပ်အိမ်။ ကျွန်တော့်အိမ်က နှစ်ထပ် တိုက်လေး။ ဆိုတော့ကာ။ စကားပြော ကြရင်း လေသံ နည်းနည်း ကျယ်တာနဲ့ အရှင်း သားကြား ရတော့ တာရယ်။ ကျွန်တော်နဲ့ ကတော့ မတည့် မရှိဘူး။ အမြဲတည့်ပဲ။ တည့် ရတဲ့ အကြောင်း အရင်းက လည်း ကျွန်တော်က စာရေးသူ ဖြစ်နေ လို့ဆိုတာ ကြောင့်ပဲ။ ဘာဖြစ် လို့လဲဆိုတော့။ သူ့အကြောင်း ကို ကျွန်တော်က ၀တ္ထုထဲ ထည့်ရေးမှာ စိုးလို့တဲ့။ အဲဒါ ကို သိပ်ကြောက် တာရယ်။
တကယ် တွေးကြည့် ပြန်တော့လည်း သူ့အကြောင်း က ၀တ္ထု ရေးချင် စရာက အများ သားလားရယ်။ ဒါပေမဲ့ ကျွန်တော် မရေး ဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ကြောင့် ကာယကံ ရှင်စိတ်ထိခိုက် ရရင် မကောင်း ဘူးလေ။ ပြီးတော့ ဒီအဘွား ကြီးက အပေါက်ဆိုး တယ်ဗျ။ ကျွန်တော်တို့ ခေတ်စကားနဲ့ ပြောရရင် အပေါက်နံ တယ်ပေါ့ ဗျာ။ ပြောသာပြော ရတာပါ။ လူတိုင်းရဲ့အပေါက် တိုင်းဟာ နံတာချည်းပါပဲ။ အဲ ဒါပေမဲ့။ ကျွန်တော် သူ့အကြောင်းတွေ စပ်စုထား တာ ရှိတယ်။
သြော် ကျွန်တော်က ဒီ ရပ်ကွက်ထဲကို ပြောင်းလာ တာ သုံးနှစ် ကျော်ကျော်ပဲ ရှိ သေးတာရယ်။ ဆိုတော့ကာ။
ကျွန်တော် သိရသ လောက်တော့ ဒီအဘွားကြီး က နတ်မောက် ဇာတိဘက် ကဆိုပဲ။ သူ့ယောက်ျားနဲ့ အိမ် ထောင်ကျပြီးမှ ဒီရပ်ကွက်ကို ရောက်လာ ကြတာတဲ့။ သူ့ ယောက်ျားက ကားမောင်း တဲ့။ ဟိုင်းဝေးကား တွေလို့ ပြောတာပဲ။ ဒီလိုနဲ့ နေလာ လိုက်ကြတာ။ ကလေးလေး ယောက်အရ၊ အငယ်ဆုံး ကောင်မလေး ခင်မေသိန်း ငါးနှစ် သမီးအရွယ်မှာ ယောက်ျားက စွန့်သွားခဲ့ တယ်တဲ့လေ။ မိသားစုလိုက် ပေါ့။ မော်လမြိုင် ဘက်မှာ နောက်အိမ်ထောင် ထူထား တယ်လို့တော့ ပြောကြတာပဲ။ တော်တော် ရက်စက်တဲ့ လူကြီး ဗျာ။ အရွယ် မရောက်ကြ သေးတဲ့ သားသမီး လေးတွေ ကို လူ့လောက အလယ်မှာ မျက်နှာငယ် ကြရအောင် ပြုရက်လွန်း ပါပေ့။ ဆိုတော့ ကာ။ အဘွားကြီး ခမျာ။ ကလေး လေးယောက်နဲ့ လောကကြီး အလယ် ရုန်းကန် တော့ပေါ့။ အင်း။ အဘွား ကြီးသတ္တိ ကလည်း မခေဘူး။ လင်ပစ်မ၊ ကလေး လေးယောက် အမေ၊ အရွယ်က သုံးဆယ်ကျော်၊ လတ် ဆတ်တုန်း။ ဆိုတော့ကာ။ ကပ်လာတဲ့ ပုရိသ တွေကို ငြင်းခါ ထုတ်လို့ လောကကို ရင်ဆိုင်ခဲ့တယ်။ ရှိစုမဲ့စု လေးတွေ ရောင်း ချပြီး အိမ်ဆိုင်လေး တည် တယ်။ ရပ်ကွက် ထဲမှာ ငွေ တိုးလေး နည်းနည်း ပါးပါး ပေးတယ်။ လောက ၀န်းကျင် ဆိုတာကလည်း ခက်သား လား။ လင်သား မရှိတဲ့ မှည့် မှည့်ဝင်းဝင်း အသီးကြီးဆို တော့လည်း ထိချင်တဲ့ သူနဲ့၊ တို့ချင်တဲ့ သူနဲ့၊ အလကားရ မလား ချောင်းတဲ့ သူနဲ့ စုံနေ တာပေါ့။ ဒီတော့လည်း ဘယ်သူမှ မကပ်ရဲ ကြအောင် ပါးစပ် ကလေးက နည်းနည်း ကြမ်းပေး ရတာပေါ့။ ပြီးတော့ ချထားတဲ့ ငွေတိုးလေး တွေကလည်း သုံးရက် စွန်းလို့မှ အကြောင်းမကြား လာဘူးဆို ရင် ဒေါ်သိန်းရှင်တို့ ထဘီကို ဒူးနားထိ တင်ဝတ်လို့ ပွဲကြမ်း ပြီပဲ။ ဒီလိုနဲ့ အကျင့်က ပါလာ လိုက်တာ။ အယုတ္တ အနတ္တ တွေတောင် ပါလာရောပဲ။
လူပုံစံ ကလည်း ခပ် တောင့်တောင့်ကြီး ဆိုတော့ တောင်ရုံ တန်ရုံ ယောက်ျား သားတွေတောင် ဖြုံတာဆို တော့ မိန်းမသား ချင်းဆို ပြီး ရောပဲ။ အဲ ပါးစပ်ကလည်း ပြောသေးဆိုပဲ။ “ဟွန်း နတ်မောက်သူ နော် ဘာမှတ်လဲ။ ဘယ်သူ့ ကိုမှ မဟုတ်တာ မလုပ်ဘူး။ သိန်းရှင် တို့ကိုလည်း လာ မလုပ်နဲ့။ အကုန်လုံးကို ကိုင်ဖြဲ ပစ်မှာ။ ဟွန်း သိတယ်မို့လား ဗိုလ်ချုပ် အောင်ဆန်းနဲ့ တစ်နယ်တည်း သားတွေ သွေးက ရဲနေတာ ထက်တောင် သာ သေးတာပ။ မယုံရင်ရင် စမ်း ကြည့်ကြ ပ” အဲဒါ သူ့ လက်သုံး စကားဆိုပဲ။ တကယ်လည်း သတ္တိ ရှိတယ်ဆိုပဲ။
ပြောရ ဦးမယ်။ လမ်းထဲမှာ ညီအစ်မ ချင်းတို့၊ ညီအစ်ကို ချင်းတို့ လမ်းသူ လမ်းသားချင်းတို့၊ စကားများ ရန်ဖြစ် ကြတယ်မို့ လား။ ဆယ်အိမ်မှူး ဦးကျော် သာ ဖြေရှင်းလို့ မရတာ ရှိမယ်။ ဒေါ်သိန်းရှင် ဖြေရှင်းလို့ မရ တာ မရှိဘူး။
ပထမတော့ အဘွား ကြီးက နှစ်ဖက်စလုံးကို တော်ကြ ရပ်ကြတော့ဖို့ တား တယ်။ ဒါဆိုရင်တော့ ရပ်ကြ တော့။ ရှိသမျှ အပေါက်တွေ ပိတ်ပြီး ကိုယ့်အိမ်ထဲမှာ ကိုယ် ငြိမ်ငြိမ်လေး နေကြ တော့ပဲ။ အဲ အဲဒီလို တားလို့ မှ မရကြဘူး ဆိုရင် အဘွား ကြီးက နီးရာဝါးလုံး ကိုဆွဲပြီး အရိုင်းတကာ့ အရိုင်းဆုံး စကားလုံး တွေနဲ့ နှစ်ဖက် စလုံးကို ပတ်ကြမ်း တိုက်ပြီး စိန်ခေါ် တော့တာရယ်။ ဒါ ကြောင့် လမ်းထဲမှာ တော်ရုံ တန်ရုံ ပြဿနာ လောက်နဲ့ ရန်မဖြစ် ကြဘူး။ အဲ ဖြစ်ကြလို့၊ လေကြောက ရှည်နေကြပြီဆို ရင်တော့ အဘွားကြီးက ထဘီ ပြင်ဝတ်ပြီး အိမ်ထဲက ထွက်ပြီပဲ။ ပြီးတာနဲ့- “ဟေ့ ဟေ့ တော်ကြ တော့။ ဟုတ်တာလည်း မှုတ် ဘူး၊ လေကုန်တာ အဖတ် တင်တဲ့ ဟာတွေပဲ”
ဆိုလို့ကတော့ တိတ်ပြီ ပဲ။ ရှိသေးတယ်။ သင်္ကြန် တွင်းကြီး လမ်းထဲကလူငယ် အချို့ပေါ့။ ကျွန်တော့် ဘော်ဒါ တွေ ဘော်ကျွတ် တွေလေ။ အပေါစား အပြင်းလေး၊ သုံး ပတ်စီလောက်လေး ကစ်ပြီး ကြပြီး ၀ါကြီး သမ္ဘာကြီး ဂိုက်တွေ ဖမ်းရင်း လမ်းထဲက ဖြတ်သမျှ မိန်းမမှန် သမျှကို ရှေ့ကနေ လက်နဲ့ပိတ်တား ပြီး ရေလောင်း ကြတယ်လေ။ လောင်းတော့လည်း တစ် ယောက်က ဆပ်ပြာရေ။ နောက်တစ်ယောက် ကမှ ရေကိုလောင်း တယ်။ ပြီးတော့ ဖြည်းဖြည်းချင်းလေး။ ဆို တော့ကာ။ ချောချောလှလှ ကောင်မလေး တွေဆိုရင် ပိုပြီးတော့ တောင် လောင်းလိုက် ကြသေး။ အဲ စက်ဘီးနဲ့ လာလည်း မရဘူး တားတာပဲ။
ကျွန်တော်ကတော့ ဒါ မျိုးဆို ဝေါင်ဝေါင် ရှေးပဲ။ အဲဒါဗျာ၊ အဲဒီ ငမောင်ကူး အဲ ငမူးကောင် တွေလေ။ ခင် မေသိန်းကို သွားပြီး လောင်း ကြတယ်။ ငတိမက ဆပ်ပြာ တွေပါတော့ မျက်စိစပ်ပြီး အော်တာပေါ့။ စကားလည်း နည်းနည်းများ သွားတယ်လေ။ သိတယ်မို့လား။ အမေတူ သမီးဆိုတော့ အပေါက်က နည်းနည်း နံတယ်။ ဆို တော့ကာ။ အဘွားကြီး သိသွား တယ်လေ။ ဒေါနဲ့ မောနဲ့ ထွက်သွားတာရယ်။ ငတိ တွေကလည်း နှစ်ကျပ်ဖိုး လောက်သောက်ပြီး နှစ် သောင်းဖိုး လောက် အထာနဲ့ မူးပြပြီး ကဲနေကြတုန်းပဲ။ အဲ အဘွားကြီး ကိုလည်း မြင်ရော နည်းနည်း တွန့်သွားကြ တယ်။ ဒါပေမဲ့ နှစ်ကျပ်ဖိုး လောက် သောက်ထားတဲ့ ကောင်တွေ ဆိုတော့ အဘွားကြီး ကို စချင်တာနဲ့ ငြာသံ ပေးပြီး ၀ိုင်းလောင်းကြ တယ်။ ဒီမှာတင် အဘွားကြီးက ဒေါကြီး မောကြီးနဲ့-
“ဟဲ့ မသာ လေးတွေ။ မြွေပွေး ကိုက်လေးတွေ။ နင် တို့ ရေပက် နေတာက ရိုးရာ သင်္ကြန်ကို ဖျက်ဆီး နေကြတာ။ ဟင် နင်တို့ နှမတွေ၊ အစ်မတွေ၊ အမေ တွေကိုပဲ အဲဒီလို ပက်ကြပါလား။ ဟင် ခွေးသူတောင်းစား တွေ။ နင် တို့ ကမြင်းပုံကလေ လူကို ပက်ဖို့ မတန်ဘူး။ လာကြ ဒီမှာ ပက်ကြဟဲ့ ကာလနာ တိုက်တွေရဲ့ ဟင်” ဆိုပြီး ထဘီကို မ ပေး တယ်ဆိုပဲ။ ငတိ တွေလည်း မူးချင်ယောင် ဆောင်ထားကြ တဲ့ အမူး တွေကို ပြေပြီး ထွက် ပြေးကြ တယ်လေ။ အဲဒီနေ့က ညနေ လည်းရောက်ရော ဘော်ဘော် တစ်ကောင်ဖြစ်တဲ့ ဟိန်းစိုးကို ကျွန်တော် မေး ကြည့်ဖြစ်ပါတယ်။
“ဟေ့ကောင် အဘွား ကြီး မ ပြတော့ မြင်လိုက် သေးလားကွ” “အေးကွ အနီရောင် ကြီး” “ဟေ ဘာ ဘာလဲကွ” “ဘောင်းဘီလေ ဘောင်းဘီ” ဆိုတော့ကာ။ ဘောင်း ဘီပါလို့ တော်သေး တာပေါ့။ တစ်ခါလား မှာလည်း လမ်း ထဲက ဦးကျော်ဇေ ဆိုတဲ့ အဘိုးကြီး။ အိမ်မှာ အတူနေ တဲ့ သမီးနဲ့ ရန်ဖြစ်တာ။ သမီး က အိမ်ထောင်နဲ့ ကွဲနေတာ။ ငါးနှစ် အရွယ် သားလေးတစ် ယောက်နဲ့ပေါ့။
အကြောင်းရင်း က တော့ တစ်ပင်ထပ် ထူချင်တဲ့ သမီးကို တားမြစ်ရင်း နဲ့ ဖြစ် ကြတာ။ အဘိုးကြီးက တော် တော်ကြီး စိတ်ကြီး ပုံရတယ်။ ဒေါသ ဖြစ်ပြီး သမံတလင်း ပေါ်မှာ ရိုက်ရိုက် ခွဲတာ။ ဖန် ခွက်တွေ အလုံး နှစ်ဆယ် လောက် ရှိနေ လောက်ပြီ။
အဲဒါကို အဘွားကြီးက ထုံးစံအတိုင်း သွားတားတာ။ အဘိုးကြီးက တော်တော်နဲ့ မရပ်ဘူး။ ဒီတော့ မေးတယ်။ “တော့် ဦးကျော်ဇေ တော်ပါ တော့တော်” အဘိုးကြီးက မရပ်ဘူး ပြန်ပြောတယ်။ “ရှိသမျှ အကုန် ခွဲပြီးမှ ရပ်မယ်” “ဟယ် တကယ်ပေါ့ ဒါဆို ကျုပ်လည်း ခွဲကူမယ်” ဆိုပြီး မှန်ဗီရို အပုလေး ပေါ်မှာ တင်ထားတဲ့ နှစ်ဆယ့် လေးလက်မ တီဗွီကို ပြေးမ တာရယ်။ အဲ လက်ထဲလည်း ပါလာ ပြီးရော ချတောင် မခွဲ ရသေးဘူး။ အဘိုးကြီးရဲ့ အသံကြီးက ဟိန်းထွက်လာ တယ်။
“ဟာ မသိန်းရှင် မလုပ် နဲ့ မလုပ်နဲ့ ကျုပ် ရပ်ပြီ” တဲ့ လေ။ အဲဒီလို အဘွားကြီး။ လမ်းထဲမှာ နေလာတာက လည်း နှစ်ပေါင်းလေးဆယ် နီးပါး လောက် ရှိပြီဆိုတော့။ ဆားဗစ်က မပေါ့ တော့ဘူး လေ။ သြော် ပြောရဦးမယ်။ အကြီးဆုံး သားနှစ်ယောက် က ပညာလည်း စုံရော။ ကြင်ယာတန်း ထူတော့တာ ပဲ။ ထူတာမှ တစ်နှစ်တည်းနဲ့ ကို နှစ်ယောက် စလုံးက ထူ ကြတာ။ ဆိုတော့ကာ။ အဘွားကြီး ကလည်း ပြတ်တယ်။
“ငါ့ ကျေးဇူးကို ငါး ပြားဖိုးတောင် ကျေအောင် မဆပ်သေးတဲ့ ဟာတွေ ဒင်းတို့ ထိုက်နဲ့ ဒင်းတို့ကံပဲ။ အိမ် အရိပ် တောင် လာမနင်း ကြနဲ့” ပြောလည်း ပြော။ တဟီးဟီး နဲ့လည်း ငိုနဲ့။ ပြော တဲ့အတိုင်း ပစ်ထားခဲ့တာ ရယ်။ အဲ အဲဒီမှာ တတိယ မြောက်ကောင်။ ကျော်ကျော် ဝေတဲ့။ ကျွန်တော်နဲ့ သက်တူ ရွယ်တူရယ်။ ဒီကောင်က ဗီဒီယို မင်းသားတွေ အခြောက် လို သရုပ်ဆောင် ကြတဲ့ဇာတ် ကားတွေ အကြည့် များလာလို့ လား မသိဘူး။ ခြောက် တောက် တောက် ပုံစံ။ ဒီနှစ်ပဲ ကျောင်းပြီးတယ်။ သင်္ချာနဲ့ဗျ။ အဲဒါ အဘွားကြီး အိမ်ဆိုင်မှာ မီနီမားကက် အမှတ်နဲ့ ထိုင် ရောင်း နေလေရဲ့။
အခုဆို အကြီးနှစ် ကောင်လည်း အိမ်ထောင် သက်သုံးနှစ် ကျော်ကျော်လောက် ရှိသွားကြပြီ။ နှစ်ယောက် စလုံးက မက်ဆီကိုပဲ အားကျ သလား၊ တီဗက်ကိုပဲ အား ကျကြသလား မသိဘူး။ ကလေး နှစ်ယောက်စီ ရနေ ကြပြီ။
ရံဖန်ရံခါ တော့လည်း အဘွားကြီးဆီ လာလည်ကြ ပါတယ်။ လာလည် ကြရင် လည်း အဘွားကြီးက မြေး လေးယောက် စလုံးကို အား ပါးတရကြီး ဖက်နမ်းပြီးတာ နဲ့- “ကဲ လုပ်ချင် ရာလုပ်၊ ဖြစ်ချင်ရာ ဖြစ်နေကြတဲ့ မယားတရူး နှစ်ကောင် နင်တို့ ...ခွက်တွေ ကြည့်ရတာ၊ ငါ့ နှလုံး နာတယ်။ ပြန်ကြတော့ ရှိတာ ရှာစားပြီး ပြန်ကြတော့။ နောက်ကိုလည်း မလာကြနဲ့” ဆိုပြီး နှင်ထုတ် တော့တာ။
ခမျာသားတွေနဲ့ ချွေးမ တွေ မျက်နှာငယ်လေးတွေနဲ့ ပြန်သွား ကြရတာ။ ထိုင်ပြီး ကန်တော့ကြ တာတောင် လက်မခံဘူး။ အဲ ဒီလိုနဲ့ ပြန် သွားကြပြီးလို့ နှစ်လလောက် ကြာတဲ့ အထိမှ ပေါ်မလာကြ ပြန်ဘူး ဆိုရင်လည်း-
“ဘယ်လာ ကြမလဲ ဒင်းတို့က မယားတရူး တွေဆို တော့ အနံ့ခံ ပျက်ကြမှာ စိုးလို့ နေမှာပေါ့။ ဟို မသာ ခြောက် သလို စိုသလိုကောင် ငါ့မြေး တွေကို အခု ချက်ချင်းသွား ခေါ်ခဲ့။ မပါလာရင် နင့် (...) ကို အဖြတ်ပဲ။ ဟွန်း နင်က ဖြတ်စေချင် လွန်းလို့ ရအောင် ခေါ်မလာတာ ဆိုရင်တော့ ဆားရည် စိမ်ပစ်မယ်”
ဆိုပြီး ပိုးစိုး ပက်စက် တွေနဲ့ ကြိမ်းတော့ တာပဲ။ ကျော်ကျော် ခမျာလည်း တွေ့ ရာ တက္ကစီနဲ့ လိမ့်ရတော့ တာ ပဲ။ အဲဒီအခါကျရင် မိသားနှစ် စုလုံး ရောက်လာကြရပြန် ရော။ အဲဒီတော့ မြေးတွေနဲ့ ဆော့၊ စကားတွေ ပြော။ တစ် နာရီခွဲ နှစ်နာရီ လောက်ကြာလို့ စိတ်ကျေနပ်မှု လည်းရှိရော ထုံးစံ အတိုင်း ခွေးမောင်းဝက် မောင်းသလို ကို နှင်ထုတ် တော့တာ။ ချွေးမ နှစ်ယောက် ကလည်း အေးလိုက်ကြတာ မှ ရေခဲတုံး။ ပါးစပ်တွေဆို တာကလည်း မပါဘူးလား အောက်မေ့ ရတယ်။ ဟော အခုတော့ အငယ် ဆုံးငတိမ ခင်မေသိန်း၊ ယောက်ျားနောက် ခိုးရာလိုက် ပြေးပြီးလို့ ပြန်လာ အပ်ဖို့ ပြင် ဆင်နေကြပြီ။ အဘွားကြီးက လုံးဝ လက်မခံသေး။ လက်ခံ မဲ့ အနေအထား ကလည်း မပေါ်ဘူး။ ဘာတွေ ဆက် ဖြစ်မလဲ။ ဆိုတော့ကာ။ စောင့် ကြည့်ရ တော့မှာပေါ့။
(ဂ) မဆိုးဘူး။ အရပ်က ကောင်းတယ် ပြောရမယ်။ အဲဒီနေ့ကပဲ အဘွားကြီးက ခင်မေသိန်းကို ပြန်လာ အပ်ဖို့ လက်ခံ လိုက်တယ်။ နောက် တစ်နေ့မှာ ယောက်ျားလေး ဘက်က လူကြီးစုံရာနဲ့ လာ အပ်ပြီး သုံးရက် အတွင်းမှာ မင်္ဂလာဆောင် ဖို့ရက် သတ် မှတ်ခဲ့တယ်လေ။ ကြည့်ရတာ အဘွားကြီး စိတ်သာယာ လာ တုန်း အမြန်စီစဉ် ကြပုံရ တယ်။ ဒါကြောင့် လမ်းထဲက အဘွားကြီး အိမ်ရှေ့မှာပဲ မင်္ဂလာ မဏ္ဍပ်ကြီး ထိုးပြီး ၀က်သား၊ ကြက်သား၊ သရက် ချဉ်သုပ်၊ မုန်လာဥ အချဉ် ရည်ဟင်းနဲ့ တို့စရာ အစုံ အလင်း စတဲ့ ဂုဏ်မငယ်စေ တဲ့ အကျွေး အမွေးနဲ့ ဧည့်ခံ ကျင်းပ ခဲ့တယ်။ အဲဒီရက်တွေ အတွင်းမှာ အဘွားကြီးက ဘယ်သူနဲ့မှ စကားမပြော သလို၊ ဧည့်ခံပွဲ မှာလည်း ဘယ်သူ့ကိုမှ ဧည့်မခံဘဲ အိမ် လေးပေါ်မှာ တစ်ယောက် တည်း သက်ပြင်းတွေ“တဟင်း ဟင်း” ချပြီး နေနေ လေရဲ့။
ကျွန်တော်လည်း အသေးစိတ်ကို စပ်စုတာ ရယ်။ ဒီလိုနဲ့။ ဧည့်ခံပွဲပြီးလို့ မဏ္ဍပ်ကြီးလည်း ဖျက်ပြီး အိုးတွေ၊ ပန်းကန်ခွက် ယောက်တွေကိုလည်း ဘုန်း ကြီး ကျောင်းကို ပြန်အပ် အပြီး ဧည့်သည် တွေလည်း အရှင်း လုလုဖြစ်။ ခင်မေသိန်း ကလည်း လင်တော်မောင်နဲ့ လိုက်သွား ရတော့မှာ ဆိုတော့ အမေဖြစ်တဲ့ အဘွားကြီးကို ကန်တော့ပေါ့။
“အမေရယ် သမီးကို ခွင့်လွှတ်ပါနော်။ သမီးလေ ကန်တော့ပြီး တောင်းပန်ပါ တယ် အမေရယ် အင့်” ပြောလည်းပြော။ ကန် တော့လည်း ကန်တော့ပေါ့။ မျက်ဝန်း မှာလည်း မျက်ရည် စလေးတွေက ရစ်ဝဲနေပြီ။ အဘွားကြီးက ဘာ စကားမှ ပြန်မပြောဘဲ ခက် ထန်တဲ့ မျက်နှာ ပေးကြီးနဲ့၊ မျက်နှာလွှဲ ထားတယ်။ အသက် ကလည်း ခြောက် ဆယ်ကို လစွန်း လာပြီဆိုတော့ ပါးရေ နားရေတွေက တွန့် နေပါပြီ။ ဒါပေမဲ့ နှုတ်ခမ်း တစ်စုံကတော့ တင်းမာဆဲပဲ။
ဒီအချိန်မှာ ခင်မေသိန်းက “အမေရယ် ဆူချင်ရင် လည်း ဆူပါ၊ ရိုက်ချင်ရင် လည်း ရိုက်ပါ။ အခုလိုကြီး တော့ မနေပါနဲ့ အမေရယ် နော် နော်လို့ အီး ဟီး ဟီး ဟီး ဟီး” ဆိုပြီး ပြောရင်းနဲ့ ငိုချ လိုက်ပါလေရော။ ဘေးမှာ ရှိ နေကြတဲ့ လူကြီး သူမတွေက လည်း အဘွားကြီးကို ဖျောင်းဖျ ပြောဆိုကြ ပါတယ်။ ကျွန်တော် ဆိုကြည့်နေရင်း နဲ့ကို မျက်ရည်က ၀ဲလာတယ်။ တွေးလည်း တွေးမိ လိုက် သေးတယ်။
“ငါ မိန်းမ ယူရင်ကော၊ ငါ့အမေက ဒီလို ဖြစ်မှာလား” လို့ပေါ့။ သတို့သားလေး ကို ကြည့်လိုက်တော့လည်း ခေါင်းကုတ် ရမလို၊ ဖင်ကုတ် ရမလိုနဲ့။ ခင်မေသိန်း ကတော့ သိမ့်သိမ့် ရှိုက်ပြီး ငိုနေဆဲ။ နောက်တော့ သတို့သားက ခင်မေသိန်းကို ပြန်ကြ တော့ဖို့ အတွက် ပြောပြီး ဆွဲထူထ တယ်။ ခင်မေသိန်း ကတော့ အဘွားကြီး မျက်နှာကို စိုက် ကြည့်နေဆဲ။
“အမေ သ သမီး သွား ပြီနော်။ သ သမီးက အမေနဲ့ တစ်လ၊ နှစ်လလောက် နေချင် သေးတာပါ။ အမေမှ လက်မခံ တာကိုး ဟီး ဟီး။ အမေက သမီးစိတ်ကို နား မလည်ဘူး။ ဟီး ဟီး ဟီး။ နားလည် ပေးပါ အမေရယ် နော်။ အင့် အီး ဟီး ဟီး သွား သွား ပြီ အမေရယ်” သတို့သားက ခင်မေ သိန်း ပခုံးလေးကို ဖေးမပြီး လှည့်ထွက် သွားတယ်။ မြင်ရ တာ စိတ်ထဲ မကောင်း လိုက်တာ။ ဒီအချိန် မှာပဲ မျက်နှာ ကြောကြီး တစ်ချိန်လုံးတင်း ပြီး မျက်နှာကြီး လွှဲထားတဲ့ အဘွားကြီးက ဆတ်ခနဲ ငဲ့ကြည့်တယ်။ ပြီးတော့
“ဟဲ့ ကောင်မ မိခင်မေ ပြန်ထိုင် စမ်းပါဦး” ပြောလိုက်တဲ့ အသံက ခပ်ပြတ်ပြတ်ကြီး။ ခင်မေ သိန်းကိုယ်လေး တွန့် မတွန့် တော့ မသိဘူး။ ကျွန်တော့် ကိုယ်ကြီးတော့ တွန့်သွား တယ်။ ဒီမှာတင် ခင်မေ သိန်းက မျက်ရည် တွေကို လက်နဲ့ သုတ်ရင်းနဲ့ ပြန်လှည့် လာပြီး အဘွားကြီးရှေ့မှာ ယို့ ယို့လေးနဲ့ ထိုင်လိုက်တယ်။ အဘွားကြီး မျက်နှာ ကိုလည်း မရဲတရဲနဲ့ ကြည့်လို့ပေါ့။
အဘွားကြီးကလည်း ခင်မေသိန်း မျက်နှာကို စူးစိုက် ကြည့်ရင်း “ကောင်မ ဘာတဲ့၊ ငါ က နင့်စိတ်ကို နားမလည်ဘူး ဟုတ်လား။ နားလည်ပေးရ မယ် ဟုတ်လား။ အံ့ အံ့ပါ့အေ။ ညည်းတို့ကကော ငါ့ကို နားလည်ကြ လို့လား ဟင်။ ညည်း ဆိုရင်လေ။ ငါက သမီးလေး တစ်ယောက် တည်းမို့ ချစ်လို့ မ၀သေးဘဲ နှမြောနေ တဲ့ ငါ့ရင်ထဲက ဝေဒနာကို နားလည် တတ်လို့လား ဟဲ့ ကောင်မရဲ့ အီး ဟီး ဟီး ဟီး။ ငါ့ မှာတော့လေ။ နင်တို့ လေးယောက် နဲ့ကို လင်က ပစ်သွားတယ်။ နန့်ကြောထ ရင် ရသေးတာ တောင်မှ မျက် ကွယ် ပြုခဲ့တယ်။ ညည်းတို့ တွေအတွက် ငါ ကြမ်းခဲ့ ရမ်း ခဲ့ရတာပါအေ။ ဒါမှ မစော် ကားရဲကြမှာ လေ။ ဒါတွေကို ညည်းတို့ နားလည် ကြရဲလား ဟင် အီး ဟီး ဟီး အီး”
“ဟာ” ကြည့်စမ်း။ ပြောချ လိုက်တဲ့ စကားလုံး တွေနဲ့ ပုံ သဏ္ဌာန်။ အဘွားကြီး ငိုနေ တယ်။ ဒီအချိန် မှာပဲ။ ခင်မေ သိန်းက အဘွားကြီး ရင်ခွင်ထဲ ဦးခေါင်းတိုး ၀င်ပြီး ခပ်တင်း တင်း ဖက်ထား ပစ်လိုက် တယ်။ ငိုလည်း ငိုနေတယ်။ အဘွားကြီး ကလည်း ခင်မေ သိန်း ကိုယ်လေးကို ပြန်ဖက် ထားပြီး ငိုနေတယ်။
“ဟွန်း ကောင်မ” “အမေရယ်။ ဆူပါ ရိုက် ပါ အမေရယ်။ အမေ့ကို သမီး သမီး အရမ်းချစ်ပါ တယ် အမေရယ် အင့်” ခင်မေသိန်းက ပြော ပြောဆိုဆိုနဲ့ အဘွားကြီးပါး ပြင်နှစ်ဖက်ကို အားပါးတရ ကြီးနဲ့ မွှေးကြူ လိုက်တယ်။ ဒီအခါမှာ အဘွားကြီးက “ကဲ တော်ပါ။ နင် လည်း ငါ့ထက် ချစ်ရမယ်သူ တွေ့သွားပြီပဲ။ ကဲ ကဲ သွား တော့ သွားတော့”
အဘွားကြီးက ပြော ပြောဆိုဆိုနဲ့ တွန်းထုတ်ပြီး ထိုင်နေရာ ကနေ စွေ့ခနဲ ထရပ် လိုက်ပြီး အိမ် အနောက် တံခါး ပေါက်မှာ သွားရပ်တယ်။ နောက်တော့ သတို့သားက “သွားကြစို့ ခင်မေရာ အောက်မှာ အဖေတို့ စောင့်နေ တာကြာပြီ”
သတို့သားက ခင်မေ သိန်းပခုံးကို ဖက်ပြီး ဆွဲခေါ် သွားတယ်။ အနားမှာ ရှိနေတဲ့ ဒေါ်ဝင်းအေးကလည်း အဘွား ကြီးရပ် နေတဲ့ဆီကို လျှောက် သွားပြီး တိုးတိုး တိုးတိုးနဲ့ စကားတွေ ပြောနေလေရဲ့။ ကျွန်တော် မောင်စပ်စု လည်း အိမ်အောက်ကို လိုက် ဆင်းသွား လိုက်တာပေါ့။
“ဟဲ့ မောင်လူထိုက်” အဘွားကြီး ရဲ့ခေါ်သံ ခပ်တိမ်တိမ်။ လှမ်းလက်စ ခြေလှမ်းကို တန့်ပြီး အဘွား ကြီးဆီ လျှောက် သွားလိုက် တယ်။ အနား ရောက်တာနဲ့……. “ဘာ ဘာခိုင်း ချင်လို့လဲ အဘွား” “အေး ခိုင်းမယ်” “ဟုတ် ပြောပါ အဘွား” “အေး ငါ့အကြောင်းကို မင်း သိသ လောက် ၀တ္ထုရေး စမ်း” “ဗျာ”
လူထိုက် (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|