|
Written by သင်းပပ
|
|
Thursday, 13 December 2012 18:55 |
အတွေ့အကြုံ ဆိုတာက အလုပ်တာဝန် တစ်ခုကို အမှန်တကယ် လုပ်ဆောင်တဲ့ သူတိုင်း ဖြတ်ကျော် ရတဲ့ အရာ တစ်ခုပါ။ အောင်မြင် ကျော်ကြား သူတိုင်း၊ ကမ်္ဘာကျော် တွေတိုင်းမှာ အဖိုးတန်တဲ့ အတွေ့ အကြုံတွေ မျိုးစုံ ရှိနေပါတယ်။ ဒီလိုပါပဲ မအောင် မြင်သေးပေမယ့်၊
argaiv1549
မထင်ရှား မကျော်ကြား သေးပေမယ့်၊ တကယ် အလုပ်လုပ်တဲ့ သူတွေ မှာလည်း ကိုယ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ဆိုတာ ရှိပါတယ်။ ဆယ်ကျော်သက်နဲ့ လူလတ်ပိုင်း တွေရဲ့ အတွေ့အကြုံ ကတော့ ချစ်စရာ ကောင်းတာ၊ ရယ်မောစရာ ကောင်းတာ တွေရှိသလို စိတ်ရှုပ်ထွေး စရာ တွေလည်း ရှိတတ်တာကို Experience Exchange ကဏ္ဍကနေ ဖော်ပြပေး ချင်ပါတယ်။ လူငယ်တွေလည်း တစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံ လေးတွေ ဖလှယ် ကြရင်းနဲ့ ရင်းနှီးမှုတွေ ပိုရနိုင် ပါလိမ့်မယ်။ မိမိတို့ရဲ့ အတွေ့အကြုံ လေးတွေ ကို ဖော်ထုတ် ဖလှယ်ချင်သူ တွေကိုလည်း teen မဂ္ဂဇင်းက ကြိုဆို ပါတယ်။
အမည် - ရဲရင့် အသက် - ၂၁ နှစ် ပညာအရည်အချင်း - ပထမနှစ် Zoology (အဝေးသင်) လက်ရှိအလုပ်အကိုင် - ဆံသဆိုင်
ကျွန်တော် ဆံပင်ညှပ်တဲ့ သက်တမ်းက သိပ်အကြာကြီး လို့ပြောလို့ မရသေးပါဘူး။ ၂ နှစ်ခွဲ ၃ နှစ်လောက်ပဲ ရှိသေးတယ်။ အခုလည်း ကိုယ်ပိုင် ဆိုင်သီးသန့်တော့ မဖွင့်နိုင် သေးဘူး။ ကျွန်တော့် ဆရာနဲ့ စပ်တူဖွင့် ထားတဲ့ဆိုင်ပါ။ အမျိုးသား သီးသန့် ဆံသဆိုင်ပေါ့။ ကလေး၊ လူကြီး၊ အကုန်ညှပ် တယ်။ ဒါပေမဲ့ ကျွန်တော်က ကလေး ခေါင်းသိပ် မကိုင်ရဲ သေးဘူး။ ဆရာ ကိုင်တယ်။ အဓိကက ဆံပင် ပုံမကျ တာထက် ထိခိုက် ဒဏ်ရာရ သွားမှာစိုး လို့ပါ။ ကျွန်တော့် အမေ ပြောဖူးတယ်။ ကျွန်တော် ငယ်ငယ်က ဆံပင် သွားညှပ်ရင် ခေါင်းကိုင်တာနဲ့ တွန်းထိုး ရုန်းကန်ပြီး ငိုတော့တာ ပဲတဲ့။ ဆံသဆရာ တစ်ဦးက ဆိုရင် ဒီကလေးနောက် ဒီဆိုင်ကိုခေါ် မလာပါနဲ့ လို့တောင် ပြောသတဲ့။ အခုကျွန်တော် ၀ဋ်လည်ပြီပေါ့။ တချို့ ကလေးတွေ ကတော့ အဆင်ပြေ ပါတယ်။ ကျွန်တော့်လို ကလေးမျိုးနဲ့ တွေ့ပြီဆိုရင်တော့ ချွေးပြိုက်ပြိုက် ကျတော့တာ ပါပဲ။ ဒါပေမဲ့ ကလေးတွေကို ညှပ်ရတာပျော် တယ်။ ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောပြီး သူတို့ စိတ်ပျော်အောင် လုပ်ပြီး ညှပ်ပေးရတာ ပိုပင်ပန်း ပေမယ့် ညှပ်ပြီးရင် ဘာမှ မပြောတတ် ကြဘူး။ ချေးမများဘူး။ အမျိုးသား သီးသန့် ဆံသဆိုင်ခွဲ တွေ အများကြီး ဖွင့်ချင်တော့ ရတဲ့အချိန် ကလေး မှာ ပညာလည်း ယူ၊ ငွေလည်း ရှာဖွေစုဆောင်း နေတယ်။
အမည် - မွန်ရည်သန့် အသက် - ၂၀ ပညာအရည်အချင်း - ဒုတိယနှစ်၊မြန်မာစာ(အဝေးသင်) လက်ရှိအလုပ်အကိုင် -စက်ချုပ်လုပ်ငန်း
စက်ချုပ် လုပ်ငန်းကို ၈ တန်းကတည်းက စလုပ်ခဲ့ တာပါ။ အဲဒီတုန်းက တော့ အော်ဒါထည် တွေ ချုပ်ခဲ့တာပေါ့။ ရှပ်အင်္ကျီ လည်းပါတယ်။ ကလေး ၀တ်တွေ၊ ကျောင်းစိမ်း အင်္ကျီ ၀တ်စုံတွေလည်း ပါတယ်။ ဒါပေမဲ့ သူကတစ် လိုင်းစီသွားတယ်။ ပြီးတော့ Size ကတော့ ပုံသေပဲ။ တစ်နိုင်ငံလုံး အတိုင်း အတာရ ဖြန့်ချိတဲ့ ဈေးကွက်နဲ့ သွားတာ။ ကိုယ်က စက်ရုံပုံစံ ဆိုတော့ စက်ချုပ်တာ အပြင် အလုပ်သမား ရှာဖွေ ထိန်းသိမ်းတာ တွေပါ လုပ်ရတယ်။ အဲဒီကနေ တဖြည်းဖြည်း ပုံစံပြောင်းပြီး အခု အပ်ထည် လက်ခံ ချုပ်တဲ့ဘက် ကို လုပ်တယ်။ ဒါကတော့ ပိုပြီး ပညာရတယ်။ ပညာပါတယ်။ လူတစ်ယောက် ချင်းစီရဲ့ ခန္ဓာကိုယ်ပေါ်မှာ လိုက်ဖက် ပြီးလှပတဲ့၊ သပ်ရပ်တဲ့ ၀တ်စုံ တွေကို ဖန်တီးပေး ရတာလေ။ တချို့ကတော့ Idea နဲ့သူလာကြတယ်။ ဒါလည်း တစ်မျိုး စိတ်ဝင် စားစရာ ကောင်းတယ်။ သူတို့ ပြောတဲ ပုံစံအတိုင်း ဒီဇိုင်းအတိုင်း တစ်သွေမတိမ်း လုပ်ပေး ရတာ ရင်ခုန်စရာ ပါပဲ။ တစ်ခါတလေ အရမ်းချေး များတဲ့၊ လက်ပေါက်ကပ်တဲ့ သူဆိုရင်တော့ စိတ်ရှုပ်ပေ ရော့ပါပဲ။ တချို့က အပ်ပေါက် တစ်ပေါက် လွဲတာက အစ မရတဲ့သူ တွေရှိတယ်လေ။ ကျွန်မနှစ်သက် တာကတော့ ကိုယ့်ဒီဇိုင်းနဲ့ စိတ်ကြိုက် ဖန်တီးပေး ရတာကိုပါ။ အိပ်မက်က ဒီဇိုင်းနာ တစ်ဦးဖြစ်ဖို့ ဆိုတော့ ကိုယ်က ကိုယ့်ရဲ့ စိတ်ကြိုက်ဖန်တီး ထားတဲ့ ဒီဇိုင်းတွေ ထွင်ချင်တယ်။ Customer တစ်ယောက် လာပြီ ဆိုရင် ကိုယ် က သူ့ရဲ့ ပုံစံကို ကြည့်ပြီး အကြံပေးပြီး ဖန်တီး ပေးရတာကို နှစ်သက်တယ်။ အခုတော့ အဲဒီလိုင်းရဲ့ လမ်းစပေါ်ကို စလျှောက်နေပါပြီ။ လူတစ်ယောက်ချင်း စီရဲ့ စိတ်ကြိုက်ဖြစ်ဖို့ အတွက် ကြိုးစားရတာ ဆိုတော့ အခက် အခဲက အမြဲတမ်း တွေ့ရတယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်ဆိုတော့ ကျေနပ်ပါတယ်။
သင်းပပ (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Last Updated on Thursday, 13 December 2012 19:06 |