|
Written by ဒေါက်တာဒဂုန်ခင်သဇင်
|
|
Thursday, 13 December 2012 18:22 |
ဖူးငုံ ဆယ်ကျော်သက် တို့ရဲ့ စိတ်က နုနယ်တယ်။ လှပတယ်။ ဒီလို အရွယ်မှာ အချစ်ကလည်း အမြဲ ဆန်းသစ် နေတာ ပဲလေ။ ဒါကြောင့် ရင်ခုန်ဖွယ် အချစ် ကာလရဲ့ အနာဂတ်ကို ပြောပြ ပါမယ်။
argaiv1950
argaiv1944
တနင်္ဂနွေ သားသမီး အတွက်- ချစ်သူက သိပ်တောင်းဆို တတ်တာ ပဲနော်။ သတိထားဦး။ အားလုံးက သူဖြစ်ချင်တာ တွေချည်းပဲ။ ကိုယ်က သူ့ကိုချစ်လို့ စိတ်ချမ်းသာ စေချင် တာပါ။ သူကတော့ ကိုယ့်ကို သိပ်ညှာတယ် လို့ကို မရှိဘူး။ တစ်ဖက်သတ်ကြီး ဆန်နေ လိမ့်မယ်။ သိပ်လည်း အလို မလိုက် နဲ့ဦး။ ကိုယ့်မှာ သူငယ်ချင်းတွေ ကိုတောင် ရင်မဖွင့်ရဲ သလောက်ပဲ။ အရှေ့ tရပ်ကို အတူတူ မသွားနဲ့။ ပန်းရောင်နဲ့ အကျိုး ပေးတယ်။ ယတြာ ။ ။ ချစ်သူရဲ့ လက်သည်း လေးကို ညှပ်ပေးပါ။
တနင်္လာ သားသမီး အတွက်- Online မှာတွေ့တဲ့ တစ်ယောက်နဲ့ အပြင်မှာ ဆုံကြတယ်။ သူက သိပ်စိတ်ထား ကောင်းတာပဲ။ ဒါပေမဲ့ စကားပြောတာ ရွံ့တွန့်တွန့် ကြီးဆိုတော့ လိုရာ ခရီးကို မရောက် တာပါ။ ကိုယ်ကလည်း ရဲရဲတင်း တင်းလေး ခင်ချင်တာ။ သူ့ကို အရင်က အပျော်ပါပဲ။ တွေ့ကြည့် လိုက်ဦးမယ်လို့ စဉ်း စားထား တာပါ။ ခုတော့ တကယ် စိတ်ဝင်စား သွားပြီ။ သူ့ရဲ့ခင်စရာ ကောင်းတဲ့ အပြုံးမပွင့် တပွင့် လေးကိုပဲ ချစ်မိသွား တာထင်ပါရဲ့။ ယတြာ ။ ။ ချစ်သူနဲ့ စတော်ဘယ်ရီ ဖျော်ရည် အတူ သောက်ပါ။
အင်္ဂါသားသမီးအတွက်- သိပ်ဆိုးတာ ပဲနော်။ ချစ်သူလေးက ချစ်လို့ အလိုလိုက် ထားတာကို အခွင့်အရေး ကောင်းတွေ ယူနေတာ။ သူ စိတ်ပျက် သွားမှာကို မစိုးရိမ် ဘူးလား။ သူ့ကို ချစ်လို့ နွဲ့ဆိုးဆိုးတာ ဆိုပေမယ့် တော်တော် ဆိုးနေတယ်။ လျှော့ဖို့ လိုပြီ။ သူ့သူငယ်ချင်း တွေက ၀ိုင်းပြော နေကြပြီ။ မြောက်ဘက် အရပ်ကို သွားရင် သတိထားပါ။ အိမ်က ပက်ပင်းမိ တာနဲ့ကြုံမယ်။ အင်္ဂါနဲ့ စနေသား သမီးတွေ မြှောက်ပေးတာ ခံရမယ်။ ယတြာ ။ ။ ချစ်သူကို ရေမွှေး ကောင်းကောင်းလေး လက်ဆောင်ပေးပါ။
ဗုဒ္ဓဟူး သားသမီး အတွက်- နိုင်ငံခြား ရောက်နေတဲ့ ချစ်သူရဲ့ သတင်းတွေနဲ့ အဆက်အသွယ် ပြတ်သွားမယ်။ စိုးရိမ် သောကနဲ့ ညတောင် ပျော်အောင် မအိပ်နိုင် တော့ဘူး။ သူ ဘာဖြစ်နေ တာလဲ။ ဘာလို့ မဆက်သွယ်တော့ တာလဲ။ အသစ်များ တွေ့ နေတာလား။ ရင်ပူ လိုက်တာ။ ဖြစ်နိုင်ရင် ခုပဲ သူရှိတဲ့ နေရာကို အပြေးလေး သွားပြီး သူနဲ့ တွေ့ချင်လိုက်တာ။ အပေါင်းအသင်း တွေနဲ့ တိုင်ပင် တော့လည်း ရေရေ ရာရာ အဖြေက မရဘူး။ အိပ်မပျော်တဲ့ ညတွေက ညတာ ရှည်လိုက်တာ။ ယတြာ ။ ။ ချစ်သူ အတွက် ရည်စူးပြီး ပန်းမျိုးစုံနဲ့ ပန်းမွေ့ယာခင်းပြီး ဘုရားကပ် လှူပါ။
ကြာသပတေး သားသမီး အတွက်- နားလည်မှု သိပ်ပေးနိုင်တဲ့ ချစ်သူကြောင့် တကယ် စိတ်ချမ်းသာ ရမယ်။ ကိုယ့်ကို အမြဲညှာတာ ပါတယ်။ တန်ဖိုးလည်း ထားတတ်သူ ဖြစ်လို့ အပေါင်း အသင်းတွေ ကြားမှာ မျက်နှာပွင့် ပါတယ်။ မထင်မှတ်ဘဲ သူက ရုတ်တရက် နိုင်ငံရပ်ခြား သွားဖို့ ရွေးချယ်ခံ လိုက်ရတော့ ၀မ်းနည်း ၀မ်းသာ ဖြစ်မယ်။ သူနဲ့တကယ် မခွဲနိုင် ပါဘူးနော်။ သူကလည်း မဖြစ်မနေ ခရီးသွား ရမယ်ဆိုတော့ သိပ် လွမ်းမိတယ်။ ကံကြမ္မာကို မုန်းလိုက်တာ။ ယတြာ ။ ။ ချစ်သူကို ဘီးလှလှလေး လက်ဆောင် ပေးပြီး ဆံပင်ဖြီး ပေးလိုက်ပါ။
သောကြာသားသမီးအတွက်- ချစ်သူက သစ္စာ မရှိဘူးကွာ။ ထင်တောင် မထင်မိဘူး။ သူက ဖုန်းနဲ့ ညတိုင်း စကားပြော နေတဲ့ တစ်ယောက် ရှိနေပြီ။ ကိုယ့်အပေါ် ကျတော့ မှင်သေသေပဲ။ မုန်းစရာ ကောင်းလိုက်တာ။ ကိုယ်က ရိုးရိုးသားသား ချစ်ခဲ့သူပါ။ ကိုယ့်ကို နားလည်မှု ရှိတယ်လို့ပဲ ထင်ခဲ့တာ။ ခုတော့ သူ မူမမှန် တာတွေ တစ်ခုပြီး တစ်ခု ပေါ်လာတော့ စိတ်ထဲ ထိခိုက်မိတယ်။ သစ္စာ မရှိတဲ့ သူ့ကို ရေရှည်လက် တွဲဖို့ မသင့်ဘူး။ စဉ်းစားဦး။ ယတြာ ။ ။ ချစ်သူကို လက်ဖက်ရည် ပူပူလေး တိုက်ပါ။
စနေသားသမီးအတွက်- ချစ်သူလေး ထားမယ်လို့ စဉ်းစားမိ ပေမယ့် ဘယ်သူ့ကို ရွေးရကောင်း မှန်းကို မသိဘူး။ ကိုယ် စိတ်ဝင်စားတဲ့ တစ်ယောက်နဲ့ ဆက်ဆံရေး အဆင်ပြေ ပေမယ့် သူနဲ့က ပွင့်ပွင့်လင်းလင်း မရှိဘူး ဖြစ်နေတယ်။ ဘေးက ကူညီမယ့် သူလည်း မရှိ။ သူကလည်း နည်းနည်းလေးမှ ရှေ့ကိုတက် မလာတော့ အခက်သားပဲ။ စိတ်မောလို့ တခြား တစ်ယောက်ကို စဉ်းစားမယ်လို့ တွေးမိတော့ လည်း လုံးဝကို ရင်မခုန်ဘူး။ မုန်းစရာ ကောင်းလိုက်တာ။ ယတြာ ။ ။ ချစ်သူကို မှန်လှလှလေး တစ်ချပ် လက်ဆောင် ပေးပါ။
ဒေါက်တာဒဂုန်ခင်သဇင် (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Last Updated on Thursday, 13 December 2012 18:53 |