လူ့အခွင့်အရေး အရှိန်အဟုန် ဘယ်နှုန်းနဲ့သွားနေလဲ PDF Print E-mail
Written by တင်တင်အေး   
Wednesday, 12 December 2012 20:47
Share |

“လူတိုင်းလူတိုင်း လူ့အခွင့်အရေး ရှိရမယ်။ လူတိုင်း လူတိုင်း လူ့အခွင့် အရေးရသင့် ပါတယ်”....။
ဒီသီချင်း သံကို ကြားရတိုင်း ကိုယ်တိုင် ကျေကျေနပ်နပ် လိုက်ဆို မိတတ် ကြတယ်။ ဒီစာသား တွေက လူသားတိုင်း အမှန် တကယ် မိမိတို့ရဲ့ အခွင့် အရေးတွေကို လိုလားတယ် ဆိုတာ သိသာ စေတဲ့ စာသား တွေပေါ့။

generic cialis no prescriptioncialis medication 50mg sildenafil cialis price
argaiv1841

တကယ် တော့ လူတိုင်းမှာ မွေးရာပါ လူ့အခွင့်အရေး ရှိတယ် ဆိုတာလည်း မှန်တဲ့ အချက် ပဲ။ ပြီးတော့ ဒီလူ့ အခွင့်အရေးကို လူတိုင်း အပြည့်အ၀ ရသင့်တယ် ဆိုတာလည်း မှန်တယ်။ ဒါပေမဲ့ ရသင့်တယ် ဆိုတဲ့ အခွင့်အရေး တွေရဲ့ နောက်ကွယ်မှာ တာဝန်ယူမှု တွေကလည်း ကပ်ပါ လာတာကို သတိမထား မိတတ်ကြတာ လည်း အမှန် ဖြစ်နေတယ်။ လူ့အခွင့်အရေး ဆိုတာက ကျွန်မတို့ မြန်မာပြည် အတွက် နည်းနည်းလေးတော့ အစိမ်းဘက် ရောက်နေ သေးတယ်။ ဘာပဲဖြစ် ဖြစ် လူ့အခွင့် အရေးဆိုတဲ့ ရောင်နီတော့ အစပျိုး လာနေပြီ။ ဒီရောင်နီနဲ့ အတူ ဒီတစ်လမှာ လူငယ်တချို့က လူ့အခွင့်အရေး အကြောင်း တွေကို အတွေး ကိုယ်စီနဲ့ စီးမျော ထားပါတယ်။ ဖူးငုံတို့လည်း ဒီသူငယ်ချင်း တွေနဲ့ အတူ လူ့အခွင့်အရေး ရောင်နီကြီး အစပျိုး ကောင်းအောင် ၀ိုင်းဝန်း စီးမျော ပေးကြ ပါဦးနော်။

ဆလိုင်း ဒေးဗစ် ဗန်ဘွေမာန်း Myanmar Youth Campaig (Coordinator)
လူ့အခွင့် အရေးရှိတယ် ဆိုတာကို UN  က ထုတ်တဲ့ စာတွေကြောင့် သိလာ တယ်။ ဒေသဆိုင်ရာ ပွဲတွေမှာ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး တခြား နိုင်ငံတွေ က အသံတွေ နားထောင် ရတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့လက်ရှိ အခြေ အနေအရ ဆိုရင် လူ့အခွင့် အရေးက တော်တော်လေး ဆုံးရှုံးနေတဲ့ အပိုင်း ရှိတယ်။ လူ့အခွင့် အရေးကို တစ်ခါတလေ ချိုးဖောက်ခံ ရမှန်း မသိလိုက် တာမျိုးတွေ တောင် ရှိတယ်။ နယ်ဘက်တွေ မှာဆိုရင် လူငယ်တွေ လမ်းဆုံမှာ ၄၊ ၅ ယောက် လောက်ထိုင်ပြီး ဂစ်တာ တီးချင် တီးမယ်။ အဲဒီ အခါမျိုးမှာ အာဏာပိုင် တွေက လာပြော တာတွေ ခံရတယ်။ အဲဒါဟာ လူ့အခွင့် အရေးကို ချိုးဖောက် ခံရတာပါ။ လူ့အခွင့် အရေးရှိတယ် ဆိုပြီး ကိုယ့်အခွင့် အရေးကို တောင်းတာ မှန်ပေမယ့် တခြားလူကို ထိခိုက် စေတာမျိုး အကျိုးဆက်တွေ ရှိတတ်တယ်။ အဲဒါမျိုးတော့ ရှောင်ကြဉ်သင့်တယ်။ မြန်မာနိုင်ငံ မှာတော့ လူငယ်တွေ အတွက် လူ့အခွင့်အရေး အပြင် အခြား အခွင့်အရေး တွေကိုလည်း ကျယ်ကျယ် ပြန့်ပြန့် လေးသိအောင် သင်ရိုးညွှန်းတမ်း ထဲမှာ ထည့်ပြီး သင်ပေး သင့်တယ်။

ဆလိုင်းသန်းနိုင်ဦး (Chin Education Network) EC
လူတိုင်းမှာ မွေးရာပါ လူ့အခွင့် အရေးဆိုတာ ရှိတယ်။ ကျွန်တော် ကတော့ နိုင်ငံတကာက လူ့အခွင့်အရေး စာတမ်းတွေ ဖတ်ဖူး ပါတယ်။ ဘတ်စ်ကား စီးတဲ့ အချိန်မျိုးမှာ အခွင့် အရေးတွေ ပျောက်ပျောက် သွားတယ်လို့ ထင်တယ်။အရာရှိပဲဖြစ်ဖြစ်၊ ဘယ်အဆင့် အတန်းပဲ ဖြစ်ဖြစ် စပယ်ယာက ဆွဲချင်ဆွဲ၊ တွန်းချင်တွန်း၊ ကားထဲမှာ ကြိုက်သလို ပြုမူ ခံရမယ်။ အမျိုးသမီး တွေဆို ပိုဆိုးတာပေါ့။ နယ်ဘက်တွေ မှာ အာဏာပိုင် တွေက လူငယ်တွေကို ရိုက်နှက် တာတွေရှိတယ်။ ဒါတွေ ကလည်း လူ့အခွင့် အရေး ချိုးဖောက်ခံ ရတာ ပဲလေ။ အဲဒါမျိုး လူ့အခွင့် အရေး ချိုးဖောက် ခံရတာတွေ ပျောက်ဖို့ Campaign လုပ်ဖို့လို တယ်။ ကိုယ့်အခွင့် အရေးရဖို့ အတွက် ကိုယ့်မှာ တာဝန်ရှိတယ် ဆိုတဲ့  စိတ်မျိုး လူငယ်တွေ ဆီမှာ ရှိရမယ် ထင်တယ်။ ဒီလူ့ အခွင့် အရေးဆိုတာ ဥပဒေနဲ့လည်း ဆက်စပ် နေတော့ ဥပဒေတွေကို ဖတ်သင့်တယ်။ သိထား သင့်တယ်။ ပြီးရင် လူငယ် အချင်းချင်းဖြန့် ဝေသင့်တယ်။ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လူတွေ ကိုလည်း လူ့အခွင့် အရေး သင်တန်းတွေ ပေးသင့်တယ်။ အခွင့်အရေး တောင်း တယ်ဆိုရင် တချို့ အာဏာပိုင် တွေက ဆူပူမှုနဲ့ ခိုင်းနှိုင်း ကြတယ်။ အဲလို မဖြစ်စေ ချင်ဘူး။ ရသင့် ရထိုက်လို့ တောင်းဆိုတယ် ဆိုတာမျိုး နားလည် စေချင်တယ်။

မယမင်းအိမ်(ရန်ကုန်ကွန်ပျူတာတက္ကသိုလ်)
အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းတို့၊ လူ့အခွင့် အရေး ချိုးဖောက်မှု ပုံစံတို့၊ လူ့အခွင့် အရေး အလွဲသုံးစား လုပ်တာတို့၊ အခြေခံ လူ့အခွင့် အရေး သမိုင်း ကြောင်းတို့ကို လေ့လာဖူး တယ်။ လူ့အခွင့် အရေး သင်တန်းလည်း တတ်ဖူး တယ်။ ညီမတို့ ကျောင်းမှာက တခြားကျောင်းက လူတွေ ၀င်ချင်တိုင်း ၀င်လို့ မရအောင် စည်းကမ်း လုပ်ထားတယ်။ အခု အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး စာတမ်းထဲမှာ ပါလာတယ်။ လူတိုင်း မိမိနိုင်ငံ အတွင်းမှာ လွတ်လပ်စွာ သွားလာ ပိုင်ခွင့် ရှိတယ်တဲ့။ ကျောင်းအတွင်း ကိုတောင်မှ ၀င်ခွင့် မပေးဘူး ဆိုတာက ချိုးဖောက်တဲ့ ပုံစံ ဖြစ်သွားပြီ ပေါ့။ လူငယ်တွေ အနေနဲ့ လူ့အခွင့်အရေး သင်တန်း  တွေတက်ပြီး ပတ်ဝန်းကျင်ကို ဖြန့်စေ သင့်တယ်။ လက်ကမ်း စာစောင်ဝေတာ တွေ လုပ်သင့်တယ်။ အခုက လူ့အခွင့် အရေး ချိုးဖောက်ခံ ရတယ်သာ ပြောနေတာ။ ဘာတွေ ချိုးဖောက်ခံ နေရလဲ မသိ ဘူး။ ကိုယ်ဘာတွေ ချိုးဖောက်ခံ နေရလဲဆိုတာ သေချာ လေ့လာပါ။ အဲဒါမှ ကာကွယ် နိုင်မှာပါ။

မောင်အောင်လင်းဦး(ဒဂုံတက္ကသိုလ်-ဥပဒေဌာန)
လူ့အခွင့် အရေးဆိုတာ မွေးရာပါ အခွင့်အရေး ပဲ။ ဘယ်သူမှ သိမ်းပိုက်လို့ မရဘူး။ မြန်မာနိုင်ငံ မှာ လူ့အခွင့် အရေး ကိစ္စလုပ်ဖို့ အများကြီး လိုသေး တယ်။ အစိုးရ တစ်ရပ်တည်းနဲ့ ပြီးမှာ မဟုတ်ဘူး။ ပြည်သူရော၊ အခြား အဖွဲ့အစည်း တွေရော၊ ဘက် ပေါင်းစုံက ပါမှရမယ်။ လူငယ်တွေ အနေနဲ့လည်း နောက်ကျ ပြီးကျန်မနေ ခဲ့ရဘူး။ ကျွန်တော်တို့ ကျောင်းတွေမှာ ဆရာမတွေ ဂိတ်စောင့် နေရတယ်။ စာသင်ချင်လို့ ဆရာမ လုပ်ပါတယ်။ စာမသင်ရ ဘဲ တစ်နေကုန် ဂိတ်စောင့် နေရတာဟာ လူ့အခွင့် အရေး ချိုးဖောက်ခံ နေရတာ ပဲလို့ ကျွန်တော် ယူဆတယ်။ လူ့အခွင့် အရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါး တချို့ ကျွန်တော် ရေးနေတယ်။ လူ့အခွင့် အရေး ဆိုတာကို တချို့လူ တွေက နိုင်ငံရေးလို့ သွားမြင်တာတွေ ရှိတယ်။ အဲဒီတော့ လူ့ အခွင့် အရေးဆိုတာ နိုင်ငံရေး မဟုတ်ပါဘူး။ လူတိုင်း လုပ်သင့် လုပ်ထိုက်တဲ့ ဟာပါဆိုပြီး ဆောင်းပါး ရေးနေတယ်။

မောင်ရဲကျော်ကျော်(ရန်ကုန်အနောက်ပိုင်းနည်း ပညာတက္ကသိုလ်)
ကျွန်တော် လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး သင်တန်း တက်ဖူးတယ် အချက် ၃၀ ပါတဲ့ အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေးကြေညာ စာတမ်းကို လည်းဖတ်တယ်။ အဲဒီလူ့ အခွင့်အရေး တွေကို လေ့လာပြီး မှလူ့အခွင့် အရေး ချိုးဖောက် တယ်ဆိုတာ သိလာတာ။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာတော့ လူ့အခွင့် အရေးဆိုတာ ကြီးက စိမ်း နေသေးတယ်။ ပညာပေး ဟောပြောပွဲ တွေနဲ့ မိတ်ဆက် ပေးသင့်တယ်။ လူ့အခွင့် အရေးချိုး ဖောက်ခံ နေရမှန်း မသိဘဲနဲ့ ချိုးဖောက်ခံ နေရတာ တွေရှိနေတယ်။ အဲဒါမျိုး တွေကို လူတွေနား လည်လွယ်အောင် အနုပညာ တွေနဲ့ တင်ဆက်ပေး သင့်တယ်။ လူသား တိုင်းက အခြေအနေ အမျိုးမျိုးကြောင့် ဘ၀မြင့်တာ နိမ့်တာတွေ ရှိမယ်။ ဒါပေမဲ့ လူသား တစ်ယောက် ရသင့် ရထိုက်တဲ့ အခွင့် အရေးကတော့ လူတိုင်း ရသင့်တယ်။ သိသင့်တယ်။ တချို့ ကလေးလေးတွေ စာသင် အရွယ်တွေမှာ အလုပ်လုပ် နေရတာတွေ ရှိတယ်။ အဲဒါမျိုး တွေကလည်း လူ့အခွင့် အရေး ချိုးဖောက်ခံ ရခြင်း တစ်မျိုးပဲ။ ဒါမျိုးတွေ ပပျောက်အောင် လုပ်သင့်တယ်။

သူငယ်ချင်း ၅ ယောက်ရဲ့အသံတွေကို နားထောင်ပြီးတော့ ဖူးငုံတို့ ဘယ်လိုများ အတွေးဝင် မိကြလဲရှင်။ ကျွန်မကတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေးဟာ အရှိန် အဟုန်နဲ့ ကျယ်ပြန့် လာတော့ မယ်လို့ ယုံကြည်လာ မိတယ်။ ဘာလို့လဲ ဆိုတော့ လူငယ်တွေက လူ့အခွင့် အရေး အပေါ်မှာ ဒီလောက် တက်ကြွပြီး ပါဝင် နေကြလို့လေ။ ကဲ ကျွန်မပြောတာ မယုံရင် ဖူးငုံ တို့ အချိန်လေး နည်းနည်းယူပြီး စောင့်ကြည့် လိုက်ပါ ဦးနော်။ နောက်တစ်လမှ ပြန်ဆုံကြရအောင် နှုတ်ဆက် ပါတယ်။


တင်တင်အေး
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)