(Dec_12)Echo Pages PDF Print E-mail
Written by ခင်လေးမြင့်   
Wednesday, 12 December 2012 20:39
Share |
အမီတာဗ်ဂို့ရှ် မြန်မာ စာဖတ်သူများ တွေ့ဆုံ
ရွှေအမြုတေ မဂ္ဂဇင်းမှာ ရေကန်သာ ကြာတိုင်းအေး အမည်ဖြင့် စာရေးဆရာ နေ၀င်းမြင့် မြန်မာပြန်ဆို ရေးသားခဲ့ တဲ့ Glass Palace ၀တ္ထုမူရင်း ရေးသားသူ အိနိ္ဒ နွယ်ဖွား အမေရိကန် နိုင်ငံသား စာရေးဆရာ
argaiv1056
မြန်မာ နိုင်ငံသို့ နိုဝင်ဘာ ၁၄ ရက်နေ့ ကရောက်ရှိ လာတဲ့ စာရေးဆရာ အမီတာ့ဗ်ဂို့ရှ်ဟာ ရန်ကုန်မြို့ အင်းစိန် မြို့နယ်ရှိ Myanmar Istitute of Theology  တွင် တည်ရှိတဲ့ American Corner  တွင် စာပေ ၀ါသနာရှင် ကျောင်းသား လူငယ်များနဲ့ တွေ့ ဆုံကာ ၂၀၀၄ ခုနှစ် ဇူလိုင်လက ရေးသား ထုတ်ဝေ ခဲ့တဲ့ Hungry Tide  အမည်ရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ၀တ္ထု စာအုပ်ကို အခြေပြု ဆွေးနွေးခဲ့ ကြပါတယ်။
ဆွေးနွေးပွဲသို့ စာရေးဆရာ များနဲ့ မဂ္ဂဇင်း အယ်ဒီတာ များ တက်ရောက်ခဲ့ ကြပြီး စာဖတ်သူ လူငယ်များံ Hungry Tide   စာအုပ်ပါ အကြောင်းရာ များမှ သိလိုတာ များကို ဆွေးနွေး မေးမြန်း ခဲ့ပါတယ်။ အဲဒီ စာအုပ်ပါ ဇာတ်သိမ်းခန်းမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် လှိုင်းဒဏ် လေဒဏ် ခံရပုံကို ထည့်သွင်း ရေးသား ထားတာမို့ ၂၀၀၄ ခုနှစ် ဆူနာမီ မတိုင်ခင် ရေးသား ထားတဲ့ ဖြစ်ရပ် ဖြစ်တာကြောင့်ဆူနာမီ မုန်တိုင်း ဒဏ်သင့် မှာကို ကြိုတင် ခန့်မှန်း ထားသလားဟု စာဖတ်သူများက မေး မြန်းခဲ့ပါတယ်။ စာရေးသူက သဘာဝ ပတ်ဝန်းကျင် အပြောင်း အလဲများ ဖြစ်ပေါ်လာ ပါက ရာသီဥတု ဖောက်ပြန်မှု များပေါ်နိုင် တာဟာ သဘာဝပင် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လူတိုင်း ဆောင်ရွက် ရမဲ့ တာဝန် ဖြစ်ကြောင်း၊ အဲဒီ အချက်ကို သတိပေး လိုတာကြောင့် Hungry Tide   စာအုပ်ဇာတ် သိမ်းပိုင်းမှာ မုန်တိုင်း ဒဏ်ကြောင့် ဒုက္ခ ကြုံတွေ့ရသည် များကို ရေးသား ထားတာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ပါတယ်။
ကြားလူလုံးဝ အ၀င်မခံ ဘူးဆိုတဲ့ ဒိုရေမီ အဖွဲ့
စတား ဒီဗီဒီကို ပရိသတ် ဆီပို့ပေး ထားတဲ့ ဒိုရေမီ အဖွဲ့က ဒုတိယ စီးရီး အမြန်ဆုံး ထွက်နိုင်ဖို့လည်း ကြိုးစား နေပါတယ်။ ဒိုရေမီ အဖွဲ့ကို ပုလဲခေတ်၊ မြတ်နိုးနဲ့ ချိုဆိုတဲ့ ကောင်မလေး သုံးယောက်နဲ့ ဖွဲ့စည်း ထားတာပါ။ အဖွဲ့ဝင် အချင်းချင်း ညီအစ်မ ရင်းချာ တွေလို ချစ်ခင်ကြတဲ့ ဒိုရေမီ အဖွဲ့သားတွေက ပရိသတ်ကြိုက် သီချင်းလေးတွေ သီဆိုဖူးခဲ့ ကြတဲ့အပြင် လက်ချိုး ရေလို့ရတဲ့ မိန်းကလေး ဂီတအဖွဲ့ တွေထဲမှာ လည်း တစ်ဖွဲ့အပါ အ၀င် ဖြစ်ပါတယ်။ ဒိုရေမီ အဖွဲ့သား တစ်ဦး အိမ်ထောင် ကျသွား လို့ အဖွဲ့က နုတ်ထွက် သွားပြီဆိုတဲ့ ကောလာ ဟလနဲ့ ပတ်သက် လို့တော့ အဖွဲ့သား တစ်ဦး ဖြစ်တဲ့ ပုလဲခေတ်က“ပုလဲတို့ အချင်း ချင်းကြား မှာတောင် တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ မ၀သေးတာ ကြားလူလုံးဝ အ၀င်မခံ ပါဘူး။ လူငယ် သဘာဝ ချစ်ရေးချစ်ရာ ကိစ္စလေးတွေ ရှိရင်တောင် အိမ်ထောင်ပြုဖို့ ဘယ်သူမ မစဉ်းစား ကြသေးပါဘူး။ ဒိုရေမီ အဖွဲ့သား သုံးယောက်စလုံး ကနှစ်တွေ အများကြီး ဆက်ပြီး လက်တွဲ သွားကြ ဦးမှာပါ။ အချင်းချင်းတစ် ခုခု ပြောစရာ ရှိတယ် ဆိုရင်တောင် မင်္ဂလာ ဆောင်မယ့် ကိစ္စကလွဲ လို့ ကျန်တာ အကုန်ပြောလို့ အမြဲတမ်း နောက်ပြောင် ဖြစ်ကြပါ တယ်”လို့ ပြောပါတယ်။ ဒိုရေမီရဲ့ ဒုတိယ စီးရီး အတွက် သီချင်း တွေကို တေးရေး ရွှေဂျော်ဂျော်၊ ဆောင်းဦးလှိုင်၊ ဇ၀ါနဲ့ သားကြီး တို့ ကရေး ပေးထားကြပြီး ဒိုရေမီ အဖွဲ့သား တစ်ဦးဖြစ်တဲ့ ပုလဲ ခေတ်ကိုယ်တိုင်လည်း သီချင်းတစ်ပုဒ် ရေးထားတယ်လို့ သိရပါ တယ်။ ပွင့်လင်း ရာသီ ဖြစ်တဲ့ အတွက် နယ်ဖျော်ဖြေ ပွဲတွေ သီဆို ဖြစ်နေပြီး တစ်ဖက်သတ် ရုပ်ရှင်၊ အဝေးကပဲ ချစ်နေမယ်၊ ကိုယ့်ကြောင့် ပျော်ပါစေ စတဲ့သီချင်း တွေကို ပရိသတ်တွေ တောင်းဆိုမှု များတယ်လို့လည်း ပုလဲခေတ်က ပြောပါ သေးတယ်။
နေလွင်
စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်  မိတ်ဆက်
ငါတို့ စာပေက ထုတ်ဝေ ဖြန့်ချိတဲ့ စာရေး ဆရာမ မသီတာ (စမ်းချောင်း)ရဲ့ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် စာအုပ်မိတ် ဆက်ပွဲကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်) ရှိ HOME မှာ ပြုလုပ်ခဲ့ပါတယ်။ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် စာအုပ်မှာ စာရေး ဆရာမ မသီတာ(စမ်းချောင်း)ရဲ့ ငယ်ဘ၀၊ စာရေးဆရာဘ၀၊ နိုင်ငံရေး အကျဉ်းစံ ဘ၀ကနေ ဟားဗတ် တက္ကသိုလ်မှာ ပညာရှင်တို့ အကြား ရသ မြောက်အောင် ရေးဖွဲ့ထားတဲ့ အကြောင်း အရာများ ပါဝင်ပါတယ်။ စာအုပ်မိတ် ဆက်ပွဲမှာ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ စာရေး ဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)၊ စာရေးဆရာ မင်းလူတို့က အမှတ်တရ စကားများ ပြောကြားခဲ့ ပါတယ်။
စာရေး ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က “ဆရာမ မသီတာ(စမ်းချောင်း)ရဲ့ စာအုပ် ခေါင်းစဉ် ဖြစ်တဲ့ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် က ကျွန်မကို ဆွဲလှုပ် သလို ခံစားရ ပါတယ်။ ခွန်အားတွေ ပေးလိုက် တယ်လို့ ခံစားရ ပါတယ်။ မသီတာ(စမ်း ချောင်း)ဆိုပြီး စမ်းချောင်းမှာ မိဘနဲ့ အတူတူနေ၊ ဆေးကျောင်း တက်ပြီး တစ်ဖက် ကနေ စာပေမွေ့လျော်လာတဲ့ အမျိုးသမီးငယ် တစ်ယောက် ဆရာဝန် ဘွဲ့ရပြီး ခါစ အချိန်မှာပဲ အင်းစိန်ထောင် ထဲရောက်သွားတယ်။ ဘွဲ့လွန် တက်ဖို့ ကြိုးစားချိန် မှာပဲ အင်း စိန်ထောင် ထဲရောက်သွားတယ်။ ပန်းကောင်း အညွန့် ကျိုးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထောင်က ထွက်လာပြီး အချိန် မှာ သူ့ဘ၀သူ တည်ဆောက်ပြီး ဟားဗတ် ရောက်အောင် သွား နိုင်ခဲ့ပါတယ်။ အဲဒီဟာကို ကျွန်မအနေနဲ့ မချီးကျူးဘဲ မနေ နိုင်ပါဘူး”လို့ အမှတ်တရ စကား ပြောကြား ခဲ့ပါတယ်။
စာရေးဆရာ မင်းလူက အမှတ်တရ စကား ပြောကြားရာ မှာ “ဟိုးအရင် ကနေ အခုအချိန်ထိ ကျွန်တော်တို့ လူမျိုးစုံတွေ့ ခဲ့ဖူးပါတယ်။ တစ်ခုခု ဖြစ်ပြီဆိုရင် အရက်ပုလင်းနဲ့ အမြည်း လေးတွေ၊ စီးကရက်ဘူး လေးတွေ စုဆောင်းပြီး ရေဒီယိုလေး နားထောင်ပြီး အခြေအနေလေး စောင့်ကြည့်၊ အခြေအနေ လေး ကောင်းပြီ ဆိုတော့မှ လမ်းပေါ်ကို ထွက်လာတဲ့ လူမျိုး၊ နောက်ပြီး တော့ တုတ်ဝေတဲ့ အချိန်တုန်းက သားသား မပါဘူး၊ ဟိုကောင် ဆိုပြီး မုန့်ဝေတဲ့ အချိန်ကျမှ ရှေ့ဆုံးကနေ သွားလေးဖြဲပြီး လက် လေးဖြန့်တဲ့ လူမျိုး၊ နောက်တစ်ခုက ထောင်ကျတာကို နိုင်ငံရေး ရင်းနှီးမြှုပ်နှံမှု တစ်ခုလို့ သဘောထားပြီး အခုအချိန်မှာ အမြတ် အစွန်းပြန် လိုချင်နေ တဲ့လူတွေ၊ နောက်ပြီး ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတဲ့ လူတွေ၊ နောက်ပြီး တစ်ချိန်တုန်းက အီး တောင် ကျယ်ကျယ် မပေါက်ရဲ ဘဲနဲ့ အခုလို ပွင့်ပွင့်လင်းလင်း ဖြစ်လာပြီ ဆိုတော့မှ လူများများ ရှေ့ရောက်ပြီ ဆိုရင် လေကျယ် ကျယ်လည်ပြတဲ့ လူမျိုး၊ သူများတွေ ဂန်ဖလား ပေါ်မှာ ခွပြီး ခြေဖျားထောက်ကာ ကုန်းကုန်း ကွကွနဲ့ ညှစ်နေရ တဲ့အချိန်မှာ ဘိုထိုင် ပေါ်မှာထိုင်၊ တစ်ဖက်က ၀ီစကီခွက် ကိုင်၊ တစ်ဖက်က ဟမ်းဖုန်း ကိုင်ပြီးတော့ ဟိုးအဝေးကြီး ကနေ တော်လှန်ရေး လုပ်နေတဲ့ သူရဲကောင်းတွေ၊ နောက်ပြီး ကိုယ့်ရဲ့ အလွန်ပျော်စရာ ကောင်းတဲ့ ငယ်ဘ၀၊ ဘယ်တော့မှ ပြန်မရနိုင်တဲ့ ငယ်ဘ၀၊ သူများတွေ ချစ်သူနဲ့ တွဲပြီးတော့ နေနေတဲ့ အချိန်၊ ဘီယာဆိုင် လေးထိုင်လိုက်၊ ဘိန်းလေး စားလိုက်နဲ့ အဲဒီအချိန်တွေ အားလုံးကို အဓိက အားဖြင့် မိမိရဲ့အနုပျို ဆုံးအချိန်ကို စွန့်ပြီး ထောင်ထဲမှာ သွားနေ၊ အများ အတွက် အနစ်နာခံ စွန့်လွှတ်ပြီး နေကြတဲ့သူ တွေ၊ တစ်ချိန်တစ်ခါတုန်းက အသက်ပါ စွန့်မယ်ဆိုပြီး အားကြိုး မာန်တက် လုပ်ခဲ့ကြ ပြီးတော့မှ အခုအချိန် ကျမှ ကိုယ်ဘာမှမလုပ် ခဲ့သလိုလို ဘာကောင်မှ မဟုတ်ခဲ့ သလိုလို ရိုးရိုး ကုပ်ကုပ်နဲ့ နောက်တန်းမှာပဲ နေနေကြတဲ့ လူတွေ၊ တချို့ကျ တော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တရားရိပ်သာ မှာဖြစ်စေ၊ ဘိုးဘွားရိပ်သာ မှာဖြစ်စေ၊ အိမ်ဦးခန်း မှာဖြစ်စေ ဇိမ်ကျကျနဲ့ နေရမယ့် အချိန်အထိ တောင် မှ အနားမယူ နိုင်သေးဘဲ ကိုယ့်ကျန်းမာရေး ကိုတောင် ဂရုမစိုက် ဘဲ ကြိုးပမ်း ဆောင်ရွက် နေကြသူတွေ၊ ကျွန်တော် တို့လူတွေ အများကြီးကို တွေ့ခဲ့ဖူးပါတယ်။ တချို့သူ တွေရဲ့အကြောင်း တွေကို တော်တော်များများ သိထား ပါတယ်။ လူတွေ တော်တော် များများကို တွေ့ခဲ့ဖူးပြီ ဆိုတော့ ဆရာမ မသီတာဟာ ဘယ်လို လူမျိုးလဲ ဆိုတာ ကျွန်တော် ပြောနေဖို့ မလိုပါဘူး။ ဒီစာအုပ်ကို ဖတ်ကြည့် မယ်ဆိုရင် ဆရာမ မသီတာက ဘယ်လို လူမျိုးလဲ ဆို တာ သိနိုင်ပါလိမ့်မယ်” လို့ ပြောပြ ခဲ့ပါတယ်။
ခင်လေးမြင့်
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
ခင်လေးမြင့်
About the author:
Last Updated on Wednesday, 12 December 2012 23:19