|
Written by ဘလော့ဂါရန်အောင်@ရေခဲငှက်
|
|
Wednesday, 12 December 2012 20:32 |
မိမိ၏ ယုံကြည်မှု၊ မိမိ၏ အယူအဆ၊ မိမိ၏ ခံယူချက်ကို လွတ်လပ်စွာ ပြောဆို တင်ပြ ရေးသားနိုင် သည့် အခွင့် အရေးသည် လူသား တိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်ပါသည်။
argaiv1168
အကြောင်း အမျိုးမျိုးကြောင့် ရင်ဖွင့် ပြောပြရန် အခွင့် မသာသည့် အွန်လိုင်းမှ စာရေးသူ များ၏အသံ များကိုBlogger’s voice ကဏ္ဍမှ နေပြီး ယခုလမှ စတင်၍ ဖော်ပြ ပေးသွားပါမည်။ အမေရိကန်နိုင်ငံမှ ဘလော့ဂါ ရန်အောင်@ရေခဲငှက်၏ “ယနေ့ လူငယ်များ စာဖတ်အား ကျဆင်း နေသည်”ဆိုသည့် အသံများ အပေါ် သူ့၏ရင်တွင်းမှ တုံ့ပြန်သံကို ပွဲဦးထွက် အနေဖြင့် ဖော်ပြပေး သွားချင်ပါသည်။
“မြန်မာ လူငယ်တွေ စာမဖတ် ကြဘူး၊ စာဖတ် အားနည်းတယ်၊ စာအုပ် တစ်အုပ်ကို ၀ယ်ဖတ်ဖို့ထက် အ၀တ်အစား၊ အပျော်အပါးနဲ့ တခြား ကိစ္စတွေ အတွက်ပဲ သုံးစွဲဖို့ကို ပိုလက်လွယ်တယ်၊ ပိုခုံမင်တယ်..”စသဖြင့် အသံတွေ ကြားခဲ့ရတာ ဆယ်စုနှစ် တစ်ခုထက် မနည်းတော့ ပါဘူး။ အဲဒီ အသံတွေဟာ အားမလို အားမရတဲ့ မကျေနပ် ချက်တွေ ဖြစ်နိုင်သလို ကရုဏာ ဒေါသ စွက်တဲ့ မချင့်မရဲ တောင်းဆိုမှု တွေလည်း ဖြစ်နိုင်တယ်။ ကိစ္စ ရပ်တိုင်းမှာ အကောင်းဆုံး ပြေလည် သွားစေ နိုင်တဲ့ တစ်ခုတည်းသော အံဝင်ခွင်ကျ အဖြေ Blogger's Voice ဆိုတာ မရှိနိုင် ပါဘူး။ စာဖတ်အား ကောင်းခြင်း၊ မကောင်းခြင်း ဟာ အသက်အရွယ် အပိုင်းအခြားနဲ့ မဆိုင် ပါဘူး။ မိမိကိုယ်တိုင်ရဲ့ စာဖတ်ခြင်း အပေါ် လက်ခံ ထားတဲ့ ခံယူချက်နဲ့ သာဆိုင်ပါတယ်။ စာမဖတ်ခင် “ငါဘာ ကြောင့် စာဖတ်သင့် သလဲ၊ ငါ ဘာစာတွေကို ဖတ်သင့် သလဲ”ဆိုတဲ့ မေးခွန်းကို ကျေလည်အောင် အရင် ဖြေဆိုတတ်ဖို့ လိုပါ လိမ့်မယ်။ “စာတွေ့ မပါတဲ့ လက်တွေ့ လုပ်ဆောင်မှု သက်သက်ဟာ မျက်ကန်း တောတိုး သလို ဖြစ်နေနိုင်ပြီး လက်တွေ့ လုပ်ဆောင်မှု မပါတဲ့ စာတွေ့ သက်သက်ကတော့ ထိုင်ရာ မထ စိတ်ကူးယဉ် နေတာပဲ ဖြစ်ပါ လိမ့်မယ်”လို့ ကွန်ဖြူးရှပ်က ပြောဖူး ပါတယ်။ စာဖတ်ခြင်းဟာ ဘ၀မှာ အောင်မြင် စေမယ်လို့ တစ်ထစ်ချ အာမခံချက် မပေးနိုင် ပေမယ့် စာမဖတ်ခြင်း ကတော့ လူတစ်ယောက်ရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ ဘ၀ အသိပညာ တိုးတက်မှုကို ယုတ်လျော့ စေနိုင်မယ့် အဟန့်အတား တစ်ခု ဖြစ်နေ နိုင်ပါတယ်။
နောက်တစ်ခုက စာဖတ်ခြင်းကို အားပေး အားမြှောက် ပြုမယ့်၊ စာဖတ်နိုင်ဖို့ ဖန်တီးပေးမယ့် ပတ်ဝန်းကျင် အဆောက် အအုံကောင်း (One Fit All Solution) လည်း မဖြစ်မနေ လိုအပ်ပါတယ်။ ကလေးသူငယ် တွေအတွက် အခြေခံ မူလတန်း ကျောင်းအဆင့် မှာထဲက စာဖတ်ချင် စိတ်တွေ မွေးမြူ တတ်လာဖို့၊ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းစာ တွေကို နှုတ်တိုက် ရအောင် သင်ကြား နေတာထက်၊ လူမှုဘ၀ တွေကို စာနာ သိနားလည်လာအောင် စိတ်ဓာတ် ခိုင်မာ ရင့်ကျက် လာအောင်၊ စာကြည့်တိုက်တွေ၊ စာဖတ်ဝိုင်းတွေ၊ စာပေ ဆွေးနွေးမှု တွေကနေ တစ်ဆင့် ပြုစု ပျိုးထောင်ရင်း စာဖတ်ချင် စိတ်ကို နှိုးဆွပေး ရပါ့မယ်။ မြို့ကြီး ပြကြီး သာမက မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာစတာတွေမှာ စာကြည့်တိုက် တွေကို ထောက်ပံ့ကူညီ ပေးဖို့ အစီအစဉ်တွေ၊ စာဖတ်ခြင်းရဲ့ အကျိုး ကျေးဇူးကို အကျယ် တ၀င့် ရှင်းပြ ပြောဆို စည်းရုံး ပေးမယ့် စာပေဟော ပြောပဲ(Good Infrastructure) တွေလည်း ဖန်တီး ပေးရင်း စာဖတ်ခြင်း အလေ့မှာ လူငယ် လူကြီးများ ပျော်မွေ့လာ စေဖို့ အားထုတ် သင့်ပါတယ်။ နောက် အင်တာနက်ကို တွင်တွင် ကျယ်ကျယ် အသုံးများ လာကြတဲ့ ခေတ်လူငယ် တွေအတွက်လည်း အွန်လိုင်းက နေစာဖတ်တဲ့ အကျင့်ရ ဖို့ကို ဆွဲဆောင် သင့်ပါတယ်။ နမူနာ ပြောရရင် မကြာသေး ခင်ကပဲ ကမ္ဘာကျော် နယူးဝိခ်(စ်) မဂ္ဂဇင်းကြီးဟာ သူ့ရဲ့ ပုံနှိပ် စာစောင် ထုတ်ဝေခြင်းကို ၂၀၁၂ခုနှစ် အကုန်မှာ လုံးဝ ရပ်ဆိုင်းပြီး အားလုံးကို အွန်လိုင်း ပေါ်မှာ (AwarenessDiscussion) အဖြစ် ထုတ်ဝေ တော့မယ်လို့ တရားဝင် ကြေညာ လိုက်တယ်။ ဒါဟာ အင်တာနက် ကနေ လူတွေ စာဖတ်နေ ကြပြီ ဆိုတာကို ပြတာပါပဲ။ အင်တာနက်ကို သုံးဖို့အတွက် ငွေကြေး၊ နည်းပညာ၊ အချိန်စတဲ့ အခြေခံ လိုအပ်ချက်တွေ ရှိတယ် ဆိုတာကို မငြင်းလို ပါဘူး။ ဒါပေမဲ့ နည်းပညာကို လူငယ်တွေ တလွဲသုံး နေတယ်လို့ ပြောနေမယ့် အစား၊ နည်းပညာကို အသုံးပြုပြီး လူငယ်တွေ ယခုထက် စာဖတ်နိုင် စာရေး နိုင်ဖို့ အခွင့် အလမ်းများ ဘယ်လို ဆောင်ကျဉ်း ပေးနိုင်မလဲ ဆိုတာ ကလည်း စဉ်းစားစရာအချက်ပါဘဲ။ ဒါကြောင့် လူငယ်တွေ စာမဖတ် ကြဘူးလို့ ပြစ်တင် ဝေဖန် ပြောဆို နေတဲ့ သူတွေကို ဒီနေရာ ကနေ ကျွန်တော် မေးခွန်း ထုတ်ကြည့် ချင်မိပါတယ်။ “လူငယ်တွေ စာမဖတ် ကြဘူးလို့ ပြောနေကြ မယ့်အစား လူငယ်တွေ စာဖတ် စေနိုင်မယ့် အခွင့်အလမ်း အတွက် ဘာတွေများ ကူညီထောက်ပံ့ ပေးခဲ့ပြီလဲ။လူငယ်တွေ အတွက် ဘယ်လောက်များ နေရာ ပေးခဲ့၊ ဖန်တီးပေးခဲ့ ပြီးကြပြီလဲ”လို့။
ဘလော့ဂါရန်အောင်@ရေခဲငှက် www.yanaung.net (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Last Updated on Thursday, 13 December 2012 17:52 |