(Dec_12)Faces & Places PDF Print E-mail
Written by ရာပြည့်   
Wednesday, 12 December 2012 18:59
Share |

Selena Gomez  ရဲ့ နာမည်ကို သီချင်း ထဲကတောင် ပြန်ဖျက်ပစ်တဲ့ Justin Bieber
ချစ်သှူ Selena Gomez နဲ့ လမ်းခွဲ လိုက်ပြီ ဖြစ်တဲ့ အဆိုတော် Justin Bieber  က သူ့ရဲ့ နောက်ဆုံးထုတ် ဆင်ဂဲလ် Beauty and A Beat  အမည်ရ သီချင်းထဲမှာ ထည့်ရေး ထားတဲ့ Selena Gomez ရဲ့နာမည်ကိုပါ ဖြုတ်ပစ် စေခဲ့ပါတယ်။

Armstrong has now admitted within the interview with Oprah which he used performance-enhancing drugs while conquering a list seven Tour de France championships buy cialis professional online. Once those parts are finished, the senior receives an ID card, which they give to a pharmacyCialis is used to treat these conditions: , drugstore online.
argaiv1169

အဲဒီသီချင်းကိုNicki Minajက  ရက်ပ်စာသား တွေနဲ့ အားဖြည့် သီဆို ပေးရာမှာ Selena ရဲ့ နာမည် ပါဝင် ခဲ့လို့ပဲ ဖြစ်ပါတယ်။ နီးစပ်သူ တစ်ဦးက အယ်လ်ဘမ်ထဲ ပါသွားတဲ့ စာသားကို ပြန်ဖျက်ဖို့ ဆိုတာ သိပ်နောက်ကျ နေပြီဖြစ်ကြောင်း၊ ဒါပေမဲ့  Justin ပဲဖြစ်ဖြစ်၊ Nicki အပါအ၀င် ဘယ်သူပဲ ဖြစ်ဖြစ် ဒီသီချင်းကို ဆိုကြဦးမှာ ဆိုတော့ ရွေးချယ်စရာ လမ်းမရှိကြောင်း ပြောကြား ခဲ့ပါတယ်။ ဒီလိုလုပ် တာဟာ Selena အတွက် အနာကို ဆားနဲ့နယ် သလို ဖြစ်မယ်ဆိုတာ Justin သိရှိကြောင်း၊ သူ့ရဲ့ မိန်းကလေး ပရိသတ်တွေ ဆီကလည်း  အကြီးအကျယ် တုံ့ပြန် ရိုက်ခက်လာမှာ ဖြစ်ကြောင်း၊ အဆိုပါ ပုဂ်္ဂိုလ်ကပဲ၊ ဆက်လက် ပြောကြား သွားခဲ့ပါတယ်။ Justin Bieber  ဟာ Victorias Secret  အဖွဲ့က အသက် ၁၉ နှစ် အရွယ်ရှိ ဟန်ဂေရီသူ Barbara Palvin  နဲ့ တွဲနေကြောင်း သတင်းတွေ ပေါ်ထွက် နေပါတယ်။

14.11.2012/The Sun

ဆိုင်ကယ် စတန့်စီးပြီး အချစ် ဝေဒနာကို ကုစားနေတဲ့ Justin Bieber
ချစ်သူ Selena Gomez  နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လမ်းခွဲခဲ့ ရတဲ့ ဆယ်ကျော်သက် အဆိုတော် Justin Bieber ဟာ သူ့ရဲ့ Ducati ဆိုင်ကယ်နဲ့ Beverly Hills  ဒေသ တစ်ဝိုက်တစ် ကိုယ်တော် လေလွင့် နေတာကို နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ခဲ့ ကြရပါတယ်။ Justin Bieber  ဟာ ကားလမ်းမတစ် လျှောက် သူရဲ့ဆိုင်ကယ် စီးစွမ်းရည် အမျိုးမျိုး ပြသ စီးနင်းခဲ့ ရာမှာ ထိုင်ခုံနဲ့လူနဲ့ လွှတ်ပြီး တော့တောင် စီးပြတာ တွေ့ကြ ရပါတယ်။ အဲဒီလို ဆိုင်ကယ် စတန့်မျိုးစုံကို စီးနင်းပြတဲ့ Justin  ဟာ နိုဝင်ဘာ  ၁၃ ရက် နေ့ညကလည်း အဖြူရောင်  Ferrari  ကားလေးနဲWest  Hollywood  တစ်လျှောက် အပြင်း မောင်းနှင် ခဲ့ရာက ယာဉ် ထိန်း ရဲတွေ တားဆီး စစ်ဆေးတာ ခံရပြီး လိုင်စင် သက်တမ်းလွန် နေတဲ့ ကားအတွက် ဒဏ်ကြေးဆောင်ဖို့ ချလန် အဖြတ်ခံ ခဲ့ရပါသေး တယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တွေကို မလိုက်နာတာ ဟာ Justin အတွက် ပထမအကြိမ် မဟုတ်တော့ ပါဘူး။ ဇူလိုင်လ အတွင်းတုန်းကလည်း လော့စ်အိန်ဂျလိစ ကားလမ်းမ ပေါ်မှာ သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်ခဲ့လို့ ယာဉ်ထိန်းရဲ တွေက တားဆီး စစ်ဆေးခဲ့ ရပါတယ်။ Justin  Bieber က သူ့နောက်ကို ပါပါရာဇီ ဓာတ်ပုံသမားတွေ လိုက်နှောင့်ယှက်လို့ အခုလို မောင်း နှင်ခဲ့ ရတာ ဖြစ်ကြောင်း ဆင်ခြေ ပေးခဲ့ပါတယ်။ လောလောဆယ် မှာတော့ Selena Gomez နဲ့ လမ်းခွဲရလို့ ခံစား နေရတဲ့ ဝေဒနာကို ပြေပျောက်ဖို့ ကြိုးစားနေ ပုံရတဲ့ Justin Bieber ဟာ သူ့ရဲ့နယ် လှည့်ပွဲ ခရီးစဉ် အတွက် အစမ်း လေ့ကျင့်စဉ်က သူ့ရဲ့ ဓာတ်ပုံတွေ ကို အင်တာနက်မှာ တင်လာတာ တွေ့ကြ ရပါတယ်။

15.11.2012,The Sun

မိခင်ကို စင်ပေါ်မှာ ဂုဏ်ပြုတဲ့ Justin Bieber
၂၀၁၂ ခုနှစ်အတွက် Americam Music Awards  ဂီတ ထူးချွန်ဆု ပေးပွဲကို လော့စ်အိန်ဂျလိစ်မြို့ Nokia Theatre မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ညက ကျင်းပ သွားခဲ့ရာ အသက် ၁၈ နှစ်အရွယ်ရှိ ကနေဒါ နိုင်ငံသား ဆယ်ကျော်သက် အဆိုတော် Justin Bieber က တစ်နှစ်တာ အကောင်းဆုံး အနုပညာ ရှင်ဆု အပါအ၀င် AMA ဆု သုံးဆု တိတိ သိမ်းပိုက်ကာ ဟက်ထရစ် ရရှိသွား ခဲ့ပါတယ်။ ချစ်သူ Selena Gomez နဲ့ လမ်းခွဲ ခဲ့တာ မကြာလှ သေးတဲ့  Justin Bieber က သူ့ဘ၀မှာ တန်ဖိုး အထားရဆုံး အမျိုးသမီး အဖြစ် သူ့ရဲ့မိခင် Pattie Mallette  ကို အခမ်း အနား စင်မြင့်ပေါ် အထိ ခေါ်ယူပြီး ဂုဏ်ပြု ပြောကြား ခဲ့ပါတယ်။ သူ့အပေါ် အမြဲတမ်း ယုံကြည်မှု ပေးနေတဲ့ ပရိသတ်ကြီး အပေါ် ကျေးဇူးတင်ရှိ ကြောင်းလည်း  Justin Bieber  က ပြောကြားသွား ခဲ့ပါတယ်။  ၂၀၁၂ AMA ဆုရရှိသူ တွေကတော့ ပေါ့ပ်ရော့ခ် အမျိုးသား အနုပညာရှင် Justin Bieber အမျိုးသမီး ကျေးလက် ဂီတ အနုပညာရှင်  Taylor Swift, မီဒီယာ အသစ်ဆု SPY, ရက်ပ်/ဟစ်ဟော့ပ် အယ်လ်ဘမ် Pink Friday: Roman Reloaded by Nicki Minaj,  အော်လ်တာနေးတစ် ရော့ခ် အနုပညာရှင် Linkin Park,  ဆိုးလ်/အာရ်အင်ဘီ အမျိုးသား အနု ပညာရှင် Usher, အမျိုးသား ကျေးလက် ဂီတ အနုပညာရှင် Luke Bryan,   မျက်နှာသစ် အနုပညာရှင် Carly Rae Jepsen, ကျေးလက်ဂီတ အဖွဲ့ Lady Ante Bellum,  အီလက်ထရွန်းနစ် အက ဂီတအနုပညာရှင် David Guetta,  ပေါ့ပ်/ရောခ့်အယ်လ်ဘမ် Believe by Justin Bieber,  ကျေးလက်ဂီတ အယ်လ်ဘမ် Blown Away by Carrie Underwood,  တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင် Justin Bieber  ဖြစ်ပါတယ်။

19.11.2012, The Sun

Selena ကို ခွင့်လွှတ်လက်ခံပေးလိုက်တဲ့ Justin Bieber
နယူးယောက် ပွဲစဉ် တစ်ခုမှာ အဆိုတော် Justin Bieber က Victoria's Secret  ရဲ့ အတွင်းခံ အ၀တ်အစား ကြော်ငြာသရုပ် ဆောင် မော်ဒယ်လ်မလေး  Barbara Palvin  ကို ဇာတ်စင် နောက်က အ၀တ်လဲ ခန်းထဲအထိ ဖိတ်ခေါ် တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ပေါ်ထွက်လာ ခဲ့တဲ့ နိုဝင်ဘာလ ဆန်းပိုင်းမှာ ချစ်သူ ဘ၀အဆုံး သတ်ခဲ့ကြတဲ့  Justin Bieber  နဲ့ချစ်သူ မင်းသမီး Selena Gomez တို့ဟာ ပြန်လည် ပေါင်းထုတ် သွားကြပြီ ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ ထုတ်  The Sun သတင်းစာ စောင်က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ရေးသား ဖော်ပြ လာခဲ့ပါတယ်။ Justin Bieber ဟာ Selena Gomez ရဲ့ ခွင့်လွှတ်မှု ကိုရရှိဖို့ အတွက် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ရာ မှာ အကြီးအကျယ် ကြိုးပမ်း အားထုတ်မှု စိုက်ပြီး အကြိမ်ကြိမ် တောင်းပန် တိုးလျှိုး ခဲ့ရတဲ့ အပြင် သူ့ရဲ့ အရှုပ်တော် ပုံကိုလည်း ၀န်ခံ ပြောကြားခဲ့ ရတယ်လို့ The Sun ကရေးသား ဖော်ပြခဲ့ ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Selena Gomez က Justin Bieber  ကို ပြန် လက်ခံလိုက်ပြီး သူ့ရဲ့ အမူအကျင့် တွေကိုပြင်ဖို့ ပြောကြားခဲ့တယ် လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ Victoria's Secret Show  အစီ အစဉ်ထုတ်လွှင့်မယ့် ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ Selena ကို ရုပ်/သံရှေ့ကနေ ခေါ်ထုတ် သွားနိုင်ဖို့ Justin အတွက် လိုကောင်းလိုနိုင် မှာဖြစ်ကြောင်း The Sun က ကျီစယ် ရေးသား သွားခဲ့ပါတယ်။

 

 

 


ရာပြည့်
23.11.2012, The Sun
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)


Last Updated on Wednesday, 12 December 2012 23:23