|
Written by သင်းပပ
|
|
Wednesday, 12 December 2012 17:45 |
ရခဲ့လှတဲ့ လူ့ဘ၀ကို ရင်ဆိုင် ဖြတ်သန်း နေရတဲ့ သက်ရှိ လူသားချင်း အတူ တူ နှစ်ဆသုံးဆ ပိုကြိုးစားပြီး ခြေလှမ်း ပိုလှမ်းပြီး ရပ်တည် လှုပ်ရှား နေကြ ရတဲ့ သူတွေနဲ့ မိမိ ၀န်းကျင်မှာ တွေ့ကြုံဖူး ကြပါ လိမ့်မယ်။
argaiv1291
သူတို့ရဲ့ စွမ်းအင်တွေနဲ့ စိတ်ဓာတ်၊ ဆန္ဒတွေကို ဘယ်လို အချိုးချပြီး ကြိုးစားကြတယ် ဆိုတာကိုရော အမှတ် မထင်ပဲ ဖြစ်ဖြစ်၊ အမှတ်တမဲ့ ပဲဖြစ်ဖြစ် လေ့လာ ဖူးပါသလား။ တကယ် လို့ လေ့လာ မိမယ် ဆိုရင်တော့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ အတုယူ စရာဆောင် ရွက်မှုတွေကို တွေ့ကြရ ပါလိမ့်မယ်။
တခြားသူ တွေထက် ခြေလှမ်း ပိုလှမ်း ကြရတဲ့၊ ကြိုးစားမှုကို နှစ်ဆ ပိုမြှင့် ထားကြရတဲ့ မသန်စွမ်းတွေ အတွက် အခုဆိုရင် အသင်း အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်မှုတွေ ပိုများ လာပါပြီ။ ဒီလို အသင်း အဖွဲ့တွေကို ဦးစီး ရှေ့ဆောင် လှုပ်ရှားနေသူ အများစု ကလည်း ဘ၀တူ မသန်စွမ်း တွေပါပဲ။ ဒီလို အဖွဲ့အစည်းတွေ ထဲကပဲ စိတ်တူကိုယ်တူ ဘ၀တူ မသန်စွမ်း လူငယ်တစ်သိုက် စုစည်းပြီး ဖွဲ့စည်း ထူထောင် ထားတဲ့ မသန်စွမ်း ရှေ့ဆောင် လူငယ်များ အဖွဲ့က မယုယသူ (Opreation Director)နဲ့ teen မဂ္ဂဇင်း တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ဦးဆောင် လုပ်ရှား သူတစ်ဦး ဖြစ်တဲ့ မယုယသူက မွေးရာပါ မသန်စွမ်း တစ်ဦးပါ။
မယုယသူက မိမိဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိလူမျိုး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကြိုးစားခဲ့လို့ မြန်မာတွေ ရင်ထဲမှာ ယခုအထိ အောက်မေ့ သတိရ နေကြရတဲ့ မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ရဲ့ မြစ်တစ်ဦး လည်းဖြစ်ပါတယ်။ သူမကလည်း ဘမျိုးဘိုးတူ ဆိုသလို မိမိဝန်းကျင်၊ မိမိနဲ့ ဘ၀တူတွေ အတွက် တတ်နိုင်သမျှ ကြိုးစား လှုပ်ရှား နေတယ်လို့ ဆိုရမှာပါ။
မွေးရာပါ မသန်စွမ်း တစ်ဦးဖြစ်တဲ့ မယုယသူက ၀န်ထမ်း မိဘကနေ ပေါက်ဖွား လာတဲ့သူ ဖြစ်တာကြောင့် ကျရာဒေသမှာ ကျင်လည် လှုပ်ရှားပြီး ပတ်ဝန်းကျင် မျိုးစုံနဲ့ ဆက်ဆံခဲ့ ရပါတယ်။ ဒီနေရာမှာ မသန်စွမ်း တစ်ယောက် အတွက် မိမိကိုယ်ကို ယုံကြည်မှု ရဖို့ တည်ဆောက်ရာမှာ မိဘနဲ့ ညီအစ်ကို မောင်နှမတွေက အရေးပါတဲ့ အကြောင်းကို မယုယသူက ပြောပြ ခဲ့ပါတယ်။ မယုယသူက “မသန်စွမ်း မှုကြောင့်တော့ စိတ်ဓာတ်ကျ ရတာတို့၊ တစ်ခါ တလေကျလို့ ရှိရင် စိတ်ပျက် အားငယ်တာတို့ ဆိုတာကတော့ မသန်စွမ်းသူ တိုင်းရှိကြမှာပဲ။ လုံးဝ(ဇီးရိုး) မရှိဘူး ဆိုတာတော့ မဖြစ်နိုင် ဘူးလေ။ ကျွန်မက ကံကောင်းတာက ဘာလဲ ဆိုရင် မိသားစု ထဲမှာ အငယ်ဆုံး လည်းဖြစ်တယ်။ ပံ့ပိုးမှု ရတယ်။ မိသားစုထဲမှာ ခွဲခြား ဆက်ဆံခံ ရတာမျိုး လုံးဝ မရှိဘူး။ တခြား မောင်နှမတွေနဲ့ တန်းတူပဲ။ ကျောင်းထားတာ ကအစ အကုန်လုံး။ အပြင်သွား လာတာကအစ တခြား မောင်နှမတွေနဲ့ တန်းတူပဲ ဆက်ဆံခံ ခဲ့ရတယ်။ အဲဒါကြောင့် မို့လည်း ကျွန်မ အတွက် စိတ်ဓာတ် ခွန်အားတွေ ရခဲ့တယ်လို့ ထင် တယ်။ တကယ်လို့သာ မိသားစုက ကျွန်မကို ခွဲခြားဆက် ဆံတာမျိုး၊ နှိမ်တာမျိုး ဒါမှမဟုတ် အရမ်း ချစ်လွန်းလို့ ဘယ်မှာ မသွားခိုင်း တာမျိုး ဖြစ်ခဲ့မယ် ဆိုရင် ကျွန်မက တစ်မျိုး ဖြစ်ချင်ဖြစ် သွားမှာပေါ့လေ။ အခုက အဲဒီလို မဟုတ်ဘူး။ မသန်စွမ်း ပေမယ့် သူငယ်ချင်းတွေနဲ့ သွားမယ်ဆို ရင်လည်း လွှတ်ပေးတယ်။ ကျွန်မ လုပ်ချင်တာကို အိမ်က ဘေးကနေ Supporting လုပ်ပေးတာ လောက်ပဲရှိတယ်။ ချုပ်ချယ်တာတို့၊ ကန့်ကွက် တာတို့ မရှိခဲ့ဘူး”လို့ ဆိုပါတယ်။
ယုယသူရဲ့ မိဘတွေက ၀န်ထမ်းဖြစ်တဲ့ အတွက် နယ်လှည့်ပြီး ကျရာ ဒေသမှာ ကျရာ တာဝန်ကို ထမ်းဆောင် ရပါတယ်။ ဒီတော့ ယုယသူက လည်း ၀န်ထမ်း မိသားစုဝင် ပီပီ ကျရာ ဒေသမှာ ပညာရှာ မှီးရ ပါတယ်။ မြန်မာနိုင်ငံမှာ မသန်စွမ်း တွေအတွက် သီးသန့် ကျောင်းများကို ဒေသ အသီးသီးမှာ ပြည့်စုံစွာ မဖွင့်လှစ် နိုင်သေးတဲ့ အတွက် ယုယသူက သာမန် အခြေခံကျောင်းတွေ မှာပဲ တက်ရောက် ပညာသင်ကြား ခဲ့ရပါတယ်။ အခုလို သာမန်ကျောင်းမှာ ပညာသင် ယူနိုင်ဖို့ အတွက်တော့ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို အနည်းငယ် ခွဲစိပ်ပြုပြင်မှု တွေပြုလုပ်ခဲ့ ရပါသေး တယ်။ “ကျွန်မရဲ့ မသန်စွမ်းမှုက မွေးရာပါလို့ ပြော လို့ရပေမဲ့ ကျွန်မရဲ့ ဘယ်ဘက် လက်နှစ်ချောင်း ကပူးနေတယ်။(မယုယသူက ဘယ်ဘက်လက် နှစ်ချောင်း သာပါ ရှိခဲ့ပြီး အဲဒီ လက်နှစ်ချောင်း နဲ့သာ စာရေး သားနေတာပါ။) အဖေက ကျွန်မမွေးပြီး တစ်နှစ်လောက်မှာ အဲဒီ လက်နှစ်ချောင်း ကို ခွဲပေးတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး စာကောင်း ကောင်းရေးနိုင်အောင် ခွဲပေးခဲ့တယ်။ အဖေနဲ့ အမေက သူတို့ကိုယ်တိုင် လည်း ပညာ တတ်တွေ ဖြစ်ခဲ့တော့ ပညာက ဘယ်လောက် အရေးကြီး လဲဆိုတာ သိတယ်။ အဖေရော၊ အမေရော၊ ညီအစ်ကို မောင်နှမ အားလုံး ကျွန်မကို ပညာတတ် ကြီးဖြစ်အောင် လေ့ကျင့် ပေးတယ်။ ဒါပေမဲ့ စာရေးသားမှု ပိုင်းမှာ စာမေးပွဲ ဖြေတဲ့ နေရာမှာတော့ အခက် အခဲရှိတယ်။ အတန်းထဲမှာ Note လိုက်တဲ့ အခါ လှလှပပ လိုက်နိုင် ပေမယ့် စာမေးပွဲမှာ အချိန်နဲ့ ကန့်သတ် ဖြေရတာမှာ လက်ရေး မလှတာ၊ မပီတာ အချိန်မီ မပြီးတာ မျိုးတွေတော့ ရှိခဲ့တယ်” လို့ ပြောပြပါတယ်။
အခုလို မသန်စွမ်းတွေ အတွက် သာမန် ကျောင်းမှာ တက်ရတဲ့ မသန်စွမ်းတွေ အတွက် သီးသန့် စာမေးပွဲ၊ သီးသန့်အချိန် တစ်ခု သတ်မှတ် ပေးသင့်တယ်လို့ ကိုယ့်ရဲ့ ထင်မြင် ယူဆချက်ကို ပြောပြတော့ ယုယသူ က သီးသန့် စာမေးပွဲ မဟုတ် ရင်တောင် ဒီမေးခွန်းကိုပဲ တစ်ချိန်တည်းမှာ ဖြေ ဆိုခိုင်းပြီး မသန်စွမ်း အတွက် အချိန်ပို အနည်းငယ် ပိုပေး သင့်ကြောင်း၊ သာမန် လူတွေနဲ့ အတူတူ ဖြေရတဲ့ ပြဿနာ မရှိပေမယ့် အချိန်အနည်း ငယ် ပိုရခဲ့ရင် သာမန်လူတွေနဲ့ တန်းတူ အမှတ်ရ နိုင်မယ် လို့လည်း ဆိုပါတယ်။ ဒီလို အခွင့်အရေး မျိုးကို ယုယသူ က မိဘက တစ်ဆင့် တင်ပြ တောင်းဆိုမှု တွေ မပြုလုပ် ခဲ့ပါဘူး။ သူများထက် နှစ်ဆပို ကြိုး စားခဲ့ပြီး မသန်စွမ်း အနေနဲ့ သီးသန့် အခွင့်အရေး မရယူခဲ့ သူလည်း ဖြစ်ပါတယ်။
မသန်စွမ်း ရှေ့ဆောင် လူငယ်များ အဖွဲ့ စတင် ဖွဲ့စည်းပြီး တည်ထောင် ကတည်းက ပါဝင်ဆောင် ရွက်ခဲ့တဲ့ သူဖြစ်ပြီး Opreation Manager အဖြစ် တာဝန် ယူထားသူပါ။ “၂၀၀၆ ခုနှစ်မှာ ကျွန်မ ကျောင်းပြီး သွားတော့ Travel & Tour တစ်ခုမှာ ဂျပန် လူမျိုးပိုင် ကုမ္ပဏီ တစ်ခုပေါ့။ အဲဒီမှာ အလုပ် ၀င်တယ်။ ဒါပေမဲ့ ကိုယ်စိတ်ဝင်စားတာ က Social Worker ဆိုတော့လေ။ လူမျိုးရေး လုပ်ငန်းတွေ ဆိုတော့ M.Sc တက်နေ ကတည်းက ဧရာဂျပန်သင် တန်းကျောင်းမှာ စေတနာ့ ၀န်ထမ်း ကူညီ လုပ်ကိုင်ပေးခဲ့ တာတွေလည်း ရှိ တယ်။ ကျွန်မ Travel & Tour မှာ တစ်နှစ်ခွဲ လောက်လည်း လုပ်ပြီးရော ဧရာ ဂျပန်မှာ ဂျပန် ဘာသာပြန် အလုပ်ရှိတယ် ဆိုတာနဲ့ လှမ်းခေါ်တာနဲ့ ပြောင်း လုပ်ဖြစ်တယ်။ အဲဒီမှာ ၂၀၁၁ ခုနှစ်၊ မတ်လ အထိ ၃ နှစ် လုပ်ခဲ့တယ်။ ပြီးမှ ဒီအဖွဲ့ကို လုပ်ဖြစ်တာ။ ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ သူတွေကလည်း မသန်စွမ်း ဘ၀တွေ ထဲမှာ ကျင်လည် လှုပ်ရှားနေတဲ့ သူတွေပဲ ပေါ့နော်။ အခုလို စုဖြစ်သွား တာကတော့ စိတ်တူ ကိုယ်တူပြီးတော့ တခြား မသန်စွမ်း အဖွဲ့တွေထဲမှာလည်း ပါဝင် လှုပ်ရှားနေတဲ့ သူတွေပေါ့နော်။ အဖွဲ့တစ်ခု ဆီမှာတော့ ချမှတ်ထားတဲ့ စည်းကမ်းတွေ၊ သတ်မှတ်ချက် တွေရှိတာ ပေါ့လေ။ ဒါပေမဲ့ သတ်မှတ်ထား တဲ့ ဘောင်အတွင်း လုပ်ပိုင်ခွင့် အတွင်းကပဲ လုပ်ဆောင်ခွင့် ရခဲ့တာပါ။ တကယ် တော့ လိုအပ်ချက် တွေက အများကြီးပဲ။ လုပ်မယ်ဆိုရင် မလုပ်နိုင်ဘူး။ ဒီတော့ စိတ်တူ ကိုယ်တူတဲ့ မောင်နှမတွေ စုပြီး လုပ်ဖြစ် သွားတာပေါ့”လို့ ယုယသူက ပြောပြပါတယ်။
အဖွဲ့အစည်း အနေနဲ့ မစတင် ခင်ကတည်းက တွေ့ဆုံ ဆွေးနွေးမှု၊ စီမံခန့်ခွဲမှု၊ အစည်းအဝေးတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ ရပြီးမှ ဖွဲ့စည်း ခဲ့တဲ့ အဖွဲ့ လည်းဖြစ်ပါတယ်။ မသန်စွမ်း ရှေ့ဆောင် လူငယ်များ အဖွဲ့အနေနဲ့ အဓိက ဦးတည် ဆောင်ရွက် ဖြစ်တဲ့ အခြေခံအချက် ကတော့ မသန်စွမ်းသူ တွေဟာလည်း သန်စွမ်းသူတွေ လိုပဲ လူသား ပီပီသသ အခွင့်အရေးတွေ ရပြီး ပျော်ရွှင်စရာ ကောင်းတဲ့ လူ့အဖွဲ့ အစည်း တစ်ခု ဖြစ်ဖို့ ဆိုတာပါပဲ။“ဒီလို ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကို ရဖို့ကျတော့ နည်းလမ်း တစ်ခုနဲ့ သွားပါတယ်။ ပထမ တစ်ခုက မသန်စွမ်း သူတွေ ကိုယ်တိုင် စိတ်ဓာတ်ပိုင်း ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ မြှင့်တင်ပေးဖို့ လုပ်ဆောင် တာပါ။ ဒါကြောင့် ခေါင်းဆောင်မှု မြှင့်တင်ရေး သင်တန်းတွေကို တစ်နှစ်ကို နှစ်ကြိမ် ပေးတာမျိုး၊ တခြား စွမ်းရည် မြှင့်သင်တန်းတွေ ပေးတာ မျိုးတွေ ကျွန်မတို့ လုပ်တယ်။ နောက်တစ်ခုက ဘာလဲဆိုရင် အဗိုကေစီ လုပ်ဖို့ လိုတယ်လေ။ ဒီတော့ မသန်စွမ်းသူ တွေနဲ့ ပတ်သက်တဲ့ Business Centre တွေ Media တွေ၊ အခုဆိုရင် လွှတ်တော်ထဲ ပါလီမန် အမတ်တွေကို မသန်စွမ်းနဲ့ ပတ်သက်တဲ့ အသိပညာ တွေနဲ့ မသန်စွမ်း သူနဲ့ ပတ်သက်တဲ့ အခွင့်အရေး တွေဟာ ဘာတွေလဲ ဆိုတာ သိလာအောင်၊ မသန်စွမ်း ဟာလည်း လူသား တစ်ယောက် ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းမှာ လက်ခံပေးဖို့ သူတို့လို အပ်တာ ဘာတွေလဲ သိဖို့ ကျွန်မတို့နှစ်လမ်း ပြိုင်နည်းနဲ့ သွားနေပါတယ်”လို့ လက်ရှိ ဆောင်ရွက်နေမှု တွေကိုလည်း ယုယက ပြောပြခဲ့ ပါသေးတယ်။
အလုပ် သဘော လှုပ်ရှားမှုက ၁ နှစ်ပဲရှိသေး တဲ့အတွက် ဖြစ်ချင်တဲ့၊ ရောက်ချင်တဲ့ နေရာ ရောက်ဖို့ ကိုတော့ အတော်ကြိုးစား ရဦးမယ်လို့ ဆိုပါ တယ်။ လက်ရှိအချိန် မှာတော့ ကြုံတွေ့ လာရတဲ့ အခက်အခဲ တွေကို ရင်ဆိုင် ဖြေရှင်းပြီး ဆက်လျှောက် နေပါတယ်။ မသန်စွမ်းတွေ ဟာလည်း သက်ရှိ လူသား တွေပဲ ဖြစ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲ စိတ်ပိုင်း ဆိုင်ရာ အခက် အခဲကတော့ သာမန်လူတွေ ထက် နှစ်ဆ ပိုကြိုးစား ရတာပါ။ ဒီကနေ သင်တန်း ဆင်းသွားတဲ့ လူတွေ နောက်ကို လိုက်ရတဲ့ အခါမှာ နယ်တွေ ဘက်ဖို့ တအားပင် ပန်းတယ်။ တည်းရ ခိုရတာက အစ၊ သွားရ လာရ တာရော၊ အခက် အခဲတွေ ကြုံတွေ့ရတယ်။ ဒါကလည်း မသန်စွမ်း သူတိုင်း ကြုံတွေ့ရတာ ဆိုတော့ အခက် အခဲလို့ သဘောထား လို့တော့ မရပါဘူး။ စိတ်ပိုင်း ဆိုင်ရာမှာတော့ ကိုယ်မှန်းထား သလောက် ဖြစ်မလာရင် စိတ်ဓာတ် ကျမိတယ်။ ဒါပေမဲ့ ပြန်အားတင်း ရတာပေါ့”လို့ ဆိုပါတယ်။
ဖြစ်ချင်တာထက်၊ ဖြစ်သင့်တာကို ဦးစားပေး ဆောင်ရွက် နေကြရတဲ့ သူတွေထဲမှာ ယုယသူ ကလည်း တစ်ဦး အပါအ၀င်ဖြစ်တယ်လို့ ဆိုရမှာ ပါ။ ယုယသူမှာလည်း ငယ်ဘ၀၊ ဆယ်ကျော် သက် ဘ၀အိပ်မက် ဆိုတာ ရှိနေခဲ့ ဖူးပါတယ်။ စာတွေ အရမ်းရေး ချင်ခဲ့ပြီး စာရေးဆရာ တစ်ဦး ဖြစ်ချင်ခဲ့ ပါသတဲ့။ ကျောင်းသူ ဘ၀မှာ ၈၈ အရေး အခင်းနဲ့ ကြုံရတဲ့ ကာလမို့ ကျောင်းတွေ ပိတ်ခံရပြီး ဘွဲ့ရ ဖို့ကို အချိန် အကြာကြီး ယူခဲ့ရ တာကြောင့် အဲဒီကာလ တွေမှာ ယုယသူက စာတွေ ရေးဖြစ်ခဲ့ တာပါ။ သရဖူ မဂ္ဂဇင်းမှာ ငယ်စဉ်က ခံစားမှု ကဗျာတွေ ပို့ခဲ့ဖူးပြီး ဖြော်ပ ခံရဖူးတဲ့ လက်ရာရှင် လည်းဖြစ်ပါတယ်။ လက်ရှိ မှာတော့ ရသစာတွေ မသီကုံး ဖြစ်တော့ဘဲ မသန်စွမ်း တွေ ဘ၀အတွက် ရှေ့ဆောင် လှုပ်ရှား ဖြစ်နေပါတယ်။ လက်ရှိအိပ် မက်၊ ရည်ရွယ်ချက် ကတော့ ကြီးကြီးမားမား မျှော်လင့် ထားတာမျိုးတော့ မရှိပါဘူး ဆိုတဲ့ ယုယသူက“ လူမှုရေး လုပ်ငန်းတွေ မှာတော့ လုပ် တယ်။ ဒီလို မသန်စွမ်းမှ မဟုတ်ဘူး။ တခြား ပေါ့။ မိဘမဲ့ ကလေးတွေ၊ နာမကျန်းတွေ စသဖြင့် တကယ် လိုအပ်နေ တဲ့သူတွေ အတွက် လူမှုရေး လုပ်ငန်းတွေကို ကျွန်မ စိတ်ဝင်စားတယ်။ ဒီအဖွဲ့ မှာလည်း မသန်စွမ်းတွေ အတွက် လုပ်နေ သလို တခြားအဖွဲ့ တွေမှာလည်း ၀င်လုပ်ပေး ဖြစ်နေတာ တွေ ရှိတယ်။ လူမှုရေး လုပ်ငန်းကို စိတ်ဝင်စား တယ်။ ဒါတွေကို ဆက်လုပ် ဖြစ်နေမှာပါ”လို့ ပြောပြပါတယ်။
ပြောင်းလဲ လာတဲ့ နိုင်ငံရေးအနေ အထား အရ မသန်စွမ်းတွေရဲ့ ဘ၀မှာရော ပြောင်းလဲမှုတွေ ရှိပြီလား ဆိုတော့- “အရမ်းကြီး ပြောင်းလဲသွား တာမျိုး မရှိ သလို၊ လုံးဝ မပြောင်းလဲဘူး လားဆိုတာလည်း မဟုတ်ပြန်ဘူး။ ၁၉၅၈ ခုနှစ်က မသန်စွမ်း ဥပဒေ ဆိုတာ ရှိခဲ့တယ်။ အဲဒါတွေက On Paper မှာပဲ ရှိခဲ့တာ။ အဲဒီ ဥပဒေ မှာပါတဲ့ အချက်တော်တော် များများက ဘာမှ အကောင်အထည် ပေါ်မလာခဲ့ ဘူး။ အခုတော့ ဥပဒေ အသစ် ပြန်လည် ရေးဆွဲ နေပြီ။ အဲဒီမှာ ပါဝင် ဆွေးနွေးခွင့် ပေးတာတွေ လည်း ရှိလာတယ်ပေါ့။ဒါပေမဲ့ အခု ဥပဒေမူကြမ်း အသစ်ကို ချပြတဲ့အခါမှာ ကျွန်မတို့ မကျေနပ် တာတွေလည်း အများကြီး ပါတယ်။ ဥပမာ- မသန်စွမ်း အချင်းချင်း တောင်မှ အလုပ်အကိုင် ရဖို့ဆိုရင် တပ်မတော်သား မသန်စွမ်းတွေကို ဦးစားပေး ရမယ် ဆိုတာမျိုးပေါ့။ ဒါကို လုံးဝ လက်မခံ နိုင်ပါဘူး။ မသန်စွမ်းသူ အချင်းချင်း တောင်မှာ ဒီလို ခွဲခြား ဆက်ဆံမှုတွေ ရှိနေရင်တော့ မဟုတ်သေး ဘူးလေ။ သူတို့က နိုင်ငံတော်တာ ၀န်ထမ်းဆောင်ပြီး ဒီလိုဘ၀ ရောက်ရတာကို နားလည် လက်ခံပါတယ်။ ဒါပေမဲ့ သူတို့မှာ အဲဒီ အချက်ကြောင့် စစ်မှုထမ်းဟောင်း ခံစားခွင့်ဆို တာ ရှိထားပြီး ပါပြီ။ ဒီလို ပြောလို့ ကျွန်မက စစ် သားကို မကောင်း မြင်တာ မဟုတ်ပါဘူး။ ကျွန်မ ဖေဖေရော၊ မေမေရောက တပ်ကပါ။ ကျွန်မက တကယ်တမ်း ဖြစ်သင့်တာကို ပြောပြတာပါ။ ဒီဥပဒေ မူကြမ်းအသစ် ထဲမှာ မဖြစ်သင့်တာ တွေ လည်းပါတယ်။ မဖြစ်သေးတာ တွေလည်း ပါ တယ်။ ဒီအထဲမှာ ကျွန်မတို့ ဖြစ်ချင်တာတွေ ပါနိုင်ခွင့်ရဖို့ အတွက် လွှတ်တော် အမတ်တွေနဲ့ တွေ့ပြီး ကြိုးစားခွင့် ရတယ်။ အရင်ကဆို ဒါမျိုး က အိပ်မက်တောင် မက်ခွင့်မှ မရခဲ့တာ။ အခု တော့ ဒီလိုလေး လုပ်ခွင့်ရ တာကိုက ၀မ်းသာစရာ ပါပဲလို့ ပြောရတာပေါ့”လို့ ဆိုပါတယ်။
မသန်စွမ်း ၀န်းကျင်မှာမှ မဟုတ်ဘဲ နေရာ တိုင်းမှာ အချင်းချင်း တိုက်ခိုက်မှု၊ နှောင့်ယှက်မှု တွေ၊ အပြိုင် အဆိုင်တွေ ဆိုတာက ရှိတတ်ပါ တယ်။ ဒါမျိုးတွေကို ကိုယ်တိုင် ကြိုးစားဖြတ် သန်းနေရတဲ့ ယုယသူက “မသန်စွမ်းတွေ အနေနဲ့ အခုထက်ပိုပြီး Unity ဖြစ်ဖို့လိုတယ်။ ပိုပြီးတော့ စည်းလုံး ညီညွတ်စွာနဲ့ အသံ ထွက်နိုင်မယ် ဆိုရင် ကျွန်မတို့ အသံ ပိုကျယ်မယ်။ ကိုယ်ပြောတာကို သူများ ပိုနားဝင် နိုင်မယ်။ တစ်ယောက်က တစ်သံ၊ တစ်ယောက်က တစ်သံနဲ့ မညီညွတ်ဘူး ဆိုရင် အသံက တိုးနေပြီး ကိုယ်ပြော တာကို တခြားသူက ကြားမှာ မဟုတ်ဘူး။ စည်းလုံး ညီညွတ်ဖို့က ပိုအရေး ကြီးပါတယ်။ ဒါက မသန်စွမ်းမှ မဟုတ်ပါဘူး။ အခု ဆိုရင် ကျွန်မတို့နိုင်ငံက ပြည်သူ တွေရဲ့အသံက တောက်လျှောက် အားကောင်း ခဲ့လို့ အခုလို အခြေအနေ တစ်ခုကို ရောက်လာခဲ့ တာဆိုတော့လေ။ မသန်စွမ်း တွေလည်း ခုလို ဖြစ်ဖို့လို ပါတယ်။ သူများ လုပ်ပေးမလား ဆိုပြီး ထိုင်စောင့် နေတာထက် ကိုယ်တိုင်နိုင် သရွေ့ အမြဲကြိုးစား နေဖို့ လိုပါတယ်”လို့ ပြောပြ ခဲ့ပါတယ်။ ကမ္ဘာကျော် စာပေပညာရှင် ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ မျိုးဆက် သွေးပီပီ စာရေးချင်တဲ့ စိတ်ဆန္ဒရှိတဲ့ ငယ်စဉ်က စာရေးဆရာ ဖြစ်ချင်ခဲ့တယ် ဆိုတဲ့ ယုယသူက အခုလို အလုပ်တွေ ပြင်းပြင်းထန်ထန် မလုပ်နိုင် တော့တဲ့ အချိန်ကျ ရင်တော့ စာတွေ အများကြီးရေး ဖြစ်မယ် လို့လည်း ဆိုပါတယ်။
သင်းပပ (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|