ပြယ်လွင့်သွားသော မန္တလေးဝိညာဉ်စစ်စစ်များ PDF Print E-mail
Written by ရွှေလက်ျာမြင့်   
Wednesday, 12 December 2012 17:39
Share |

၁။
နေရောင်ခြည် သည် မြေပြင် ပေါ်မှ စွန့်ခွာစ ပြုနေပြီ။ ခေါင်းပေါ်ရှိ အဲကွန်း လေ အေးစက်စက်ကို လျစ်လျူ ရှု၍ အညာလေ လတ်လတ် ဆတ်ဆတ်လေးကို ထိတွေ့ ချင်နေမိသည်။

buy generic cialis onlinegeneric tadalafil viagra without prescription discounted cialis
argaiv1593

တစ်ခဏတာ အချိန်လေးကိုပင် မစောင့်စားချင်တော့။ အရင်က တစ်လ ထက်ပိုပြီး မခွဲခွာ ခဲ့ဖူးသော မွေးရပ်မြေကို အခုတော့ ၁၅ နှစ် နီးပါးတောင် ဝေးကွာခဲ့ ရလေ၏။ နည်းနည်း နောနော မဟုတ်သော အချိန် အတိုင်း အတာ တစ်ခုပင်။

မကြာမီ အချိန် အတွင်း ကျွန်မ စီးနင်းလိုက်ပါ လာသော ယာဉ်သည် ကျွဲဆည်ကန် ကားကြီးဝင်းသို့ ၀င်ရောက် လာခဲ့သည်။ မြေပြင်ပေါ် ခြေချလိုက် သည်နှင့်တစ်ပြိုင်နက် ရင်ထဲမှ ခံစားမှုသည် လှိုက်တက် လာသည်။
“အိမ်ပြန်ရောက်ပြီ”

၁၅ နှစ်လုံးလုံး ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေခဲ့ ရသည့် ကျွန်မ အိပ်မက် ထဲမှာပင် မွေးရပ်မြေကို လွမ်းဆွတ် တမ်းတကာ ယောင်ယမ်းခဲ့ ရသော ကျွန်မ၊ အခုတော့ မွေးရပ်ဇာတိ အညာမြေကို တစ်ဖန် ခြေချခွင့် ရခဲ့ပြီ။ ဝေ့၀ဲလာသော မျက်ရည်များသည် ကြည်နူးခြင်း၏ ပြယုဂ်ပင်။
ကျွန်မ လာမည့် အကြောင်း သူငယ်ချင်းများကို ကြိုတင် အကြောင်း မကြားထားသည့် အတွက် လာကြိုမည့်သူ မရှိ။ ခရီးသည် များကို အလုအယက် တိုးဝှေ့ကာ ခေါ်ငင် နေသော တက္ကစီ သမား များကို အရင် အချိန်များ ဆိုလျှင် စိတ်တိုကောင်း တိုမိလိမ့်မည် ဖြစ်သော်လည်း အခုတော့ သူတို့လည်း ၀မ်းစာ အတွက်ပဲ လေဟု ဖြေတွေး တွေးမိ၏။
“အစ်မ ဆိုင်ကယ် တက္ကစီ သွားမလား”
“ဆိုင်ကယ် တက္ကစီ” အံ့အားသင့်စွာ သံယောင် လိုက်မိသည်။

ကျွန်မ ထွက်မသွားခင်က မန္တလေးမြို့တွင် တစ်နေရာမှ တစ်နေရာသို့ သွားစရာ ဟူ၍ ဗိုက်ပူ ဘတ်စ်ကား ကြီးများ၊ ဟိုင်းလတ်စ် ကားများ၊  လေးဘီး ကားများနှင့် ဆိုက်ကား သာရှိသည်။ အချို့သော ပိုက်ဆံရှိ သူများ ကတော့ သူတို့၏ ဆန်နီကားများ အော်ဒါရှိ လျှင်လိုက်တတ်၏။ သုံးဘီးကား များနှင့် မြင်းလှည်း များကတော့ ခပ် စောစောပင် ပျောက်ကွယ် သလောက် ရှိခဲ့ပြီ။
ကျွန်မတို့ မြို့ခံများ ကတော့ တစ်နေရာမှ တစ်နေရာသို့ သွားလျှင် ကိုယ့်အား ကိုယ်ကိုးကာ စက်ဘီး ကိုသာ အသုံးပြု တတ်ကြစမြဲ။ ထို့ကြောင့် လည်း ကျွန်မတို့မြို့ကို “စက်ဘီး မြို့တော်”ဟု တင်စားခဲ့ ခြင်းပင်။ ဆိုင်ကယ် ဆိုသော အရာသည် ထိုစဉ်က အိမ်တိုင်းတွင် မရှိ။

အခုတော့ ခပ်နွမ်းနွမ်း ၀တ်ဆင် ထားသူပင် ဆိုင်ကယ်နှင့် ဖြစ်နေပြီ။ ဆိုင်ကယ်ကို ကိုယ်တိုင် မောင်းရဲ သော်လည်း သူများ နောက်က မစီးဝံ့ သည်က တစ်ကြောင်း၊ ပါလာသည့် ပစ္စည်းက များလွန်း သည်က တစ်ကြောင်း တို့ကြောင့် ဆန်နီ ကားကိုသာ ကျွန်မ ရွေးချယ် လိုက်သည်။

ကားကြီးဝင်းမှ ထွက်လိုက် သည်နှင့်တစ် ပြိုင်နက် လမ်းပေါ်တွင် ပျားပန်း ခပ်မျှ လူအုပ် ကြီးကို တွေ့လိုက် ရသည်။ အများစုမှာ ဆိုင်ကယ် နှင့်ဖြစ်သည်။ စက်ဘီးများ မှာလည်း မပျောက် ကွယ်သေး။ ကားများမှာ အရောင်စုံ၊ ပုံစံစုံပင်။

“ဆိုင်ကယ်တွေ များလိုက် တာနော်” ကျွန်မ က မနေနိုင်စွာရေရွတ်မိတော့ ကားဆရာက-
“ဟုတ်တယ် အစ်မရဲ့။ တရုတ် ဆိုင်ကယ် တွေ ဈေးပေါပေါနဲ့ ၀င်လာတော့ လူတိုင်း ဆိုင်ကယ်စီး နိုင်နေတာပေါ့”
“ကောင်းတာပေါ့ကွယ်။ အရင်လို စက်ဘီးလေး တချောက်ချောက်နဲ့ သွားစရာကို မလိုတော့ သွားရေး လာရေး မပင်ပန်းတော့ ဘူးပေါ့”
ကျွန်မ၏ မုဒိတာ လေးပင် မဆုံးလိုက်။ ကျွန်မတို့ ကားဘေးမှ စက်သံ ကျယ်ကျယ်၊ အရှိန် ပြင်းပြင်းနှင့် ဆိုင်ကယ်ကို သုံးယောက် စီးကာ မြွေလိမ်မြွေကောက် မောင်းပြီး ဖြတ်ကျော် သွားတာ မြင်လိုက်ရတော့ လိပ်ပြာပင်လွင့်စင် သွားမတတ် ထိတ်လန့် သွားမိသည်။

“အဲဒါတွေပေါ့ တရုတ်ဘီးတွေ ဈေးပေါတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း နားမလည်တဲ့ တောသားတွေ လည်း ၀ယ်စီး လိုစီး၊ လမ်းဘေးက ကလေကချေ တွေလည်း ၀ယ်စီး လိုစီးနဲ့ ဖြစ်လိုက်တဲ့ ယာဉ်တိုက်မှု တွေဆိုတာ လည်း ခဏခဏပဲ”

စိတ်မချမ်း မြေ့ဖွယ် သူ့စကားကို နားထောင် နေဆဲမှာပင် ကျွန်မတို့ ကားရှေ့မှ ဆိုင်ကယ်သုံး၊ လေးစီး ဘေးချင်း ယှဉ်ကာ လမ်းလုံး ပြည့်အောင် မောင်းနေကြ သည်ကို တွေ့လိုက်ရသည်။ ကား ဆရာက ဟွန်းတီးကာ လမ်းတောင်း လိုက်တော့ တချို့က နောက်ပြန်လှည့်ကာ မိုက်ကြည့်ကြည့် သည်။ တစ်ခုခုတော့ မှားနေပြီ။
ဒါ ယဉ်ကျေးမှု မြို့တော်သူ မြို့တော်သား တွေမှ ဟုတ်ပါလေစ။

ကျွန်မတို့ ကားဘေးမှ ဖြတ်သွားသော စုံတွဲ ဆိုင်ကယ်တော်တော် များများကို တွေ့ရ၏။ မျက် နှာကလေးတွေ နုနု နယ်နယ်နှင့် အိတ်ကလေးတွေ ကိုယ်စီ လွယ်ကာ သွားနေကြသည် ဆိုတော့ တက္ကသိုလ် တစ်ခုခုက ဖြစ်လိမ့်မည်။
“ရတနာပုံ တက္ကသိုလ်”

ကျွန်မ အာရုံတွင် ဖြတ်ပြေး သွားသော နာမည် တစ်ခု။ ၁၀ တန်းအောင် သည့်နှစ်မှာပင် မိဘများ စီစဉ်ထားသည့် အတိုင်း ရေကြည်ရာ မြက်နုရာ နိုင်ငံခြား တိုင်းပြည် တစ်ခုတွင် အခြေချ ခဲ့ရသည့် ကျွန်မအတွက် ပေးပို့ကြသည့် သူငယ်ချင်း အများစု၏ ဓာတ်ပုံထဲတွင် ပါသော လှပသည့် အနီရောင် အဆောက် အအုံတစ်ခု။
“ဟုတ်တယ် အဲဒါ ရတနာပုံ တက္ကသိုလ်က ကလေးတွေလေ။ စာတော့ လိုက်နိုင်၊ မလိုက်နိုင် မသိဘူး။ ကျောင်းသူ တွေက ရည်စားတွေ ရကြ၊ ကျောင်းသားတွေ ကလည်း ထန်းတော ရောက်ကြ နဲ့။ ဒီခေတ်ကလေး တွေကတော့ မလွယ်ပါဘူး  ဗျာ”

တစ်ဆိတ်တော့ လွန်လွန်းပြီ ထင်သည်။ မကောင်းမြင် သမား ကားဆရာကို စိတ်တိုသွား မိသည်။ မန္တလေး သားတွေ ဒေသစွဲ ကြီးကြသည် ဟု ဆိုရိုးရှိ ကြသည့် အထဲမှာမှ ကျွန်မ၏ ဒေသစွဲ က ပို၍ပင် ပြင်းပြ လွန်းသည်။ ကျွန်မချစ်သော မန္တလေးသူ၊ မန္တလေးသားများကို မကောင်းပြော နေသည့် သူ့ကို မျက်စောင်း ထိုးလိုက်သည်။ နောက်မှ ပြန်စဉ်းစား လိုက်မိသည်။
“သူလည်း မန္တလေးသား ဖြစ်နိုင်တာပဲ”

ကားဆရာထံမှ အပြစ်တင် စကား ထပ်မံ မကြားရ လေအောင် ကျွန်မ ခပ်မ ဆိတ်သာနေ လိုက်တော့သည်။ မန္တလေးမြို့၏ နာမည်ကြီး 78  Shopping Center နှင့် Great Wall Shopping Center တို့ကို မြင်လိုက်ရတော့ တိုးတက် ခေတ်မီ မှုအတွက် ၀မ်းသာ ဂုဏ်ယူမိသည်။ မီးလောင် သွားခဲ့သော ရတနာပုံ ဈေးနေရာတွင် နိုင်ငံတကာ အဆင့်မီ  Yandanarpon Diamond Plaza ကြီးက အစားထိုး ၀င့်ကြွား နေသည်ကို တွေ့လိုက် ရပြန် တော့ ကျွန်မ ငယ်ငယ်က ကစားခဲ့သည့် ပစ်တိုင်း ထောင်ရုပ်လေးကို သတိရမိသည်။
ကျွန်မချစ်သော ရွှေမန္တလေးသည် လဲကျ ရာမှပင် လျင်မြန်စွာ ပြန်လည် ဦးမော့နိုင်ခဲ့ပြီ မဟုတ်ပါလား။ ခမ်းနား လှပသည့် ဘူတာကြီးကို ဖြတ်ကျော်ပြီး မကြာခင်မှာပင် ကျွန်မ အမြတ် နိုးဆုံး ကျုံးကြီးကို လှမ်းမြင် လိုက်ရ၏။ ကျွန်မ ငယ်စဉ်က နွေရာသီ ကျောင်းပိတ်ရက် တခြားမြို့ များသို့ သွားလည်ပြီး ပြန်လာတိုင်း မန္တလေးကျုံး ကို လှမ်းမြင် လိုက်ရလျှင် ခရီးပန်း ခဲ့သမျှ အားလုံး သည်ပျယ်လွင့် ပျောက်ရှ သွားမြဲ။

ကျွန်မချစ်သော မန္တလေးမြို့ကြီး ခေတ်မီ တိုးတက် သန့်ရှင်းအောင် ဆောင်ရွက် ပေးနေ သော စည်ပင် သာယာ ရုံးကြီးကတော့ မပြောင်း မလဲ ၂၆ ဘီလမ်းပေါ်တွင် တည်ရှိ နေဆဲ။ အချိန် အနည်းငယ် အတွင်းမှာပင် ကျွန်မ တည်းခိုမည့် မန္တလေး ဆီဒိုးနား ဟိုတယ် အတွင်းသို့ ရောက်ရှိခဲ့သည်။

၂။
ပစ္စည်းတွေ ချပြီးနောက် ခန်းစီး နောက်လိုက်ကာကို ဖယ်လိုက်သည်နှင့် မြင်လိုက်ရ သည်က မန္တလေးတောင်။ တောင်ပေါ်မှ ဘုရားများကို ရည်မှန်း ကာ ရှိခိုးဦးတင် လိုက်သည်။
ထို့နောက် ကျွန်မ၏ ငယ်သူငယ်ချင်း ဇင့် လက်ကိုင်ဖုန်း ဆီသို့ အခန်း အတွင်းရှိ ဖုန်းမှ တစ်ဆင့် လှမ်းဆက်သွယ် လိုက်သည်။ ကျွန်မ ပြန်ရောက်နေ ကြောင်းပြောတော့ သူမက မယုံကြည် နိုင်စွာ ထပ်ခါ တလဲလဲ မေးသည်။ လက်ကိုင်ဖုန်း တွင်ပေါ်နေသည့် ဆီဒိုးနား ဖုန်းနံပါတ်ကို မြင်မှ လက်ခံသွားပြီး နာရီဝက် အတွင်း အရောက် လာမည်ဟု ကတိပေးသည်။
ကျွန်မလည်း ရေချိုးလိုက်သည်။ ရေချိုးရင်း ရွှေမန်းဆီသို့ သီချင်းကို အော်ဆိုရ သည်မှာ ဒီတစ်ခါ အရသာရှိ လွန်းပေစွ။ ဇင်ရောက်လာတော့ ကျွန်မ တို့နှစ်ယောက် ၁၅ နှစ်စာ အလွမ်းများကို ဖြေလို့ မ၀နိုင်ခဲ့။

“စုရယ်။ ချောလာ လိုက်တာ။ အသားတွေလည်း ဖြူလို့ တကယ့် နိုင်ငံခြားသူ ကြီးကျ နေတာပဲ”
“နင်လည်း နုနေတာ ပဲနော်။ လွန်ခဲ့တဲ့ ၁၅ နှစ်က အတိုင်းပဲ။ ကလေးတစ်ယောက် အမေ သာဆိုတယ် ဘာမှ မပြောင်းလဲဘူး”
“ဒါကတော့ ရေခံ၊ မြေခံ ကောင်းတာ ကိုးဟဲ့” ဇင်က သူ့အိမ်မှာ တည်းဖို့ ကျွန်မကို ခေါ်သော်လည်း အားနာ၍ ကျွန်မ မတည်းဖြစ်။
“စု နင်မန္တလေး ရောက်တုန်း ဘယ်သွားချင်လဲ။ ဘာစားချင်လဲ။ ပြော အကုန် ဖြစ်စေရမယ်”
ကျွန်မ ဇင့်ကို လက်ကာ ပြကာ အိတ်ထဲမှ မှတ်စု စာအုပ် အသေးလေးကို ထုတ်လိုက်သည်။ ထိုစာအုပ် ထဲတွင် ကျွန်မ စားချင်သမျှ သွားချင် သမျှအား လုံးကို ရေးမှတ်ထားသည်။
“ဒီနေ့တော့ ညနေ စောင်းနေပြီ။ မနက်ဖြန် မနက်မှ ပထမဆုံး ဘုရားကြီး  သွားမယ်။ ပြီးရင် ဒေါ်သန်းမြ မုန့်တီ ၀င်စားမယ်။ နောက်ပြီးတော့ သူငယ်ချင်း တွေ အိမ်သွား လည်မယ်။ နင်အားရော အားရဲ့လား”

“ရတယ်။ ငါ့စာရေး ကိရိယာဆိုင်က ညနေ ဆိုင်ပိတ်မှ ငွေသိမ်းရုံပဲ။ နင် ငါ့အိမ်လည်း လိုက်ခဲ့ဦးနော်။ ငါ့သမီးလေးနဲ့  မိတ်ဆက်ပေးမယ်။ အခု သူက မူကြို တက်နေပြီ။ ငါ့ယောက်ျားကတော့ ခရီးသွား နေတယ်။ နောက်လ လယ်လောက်မှ ပြန်လာမှာ။ ဒါနဲ့ နင် ဒီမှာဘယ်လောက် ကြာမှာလဲ”
“တစ်ပတ်”
“နည်းလိုက် တာဟယ်”
“ဘယ်တတ်နိုင် ပါ့မလဲဟာ ဟိုမှာလည်း အလုပ် တစ်ဖက်နဲ့ အကြာကြီး နေလို့မှ မရတာ။ ဒါတောင် ငါမနည်း ကြိုးစားပြီး လာခဲ့ရတာ။ ငါ့မိဘတွေ လည်း လိုက်ချင်ကြတာ။ သူတို့လည်း မအားကြလို့”
ဖြစ်နိုင်လျှင် ပြန်ရမည့် အကြောင်း ကျွန်မပြောလည်း မပြောချင်။ ကြား လည်း မကြားချင်ပါ။ ရသလောက် အချိန်လေး အတွင်း ကျွန်မ ချစ်သော မြို့ကလေးမှာ ငယ်အိပ်မက် ကလေး တစ်ဖန် ပြန်၍ မက်ခွင့် ရချင် ပါသေး၏။

မဟာမုနိ ဘုရားကြီးကို ဖူးမြင်လိုက် ရတော့ နိုင်ငံခြားတွင် ကျန်ခဲ့သော ကျွန်မ မိဘများကို သတိရ မိသည်။ ဘုရား၏ မျက်နှာတော်သည် ဖူးမျှော် ၍မ၀နိုင်။ ဘုရား စောင်းတန်း လျှောက်တော့ ကျွန်မတို့ ငယ်ငယ်တုန်းက ၀ယ် ပေးဖို့ လူကြီးများကို အမြဲ ပူဆာခဲ့ ကြသည့် သစ်သားဖြင့် လုပ်ထားသော ကုတင်၊ ပုခတ်၊ မှန်တင်ခုံနှင့် ဗီရိုလေးများကို မတွေ့ရတော့။ ဖိုးဝရုပ် ကလေးများ၊ ပစ်တိုင်းထောင် ရုပ်ကလေးများ၊ ပတ္တလား၊ လင်းကွင်းနှင့် အိုးစည်လေးများ သည် လည်း မတွေ့ရ သလောက်ပင် နည်းပါး သွားခဲ့ပြီး နိုင်ငံခြားဖြစ် အရုပ်များသာ အစားထိုး ၀င်ရောက် နေသည်ကို တွေ့လိုက်ရသည်။

စိတ်မကောင်း စရာ တစ်ခုကတော့ တောင်း ရမ်းနေကြသည့် သက်ကြီး ရွယ်အို အမြောက် အမြား၊ အလှူခံ နေကြသည့် ဘုန်းကြီးများနှင့် ကိုရင်များစွာကို တွေ့ရခြင်းပင်။ ကျွန်မတွင် ပိုက်ဆံအကြွေ မပါသည့် အတွက် အရွယ်ကြီး များကိုပင်  အများစာဟု ပြောလှူတော့ သက်ကြီး ရွယ်အိုများနှင့် ဘုန်းကြီးများ အတွက် အဆင်ပြေ သော်လည်း ကိုရင်များကတော့ တစ်ပါးနှင့် တစ်ပါးတွန်းထိုး ဆဲဆို လုယက် နေကြသည်ကို တွေ့ လိုက်ရ၏။ ကျွန်မတို့ ဘေးမှ ဘုရားဖူး အုပ်စုထံ အလှူခံတော့“ကန်တော့ဆွမ်းပါ”ဟု ပြော၍ ကိုရင် တစ်ပါးက ညစ်ညမ်းစွာ ဆဲလိုက်သည်ကို ကျွန်မ ကိုယ်တိုင်နားနှင့် ဆတ်ဆတ်ကြား လိုက်ရ သည်။ သာသနာ ရောင်ဝါ အထွန်းလင်းဆုံး မန္တလေး ရွှေမြို့တော်ကြီးသည် ဘယ်လို ဖြစ်သွားပါ လိမ့်။ ကျွန်မ သူငယ်ချင်း ကတော့ အသာလက်တို့ ကာ
“အတုတွေ”ဟု တီးတိုးပြောသည်။ အပြန် ဒေါ်သန်းမြ မုန့်တီ ၀င်စားတော့ လွန်ခဲ့သော ၁၅ နှစ်ကျော်က လက်ရာနှင့် အနည်းငယ် ကွာခြား သွားသည်ကို သတိထား လိုက်မိသည်။ ထို့နောက် မတွေ့တာ ကြာပြီ ဖြစ်သော သူငယ်ချင်း တချို့၏ အိမ်ကို သွားလည် ဖြစ်ကြသည်။ သူငယ်ချင်း အများစုမှာ အိမ်ထောင် ရက်သားကျ နေကြပြီး အချို့မှာတော့ အဆက် အသွယ် မရကြတော့။ ထို့ပြင် သူငယ်ချင်း နှစ်ယောက် လောက်မှာ ကွယ်လွန် သွားကြကြောင်း စိတ်မကောင်းဖွယ် ကြားသိခဲ့ရ၏။ နေ့လယ်စာ ကိုတော့ ငယ်သူ ငယ်ချင်း အောင်ဦး အိမ်တွင် စားဖြစ်ခဲ့သည်။ တစ်ခု သတိထား မိသည်က ယခင်မြို့ထဲရှိ သူငယ်ချင်း အိမ်အများစုမှာ မြို့ပြင်သို့ ရောက်သွား ကြခြင်း ပင်။

၃။
ဇင့်သမီး Angle လေးသည် ဇင်နှင့်တူစွာ အလွန် သွက်လက် လှသည်။ ဇင်တို့ အခေါ် အင်္ဂလိပ် ကျောင်းတွင် မူကြို တက်နေသူလေး ပီပီ အင်္ဂလိပ် ကဗျာလေးများ ကိုပင် အသံထွက် မှန်မှန် နှင့် သီဆို တတ်နေပြီ။

Aunty, You're very beautiful ဟု ပြောတတ်သည့် သူမ ကလေးကို City Mart  မှ အရုပ်ကလေးများ ၀ယ်ပေး လိုက်တော့-
Thank you, Anty တဲ့လေ။

ကျွန်မတို့ နှစ်ယောက် Angle လေးကို မူကြို တွင်ဝင်ကြိုပြီး  78 Shopping Center   သို့ ဈေး ၀ယ်ထွက် လာခြင်းပင်။ Season တွင် ကော်ဖီ သောက်ရင်း မန္တလေး၏ မြို့ပြ ညနေခင်းကို ခံစား နေမိသည်။ ဟွန်းသံများ ဆူညံကာ စက်ဘီး၊  ဆိုင်ကယ်နှင့် ကားများ ရောထွေး၍ သွားလာနေ သော ၇၈ လမ်းမကြီးကို စိတ်ရှုပ် စရာဟု မထင် ဘဲ ပျော်စရာကြီး ဟုပင် တွေးမိသည်။
ဇင်တို့ သားအမိ ကျွန်မကို ပြန်ပို့ပြီး ပြန်သွားတော့ မှောင်စ ပြုနေပြီ။ ကျွန်မလည်း အခန်းမပြန် ချင်သေး၍ ၂၆ ဘီလမ်းကို ကူးကာ ကျုံးထောင့် သို့ ထွက်လာ ခဲ့သည်။ အားကစား ပစ္စည်းများ ရှိ၍ လေ့ကျင့်ခန်း လုပ်နေသူ များကို တွေ့ရသည်။ ကျွတ်ကျွတ်အိတ် ကင်းစင် နယ်မြေဖြစ် နေပြီဖြစ် သော ကျွန်မတို့မြို့ အတွက် အမြဲတမ်း ဂုဏ်ယူ နေခဲ့သော်လည်း စည်းကမ်းမဲ့ အမှိုက်ပစ်မှု များကို မြင်ရတော့ စိတ်မကောင်း ဖြစ်မိသည်။ စည်ပင် ၀တ်စုံဝတ် ထားသော သန့်ရှင်းရေး ၀န်ထမ်းများ သန့်ရှင်းရေး လုပ်နေသည့် ရှေ့၌ပင် အားမနာစွာ အမှိုက်ချ နေကြသည်။ ထို့ပြင် လမ်းဘေးရှိ ဘုတ် များကို အကြောင်းမဲ့ ဖျက်ဆီးထား ကြသည်ကို တွေ့လိုက်တော့ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများ အတွက်လည်း အကျိုးမဲ့သော အလုပ်များ ကို ဘာကြောင့်များ လုပ်နေကြ ပါလိမ့်လို့ တွေးမိ သည်။

အခန်း ပြန်ရောက်ပြီး တော်တော်ကြာသည် အထိ ကျွန်မ အိပ်မပျော်ခဲ့။ နေရာ အပြောင်းအလဲ ကြောင့်လား တော့မသိ။ ညဥ့်တော်တော် နက်သည် အထိ လမ်းပေါ်တွင် ဆိုက်ကယ် စက်သံများကို ဆူညံစွာ ကြားနေရဆဲ။

နောက်နေ့တွင်တော့ ကျွန်မရောက်နေ ကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သူငယ်ချင်း တချို့ သိသွား၍ ဖုန်းဆက် ချိန်းကာ ပြင်ဦး လွင်၊ မင်းကွန်း၊ စစ်ကိုင်း၊ စုံလင်စွာ လိုက်ပို့ပေး ကြသည်။ ပြင်ဦးလွင် ကန်တော်ကြီး အမျိုးသား ဥယျာဉ်ကို ရောက်တော့ ကြီးစွာသော ပြောင်းလဲ တိုးတက်မှု များကို တွေ့ရသည်။ မင်းကွန်းနှင့် စစ်ကိုင်း တွင်တော့ ရှေးဟောင်း လက်ရာ တချို့ကို တွေ့နေရဆဲ။

အချိန်ဆိုသော အရာသည် ကိုယ်က မျှော်နေ လျှင် ကုန်ခဲ၍ ဆွဲထားလိုက် လျှင်တော့ ကုန်လွယ် လွန်းလှသည်။ ကျွန်မအတွက် ရက်သတ္တပတ်ဆို သောအချိန်သည် ကုန်ဆုံးရန် အလွန် နီးကပ်လာ ခဲ့ပြီ။ ကျွန်မ မှတ်စု စာအုပ်ထဲမှ မန္တလေးမြို့၏ နာမည်ကြီး အစားအစာ များနှင့် နေရာ အကုန်လုံး နီးပါး ကုန်သွားသည်။ မှတ်မှတ်ရရ တစ်ခုတော့ ကျန်သေးသည်။ ဇင်အားသည့် နေ့မှ အေးအေး ဆေးဆေး သွားမည်ဟု အားခဲ ထားသော ထိုနေရာ သည် ကျွန်မတို့ အတူတကွ ပညာရည်သောက် စို့ခဲ့ရာ အထက ၁၆ ကျောင်းတော်ကြီးပင်။
ပြန့်ပြန့်ဖြူး နေသော ကျောင်းရှေ့ လမ်းမ ကြီးကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ကြည်နူးမိ သွားသည်။ ကျောင်းကြီးထဲကို လှမ်းမျှော်ကြည့် လိုက်ပြန်တော့လည်း သစ်လွင် လှပနေသည့် အဆောက် အအုံသစ် ကြီးများကို ၀မ်းမြောက်ဖွယ် တွေ့မြင် လိုက်ရ၏။ သို့သော် ကျွန်မ၏အပျော် သည် ကြာရှည်တော့ မခံခဲ့။ သင်္ခါရ တရား၏ တိုက်စားမှုမှာ ကျွန်မတို့၏ ဆရာ၊ ဆရာမ တချို့ ပဲ့ကြွေသွား၍ တချို့မှာ ပင်စင်ယူ သွားကြပြီ။ အနည်းငယ် မျှသော ဆရာ၊ ဆရာမတို့ကိုသာ ဂါဝရ ပြုခွင့်ရ ခဲ့သည်။

စိတ်မကောင်း ဖြစ်နေသော ကျွန်မကို သူငယ်ချင်းက ပြေရာပြေကြောင်း-
“ငါတို့ ကိုမြင့်လွင် ၀တ်သား တုတ်ထိုးသွား စားရအောင် နင် ကြိုက်တယ် မလား”
ကျွန်မ ၀မ်းသာစွာ ခေါင်းညိတ်ပြလိုက်မိ သည်။ ငါးတန်းမှ ဆယ်တန်း နှစ်ထိ နှစ်လိုစွာ တစိုက်မတ်မတ် စားခဲ့သော ကိုမြင့်လွင် တုတ်ထိုး သည်လည်း ခေတ်မီ တိုးတက်လာသော မန္တလေး မြို့နှင့် အညီ တုတ်နှင့် မထိုးတော့ဘဲ တူနှင့်ဖြစ်နေ ပြီ။ ကျွန်မက-
“ကိုမြင့်လွင် ၀က်သား တုတ်ထိုး မဟုတ်တော့ဘူး။ ကိုမြင့်လွင် ၀တ်သား တူညှပ်ဖြစ်သွား ပြီ”ဆိုတော့ ဇင်က သီးအောင်ပင် ရယ်သည်။ ဆိုင်ရှေ့တွင် ဆိုင်ကယ် အမြောက်အမြား ရပ်ထား သည်ကို တွေ့၍ မေးလိုက် သောအခါ-
“ကျောင်းသားတွေရဲ့ ဆိုင်ကယ်တွေလေ ဒီမှာ အပ်ထားတာ”တဲ့။

မန္တလေး မြို့ကြီးသည် အတော်လေးပင် ပြောင်းလဲ သွားခဲ့ပြီ။ ကျွန်မတို့တုန်းက စက်ဘီး ကိုယ်စီနှင့် ကျောင်းတက်ခဲ့ကြသည်။ အခုတော့ ဆိုင်ကယ်တွေနှင့်။ ဇင့် သမီးလေးတို့ ခေတ်ဆို လျှင် ကားမျိုးစုံကို ကိုယ်တိုင် မောင်းကာပင် ကျောင်းတက် ကြတော့မည် ထင်၏။ တုတ်ထိုး ဆိုင်ရှေ့ရှိ ရဲသိပံ္ပ လမ်းမကြီး သည်လည်း ဆိုင်ကယ်စီး ချင်စရာ ကျယ်ဝန်း ဖြောင့်ဖြူးနေသည်။ ကျွန်မတို့ ကျောင်းတက်စဉ်က  ကျဉ်းမြောင်း၍ ချိုင့်ခွက်များ၊ ချောက်များ အတိဖြင့် ထိုလမ်းကလေးသည် အခုတော့လည်း  သူ မဟုတ်သလို။ ထို့ပြင် ကြီးစွာသော ပြောင်းလဲမှု များလည်း ရှိသေးသည်။ ဒုရဲအုပ် လောင်းလျာများ မွေးဖွားရာ ရဲသိပံ္ပကြီးသည် ယခုတော့ အနာဂတ်၏ သားကောင်း ရတနာလေးများ ကျန်းမာရေး စောင့်ရှောက်ရာ ကလေးဆေးရုံ ကြီး ဖြစ်သွား ခြင်းပင်။ ထို့အတူ လမ်း ၃၀ မှ နည်းပညာ ကောလိပ်သည် လည်း အမျိုးသမီး ဆေးရုံအဖြစ် ပြောင်းလဲ သွားခဲ့ပြီ။

ထိုသို့ အရာရာ ပြောင်းလဲ သွားသလို ကျောင်းသူ၊ ကျောင်းသားလေးများ လည်း ပြောင်းလဲ သွားကြပြီ။ အချို့ ကလေးများ၏ လက်ထဲတွင် ဟန်းဖုန်း လေးများ ကိုင်ထားကြ သည်ကို တွေ့လိုက် ရတော့“ကျွန်မတို့တုန်းက တန်ဖိုး ကြီး လက်ဝတ်လ က်စားများပင် ၀တ်ခွင့် မရခဲ့သည့် ကျောင်းကြီးမှ ဟုတ်ပါ လေစ”လို့ တွေးလိုက် မိသည်။ ထိုစဉ်က ဆရာမကြီး ဒေါ်စောကြင်အုန်း၏ တင်းကျပ်လှသော အဖိုးတန် စည်းကမ်းချက် များတွင် တစ်ခုအပါအ၀င် ဖြစ်သည့် “ကျောင်းသူလေးများ ကျောပိုးအိတ် မလွယ်ရ”စည်းကမ်းသည် လည်း ပျက်ပြယ် သွားခဲ့ပုံ ပေါ်သည်။ အခုကျောင်းသူလေး များတွင် မြန်မာ လွယ်အိတ် လွယ်သူ တစ်ယောက်မှ မရှိတော့။ ပါးပေါ်တွင်လည်း မြန်မာ သနပ်ခါး လိမ်းထားသူ မရှိသလောက် နည်းပါး သွားခဲ့လေပြီ။

၎။
မနက်ဖြန် ဆိုလျှင် ရန်ကုန် ပြန်ရတော့မည်။ ရန်ကုန်တွင် နှစ်ရက် လောက်နေ ပြီးလျှင် မြို့ရိုး၊ ပြဿဒ်၊ ကျောင်း၊ ကန်၊ ဇရပ်တို့နှင့် ဝေးရာတွင် စက်ရုပ် တစ်ရုပ်လို တစ်ဖန်ပြန်၍ လှုပ်ရှား ရုန်းကန် ရဦးမည်။ ကျွန်မအတွက် အလုပ်ပျက်၊ အကိုင်ပျက်နှင့် လိုက်ပို့ ပေးခဲ့ရသော သူငယ်ချင်းကို အားနာစွာ နောက်ဆုံး ဒီနေ့ တစ်ရက်ကိုတော့ ကျွန်မ တစ်ယောက်တည်း အချိန်ဖြုန်းမည်ဟု ကြံရွယ် ပြီးခါမှ အဒေါ်ဝမ်းကွဲ တစ်ယောက်၏ အိမ်သို့ သွားရန်ကျန်သေး ကြောင်း သတိရသည်။ ကားငှားကာ သွားလိုက်တော့ ခမ်းနား ထည်ဝါလွန်း သော လေးထပ် တိုက်ကြီးကို တွေ့လိုက်ရသည်။ “ဒေါ်လေးတို့တော့ ကြီးပွား နေတာ”ပဲဟုတွေးကာ လူခေါ်ဘဲလ်ကို တီးလိုက်တော့ လူမျိုးခြား အမျိုးသမီး တစ်ယောက် ထွက်လာသည်။ အဒေါ်တို့ ပြောင်းသွားပြီ ဖြစ်ကြောင်းနှင့်လိပ်စာ စာရွက် ရှာပေးသောကြောင့် လိုက်သွားတော့ မြို့သစ်ဘက် တွင်တွေ့ရသည်။

“စုထိပ်ထား သမီး စုထိပ်ထား မလား။ ဟယ် ငါတူမကြီး ချောလာ လိုက်တာ မနည်း မှတ်မိအောင် ကြည့်ယူရတယ်” အဒေါ်က မန္တလေး သူပီသ စွာ ၀မ်းသာအားရ အော်ကြီး ဟစ်ကျယ် နှုတ်ဆက်သည်။ အဒေါ့်သမီး အငယ် ဆုံး ကျွန်မ ညီမလေးကတော့ ကျွန်မကို မမှတ်မိစွာ ပြူးကြည့် နေသည်။
“ဟဲ့ သမီး။ ဒါညည်းအစ်မ စုထိပ်ထားတဲ့။ နိုင်ငံခြားမှာ နေတယ်ဆို တာလေ” အဒေါ်က မိတ်ဆက် ပေးတော့မှ ကောင်မလေးက ပြုံးပြ၏။
“ဒေါ်လေး ဒါမိတူး မဟုတ်လား။ သမီး ထွက်သွားတုန်း ကမှ သူ ၆ လ သမီးလောက်ပဲ ရှိသေးတာနော်။ အခု တော့ အပျိုကြီး ဖားဖားတောင် ဖြစ်နေပြီ။ ညီမလေးက ဘယ်ကျောင်းမှာ တက်နေလဲ ပြောပါဦး”

ကောက်မလေးက မသိမသာ မျက်မှောင်ကျုံ့ကာ
“သမီးနာမည်က မိတူး မဟုတ်တော့ဘူး။ Julia တဲ့ Horizon မှာ တက်နေတယ်။ အစ်မက လန်ဒန်မှာ နေတယ်ဆိုတဲ့ တစ်ယောက်လား။ သမီးက နိုင်ငံခြားမှာ နေတယ် ဆိုလို့ အလန်းစားမှတ် နေတာ မြန်မာပုံကြီး”

မြန်မာပြည် ပြန်ရောက် ကတည်းက ရိုးရာ ၀တ်စုံကိုသာ မြတ်မြတ်နိုးနိုး ၀တ်ဆင်မိသော ကျွန်မသည် သူမ၏ ချီးကျူး စကားကြောင့် ကိုယ်နဖူးကိုယ် ပင် မရိုက်မိအောင် မနည်း ထိန်းထားလိုက်ရ သည်။ အဒေါ်ကတော့ ကျွန်မကို ကျွေးမွေး ဧည့်ခံရန် နောက်ဖေးမီးဖို ချောင်ဘက်ထွက်သွား သောကြောင့် သူ့သမီး၏ ဧည့်ဝတ်ကျေမှုကို မသိလိုက်။
“သမီးရေ။ သမီး မမစုကို ကျွေးရအောက် ဒီမှာ မုန့်ပန်းကန်တွေ လာကူသယ်ပေးဦး” ကျွန်မ ရှေ့မှ ကော့လန် ကော့လန်နှင့် ထွက်သွားသော မိတူး တစ်ဖြစ်လဲ Julia ကိုကြည့်ရင်း ကျွန်မတို့ ငယ်ငယ်က စာသင်ချိန် တစ်ချိန် အဖြစ် စာရိတ္တ အချိန်တွင် သင်ခဲ့ရသည့် လောကနီတိပါ လူကြီးသူမ များ၏ရှေ့တွင် ကိုယ်ကို ညွှတ်ကိုင်း၍ သွားရမည်” ဆိုသော ဆုံးမစကားကို သတိရ လိုက်မိသည်။

“သူတို့ တက်နေတဲ့ အင်္ဂလိပ် ကျောင်းမှာတော့ မြန်မာ့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဘယ်သင်ပါ့ မလဲ။ ဒါတော့ ဒေါ်လေးက သင်ပေးသင့်တာ ပေါ့”ဟု ကိုယ့်အဒေါ်ကိုပင် အပြစ်ဖို့ လိုက်သည်။
“စုရေ၊ဘယ်နေ့ ပြန်မှာလဲ။ အေးအေးဆေး ဆေးပဲမလား။ နေ့လယ်စာလည်း ဒီမှာပဲစား နော်”
“ဟင့်အင်းဒေါ်လေး သမီး ၀ယ်စရာလေး တွေလည်း ရှိသေးတယ်။ မနက်ဖြန် ရန်ကုန်ပြန် တော့မှာ ရန်ကုန်မှာ ၂ ရက်လောက် နေ့ပြီးရင် ဟိုကို ပြန်တော့မှာ”အဒေါ်နှင့် အချိန်အတော်ကြာ စကားပြောဖြစ်၏။ အဒေါ်က မြို့ထဲမှ ဘိုးဘွား ပိုင်ခြံနှင့် အိမ်ကို ရောင်းခဲ့ပြီ မြို့သစ်ဘက်သို့ပြောင်း လာတာဖြစ်ကြောင်း။ သားသမီး တွေက ဘွဲ့ရပြီး သော်လည်း အလုပ်အကိုင် မည်မည်ရရ မရသေး ကြောင်း အငယ်ဆုံး သမီး၏ ကျောင်းစရိတ်မှာ တစ်နှစ်ကို သိန်းဆယ် ဂဏန်းနှင့် ချီနေကြောင်း ကြားသိ ခဲ့ရသည်။
ပြန်ခါနီး အဒေါ်ကို ကန်တော့တော့ မျက်ရည် တွေကျရင်း ဆုတွေတသီ ကြီးပေးရှာသည်။

၅။
လေထဲတွင် မန္တလေး ရနံ့ကို ရှုရှိုက်နေသည်။ တစ်နည်းအားဖြင့် ဆိုလျှင် အညာရနံ့။ ကျွန်မ မြတ်နိုးခဲ့ ရသည့် ရွှေမန်းမြေ၏ သင်းပျံ့ပျံ့ရနံ့လေး သည် ယခင်လို မလတ်ဆတ်တော့။ ဆိုင်ကယ် နှင့် ကားများမှ ထုတ်လွှတ်သော မီးခိုးငွေ့များ ကြားတွင် အသက်ရှူ ကျပ်နေရှာ ရော့မည်။ အထက်စီးမှ မြင်တွေ့ရသော ဤမန္တလေးတောင် ပေါ်မှာတစ်မြို့လုံးကို မျက်ရည် ရစ်ဝဲစွာ နှုတ်ဆက် နေမိသည်။ အမှန်တော့ ကျွန်မချစ်သော မြို့ကလေးကို တိတ်ဆိတ်စွာ ခံစားချက် အပြည့်ဖြင့် နှုတ်ဆက်ချင် သော်လည်း လူမျိုးခြား၊ လူငယ် လေး တစ်သိုက်၏ ဆူညံစွာအော်ဟစ် ကစားနေ သံများအောက်တွင် ထိုစိတ်ကူးလေး ငုတ်သျှိုး ပျောက်ကွယ် သွားရ၏။

ကျွန်မ စဉ်းစား နေမိသည်။ ကျွန်မ ချစ်သော မန္တလေးသည် နန်းဆန်မှုများ၊ ယဉ်ကျေးသိမ့် မွေ့မှုများဖြင့် နွေးထွေးစွာ ရှင်သန်ခဲ့သည်။ ညနေ ချိန်ဆိုလျှင် ရပ်ကွက် အတွင်းရှိ အိမ်တော်တော်များ များသည် အိမ်ရှေ့ရှိ တန်းလျားခုံ များတွင် ကလေး များကို ထမင်းခွံ ရင်းစကား စမြည်လှမ်း ပြောကြ သည်။ ညဆို လျှင်လည်း ပူအိုက်၍ ခြင်ပေါသော အရပ်ဖြစ်သောကြောင့် ယပ်တောင် ရှည်ကြီးများ တဖျတ်ဖျတ် ခပ်ရင်း တစ်အိမ်နှင့် တစ်အိမ် အတင်း၊ သတင်းပေါင်းစုံ ဖလှယ်ကြမြဲ။ ဟင်းကောင်းလေး များချက်လျှင်လည်း တစ်အိမ်နှင့် တစ်အိမ် ဟင်း ခွက်ကမ်းတတ် သည်တဲ့။
ဒီဇင်ဘာ ဆောင်းတွင်း ဆိုလျှင်လည်း ရပ်ကွက် ဘုရားပွဲ များရှိ၍ ကျွန်မတို့ ကလေးများ အလွန် ပျော်ကြသည်။ တစ်ရပ်ကွက်လုံး တစ်အိမ် တစ်မျိုး စားစရာ မျိုးစုံလုပ်ကာ ပွဲဈေး လျှောက်သူ များကို သိသိ မသိသိ ခေါ်ကာကျွေးမွေး တတ် သည်။ အရပ်ဇာတ် များလည်း ပါတတ်သေးရာ တစ်ခါတစ်ရံ ဇာတ်စင် ကျိုးကျသည် အထိ တစ်ခဲနက် အားပေးကြသေးသည်။ အခုတော့ ဇင်၏ အပြောအရ ဘုရားပွဲများလည်း အရင်က လိုမစည် ကားတော့။ လူတွေလည်း သိပ်မကျွေး မွေးနိုင် ကြတော့။ အိမ်များ ကလည်း တော်ရုံတန်ရုံ တံခါး ပိတ်ထားကာ လူစိမ်းများကို အ၀င် မခံတော့။ အရပ်ဇာတ်များလည်း မထည့်နိုင် ကြတော့သည် ကများကာ ထည့်လျှင်လည်း စတိတ်ရှိုး ကဏ္ဍနှင့် သာ အချိန်ကုန် တတ်သည်တဲ့။

မြို့ထဲရှိ နေရာ တော်တော်များများ ကိုလည်း လူမျိုးခြား များကသာ နေရာယူကာ မြန်မာအများ စုကတော့ အစွန်အဖျားကို ရောက်သွားကြပြီ။ ဆိုင်တော်တော် များများ၏ ပိုင်ရှင် နေရာမှာလည်း သူတို့သာ ဖြစ်နေ၍ အလုပ်သမား များကတော့ မြန်မာ လူမျိုး စစ်စစ်များ ဖြစ်နေသည်ကို စိတ်မကောင်း ဖွယ် မြင်တွေ့ နေရ၏။ လူမျိုးခြား ကလေး များကလည်း “ကျွန်တော်၊ ကျွန်မ၊ ဟုတ်ကဲ့” နေရာများတွင်“ငေါ၊ နင်၊ အေး”တို့ပြောဆို ကြလေပြီ။မိန်းကလေးများ ကလည်း လုံချည် အစား ပေါင်းရင်းထိ တိုတက်နေသော ဘောင်းဘီ၊ စကတ် များဖြင့် ဆိုင်ကယ် တ၀ီဝီ စီးနေကြပြီ။ ဇာတိမာန် တက်ကြွ စေခဲ့သည့် မြန်မာ ထီးရိပ် နန်းရိပ် ကျုံးဘေးတွင် အမှောင် ရိပ်ခိုကာ မမြင်ဝံ့စရာ စုံတွဲ ပေါင်းများစွာ နေရာ ယူလေကြပြီ။ မြန်မာလူမျိုး စစ်စစ်များ၏ စိတ်ကူး ကရော၊ တခြားကို မတွေး မိခင် ကျွန်မအဒေါ်၏ စကားသံတချို့ကို ပြန်ကြားမိသည်။

“သမီး ညီမလေးကလေ မူကြို ကတည်းက အင်္ဂလိပ် ကျောင်းထားလိုက် တော့ မြန်မာစာတောင် သိပ်မရေး တတ်တော့ဘူး။ ဆရာမကို သတ်သတ် အိမ်ခေါ်သင် နေရတယ်။ ဟိုတစ်နေ့ကလည်း သူ့အဘိုးရွာ ဘက်သွားတာ စပါးခင်း မှည့်နေတာကို“မာမီဟိုမှာ စပါးတွေ ကျက်နေပြီ” တဲ့လေ။ ဟင်း... ဟင်း...သူ့ကို ဒီမှာ ကျောင်းပြီးရင်တော့ သမီးဆီပဲပို့ဖို့ စိတ်ကူး ထားတယ်”
ကျွန်မ ကိုယ်တိုင်ပင် မဖြစ်လို့ သူတစ်ပါး ရပ်ရွာမှာ ခေတ္တခဏ အခြေချ နေရသော်လည်း ဘ၀ နောက်ဆုံး အချိန်တွင် ကိုယ့်ပြည် ကိုယ့်မြေမှာ သာလျှင် ခေါင်းချဖို့ စိတ်ကူး ထားသူ။ မြန်မာကလေး တစ်ယောက် မြန်မာလို မပြော တတ်၊ မရေးတတ် သည်ကို ကြံဖန် ဂုဏ်ယူနေသည့် အဒေါ်ကိုလည်း နားမ လည်နိုင်။“မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ၊ မြန်မာစကား သည် တို့ စကား”ဟူသည် ဘယ်ရောက်သွားပြီလဲ။ “ရန်ကုန်က အကြွား၊ မန္တလေးက စကား၊ မော်လမြိုင်က အစား”ဆိုသည်ကို သူတို့ ကြားမှ ကြားဖူး ပါလေစ။ နှုတ်ရေးကြွယ်သည့် မန္တလေးသူ၊ မန္တလေးသား မျိုးဆက်သစ်လေး တွေ ဘယ်လောက်များ ရှားပါး ကုန်ပြီလဲ။

မန္တလေးမြို့၏ နာမည်ကြီး အစားအစားများ ကတော့ အချို့မုန့်နိုင်းချင်း၊ စားအုန်းဆီ ပေါပေါဖြင့် ပြုလုပ်ထား၍ အရင်လို အနံ့၊ အရသာ ရှိမနေ တော့။ ရန်ကုန်မှာ မုန့်ဟင်းခါး၊ မန္တလေးမှာ မုန့်တီ၊ တစ်ချိန်က နာမည်ကြီး ခဲ့သော် လည်း အခုလမ်းတိုင်း လမ်းတိုင်းတွင် ရှမ်းခေါက်ဆွဲဆိုင် များကသာ အစားထိုး ၀င်ရောက် လာသည်။ ကျွန်မတို့ ငယ်ရွယ်စဉ်က မုန့်တီဆိုင် ကလေးများ ပေါ များခဲ့ သော်လည်း အခုတော့ ရှမ်းခေါက်ဆွဲ ဆိုင်များသာ မှိုလိုပေါက်နေသည်။ အသားညိုညို မြန်မာစစ်စစ် ရုပ်ကြီးနှင့် ရောင်းနေသည်က ရှမ်းခေါက်ဆွဲဖြစ် နေပြန်တော့ ကျွန်မ ရင်ထဲမှာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစား လိုက်ရသည်။

မန္တလေးသည် တိုးတက် ခေတ်မီသောShopping Center ကြီးများ၊ ဖြောင့်ဖြူး ကျယ်ပြန့်သော လမ်းမကြီးများ၊ မြင့်မား လှပသော တိုက်တာ အဆောက်အအုံ ကြီးများ၊ နိုင်ငံတကာ အဆင့်မီ ပညာရေး များကို သင်ကြား ပေးနေသော International School  များစသည်ဖြင့် ကောင်းသော ပြောင်းလဲ ခြင်းများ ရှိသလို၊ အညာရနံ့၊ အညာ စိတ်ဓာတ်၊ အညာ ၀ိညာဉ်များ ကတော့ ကွယ်ပျောက် သလောက် ရှိခဲ့ပြီ။

ဂေါဝိန်ဆိပ်ဆီ ရေသောက် ဆင်းသွားပြီ ဖြစ်သော နေ၏အလင်း သူရိယ ရှင်နေမင်းကို နောက်ဆုံး နှုတ်ဆက် လိုက်သည်။ ကျွန်မ ချစ်သော ရွှေမန်းမြေ၏ နောက်ဆုံး ညနေခင်းလေးသည် တဖြည်းဖြည်းနှင့် ကုန်ဆုံး သွားတော့မည်။

မသေချာ သေးသော နောင်တစ်ချိန် ပြန်လည် တွေ့ဆုံခွင့်ကို ကြိုတင်တွေး ဆမိတော့ ရင်မော သွားရ၏။ ကျွန်မ စိတ်ထဲမှာတော့ တီးတိုး ကြုံးဝါးလိုက် သည်။
“မန္တလေးရေ၊ ငါနောက်တစ်ခါ ဆက်ဆက် ပြန်လာခဲ့ ပါဦးမယ်။ အဲဒီ အခါကျရင် မင်းရဲ့ ပျယ်လွင့်သွားတဲ့ မန္တလေး ၀ိညာဉ် စစ်စစ်တွေကို နောက် တစ်ခါ ပြန်ရှာတွေ့ ခွင့်ရ ပါစေနော်။


ရွှေလက်ျာမြင့်
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)